ငါ့ကြယ်တွေ သော့ခတ်သိမ်းထားတယ်…

လင္းစက္ရာJanuary 28, 20121min07

ညနေတွေပန်သူမဲ့
တိမ်တိုက်တွေ ခဝါချသွားတဲ့
မိုးငွေ့ရနံ့
ပျင်းတွဲမှုန်ဖျ ပြတင်းတံခါးမှာ
ပါးကွက်ကြားလေးစွန်းထင်းထားတယ်…။

ခရမ်းပြာဘာသာစကားနဲ့
ကဗျာတစ်ပုဒ် သူမဖြစ်ရဲ့…
အဓိပ္ပါယ်တွေ ကိုင်းညွတ်ရုံ..၊
မြေမကျဝါကျတွေကိုတော့
စွန်ကြိုးဖြတ်ထားစမ်းပါ..၊
အရှိတရားတွေ ပုံပျက်သွားနိုင်တယ်..။

ပြဿဒါးတွေ ကျောပိုးထားတဲ့
နာရီများ  ၊  မြစ်တစ်စင်း
ကကြိုးတွေမိုးခိုရအောင်…၊
မှော်ရုံတေးချင်းမှာ
သွေးကြောတွေ ကတုန်ကရီ
မီးတောင်ရှင်တွေလို
မျက်လုံးများ ရီမောကြတယ်…။

မဟာတံတိုင်းခြားထားသလို
မျက်နှာတော် ညိုလှချည့်..၊
တစ်ရံတစ်ခါအပြုံးတွေ
မျဉ်းပြိုင်များ စူးစိုက်နေကြ
နှုတ်ခမ်းတွေပေါ်က
ငါ့ ရှင်သန်ခြင်းကို
ဘယ်သူပိုင်သထားတာလဲ….ကောင်မလေး..။

ဖြူလွပြောင်းနွဲ့ရုံ
ဝတ်ကြေတန်းကြေလင်းပရုံနဲ့
ည, ညတွေကမာ္ဘပျက်တာ
သစ္စာမဲ့တဲ့လကို
မိုးသားတွေခိုးဝှက်ထားမှန်း
စုံလုံးကန်းမျက်ရည်စတွေ
အသံမဲ့ မေ့လျော့သွားကြတယ်…။

ဂါထာတွေ မမန်းမှုတ်ပဲ
ထုတ်ချင်းခတ် သိမ်းပိုက်တော်မူပါ..
ချပ်ဝတ်ဓါးသွားတွေ
ငါခွာချထားတာကြာပေါ့…၊
အရိုင်းဆန်ခဲ့လည်း
အညွတ်အနူးကြွေကျဖူးတဲ့
စံပယ်တွေ
ဘယ်သူမှ မသိလိုက်ပဲ
မြည်ကြွေးရှိုက်ငင်ခဲ့ကြတယ်….ချစ်သူ…။

အပြင်အပမှာတောင် မရေးရက်ခဲ့လို့
သွေးကြောမွှာတွေထဲထိ
အပြည့်အသိပ်
(မင်းနာမည်ကို)
ငါတံဆိပ်ခတ်ထားမိတဲ့အထိပဲ…။
မြတ်နိုးခြင်းတွေ
မင်းအမြင်ကျဲချင်ကျဲနေလိမ့်မယ်..
အနည်ချထားတဲ့
ကန်ရေပြင်ငါဖြစ်ရဲ့….။

အရောင်အဝါတွေ တောက်စားဖို့
နှလုံးသားတွေ စတေးရမယ်ဆိုကြပါစို့..၊
မင့် ရွေးချယ်မှုထဲ
မျက်ရည်တွေ အေးခဲမထားရင်တော်ပြီ….။
လင်းစက်ရာ

7 comments

  • စိန်ပေါက်ပေါက်

    January 28, 2012 at 4:29 pm

    သော့ခတ်သိမ်းထားတော့ စိတ်ချရဆုံးပေါ့နော့
    ဒါတောင် ဖောက်ထွင်း ဝိဇ္ဇာ့ရန် ကြောက်ရသေး. 😀

    အားပေးသွားပါတယ်..

    Reply

  • အပြင်အပမှာတောင် မရေးရက်ခဲ့လို့
    သွေးကြောမွှာတွေထဲထိ
    အပြည့်အသိပ်
    (မင်းနာမည်ကို)
    ငါတံဆိပ်ခတ်ထားမိတဲ့အထိပဲ…။

    အကြိုက်ဆုံးပဲဗျာ …

    မတူညီတဲ့
    ဝင်ရိုးစွန်းတစ်ဖက်မှာ
    ကျောခြင်းကပ်
    သန့်စင်မှုမရှိတဲ့
    မျက်လုံးတွေကြား
    စတေးခဲ့ရတဲ့
    နှလုံးသားသစ်ပင်
    အခုတော့ ပါဆယ်ထုပ်
    တရုတ်ပြည်ကိုပို့ဖို့
    ငါကြံနေမိပြီ …..

    အကျဉ်းထောင်က မင်းကောင်
    (မှတ်ချက်။ နှလုံးသားအကျဉ်းထောင်) … 😛

    Reply

    • windtalker

      January 28, 2012 at 9:46 pm

      အကျဉ်းထောင်က မင်းကောင် ဆိုတာနဲ ့ပတ်သက်ပြီး ပို ့စ်ပိုင်ရှင်နဲ ့ရွာသူား များ ကို လင်းရဦးမယ် ။ အဲဒါက ဒီလိုဗျ
      “အပျိုသိုးဂျီးများတစ်သိုက်က” အဲဒီ မင်းကောင် ဆိုတဲ့ မနူးမနပ်ငတိလေးကို ဝိုင်းအကျဉ်းချထားကြတာ ။ အဲဒါနဲ ့စိတ်နာပြီး သူ ့ကိုယ်သူ အကျဉ်းထောင် တွေ ဘာတွေ သမုတ်ထားတာကလား ။

      Reply

  • Moe Z

    January 29, 2012 at 12:28 pm

    မိုးစက်ကတော့ ကြယ်တွေရော လတွေရော မျက်နှာကျက်မှာကပ်ထားတယ် 😀

    Reply

  • alinsett

    January 29, 2012 at 6:41 pm

    သ်ိပ်ကောင်းတဲ ့ ကဗျာပါပဲ။
    အရမ်းကြိုက်တယ် ။
    ကျွန်တော်က လည်း ကဗျာဆိုရင်..အဲဒီလို စကားလုံး ဆန်းသစ်မှု..တွေ..နဲ ့
    လွတ်လပ် စွာ..စီးမျောနေလေ…ပို ခံစားလို ့ရလေ..ပဲ။

    ဆက်လက် အားပေးနေပါ့မယ်။

    Reply

  • kotun winlatt

    January 29, 2012 at 7:43 pm

    ကဗျာကောင်းလေးပါလားးဗျို့…
    လာရောက်အားပေးဖတ်ရှု့သွားပါကြောင်းခင်ဗျာ…

    Reply

  • MinYarZar Peanut Oil

    February 1, 2012 at 9:07 pm

    သွေးကြောမွှာတွေထဲထိ
    အပြည့်အသိပ်
    (မင်းနာမည်ကို)
    ငါတံဆိပ်ခတ်ထားမိတဲ့အထိပဲ…။
    ရင်နှင့်ထပ်တူ ခံစားရပါတယ်..

    Reply

Leave a Reply to စိန်ပေါက်ပေါက် Cancel Reply

Your email address will not be published.