ဘယ်ဟာဘုရားလဲ (အညွှန်း)

ariyathitsaJanuary 24, 20121min013

ဘုရားဟာ လူသားတစ်ယောက်ပါ။
ဘုရားဆိုတာ အိန္ဒိယမှလာတဲ့စကားပဲ၊
ဘုရားဆိုတဲ့စကားဟာ ခေါင်းဆောင်လို့ အဓိပ္ပါယ်ရတယ်။
အိန္ဒိယတွေက ဘုရားကို ပုှရုရှဆိုတဲ့စကားနဲ့ပြောတယ်။
ပုှရုရှဆိုတဲ့စကား ပုရှားလို့ မြန်မာတွေပြောရက ပုဂံခေတ်လောက်မှာ
ပုရှားကနေ ဖုရားလို့ဖြစ်လာပြီး နောက်တော့ ဘုရားဆိုပြီးဖြစ်လာတာ။
ဒါ့ကြောင့် ဒီနေ့ဘုရားဆိုတဲ့စကားလုံးရဲ့ အရင်းအမြစ်က ပုှရုရှပဲ။
ဆန်ကရစ်လိုမို့ ပုှရုရှလို့ပြောတာ။ ဆန်ကရစ်ကနေ ပါဠိဘာသာပြန်လိုက်ရင် ပုရိသလို့ပြောရတာ။
ပုရိသဆိုတဲ့ စကားကို ဆန်ကရစ်က ပုှရုရှလို့ပြော။
အဲဒီ ပုှရုရှကို မြန်မာပြည် ပုဂံခေတ်ရောက်တော့ ပုရှား၊
အဲဒီ ပုဂံခေတ်က ပုရှားဆိုတဲ့ စကားကို ဒီနေ့ခေတ်ရောက်လာတော့ ဘုရားလို့ဖြစ်သွားတာ။
ဒါက စကားလုံးအသံရဲ့ပြောင်းလဲလာပုံကိုပြောတာ။
ပုရိသဆိုတာက လိုလားစရာကောင်းတဲ့သူ (သို့မဟုတ်)
ရှေ့ဆောင်ခေါင်းဆောင်ဖြစ်တဲ့သူ၊
ဒါ့ကြောင့်ရှင်ဘုရင်တွေကိုလည်းပဲ ဘုရာလို့ပြောကြတာပဲ။
လူ့ခေါင်းဆောင်၊ လူ့အကြီးအကဲ၊ လူ့လောကမှာ ထင်ရှားတဲ့သူဖြစ်လို့
အဲဒီပုဂ္ဂိုလ်ကို ဘုရားလို့ ပြောတာ။
ကျုပ်တို့ဘုရားကလည်းပဲ တကယ်တော့ ခေါင်းဆောင်ပဲလေ။
လူ့ရဲ့လိုလားအပ်တဲ့သူပဲ၊ ဒါ့ကြောင့် ကျုပ်တို့ဘုရားကို ဘုရားလို့ ပြောတာ။
ဒါ့ကြောင့် ဘုရားဆိုတာ လူသာမန် မိဘနှစ်ပါးကပေါက်ပွားတဲ့ သူဖြစ်ပေမယ့် သူ့အသိဉာဏ်အနေအထားကတော့ တကယ်ကိုပဲ ခေါင်းဆောင်ဖြစ်တယ်။ ရှေ့သွားဖြစ်တယ်။ တကယ့်ကို လိုလားစရာဖြစ်တယ်။
အဲဒါကြောင့် ဘုရားလို့ပြောရတာ။
ဒါတော့ ခရစ်ယန်၊ မွတ်စလင်တို့ကပြောတဲ့ ဘုရားနဲ့တော့ မတူဘူး။
သူတို့က သူတို့ဘုရားကို သူတို့အခေါ်နဲ့က ဂေါ့လို့ခေါ်တယ်။
ဒီဂေါ့ကို ဘာသာပြန်လိုက်တဲ့အခါမှာ သူတို့လည်း ထိပ်တန်းကိုးကွယ်ရမည့်သူဖြစ်လို့ ဘုရားလို့ ဘာသာပြန်လိုက်ကြတာပဲ။
သူတို့က ဂေါ့ကို ဘုရား။
ကျုပ်တို့က ဗမာလိုဘာသာပြန်ရင် ဂေါ့ဟာ နတ်ပဲ။

– – – – – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – –

ဒါ့ကြောင့် ဘုရားတွေ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်ကနေပြီးဖြစ်တာလဲ၊ မေးကြပါ။
လောကကြီးမှာ ဘယ်အရာဖြစ်ဖြစ် မေးခွန်းမေးကြပါ၊
အိန္ဒိယမှာ သိဒ္ဓတ္ထမင်းသားကလေးမှ ဘုရား (ခေါင်းဆောင်) ဖြစ်သွားပုံ၊
သိဒ္ဓတ္ထမင်းသားဟာ လောကကြီးရဲ့ အို၊ နာ၊ သေကို ဘယ်လိုမြင်သွားတယ်။
ဒီလောကကြီး အို၊ နာ၊ သေဖြစ်နေတဲ့သဘောကို ကုစားဖို့ လွတ်လွတ်လပ်လပ်နဲ့ နည်းလမ်းရှာနိုင်အောင် လွတ်လပ်တဲ့ ရဟန်းဘဝကို ရွေးဖို့ တောထွက်ခဲ့ပုံ။
တောထွက်ပြီး တရားတွေကျင်ခဲ့ပုံ၊
မာရ်နတ်က ပလ္လင်လာလုတယ်ဆိုတာ ?
ပဉ္စဝဂ္ဂီ ငါဦးတို့နှင့်တွေ့ဆုံပုံ၊ တရားဟောခဲ့ပုံ။
ပု၊ ဒိ၊ အာ အဘိ ဉာဏ်တွေရပြီး ဘုရားဖြစ်ပုံ။
လူတွေ အသိချင်ဆုံးအရာကို သိသူ၊
လူတွေ အဖော်နိုင်ချင်းဆုံးအရာကို ဖော်နိုင်သူ၊
ဒီလိုဖော်နိုင်တဲ့သူကို လူရဲ့ရှေ့ဆောင်၊ ခေါင်းဆောင်၊
လူတွေအင်မတန် လိုလားအပ်တဲ့သူ အဲဒီနာမည်က ပုရိသ၊ ပုရုရှ၊ ပုရှား “ဘုရား” ပဲ။
လူတွေလိုချင်တဲ့အရာကို ရတဲ့သူဟာ လူတွေလိုချင်ခံရတဲ့သူပေါ့။
လူတွေလိုချင်ခံရတဲ့သူဟာ ပုရုရှပဲပေါ့။

လူ့ရဲ့ရှေ့သွားခေါင်းဆောင်ဖြစ်တဲ့ ဗုဒ္ဓဘုရားက အရိယသစ္စာတရားလေးပါးကို ဟောကြားခဲ့ပုံ စသည်တို့ကို
ဓမ္မဝိဟာရီဆရာတော်ဟောပြောထားသည့်
www.ariyathitsa.org website တွင် ပါရှိသော
ဘယ်ဟာဘုရားလဲ ” အမည်ရတဲ့ MP_3 အသံတရားတော်တွင်
ဘယ်ဟာဘုရားလဲ (ပထမပိုင်း) (Download) နှင့် ဘယ်ဟာဘုရားလဲ (ဒုတိယပိုင်း) (Download) ရယူပြီးနာကြားနိုင်ပါကြောင်း ဓမ္မလမ်းညွှန်ပြလိုက်ရပါသည်။

13 comments

  • kyeemite

    January 24, 2012 at 4:08 pm

    ဗဟုသုတတိုးပွားစေလို့ကျေးဇူးတင်ပါကြောင်း

    Reply

  • mggwa

    January 24, 2012 at 4:39 pm

    ဗုဒ္ဓခေတ်မှာ ဘုရားဆိုတဲ့ အသုံးအနှုံးမရှိခဲ့ပါ။
    ဗုဒ္ဓက သူ့ကိုယ်သူ သတ္ထာ၊ ဘဂဝါ၊ ကလျာဏမိတ္တစတဲ့ ခေါင်းဆောင်၊ မိတ်ဆွေ စသော အသုံးအနှုံးများဖြင့်သာ ပြောဆိုခဲ့၏။
    ယနေ့ခေတ်ကျမှပဲ မျက်စေ့လည်ပြီး ဘုရားတွေက ပေါမှပေါ၊
    စေတီလည်းဘုရားတဲ့၊ ရုပ်တုလည်း ဘုရားတဲ့။
    စေတီ၊ ရုပ်တုဆိုတာ ခေါင်းဆောင်တွေအတွက် အထိမ်းအမှတ် ကျောက်တိုင်၊ ရုပ်တုတွေပဲလို့ တန်ဘိုးအမှန်တိုင်းမြင်တတ်ကြဖို့လိုပေ၏။
    ဒီထက်ပိုမြင်ပါက ” – း “လို့သာ ဖြစ်ပေသည်။

    Reply

  • chityimhtoo

    January 24, 2012 at 7:36 pm

    မောင်ဂွမောင်ဂွအမှောင်ကျတဲ့မောင်ဂွ။ပုံတော်ကိုဂုံတော်အဖြစ်ရည်မှန်းကိုးကွယ်ကျတာပါ။စေတီကိုအုတ်ပုံလို့
    မြင်နေတဲ့မောင်ဂွအနေနဲ့ လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ ယုံကြည်မှူ့ရိုသေကိုင်းရှိုင်းမှူ့၊ သဒ္ဒါတရားတွေကို
    မြင်အောင်မကြည့်နိုင်ဘဲ စေတီကိုအုတ်ပုံတွေကို ထိုင်ကန်တော့တယ်လို့ မြင်နေတဲ့ မောင်ဂွဘာသာ
    ရေး level ကိုခန့်မှန်းနိုင်ပါတယ်။

    Reply

  • koyinmaung

    January 24, 2012 at 10:54 pm

    မောင်ဂွရဲ့တွေးခေါ်ပုံတွေကဗုဒ္ဓဘာသာအပေါ်မွတ်ဆလင်ဘာသာတွေရဲ့အမြင်မျိုးတွေပါ
    အုတ်နဲ့တည်တဲ့ဘုရာ စေတီတွေကိုအုတ်ပုံအနေနဲ့ဘဲမြင်ကြတာကို
    မွတ်ဆလင်ဘာသာမှာလဲကိုရမ်ကျမ်းစာတွေကိုစာရွက်နဲ့ရေးပြီးအမြတ်တနိုးအိမ်ရဲ့အမြင့်မှာကပ်ထားကြတာပါဘဲ
    သာမန်စာရွက်ရယ်လို့မသတ်မှတ်ကြပါဘူး……
    ဘာသာတိုင်းမှာအမြတ်တနိုးထားတဲ့သင်္ကေတတွေရှိကြပါတယ်..
    မဝေဖန်သင့်ပါဘူး……..

    Reply

  • Wai Phyoe

    January 25, 2012 at 12:35 pm

    ဂွဆိုတဲ့အတိုင်း တယ်ဂွပလားနော်။ တစ်ဖက်စွန်း ရောက်ဆိုတာ ဒါမျိုးကို

    Reply

  • mggwa

    January 25, 2012 at 4:08 pm

    ရုပ်တုတွေ၊ ကျောက်တိုင်တွေကို တန်ခိုးရှိတယ်လို့ ယူတာလည်း စိတ္တဇအစွန်း၊
    ခေါင်းဆောင်တွေရဲ့ အထိမ်းအမှတ် ရုပ်တုတွေ၊ ကျောက်တိုင်တွေကို ပစ်ပယ် မေ့လျော့နေရင်လည်း ကျေးဇူးမသိတတ်တဲ့ အစွန်း၊
    အဲဒီအစွန်းနှစ်ခုကို အလယ်က ခွပြီး ဂွကျကြည့်တာပါဗျာ။

    Reply

  • koyinmaung

    January 25, 2012 at 8:47 pm

    မိဘတွေရဲ့ဓါတ်ပုံ ပန်းချီကားတွေကိုအိမ်ရဲ့ခေါင်းရင်းမှာချိတ်ဆွဲကိုးကွယ်ထားတာ
    ဘယ်လိုသဘောရသလဲမောင်ဂွရေ အစွန်းရောက်တယ်လို့ပြောနိုင်လား
    မင်းပြန်ဖြေစေချင်တယ်……
    မိုဟာမက်သခင်တရားအားထုတ်ခဲ့တဲ့ပလီအဆောက်ဦးဓါတ်ပုံ
    ကိုရမ်ကျမ်းစာရိုက်ထားတဲ့စာရွက် ဒါတွေကိုအိမ်ဦးခန်းမှာချိတ်ဆွဲထားတာကိုရော
    အစွန်းရောက်တယ်လို့ပြောချင်တာလား
    လုပ်စမ်းပါအုံးမောင်ဂွရဲ့…..

    Reply

    • mggwa

      January 26, 2012 at 3:07 pm

      မိဘတွေရဲ့ဓါတ်ပုံ ပန်းချီကားတွေကို အိမ်ရဲ့ခေါင်းရင်းမှာအထိမ်းအမှတ်အနေနဲ့ ချိတ်သင့်တာပေါ့၊ ဘယ်ပစ်ပယ်လို့သင့်မလဲ ကိုရင်မောင်ရဲ့၊
      ဒါပေမယ့် မစားသောက်နိုင်တော့တဲ့ ဓါတ်ပုံတွေ၊ ရုပ်ပ်တုတွေရှေ့ စားစရာ၊ သောက်စရာတွေ သွားကျွေးနေတာကတော့ စိတ္တဇအစွန်းပေါ့ဗျာ။
      လူ့ကို ယဉ်ကျေးအောင်လုပ်ပေးတဲ့ အသိပေးဆောင်ပုဒ်တွေကတော့ မမေ့လျော့ရအောင် ချိတ်သင့်တာပေါ့၊ ဒါပေမယ့် ဒီဆောင်ပုဒ်တွေ၊ လင်္ကာတွေကို ရွတ်နေရင် စီပွားတက်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး ရွက်နေကြတာလဲ စိတ္တဇတွေပေါ့ဗျာ။
      ဘာမှ မလုပ်ရင် ဘာမှမဖြစ်ပါဘူး။
      အစွန်းလွတ်တဲ့ အသုံးချမှန်ဖို့တာ အဓိကပါဗျ။
      (အစွန်းလွတ်ဖို့ အစွန်းချွတ်ဆေးတွေ MG ရွာထဲမှာ ဝေပေးမယ်နော်၊ – – – – မျှော်။)

      Reply

  • captainamerica

    January 25, 2012 at 10:50 pm

    အဲဒီမောင်ဂွဆိုတဲ့ပုဂိုလ်ကြီးကိုအပြင်မှာသာတွေ.ရင်ထုထောင်းရိုက်နှက်မိမှာ
    အမှန်ပဲ…တကယ်တမ်းဒဲ့ရှင်းတဲ့ကွန်းမန်.ပိုင်ရှင်တွေနဲ.ဆိုရင်ဘာမှမ‌ေ ဖြဘဲ
    ရူးသလို‌ေ ကြာင်သလိုလစ်လစ်သာွးဒယ် လာလိုက်ရင်စကားလုံးကြီးတွေက
    ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားနဲ. ဟိုဟာကတော့ဟိုလိုရှိဒယ် ဒီလိုပေါ့
    ဟိုလိုပေါ့နဲ. တော်‌တော် တော်တဲ့လူ မမြင်ဖူးဘဲနဲ.သူကွန်းမန်.တွေဖတ်ပြီး
    ကလိ ကလြိဖစ်လာဒယ် လူ‌ေ ပြာမသန် လူသန်မ‌ေ ပြာဆိုတယ်မှန်ဒါဘဲ
    ဖတ်ရင်းနဲ.အသည်းတွေတဖြည်းဖြည်းယားလာလို.

    Reply

    • mggwa

      January 27, 2012 at 1:32 pm

      ဘယ်တရားတွေ ကျင့်သုံးနေလို့ အဲဒီလောက် ဒေါသကြီးနေရတာလဲ ဟင်။ အသည်းတွေ ယားနေတယ်ဆိုရင် captainamerica ကို အပြင်မှာ တွေ့ရဲတော့ဘူး။ ဒီကလည်း ယားတတ်လို့။

      Reply

  • Shwemoe

    January 25, 2012 at 11:05 pm

    ဂဇက်မှာလဲ တစ်ဦးပီး တစ်ဦး ထ ထ ဖေါက်နေကြတာဗြဲ ….
    ဒီလူ့ အတွေးအခေါ် ကတော့ ပုံမလာဘူး …
    ဘာသာမတူ ရင်လဲ ကိုယ်ဟာကိုယ် အေးဆေးနေတာ အကောင်းဆုံး ထင်မိတာပဲ…

    Reply

  • kai

    January 26, 2012 at 5:41 am

    messengerforbuddhist.blogspot.com မှာ

    ” ဂတိပေးသည်
    ဂေါတာမသည် ဘုရားဖြစ်ကြောင်း သက်သေပြနိူင်လျှင် ဒီဘလော့အား လုံးဝဖျက်ဆီးပေးမည်….. ”

    ဆိုပြီး.. ရေးထားတယ်..။
    အဲဒီလူကို.. ဒီစာတွေဖတ်မိစေချင်တယ်ဗျာ…။
    သူ့မှာ.. ဘုရားနဲ့ God, Allah အဓိပ္ပါယ်ကောက်တာ… ရောထွေးနေပုံရပါတယ်..။ 🙂

    Reply

  • thunderstorm

    January 26, 2012 at 10:28 am

    Indian တွေကတော့ ဘုရားကို ဘဂဝါ လို ့ပြောကြတာဘဲ.. အမြန်ခေါ်လိုက်ရင် god ဆိုတဲ့အသံထွက်နဲ ့ ခပ်ဆင်ဆင်ရယ်…

    Reply

Leave a Reply

Your email address will not be published.