ကျွန်ုပ်နဲ ့အောက်ချင်းငှက်

ဟောဒီ ့တောတွင်းက
အောက်ချင်းငှက်
အောက်ချင်းငှက်
အောက်ချင်းငှက်သားပေါက်
အောက်ချင်းငှက်သားပေါက်
အမိ အောက်ချင်းငှက်မ
အောက်ချင်းငှက် သားအမိ

ကျနော်တို ့ရဲ  ့လုပ်ငန်းခွင်က

သစ်ဖြတ်သမား ဖြတ်ရာအပင်(ခုတ်လှဲရန်သတ်မှတ်ထားသောသစ်ပင်)ကနေ

အောက်ချင်းငှက်သားအမိ မြေပြင်ပေါ်ကိုကျလာပါတယ်။

အမိငှက်မကြီးဟာ ကိုယ်လွတ်ရုန်းပျံသန်းနိုင်ပေမယ် ့ ပျံသန်းနိုင်စွမ်းမရှိသေးတဲ ့

သားပေါက်လေးဘေးမှာ အကာအကွယ်ပေးဖို ့အတူနေခဲ ့ပါတယ်။

စိုစွတ်အေးမြနေတဲ ့မြေပြင်အနေအထား၊ အခြားသော တောတိရစ ္ဆာန်များရဲ ့ဘေးရန်ကြား

ငှက်သားပေါက် အသက်ရှင်သန်ရပ်တည်ရန် မလွယ်ကူတဲ ့အတွက် မိခင်ငှက်မကြီးနဲ ့အတူ

သစ်ဖြတ်သမားကြီးက ဖမ်းယူခဲ ့ပါတယ်။

သစ်သီးခြံပိုင်တဲ ့ သစ်ဖြတ်သမားက ငှက်သားအမိအတွက် အစာလုံလောက်အောင် ကျွေးမွေး

စောင် ့ရှောက်ခဲ ့ပေမယ် ့ ဖမ်းမိပြီး တစ်ပတ်အကျော်မှာ မိခင်ငှက်မကြီးသေသွားပါတယ်။

လွတ်လပ်စွာကျက်စားခဲ ့တဲ ့တောတောင်နဲ ့ကျန်ရစ်ခဲ ့တဲ ့ငှက်ဖိုအပေါ်လွမ်းဆွတ် ရင်ကွဲနာကျစိတ်ကြောင် ့ဖြစ်ပါလိမ် ့မယ်။

(မှတ်ချက်။       ။အကောင်ကြီး အစားကြီးသောအောက်ချင်းငှက်ကို တော်ရုံတန်ရု ံသတ္တိနဲ ့မွေးမြ ူရန်မလွယ်ကူပါ)

အခုဆို သခင်သစ်ဖြတ်သမား ဆိုင်ကယ်နဲ ့သွားလေရာ ကောင်းကင်မှနေ၍ အောက်ချင်းငှက်ငယ်လေး

ပျံဝဲရင်း လိုက်နေတတ်ပါပြီ။

ငှက်ဖိုလေး ကျန်ရစ်ခဲ ့တဲ ့တော

18 comments

  • စိန်ပေါက်ပေါက်

    January 28, 2012 at 1:59 pm

    တော်ယုံ သတ္တိနဲ ့ မွေးလို ့မလွယ် ဆိုတော့
    ကိုက်တတ်လို ့လားဗျ
    အခုတလော ခေတ်စားနေတာ အောက်ချင်းငှက် ကေပဲဗျာ
    ဝမ်းဝေးနဲ ့
    😀

    Reply

    • တောတွင်းပျော်

      January 28, 2012 at 3:33 pm

      အစားအရမ်းကြီးလို ့ပါ…..ဂျ

      Reply

  • အောက်ချင်းငှက်က
    ဘယ်လိုပုံလဲဆိုတာ အခုမှပဲသိတော့ဒယ်
    အရင်က ဒီငှက်ကို မြင်ဖူးပေမယ့်
    အောက်ချင်းငှက်မှန်း မသိဘူး … ဟီးးး (အဲဒီလောက် ဗဟုသုတများပုံက)
    ကျေးဇူးပဲဗျို့

    Reply

  • water-melon

    January 28, 2012 at 2:28 pm

    အောက်ချင်းတွေက အချစ်ကြီးတယ်
    ဒါနဲ့ဘယ်မှာ သစ်ခုုတ်တာလဲ
    သစ်တောတွေရောရှိသေးရဲ့လား

    Reply

    • တောတွင်းပျော်

      January 28, 2012 at 3:54 pm

      မလေးရှားကပါ။ ဒီက စစ်ဆေးရေးအမြဲဝင်တယ်။
      စည်းမဲ ့ကမ်းမဲ ့ခုတ်လို ့မရပါဘူး။
      သတ်မှတ်ထားတဲ ့ စည်းကမ်းဥပဒေအတိုင်း အတိအကျလိုက်နာရပါတယ်။
      တောထဲအမှိ ုက်ပစ်တာကအစ လိုက်နာရပါတယ်။
      ဖောက်ဖျက်မိလို ့ကတော ့ လိုင်စင်ကို ခေတ္တဆိုင်းငံ ့၊ ဒါမှမဟုတ် ရုတ်သိမ်းသည်
      အထိ အရေးယူပါတယ်။ မလေးရှား တစ်နိုင်ငံလုံးက သစ်တောတွေစိမ်းနေတုန်းပါပဲ။
      google mapကနေရှာကြည် ့လိုက်ပါ။

      Reply

  • pooch

    January 28, 2012 at 2:40 pm

    ရှားပါးအနွယ်ဝင် ဖြစ်နေပြီဆိုတော့ တောထဲ ပြန်လွှတ်ပေးတာလေး ပိုကောင်းမလားလို့ပါ။ (အစာကိုကိုယ့်ဘာသာကိုယ် ရှာစားနိုင်ပြီ ဆိုရင်)
    ရေမှာ ပျော်တဲ့ သူကို ရေထဲ တောမှာ ပျော်တဲ့ သူကိုတောထဲ ထားတာ သူတို့ သဘာဝအတွက် အကောင်းဆုံးလို့ ထင်ပါတယ်။
    ခုလို မြင်ဖူးသွားတာလေးကတော့ ကျေးဇူးတင်စရာကောင်းလှပါတယ်။ မြင်ရတဲ့ တောအုပ်က အတော်လေးကိုကောင်းနေပါတယ်။ ဝမ်းသာစရာပါ။

    မြန်မာပြည်မှာ ဒီလိုတောအုပ်တွေ ရေရှည်တည်တံ့နိုင်ပါစေလို့ …..

    Reply

    • တောတွင်းပျော်

      January 28, 2012 at 4:03 pm

      မလေးရှားက တောအုပ်ပါ pooch ရေ..
      ကျနော်လည်း မြန်မာပြည်မှာ ဒီလိုတောအုပ်တွေ မျိုးအများကြီးရှင်သန်
      ဖွံ ့ဖြိ ုးစေချင်ပါတယ်..ဗျာ..
      ငှက်ကလေးက သခင် ့ သံယောဇဉ်နဲ ့ လွတ်လပ်စွာ ပျံသန်းခွင် ့ရနေတာတောင်
      တောထဲကို မဝင်တော ့ပါဘူး

      Reply

  • windtalker

    January 28, 2012 at 9:56 pm

    သစ်ပင်ကြီးတွေ နဲ ့စိမ်းလန်းစိုပြေနေတာ ကို တွေ ့ရတော့ ၊ ပုပ္ပားတောင် ကို သွားသတိရမိသဗျာ ။
    ကျုပ်တို ့နိုင်ငံက တောင်တောင်အနှံ ့လဲ ၊ သမ္မတအစိုးရသစ် ပြုစု ထိန်းသိမ်း စောင့်ရှောက်ကာကွယ် နိုင်ပါစေ ဗျာ ။

    Reply

    • တောတွင်းပျော်

      January 28, 2012 at 11:48 pm

      ဟုတ်ပါ ့ဗျာ…!
      ဒီမလေးက တောင်တောင်တွေကိုမြင်နေရတော ့ ကျနော်တို ့ဆီက တောင်တောင်တွေ၊
      ထိန်းသိမ်းမှ ုစနစ်တွေကို တောတွေတောင်တွေချစ်မြတ်နိုးသူတစ်ယောက်အနေနဲ ့
      အားမလိုအားမရ ဖြစ်မိတယ်ဗျာ…..

      Reply

  • တညင်သား

    January 28, 2012 at 10:00 pm

    အောက်ချင်းငှက်ဖို ငှက်မ သစ္စာရှိပုံများ ……:)
    မလေးရှားမှာ လူရိုင်းတွေ ရှိသေးတယ်လို့ဖတ်ဖူးတယ်.. တောမီးလဲ အကြီးအကျယ် လောင်ထားခံရတယ်နော်.. သိရင်နဲနဲလောက်ပြောပြပေးပါလား…
    အာရေး ..ဆလံမာရီကွန်း ….:p

    Reply

    • တောတွင်းပျော်

      January 28, 2012 at 11:36 pm

      လူရိုင်းတော ့မဟုတ်ပါဘူး။ မလေးမြေရဲ ့တကယ် ့ ဒေသခံအစစ် လူမျိုးနွယ်စုပါ။
      မလေးလို bumi asli လို ့ခေါ်ပါတယ်။ bumi=မြေ၊ asli=အစစ်အမှန်၊ ဒေသခံအစစ်လို ့ဘာသာပြန်ရင်သင် ့တော်မလားပဲ။
      ုkalantan asli, pahang ဘက်က asli ဆိုပြီးတော ့asli မျိုးနွယ်ကွဲတွေအများကြီးရှိကြ
      ပါသေးတယ်။ လူသူဝေးရာ တောတောင်တွေမှာသာပျော်မွေ ့ကြတဲ ့လူမျိုးတွေပါ။
      မလေးအစိုးရကနေပြီး ဒီလူမျိုးစုရဲ ့ကျန်းမာရေး၊ လူမှ ုရေး၊ ပညာရေးတွေကို အထူးအလေးပေး
      ဆောင်ရွက်ပေးလို ့ အခုဆို သူတို ့ရဲ ့နေထိုင်မှ ုဘဝဟာ တိုးတက်မြင် ့မားနေကြပါပြီ။ ဒီပိုစ်မှာပါတဲ ့ အောက်ချင်းငှက်ကိုဖမ်းယူလာခဲ ့တဲ ့လူဟာလည်း asli တစ်ယောက်ပါပဲ။
      asli များရဲ ့ပင်ကိုစရိုက်က အေးအေးချမ်းချမ်းနဲ ့အုပ်စုဖွဲ ့နေတတ်ကြပါတယ်။ ကျနော်တို ့ရဲ ့
      လုပ်ငန်းခွင်မှာ သစ်ဖြတ်သမားအများစုဟာ asli တွေပါ။
      တောမီးအကြီးအကျယ် မကြာခဏလောင်တတ်တာက အင်ဒိုနီးရှားနိုင်ငံပါ။ ဒီလိုလောင်ရင်
      မီးခိုး မြ ူခိုးတွေက စင်ကာပူ၊ မလေးရှားအထိရောက်လာတတ်ပါတယ်။

      Reply

  • zaw min

    January 29, 2012 at 12:32 am

    တောတွင်းပျော်ရေ…မလေးဘယ်အပိုင်းကလဲဗျာ…အရှေ့ကလား၊အနောက်ကလားဗျာ…K.L နဲ့တော့ အလှမ်းဝေးပါသလား၊မလေးက အမြဲစိမ်းနေတာ ရာသီဥတုကြောင့်လဲပါမယ်ထင်တယ်…တစ်နှစ်ပတ်လုံး မိုးရွာနေတဲ့ မုတ်သုံရာသီကြောင့် အမြဲစိမ်းသစ်တောတွေပေါက်ရောက်တာလို့ထင်တယ်…

    Reply

    • တောတွင်းပျော်

      January 29, 2012 at 1:05 am

      အရှေ ့မြောက် တရင်ဂါနူး ( Terengganu ) ပြည်နယ်ဖက်ကပါ ကို zaw min. KL ကနေ
      ကျနော်နေတဲ ့အနီးဆုံးမြိ ု့က km500 လောက်၊ အဲကတဆင် ့တောထဲကို နောက်ထပ်
      တစ်နာရီနီးပါးခရီးပါ။ မလေးက မိုးမရွာတဲ ့လဆိုတာမရှိသလောက်ပါ။ ၁ဝလပိုင်းကစပြီး
      ၁၁လ၊၁၂လပိုင်းက မိုးများပါတယ်။ အခုဆို မိုးပါးသွားပြီမို ့ မနက်ဖြန်တောထဲ ပြန်ခွေတော ့မှာ
      မို ့လို ့ ကိုzaw min အတူ ရွာသူ/သားတွေကို ခေတ္တနှ ုတ်ဆက်ခဲ ့ပါတယ်။

      Reply

  • တညင်သား

    January 29, 2012 at 2:00 am

    အခုလို ပြောပြပေးတက်အတွက် ကျေးဇူးတင်ပါတယ်…..ကြုံရင်အဲဒီလူမျိုးတွေ ရဲ့ ဓါတ်ပုံလေးတွေလဲ ကြည့်ချင်ပါသေးတယ်…
    တောထဲက ပြန်အလာကိုစောင့်မျော်နေပါ့မယ်… တာရီမားကာစိ 😛

    Reply

  • kai

    January 29, 2012 at 2:50 am

    အောက်ချင်းငှက်နဲ့တောဆိုတော့. ချင်းပြည်တောတောင်တန်းတွေ မှတ်နေခဲ့တာကွယ်…
    အင်း..
    .. မြန်မာပြည်မှာ.. တကယ်ကော ဒါမျိုးဥပဒေလွှမ်းမိုးမှုရှိတဲ့ .. သစ်တောတွေ ရှိပါ့ဦးမလား… 😕

    Reply

  • ကြောင်ကြီး

    January 29, 2012 at 10:24 am

    ငယ်ငယ်တုန်းက အိမ်နားက လူဆိုးတယောက် ခိုလား ကျီးလားမသိဘူး ကိုယ်နဲ့ပိုက်ဖမ်းပြေးတယ်။ နောက်က ငှက်တွေတအုပ်ကြီးလိုက် ကယ်ကြဆိတ်ကြတာ တွေ့ဖူးတယ်။ အဲလို ဇာတ်လမ်းမျိုး ဖြစ်ရပ်မျိုးတွေ ကြားရဖတ်ရရင် ကြောက်ရွံ့တုန်လှုပ် ဝမ်းနည်းမိပါတယ်။ ဒါကြောင့် အလားတူမျိုး ပုံဖော်ရေးသားတာဆိုရင် စိတ်မကောင်းဖြစ်တာမို့ ရှောင်ဖတ်မိတယ်။။။

    Reply

  • Thint Aye Yeik

    February 1, 2017 at 12:00 pm

    .အောက်ချင်းငှက်ဆိုတာကို အပြင်မှာ သေချာ မမြင်ဖူးသေးဘူး။
    .ပျော်ပျော်ရဲ့ တောအကြောင်းလေးတွေ ကြားရ မြင်ရတာ ကောင်းလိုက်တာ …
    အခုကတော့ … ဒီလိုပိုစ့်တွေ အတင် ကျဲသွားလိုက်တာ..

    Reply

    • တောတွင်းပျော်

      February 1, 2017 at 9:06 pm

      နောက်ပိုင်း ပုံတွေ မရိုက်ဖြစ်တော ့ပါဘူးဗျာ ..
      တောတွင်းအတွေ ့အကြုံတွေတော ့ ကြိုးစားပြီး
      ရေးကြည် ့ပါအုံးမယ်လေ

      Reply

Leave a Reply

Your email address will not be published.