ကျွန်တော် နှင့် ခေါင်းကြီး

awra-choJanuary 26, 20121min06

ကျွန်တော် နှင့် ခေါင်းကြီး

ခေါင်းစဉ်ကြည့်ပြီး တခြားမတွေး ပါနဲ့။ အယ်ဒီတာ့အာဘော် ခေါ်တဲ့ ခေါင်းကြီး ပိုင်း ကို ပြောမလို့ပါ၊

ငယ်ငယ် ကတည်းက မွေးသဖခင် က အကျင့်လုပ်ထားတော့ ခေါင်းကြီး ပိုင်းတွေ ဖတ်ဖြစ်ခဲ့တာ

တော်တော် ကြာခဲ့ပြီပေါ့။ ခေါင်းကြီး ပိုင်းတွေက အယ်ဒီတာ တွေရဲ့ အရည်အချင်း ကို ပြတဲ့ နေရာ

ဆို လည်းမမှားပါဘူး။ ခေတ်ကို ထင်ဟပ်စေတဲ့ စာစု တွေပါ၊ ရနံ့သစ် တို့ ခေါင်းကြီး ပိုင်းတွေ ဆို

စာအုပ် တောင် ပြန်ထုတ်ရတာပါ။ဟိုးအရင်က သတင်းစာတွေရဲ့ ခေါင်းကြီး ပိုင်းတွေ မဖတ်ဘူးတော့

မသိဘူး၊မဆလ ခေတ်ရဲ့ ခေါင်းကြီး ပိုင်းတွေက တော့ (ကျွန်တော့်အဖေ ပြောသလို) ခြေ၊လေ၊၏ ၊

တွေပါပဲ၊ ဝါဒဖြန့် တာပေါ့။ အဆုံး တွေက ခြေ၊လေ၊၏ ၊ပဲလေ။ ဆွဲ ဆောင်မှု မရှိ ဘာမရှိပေါ့။

စစ်အစိုးရ ခေတ်လဲ ဘာထူးလဲ။ ဒီတိုင်းပဲ။ အရပ်သားလိုု့ ပြောတဲ့ ဒီအစိုးရ ခေတ်ရော ဘယ်လိုလဲ

လို့ အကဲခတ် ကြည့်တော့ အယ်းဒီတာ က မစွံပါဘူး လို့ပဲ ပြောရမှာပဲ။ ၂၄ ရက်နေ့က မီးသတိပေးတဲ့

အကြောင်းရေးထားတာ သတိပေးတာတော့ ဟုတ်ပါတယ်၊ ရေးတဲ့ပုံက နိုင်ငံပိုင်သတင်းစာ ဖြစ်ပြီး

ဒိထက် ကျစ်လစ်သင့်တယ် ထင်မိတာပဲ။ ကျွန်တော် လဲမရေးတတ်ပေမယ့် ရွာထဲမှာတောင် ဒီထက်

ဆွဲဆောင်မှု ရှိအောင် ရေးတတ်တဲ့သူတွေ အများကြီးမြင်မိပါတယ်။

၂၅ ရက်နေ့က ရေးတာက “ကျေးဇူး ရှိခြင်း နှင့် ကျေးဇူး သိခြင်း”….တဲ့ ဒီစာဘယ်ကို

သွားတယ်ဆိုတာ သဘောပေါက်ကြ မယ်ထင်ပါတယ်၊ လူရွှင်တော် တွေ ပြောသလို ဓါတ်တိုင်

အောက် ရပ် နေတာတောင် ဖမ်းချင်တော့ မှောင်ရိပ်ခို မှု နဲ့ဖမ်း ပြီး ဖိအားတွေ များလာတော့

ပြန်လွှတ် ပြီး ကျေးဇူးတွေ ဘာတွေ လုပ်နေတာလေ၊ သူတို့ ပြောနေကြ ခင်ပွန်းကြီး ဆယ်ပါး လာ

အုံးမယ်၊ဒါ တွေကြောင့် သတင်းစာ ခေါင်းကြီး ပိုင်းတွေ မဖတ်ချင်တော့ဘူး၊ ဂျာနယ် ထဲမှာဆို

ဗွိုက်စ်  ခေါင်းကြီး ပိုင်းတွေ ဖတ်ဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးတဲ့ နောက် ရေးထားတဲ့ ချောတိုင် တက်

သူများကို အကြိုက်ဆုံးပဲ။ အခုတော့ ခေါင်းကြီး ပိုင်း အရေးကောင်းတဲ့ ဒေါက်တာလဲ လစ်သွား ပြီ ဆို

တော့ ခေါင်းကြီး ပိုင်းတွေ အားပြော့သွားမယ်ထင်ပါ ရဲ့။ အကျိုးပြုခေါင်းကြီး ပိုင်းတွေ များများ ထွက်

ပေါ်လာဖို့ ဆုတောင်းမိပါတယ်။သတင်းစာ ထုတ်ခွင့်ပေးရင်တော့ များများ ဖတ်ရမယ်ထင်ပါရဲ့။ မန်းဂဇက် မှာလဲ သူကြီးက ပုံမှန်  ရေးပေး သင့်ကြောင်းပါ ခင်ဗျား။။

 

 

 

6 comments

  • စိန်ပေါက်ပေါက်

    January 26, 2012 at 7:53 pm

    မကြာခင်
    သဂျီးက မြန်မာပြည်လာပြီး သတင်းစာထုတ်မယ်ကြားတာပဲဗျ
    အဲကျရင်တစ်ဝ ဖတ်ရမယ်ထင်တာဘဲ

    Reply

  • htet way

    January 26, 2012 at 8:11 pm

    ဟုတ်တယ် ခေင်းကြီးပိုင်းက အရေးကြီးတယ်လေ
    သူကြီးက ခေါင်း.ကြီးရေးသင့်တယ်။

    Reply

  • captainamerica

    January 27, 2012 at 1:13 am

    ဒါမျိုးကျတော့တို.သဂျီးကလျှော်နေတယ်ဟ။ဟဲဟဲ နောက်တာနော် စိတ်ဆိုးရဝူး
    🙂 🙂 🙂

    Reply

  • padonmar

    January 27, 2012 at 2:12 am

    မှန်ပါတယ်၊
    ခေါင်းကြီးပိုင်းကို အယ်ဒီတာ့ အာဘော်လို့တောင်ပြောတယ်လေ။
    သတင်းစာ ဂျာနယ်တစ်စောင်ရဲ့ သဘောထားကို ပြတဲ့နေရာတစ်ခုပါပဲ၊
    အရေးကြီးပါတယ်။

    Reply

  • kai

    January 27, 2012 at 4:40 am

    သတင်းစာစထုတ်ကတည်းက.. အစောင်တု်ိင်းရေးခဲ့/ပါခဲ့တာပါ..။
    ဝက်ဘ်ဆိုက်ထဲတော့..အကုန်မတင်ဖြစ်ဖူးပေါ့လေ…။

    ခေါင်းကြီးတို့.. အယ်ဒီတာ့အာဘော်တို့နာမယ်.. လေးတယ်ထင်တာနဲ့.. “အယ်ဒီတာ့သင်ပုန်း” လို့နာမယ်ပြောင်းရေးပါတယ်..။

    ရှိတာလေးတွေတချို့… 🙂
    http://myanmargazette.net/category/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

    Reply

Leave a Reply

Your email address will not be published.