မိုဘိုင်းဖုန်းများတွင် SMS လွဲချော်မှုများကြောင့် Message လုံခြုံမှုအားဂရုစိုက်လာရ

klnJune 1, 20101min02

မိုဘိုင်းဖုန်းများတွင် SMS စနစ်အသုံးပြုရာ၌ မိမိတို့ပို့သော Message များမှာ ပို့လိုသော ဖုန်းနံပါတ်များသို့ မရောက်ရှိဘဲ ဖုန်းနံပါတ်များမှားယွင်းရောက်ရှိသွားတတ်သော အခက်အခဲများရှိလာသောကြောင့် SMS Message စနစ်အသုံးပြုသူများအနေဖြင့် မိမိတို့၏ Message များပို့ရန်အတွက် အခက်အခဲများရှိလာကြောင်းသိရသည်။ “ကျွန်တော်ဖုန်းမှာ Messageပို့လိုက်တာ ပို့တဲ့ဖုုန်းကိုမရောက်ပဲတခြားနောက်ဖုန်းတစ်လုံးကိုရောက်သွားလို့ ကျွန်တော်ကအံ့ဩသွားတယ်။ ကျွန်တော်မှားပို့လိုက်တဲ့ဖုန်းနံပါတ်ကနေပြီးတော့ Message ပြန်ဝင်လာပါတယ်။ ကျွန်တော်ပို့တဲ့ Message နဲ့သူ့ဆီကို မှားရောက်လာပါတယ်ဆိုတဲ့စာကိုပြန်ပို့လာပါတယ်။ အဲဒါနဲ့ကျွန်တော်လည်း ရိုက်ထားတဲ့ဖုန်းနံပါတ်ကမှန်ပါတယ်။ အဲဒါကိုသူ့ဟာသူမှားပြီးတော့ရောက်သွားတာပါ။ ကျွန်တော်အဲဒါကို သူငယ်ချင်းတွေကိုပြောပြတော့ သူတို့လည်းအဲလိုဖြစ်တယ်လို့ပြောကြပါတယ်” ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုကိုအောင်မှ ပြောပြသည်။ ထို့ပြင် လှည်းတန်းနှင့် စမ်းချောင်းမြို့နယ်မှ သုံးဦးနှင့် လသာမြို့နယ်မှ မိုဘိုင်းဖုန်းအသုံးပြုသူ နှစ်ဦးမှလည်း ယင်းကဲ့သို့ အလားတူဖြစ်ရပ်များဖြစ်ခဲ့ကြကြောင်းပြောပြသည်။ ယင်းကဲ့သို့ဖြစ်ပွားခဲ့ပါက Message လုံခြုံမှုစနစ်အားထိခိုက်နိုင်ပြီးမိမိတို့၏ Data အချက်အလက်များအား တခြားသူများထံသို့ ရောက်ရှိသွားနိုင်သောကြောင့် ဂရုစိုက်သင့်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အချိန်မီဆက်သွယ်အကြောင်းကြားသင့်ကြောင်း သတင်းရရှိသည်။

2 comments

  • Nay Min Kha

    August 12, 2011 at 5:36 pm

    မဖြစ်သင့်ဘူးနဲ့ တူတယ်နော် …
    နိုင်ငံကြီး လုပ်နေပြီးတော့ …

    Reply

  • Mee2

    August 12, 2011 at 6:00 pm

    ဟုတ်ပါတယ် ကျွန်မခု ကိုင်ထားတဲ့ ၄၅ဝ MHz ဖုန်းမှာလဲအဲပုစံနဲ ့တူတူဖြစ်ခဲ့တယ်။ပို ့လိုက်တဲ့မက်ဆေ့စ်က ဟိုဘက်လဲမရောက်ဒီဘက်လဲမရောက်လမ်းမှာတင်ပျောက်သွားပါတယ်။ပြီးတလလောက်နေမှဝင်လာပါတယ်။ဘယ်လို error ကြီးလဲနော်

    Reply

Leave a Reply to Mee2 Cancel Reply

Your email address will not be published.