လုံ့လ ဝိရီယ ရှိကြပါစေ

နွေဦးJanuary 18, 20121min04

ကျွန်တော်သိဖူးတဲ့ ဝိရီယ အကြောင်းလေး ပြောပြချင်လို့ပါ

လုံ့လဝိရီယရှိပါ။ဘယ်လောက်ထိလုံ့လကို မလျှော့တမ်းထားရမလဲဆိုရင်..

၁။ခန္ဓာကိုယ်၏ အရည်သာလျှင်ကျန်ပါစေ မလျှော့ပါနဲ့

၂။ခန္ဓာကိုယ်၏ အကြောသာလျှင် ကျန်ပါစေ မလျှော့ပါနဲ့

၃။ခန္ဓာကိုယ်၏ အရိုးသာလျှင်ကျန်ပါစေ မလျှော့ပါနဲ့

၄။အသွေးအသားခန်းခြောက်ပါစေ ဝိရိယလျှော့မချပါနဲ့

ပန်းတိုင်ထားပါ  ဝိရီယရှိပါ

ပန်းတိုင်မရှိ ဝိရီယမရှိပါက

၁။ပညာမရှိ

၂။ဥစ္စာမရှိ

၃။မိတ်ဆွေမရှိ

၄။ကုသိုလ်မရှိ

၅။နိဗ္ဗာန်မရှိ

ဝိရိယကိုလျျွှှော့မချပါနဲ့

၁။ အလုပ်မလုပ်ခင် ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

၂။အလုပ်ပြီးသွားချိန်မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

၃။ခရီးမသွားခင် မှာ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

၄။ခရီးရောက်ပြီး ချိန်မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

၅။မကျန်းမာချိန် မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

၆။ကျန်းမာနေချိန်မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

၇။အစာရေစာရှားပါးချိန် မှာ လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

၈။အစာရေစာပေါများချိန် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့

 ဒီလို ဝိရိယလေးမျိုးကို ထားရမှာဖြစ်တယ်

၁။မဖြစ်သေးတဲ့အကုသိုလ် ဖြစ်မလာအောင်

၂။ဖြစ်ပြီးအကုသိုလ် ထပ်မဖြစ်အောင်

၃။မဖြစ်သေးတဲ့ကုသိုလ် ဖြစ်လာအောင် လုံ့လစိုက်

၄။ဖြစ်ဖူးတဲ့ကုသိုလ်တရား ထပ်ခါထပ်ခါဖြစ်အောင်လုပ်ရန်

ဝိရီယမရှိက လူတကာတို့အောက် နိမ့်ကျ နှိမ့်ချ နေရပြီး ဘဝတိုးတက်ရေး

လမ်းစပျောက်သွားပါလိမ့်မည်။

 

4 comments

  • စိန်ပေါက်ပေါက်

    January 18, 2012 at 4:43 pm

    မှန်၏..
    ဟိုလူ ့ကြောင့်..ဒီလူ ့ကြောင့်ဆိုပြီး လက်ညှိုးထိုးနေတာထက်..
    လုံ ့လဝီရိယ မရှိကြလို ့ မွဲနေတာလဲပါတယ်..
    စကားမစပ်
    မောင်လေးခေါင်းစဉ် ပြင်လိုက်ပါကွယ်
    ဝိရီယ မဟုတ်ပါဘူး
    ဝီရိယ ဖြစ်ပါတယ်

    ညှင်း..ညှင်း..

    Reply

    • Harumoto

      January 18, 2012 at 9:15 pm

      ကျေးဇူးတင်ပါတယ်
      နောင် သတ်ပုံ ကို ဂရုစိုက်ပါ့မယ်။

      Reply

    • windtalker

      January 18, 2012 at 9:18 pm

      ညှင်းပေါက်တဲ့ ဦးလေးဂျီး ပြောသလို
      လုပ်လိုက်ပါကွယ်

      Reply

  • ရွှေဘိုသား

    January 18, 2012 at 10:25 pm

    ဝီရိယ မရှိရင်တော့ အလကားပဲဖြစ်တာများပါတယ်

    Reply

Leave a Reply

Your email address will not be published.