မြန်မာပြည်က လယ်ယာသုံးပိုးသတ်ဆေးကုမ္ပဏီများ အမြတ်ကြီးစား

farmlookerJanuary 19, 20121min04

မြန်မာပြည်ရဲ့ ဒေါ်လာဈေးနှုန်းဟာ ၂၀၁၀-၂၀၁၁ နှစ်ပိုင်းတွေမှာ

US တစ်ဒေါ်လာကို မြန်မာငွေ ၁၂၀ဝ ကျပ်ဝန်းကျင်ရှိခဲ့ပါတယ်။

၂၀၁၁ နဲ့ ယခုနှစ်ဆန်းပိုင်းမှာတော့ US တစ်ဒေါ်လာလျှင်

မြန်မာငွေ ၈၀ဝ ကျပ် ဝန်းကျင်ပဲရှိပါတော့တယ်။

ဒါပေမဲ့ မြန်မာပြည်က လယ်ယာသုံး ပိုးသတ်ဆေး ကုမ္ပဏီတွေကတော့

လယ်ယာသုံးပိုးသတ်ဆေးတွေကို ၂၀၁၀-၂၀၁၁ ခုနှစ်တွေက

ဈေးနှုန်းတွေအတိုင်းပဲ မပြောင်းလဲဘဲအမြတ်ကြီးစားပြီး

ရောင်းချနေကြဆဲပါပဲ။

လယ်သမားအများစုကလည်း အသိပညာဗဟုသုတ

အားနည်းကြတဲ့အတွက်

ဆေးကုမ္ပဏီတွေက အမြတ်ကြီးစားထားတဲ့ဈေးနှုန်းတွေအတိုင်းပဲ

သုံးစွဲနေကြရပါတယ်။

ရာသီဥတုကလည်းပုံမှန်မဟုတ်ဘဲ အတော်ဖေါက်ပြန်ခဲ့တဲ့အတွက်

လယ်ယာသုံးဆေးပမာဏကလည်း အလွန်များစွာသုံးစွဲကြရပါတယ်။

ဆေးအတော်များများကလည်း အရည်အသွေးမပြည့်ဝ တဲ့အတွက် သုံးစွဲရတာ

ငွေကြေးမြောက်မြားစွာကုန်ကျနေကြရပါတယ်။

 

 

4 comments

  • thit min

    January 19, 2012 at 7:22 pm

    မိုနိုပိုလီပေးထားရင် အဲဒီလို ဈေးကိုချုပ်ထားလို့ရတာပါဘဲ။
    အပြည့်ပြိုင်ဆိုင်သော ဈေးကွက်စစ်စစ် ဖြစ်မှ အခုလိုအဖြစ်မျိုးတွေဝေးပါလိမ့်မယ်။
    အခုအနေအထားအရအတော့ ဝယ်ချင်ဝယ် မဝယ်ချင်ရင်ကိုယ့်ဟာကိုစုပြီး နိုင်ငံခြားက မှာပေါ့။။
    ယိုးဒယား(သို့)တရုတ်ထုတ်တွေဘဲ ဖြစ်မှာပါ။
    ကိုယ့်ဟာကိုယ်စုပြီးဝယ်နိုင်တဲ့ အစီအစဉ်တွေလုပ်သင့်နေပြီ။
    ကိုယ်လမ်းကိုယ်ဖောက်လို့ရပြီဆို သူများအားမကိုးနဲ့တော့။ ချ ပစ်။

    Reply

  • မြန်မာပြည်မှာတော့ မြန်မာ့ဩဘာကုမ္ပဏီတော်တော် အောင်မြင်သဗျ။မနှစ်က တစ်နိုင်ငံလုံးက အရောင်း
    ကိုယ်စားလှယ်ကြီးတွေကို ငပလီကို လေယဉ်ခရီးစဉ်အပါအဝင် ဟိုတယ်ကြီးတွေမှာတည်း၊IC show နဲ ့ပါဧည့်ခံခဲ့တာ
    ဗျ။ကုန်လိုက်မယ့်ငွေ သောက်သောက်လဲဗျာ။

    Reply

  • water-melon

    January 19, 2012 at 8:03 pm

    ကိုနာဂကလည်း ကုန်တာဘဲ မြင်တာကို မြတ်တာကိုကြတော့ မမြင်ဘဲနဲ့။

    Reply

  • naywoonni

    January 19, 2012 at 9:34 pm

    အဲဒါက ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံ ရဲ့ ခံစားရမှုပဲ…။ ဘယ်ကနေစလာသလဲဆိုတော့ ကိုယ်ဆီကနေဝယ်တဲ့ တိုင်ပြည်က သူတို့လိုချငိတဲ့သီးနှံကိုလိုက်စိုက်ပေးရတဲ့ ကဏ္ဍကနေစတာ…။ သူတို့က ဖရဲ ချုချင်တယ် သခွားမွှေးမှလိုချင်တယ်ပေါ့…။ အဲဒိသီးနှံတွေက မိုးကြိုက်တဲ့ သီးနှံ သူတို့က မျိုးထုတ်ပေးတယ်…။ အဲဒိမျိုးမှာ (နားလည်တဲ့သူတွေအပြောက) ကပ်ပါး ပိုးတွေ ပါလာပြီးသား …။ အဲဒိပိုတွေအပြင် မြေမှအောင်းနေတဲ့ ပိုးကလည်း ကြိုက်တယ်… ။အဲဒိတော့ ပိုးသတ်ဆေးလိုတယ်…။ ပိုးသတ်ဆေးကိုလည်း သူတို့ပဲ တင်သွင်းတယ်..။ ကျန်တဲ့နေရာကမှမရပဲကိုး…။ အဲဒိပိုးသတ်ဆေးဆိုတာက ပိုးတစ်မျိုးကိုသတ်ဖို့ နောက်ပိုးတစ်မျိုးနဲ့ အစားထိုးသတ်သတဲ့…။ အဲဒိတော့ ပိုးအမျိုးပေါင်းများစွာ တို့မြေမှာခိုအောင်းနေပြီးသားပေါ့လေ…။ ပိုးသတ်ဆေးဆိုတာလည်း သူတို့ဆီကပို့မှသတ်နိုင်တာကိုး…………..။ တို့ မိရိုးဖလာပိုးသတ်ဆေးကတော့ ဆေးရွက်ကြီးအမှုန့် ထည့်ပေးတာပဲ..။ ဒါကတော့ တောင်သူတွေက ကရကထများလို့ မလုပ်ကြဘူး…။ ဒီတော့ တင်ပို့ခွင့် ရှိတဲ့သူတွေလုပ်သမျှ ခံနေကြရတာပေါ့…။ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံတွေ အတော်များများက ဒီနိုင်ငံကိုအပြိုင်အဆိုင်ပို့ကြမယ်ဆိုရင် နဲနဲ ခံသာသေးတာပေါ့ …။ ခုတော့ သူတို့လက်ထဲမှာပဲရှိသေးတယ်လေ………..

    Reply

Leave a Reply to အတိသဉ္ဇာ နာဂရ ချစ်သူ Cancel Reply

Your email address will not be published.