သီချင်းများကပြောသော စကားများ …..

thihayarzarJune 1, 20101min02

စဉ်းစားမိတာလေးပါ …. တကယ်ဖြစ်နေတော့ သီချင်းလေးတာလား တဘောင်ရေးတာလားလို့ … သီချင်းက Rဇာနည် ဆိုထားတာလေ ချစ်ဒေါသမီး … ပင်လယ်ကိုပြောင်းပြန်လှန်ပစ်မယ်တဲ့ … သူကပင်လယ်ကိုပြောင်းပြန်လှန်လိုက်တော့ ကျွန်တော်တို့ကရေသောက်စရာမရှိတော့ဘူးပေါ့ ….. အဲဒါကြောင့် ရေတွေရှားလို့ လွန်တွေဆွဲရ ငါးရံမင်းပရိတ်တွေလည်း ရွတ်ဖက်ရသေးတယ် …..

နောက်တစ်ခု တောင်တွေအပိုင်းပိုင်းပြက်စေသား ……. အင်း တောင်တွေလည်းပြက်နေပြီ တောင်တွေဖောက်ပြီး လမ်းတွေဆောက် ရေလှောင်တမံတွေဆောက် ရေအားလျှပ်စစ်တွေလုပ်  အော် ကျန်သေးတယ် ဘိလပ်မြေစက်ရုံတွေလည်းရှိသေးတယ် ကျွန်တော်မသိတာတွေလည်း ကျန်သေးတယ် …..

နောက်တစ်ခု တိမ်တွေမီးတက်ရှို့မယ် ငါ့ရဲ့ဒေါသများတဲ့  လောင်လိုက်တဲ့မီး တကယ်ကိုအကြီးကြီးတွေပဲ တကယ်တိမ်တွေထိတော့မယ် …… ဘာနဲ့ညိမ်းလို့ငြိမ်းနိုင်မလဲတဲ့မညိမ်းနိုင်ပါဘူး တစ်ညလုံးကို ညိမ်းပါတယ် မငြိမ်းပါဘူး …..

2 comments

  • doekalay

    September 13, 2010 at 9:46 am

    သီချင်းတွေကတခါတလေတော့ ့လည်းအပြင်မှာဖြစ်တတ်တာတွေအများကြီးပဲနော်……….
    (ဘူတာရုံမှာသဘောင်္ကြီးတွေဆိုက်လိမ် ့မယ်)ဆိုတဲ ့သီချင်းလိုပေါ ့…..

    Reply

  • blackchaw

    October 12, 2010 at 8:06 am

    တိုက်ဆိုင်သွားတာပါဗျာ။ ဒီသီချင်းက အာဇာနည် မဆိုခင် ဟိုးတုန်းကကတည်းက ဂျက်မြသောင်းဆိုထားခဲ့တဲ့သီချင်းပါ။ သီချင်းဆိုတာလည်း လူတွေရေးတဲ့ လူတွေနဲ့နီးစပ်တဲ့အကြောင်းအရာတွေပါပဲ။
    ပင်လယ်ကိုပြောင်းပြန်လှန်ပစ်ရုံနဲ့တော့ ကျွန်တော်တို့ သောက်ရေတွေ မပြတ်သွားလောက်ပါဘူး။ ပင်လယ်ရေကိုလူတွေမှ မသောက်ကြတာ။ တိမ်တွေမီးတက်ရှို့မယ် ဆိုတာနဲ့ မီးတွေလောင်တာမဖြစ်နိုင်ပါဘူး။ မီးဘေးရှောင်လို့ မလောင်ခင်တားကြပါ ဆိုတဲ့ သီချင်းလည်းရှိနေမှပဲဗျာ။ ရေးသူက သူ့ရင်ထဲကချစ်ဒေါသတွေကို အလွန်အကျူးဖွဲ့ဆိုထားတာဖြစ်မှာပါ။ အလင်္ကာနာမည်တော့မရေးတော့ပါဘူး။ သီချင်းဆိုတာကတော့ ခံစားသူရဲ့ ခံစားနိုင်စွမ်းပေါ်မူတည်ပြီး အရသာကပြောင်းလဲနေမှာပါ။ သီချင်းတစ်ပုဒ်လုံးမှာပါတဲ့ စာသားကို ခံစားမှ ရေးတဲ့လူက ဘာကိုရည်ရွယ်တယ်ဆိုတာသိရမှာပါ။ ဘာပဲဖြစ်ဖြစ် ကို သီဟရာဇာ မြင်တဲ့အမြင်မျိုးရှိတဲ့လူတွေအများကြီးတွေ့ဘူးပါတယ်။ ကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply to doekalay Cancel Reply

Your email address will not be published.