၁၄။ စည်မျဉ်း စည်းကမ်း

susunosukiJune 1, 20101min00

အရူးတွေက တော့
စည်မျဉ်း စည်းကမ်းအတိုင်းသာ အလုပ်လုပ်တတ်ကြတယ်။
မှန်မှန်ကန်ကန်လိုက်နာတယ်။
ဒါနဲ့ပဲ ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးကြတယ်။

လူတော်တွေကတော့ သူတို့အလုပ်နဲ့
သင့်တော်တဲ့ စည်မျဉ်း စည်းကမ်းကိုချမှတ်တယ်။
ဒီတော့သူတို့လိုချင်တဲ့ရည်မှန်းချက်ကို
တိုက်ရိုက်ရောက်ရှိတယ်။
သို့သော် မကြာခဏဆိုသလို အဲဒီထိန်းချုပ်မှုတွေကြား
ပဋိပက္ခ တွေနဲ့ရင် ဆိုင်ရတယ်။

ပညာရှိတွေကတော့
အလုပ်နဲ့ စည်မျဉ်း စည်းကမ်း နှစ်ခုလုံးကို
ညှိနှိုင်းကာ ချင့်ချိန်တယ်။
အားလုံးအတွက် လိုအပ်ရင်လိုအပ်သလို
ပျော့ပျောင်းစွာ ဆောင်ရွက်တယ်။
သူတို့ဟာ လုပ်ငန်းတွေအတွက် အခွင့်ကောင်းတွေကို
ဆုံးရှုံ့းမှုနည်းပါးတယ်။

Leave a Reply

Your email address will not be published.