နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်သည့် ပြည်ပခရီးသွားအချို့ ခွင့်ပြုနယ်မြေကျော်လွန် သွားလာခြင်းအပြင် ပျောက်ဆုံးခြင်းပါရှိလာ၍ ခရီးသွားကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းကြေညာ

klnJune 1, 20101min02

နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် ပြည်ပခရီးသွားအချို့ ခွင့်ပြုနယ်မြေကျော်လွန်သွားလာခြင်းအပြင် ဧည့်လမ်းညွှန်မပါဘဲ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးသွားခြင်းပါရှိလာ၍ ခရီးသွားကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းကြေညာခဲ့ကြောင်း သတင်းရရှိခဲ့သည်။ မန္တလေးတို်င်း မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ခရီးသွားလာရေးကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ ပြည်ပခရီးသွားများအား နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ခရီးတစ်ခုကို စီစဉ်ပေးခဲ့ရာ ယင်းခရီးစဉ်တွင် ပါဝင်သည့် ပြည်ပခရီးသွားအချို့မှာ ခွင့်ပြုနယ်မြေကို ကျော်လွန်သွားလာမှုများရှိခဲ့သည့်အပြင် ယင်းခရီးသွားကုမ္ပဏီမှပင် ပြည်ပခရီးသွားတစ်ဦးအား နယ်စပ်ဝင်ပေါက်မှ မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ခရီးစဉ်တစ်ခု စီစဉ်ပေးခဲ့ရာတွင် ဧည့်လမ်းညွှန်မပါရှိပါဘဲ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးသွားခြင်းပါ ရှိလာ၍ အဆိုပါ ခရီးသွားလာရေးကုမ္ပဏီအား သက်ဆို်င်ရာမှ ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်းကြေညာခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ခရီးသွားလာရေးကုမ္ပဏီတစ်ခုသည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် မတ်လအတွင်းက ဩစတြေးလျနိုင်ငံသား တရုတ်လူမျိုး ပြည်ပခရီးသွားတစ်ဦးအား တရုတ်- မြန်မာနယ်စပ် မူဆယ်ဝင်ပေါက်မှ မြန်မာနိုင်ငံအတွင်း လည်ပတ်သွားလာနိုင်ရန် တာဝန်ခံ စီစဉ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါပြည်ပခရီးသွားအား ဧည့်လမ်းညွှန်မထားရှိပေးဘဲ မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ပြည်ပခရီးသွားမှာ တည်းခိုသည့်ဟိုတယ်မှ နိုင်ငံပြင်ပသို့ ထွက်ခွာသွားခြင်းရှိ၊ မရှိကိုလည်း စုံစမ်းမှုများ ပြုလုပ်၍ မရခဲ့ကြောင်းလည်း သိရသည်။ ယင်းအပြင် အဆိုပါ ခရီးသွားလာရေးကုမ္ပဏီသည် ၂၀၀၉ခုနှစ် ဇူလိုင်လက တရုတ်လူမျိုး ပြည်ပခရီးများအား မြန်မာ- တရုတ်နယ်စပ်(ဆင်ဖြူဂိတ်) မှ တရုတ်နယ်ခြားခွင့်ပြုချက် border pass ဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်ရန်ခရီးစဉ်အား တာဝန်ခံ စီစဉ်ပေးခဲ့ပြန်ရာ အဆိုပါခရီးစဉ်တွင် ပါဝင်သည့်ခရီးသွားတချို့မှာ ခွင့်ပြုနယ်မြေကျော်လွန်သွားလာသည့် ဖြစ်စဉ်များ ဖြစ်ခဲ့သည့်အပြင် အမှန်တကယ် ပြည်ပခရီးသွားများ ဝင်ရောက်ခြင်းမရှိခဲ့သည့် ပန်ခမ်းဂိတ်တွင် ဝင်ရောက်ခွင့် Entry Permit- EP လိမ်လည်ရယူခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အကြောင်းကြားချက်များအရ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသည့် ယင်းခရီးသွားလာရေးကုမ္ပဏီအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ကုမ္ပဏီဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

2 comments

  • လင်းဝေကျော်

    June 1, 2010 at 8:36 am

    ကောင်းပါလေ့ကွယ်။
    ဖြစ်ချင်သလိုဖြစ် လုပ်ချင်သလိုလုပ်နေကြတာပါပဲ။
    ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုတာလိုမျိုးပေါ့။
    စည်းကမ်းသည် ငါတို့မသိသောအရာ ဆိုပြီး နေရာတကာမှာ ဆိုင်းဘုတ်ချိတ်သင့်တယ်။

    Reply

  • cum min

    June 21, 2012 at 9:10 am

    စည်ကမ်းကိုတန်ဖိုးမထားကျဘူးပဲ

    Reply

Leave a Reply to cum min Cancel Reply

Your email address will not be published.