“ အဝေးကလူ အနီးကလူ ……………….အားလုုံးစုံသော ရွှေတိဂုံ”(အပိုင်းနှစ်)

1ဘုရားလာဖူးတဲ့ အဝေးက နိုင်ငံခြားသူ စောင်းတန်းအဆင်းမှာ
2 အနီးကလူ ငြိမ်းချမ်းမှု့ကို ရှာဖွေနေသူများ
4 အဝေးကလူ အလင်းထွန်းညှိ ပို၍ဝေးသောကောင်းကင်မှ လမင်း ကျနော်တို့အားလုံးကိုုုငုံ့အကြည့် ငြိမ်းချမ်းသည်ရောက်ရှှိ။
4 အလင်းရဲ့ အကွေ့....................
5 မီးဆိုုတာတောက်လောင်ပူငြင်း ခြင်းသဘောကိုဆောင်ပေးမယ့် အခုထွန်းညှိထားတဲ့ မီးတောက်တွေကတော့ အေးမြတဲ့ သဘောကိုဆောင်နေတယ်လို့ ထင်ရပါတယ်ဆိုတဲ့ ဆန်ကျင့်ဘက်လေးတွေးမိပါတယ်။
6 သာသနာ့ ဝန်ထမ်း အလင်းတန်းများ ထွန်းညှိ
7 ဝပ်တွားကော်ရော် ပူဇော်ကန့်တော့ ...................စိတ်ထဲမာ တကယ်ကြည်ညိုမှလုပ်တာလေ
8 ရိုက်မယ် နှက်မယ် ............သူလဲကျနော်တို့လို့ဘဲနော်
9 ကျနော့်ရဲသားကောင်လေးလေ သူချောင်းနေတာကို ကျနော်ကပြန်ချောင်း သူူကလဲ ချောင်းနေပုံက အားရပါးရ
10 ပဲများနေတဲ့မီးမီလေး
11 အလင်းညှိသူ ရိုက်ကွင်းရှာသူ အပီအပြင်ရိုက်နေသူ အဲဒီအထဲမှာ ကျနော့်ရဲ့ဆရာ ညီလေးလဲ မထင်မှတ်ဘဲပါနေတယ်လေ
12 ဒီပုံကတော့ကျနော်နဲ့ လုလင် ဟိုူဘက်ဒီဘက် နှစ်ယောက်တစ်ပြိုင်ထဲဆွဲကြတာ သု့ပု့ကအများကြီးပိုလို့ကောင်းပါတယ်။ဒါပေမယ့် အမတ်တရ ပြန်တင်ပေးတာပါ

“ အဝေးကလူ အနီးကလူ ……………….အားလုုံးစုံသော ရွှေတိဂုံ”(အပိုင်းနှစ်)

 

အဲဒီနေ့က ရွှေတိဂုံဘုရားရောက်တော့ ရင်ပြင်တော်ပေါ်မှာ လူအပြည့်။

အဝေးကလူ အနီးကလူ

လေ့လာသူ ကြည်ညိုသူ

အေးချမ်းမူ့ရှာသူ အပျော်ရှာသူ

မှတ်တမ်းတင်သူ လက်ဆော့သူ

အလင်းဆီမီးထွန်းညှိသူ

ဘဝအမောတွေကို ဘုရားရိပ်မှာလာရောက်လို့ဖြေလျော့သူ

ရောက်တုန်းရောက်ခိုက် မြင်မြင်သမျှကို မလွတ်တမ်းမှတ်တမ်းတင်သူ

အစရှိတဲ့လူပေါင်းစုံ အမြင်ပေါင်းစုံ အကြောင်းပေါင်းစုံနဲ့သူတွေက

တိုင်ပင်ထားခြင်းမရှိဘဲ ဒီတစ်နေရာထဲမှာအလိုုလိုလာရောက်စုဝေးတာကတော့

အသေအချာ တွေးကြည့်ရင်  ထူးခြားသော အဖြစ်အပျက်လို့ မှတ်ယူနိုင်ပါတယ်။

ဘာပြောပြော ကျနော်ကတော့ စိတ်တိုင်းကျတဲ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။

မှတ်တမ်းတင်တဲ့နေ့ကတော့ (7-1-2012) ညနေ ငါးနာရီနဲ့ 7နာရီကြားမှာပါဘဲ။

 

 

 

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(19-1-2012)

 

 

8 comments

  • ဒါကတော့ ရွှေတိဂုံညအမှတ်တရပါဘဲ။
    7-1-2012နေ့ မောင်လုလင်နဲ့ကိုပေါက် ရိုက်ပွဲ့ထဲကပါ။

    Reply

  • blackchaw

    January 19, 2012 at 9:33 am

    ပုံ ၄ က နည်းနည်းထူးဆန်းတယ်။
    ရွှေတိဂုံဘုရားပေါ်က နိုင်ငံခြားသားစုံတွဲ
    မီးပူဇော်နေတာလေး ကြိုက်တယ်ဗျာ။

    Reply

  • ကျနော် တစောင်းရိုက်ပြီးစမ်းကြည့်တာ။
    ဆီမီးတန်းလေး ကွေ့နေအောင်ပေါ့။

    Reply

  • စိန်ပေါက်ပေါက်

    January 19, 2012 at 10:19 am

    ညပိုင်း အတော် သပ္ပါယ်ပါကလား..
    ဝမ်းဒေးတော့ အမှန်အကန် ဦးတော် သွားလုပ်ပါဦးမယ်
    မစ်ချတာပေါက်ရေ..
    တာဓုပါ..

    ဦးတော်…

    Reply

  • ဦးတော်ဦးတော်နဲ့ ညတိုင်းအမူးဆော်နေတာခက်နေပြီ စိန်ပေါက်ပေါက်ရေ

    Reply

  • windtalker

    January 19, 2012 at 1:57 pm

    နံပါတ်မှာ ကိုး
    အနက်ကြောင်းကြီး ဗျိုး
    ဟီဟိ
    ဘိုးဘိုး ကို ဘယ်လို လုပ်လိုက်တာဒုန်း

    Reply

  • ဇွဲမာန်(အင်းဝ)

    January 19, 2012 at 3:41 pm

    နာတို့လည်း ဦးတော်ပါနော်
    အကိုပေါက်ရေ…….
    လက်သံကပြင်းတယ်နော် နောက်လည်းခက်ပြင်းပြင်းလေး
    ဒါမှပုံကောင်းတွေမြင်ရမှာ
    အားပေးနေမယ် ကျေးဇူးလည်းတင်တယ်
    ဦးတော်လည်းတင်နေတယ်….။

    Reply

  • fatty

    January 19, 2012 at 8:12 pm

    အင်ဂယ်တွေကောင်းတယ်ဗျာ အဲတော့ ပရစင်တေးရှင်းကောင်းတော့တာပေါ့
    ကြည့်ရတာအားရတယ်ဗျ။

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.