ငါးကြင်းသားမျှစ်ချဉ်ဟင်း

နွယ်ပင်January 26, 20121min010

နေပြည်တော်ကအပြန်ဝယ်လာတဲ့ မျှစ်ချဉ်ထုပ်လေးကိုမြင်တော့ ဝက်သားနဲ့မျှစ်ချဉ်ချက်စားမယ်ဆိုပြီး စဉ်းစားလိုက်မိတယ် ဒါပင်မယ့် အလုပ်က သူငယ်ချင်းတွေကလည်း စားချင်တယ်ဆိုတော့ အားလုံးလည်းစားလို့ရအောင်ဆိုပြီး ဝက်သားအစား ငါးနဲ့ ချက်မယ်ဆိုပြီး ငါးကြင်းသားမျှစ်ချဉ်ဟင်းလေး ချက်ဖြစ်ပါတယ် .နွယ်ပင်က နေပြည်တော်က မျှစ်ချဉ်ဆို ပန်ဒါတံဆိပ် မျှစ်ချဉ်ကိုကြိုက်တယ် ။
အခုလည်း ဒီတံဆိပ်ပဲ ဝယ်လာဖြစ်ပါတယ် ။

မျှစ်ချဉ်ချက်မယ်ဆိုရင် မျှစ်ချဉ်ကို သင့်သလို တုံးပြီး ရေတစ်ထပ် ဆေးပါတယ် ။ပြီးတော့ မျှစ်ကို အိုးထဲတည့်ပြီးပြုတ်ပါတယ် ။ပန်ဒါ မျှစ်ချဉ်ကနုတော့
သိပ်ကြာကြာတော့ မပြုတ်ရပါဘူး ဒီအတိုင်းချက်ရင်တောင် ရပင်မယ့် မျှစ်ချဉ်အနံ့နံမှာဆိုးတာနဲ့ ပြုတ်တော့ ပြုတ်လိုက်ပါသေးတယ် ။

ငါးကြင်းသားကို ဆား၊ အချိုမှုန့်၊ နည်းနည်းနဲ့ နယ်ပြီးနောက် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါ ပြီးတော့ ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတာတွေ ထည့်၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသပ်ပါတယ်။ ပြီးရင်တော့ ငါးကြင်းသားကို ထည့်လို့လုံးပါတယ် ။ ခဏနေမှ ပြုတ်ထားတဲ့ မျှစ်ဖတ်တွေပဲ ယူပြီး ဆီသပ်အိုးထဲထည့် ငါးကြင်းနဲ့ ရောလုံး ငံပြာရည်နဲ့ အချိုမှုန့် နည်းနည်း ထည့် နည်းနည်းကြာကြာ လုံးပြီးလို့ ဆီပြန်ရင်တော့ ရေနွေးဆူပြီးသား လောင်းထည့်ပြီး ဆူပွက်အောင်တည်ပါတယ် ရေနွေးကိုတော့ ကိုယ်လိုချင်သလောက် အရည်သောက်ကို မှန်းပြီးထည့်ပါ ပြီးရင်တော့ အပေါ့အငံမြည်းပြီး လိုတာ ပြင်ပြီးသွားရင်တော့ အရသာရှိတဲ့ ငါးကြင်းသားမျှစ်ချဉ်ဟင်းတစ်ခွက် ရပါပြီ ….

ဒါကတော့ နွယ်ပင့်အကြိုက် ပန်ဒါ မျှစ်ချဉ်လေးပါ …

မျှစ်ပြုတ်ပြီး ရေစစ်ထားတာပါ …

ငါးကြင်းသားမျှစ်ချဉ်ဟင်း

10 comments

  • etone

    January 26, 2012 at 1:09 pm

    ဝက်သားနဲ့ မျှစ်ချဉ်ဆို တတ်လွန်းလို့ .. ရှောင်ထားတာ .. အခုလို ငါးလေးနဲ့ ချက်တော့လည်း .. တမျိုးစားကောင်းမှာပဲနော် … ။ နေပြည်တော်က အဒေါ်တွေပြန်လာတိုင်း မျှစ်တွေချည်းပေးပေးနေလို့ .. ဘာနဲ့ရောချက်ရမလဲ အကြံမရဘူးဖြစ်နေတာ … အခုလို ငါးနဲ့ ချက်တော့လည်း .. အရသာ တမျိုးကောင်းသားနော် … ဟီး .. သ ွားရည်တောင်ကျလာပြီ 😀

    Reply

    • နွယ်ပင်

      January 26, 2012 at 1:34 pm

      etone ရေ
      မျှစ်ချဉ်က ဝက်သားနဲ့ဆို အရမ်းကောင်းပေါ့ ဒါပေမယ့် တတ်တာကတော့ ဘာပြောကောင်းမလဲ
      အခုလိုလေး ငါးကြင်းနဲ့ ချက်စားတော့လည်း တစ်မျိုးကောင်းတာပါပဲ … အခုတောင် စားပြီး
      အိပ်ချင်လာလို့ ကော်ဖီသောက်မလား စဉ်းစားနေတာ 😀

      Reply

  • awra-cho

    January 26, 2012 at 1:14 pm

    ချဉ်စပ် လေး ဆိုရင် ဘီ နဲ့ လိုက်ပါ့ ဗျား၊

    Reply

  • Moe Z

    January 26, 2012 at 2:49 pm

    မမနွယ်ပင်ရေ မျှစ်ချဉ်ကတော့ ဝက်သားနဲ့အလိုက်ဆုံးပဲ 😀
    မော်လမြိုင်ဘက်မှာတော့ မျှစ်ချဉ်ချက်ရင် ပိန်းဥထည့်ချက်တယ်
    အိမ်မှာတော့မျှစ်ချဉ်မစားတာကြာပြီ ..

    Reply

  • Novy

    January 26, 2012 at 4:32 pm

    တိုက်တိုက်ဆိုင်ဆိုင်ပဲ နွယ်ပင်ရေ
    မနိုလဲ ဒီနေ့ မျှစ်ချဉ်နဲ့ ဝက်နံရိုးချက်စားပြီ
    ရုံးမှာ အကြောတက်နေပါသည်

    Reply

  • zaw min

    January 26, 2012 at 8:14 pm

    နွယ်ပင်ရေ..ငါးခေါင်းနဲ့မျှစ်ချဉ်ဆိုအရမ်းကြိုက်ပါပဲ၊ငရုတ်သီးစိမ်းလေးဓါးပြားရိုက်ထဲ့။နံနံပင်လေးအုပ်လိုက်…အားပါးစားချင်လာပြီ…နောက်နေ့ချက်စားလိုက်အုံးမှပဲ…

    Reply

  • windtalker

    January 26, 2012 at 8:47 pm

    တစ်ယောက်သောသူကြီး ကတော့ ရှယ်ဘဲ ။ ဟင်းကောင်းတွေ ချက်တတ်တဲ့
    မနွယ်ပင် လို စွယ်စုံတော် အမျိုးသမီးကို ပိုင်ဆိုင်ထားလို ့လဲ ၊ ဟိုနေ ့က နေပြည်တော်ပို ့စ်ထဲမှာ အလိုက်တသိ နဲ ့လိုတာမကျန်ရအောင် ဖြည့်စွမ်းနိုင်တာဖြစ်ရမယ် ။

    Reply

  • comegyi

    January 27, 2012 at 3:45 am

    မနွယ်ပင်ခင်ဗျား
    ကျွန်တော်လည်း အဲလိုပါပဲ
    မျှစ်ချဉ်ကို ဝက်နံရိုးရော၊ ကြက်သားရော ၊ ငါးခေါင်းရော
    ကြုံသလိုချက်တာပါပဲ ကြိုက်တာကိုးဗျ တက်ချင်သလောက်တက်
    အဲ …..ဒါပေသိ မနက်ပိုင်းတော့မစားပါခင်ဗျ အလုပ်ရှိတယ်လေ……..
    ညဖက်အလုပ်မရှိဘူး သေချာတော့မှ ချက်ဖြစ်တာပါ
    တက်တော့လည်း ဘာဖြစ်တုန်း တုန်းတုန်းလဲရုံပေါ့ခင်ဗျ အဲလိုအလုပ်အားတဲ့ရက်ကျတော့လေ……
    အခုလည်း မနွယ်ပင်အစဖော်သွားတာနဲ့ မနက်ဖြန်သောကြာအလုပ်အားလို့ ဈေးထဲက မျှစ်ချဉ်နဲ့
    နံရိုးနဲ့ ချက်ပြီးကစ်လိုက်ဦးမယ်ဗျာ ကျေးကျေး….

    Reply

  • Khin Latt

    January 27, 2012 at 4:47 am

    သွားရည် တမြားမြား ဖြင့် ကြည့်၍ သွားပါကြောင်း တစ်ပင်ထဲ နွယ်ရေ။
    အရီး ရဲ့ ထိတ်တန်း ဖေးဘရိတ် တစ်ခုပါဘဲ။ သင်းခရုပါ။
    နာတာတွေရော ပျောက်သွားပြီလား။
    ဆိုင်ကယ်ပြန်စီးဖို့ ရော သတ္တိ ပြန်ရပြီလား။ 😉

    Reply

    • နွယ်ပင်

      January 27, 2012 at 10:13 am

      အရီးလတ်ရေ …
      နွယ်ပင်လည်း မျှစ်ချဉ်ဟင်းဆို တစ်အားကြိုက်ပဲ
      နာတာတွေကပျောက်သွားပင်မယ့် ခါးနာတာကတော့
      ကျန်နေပါသေးတယ် ဆိုင်ကယ်ပြန်စီးဖို့ကတော့ ကြောက်လွန်းလို့
      ခုချိန်ထိတောင် မတွေးကြည့်ရသေးဘူး 🙂

      Reply

Leave a Reply

Your email address will not be published.