၁၈.၁.၂၀၁၂ ဗုဒ္ဓဟူးည ပွဲစဉ်များ

မောင် ပေJanuary 18, 20121min06

မင်္ဂလာပါ ခင်ဗျာ ။
ကျွန်တော် ရေးတင်သမျှ ဆက်တိုက်လွဲချော်နေခဲ့ပါတယ်။ အသေးစိတ် ရှာဖွေ တွက်ချက်ပြီး ရေးတာကလဲ အမှား ဖြစ်နေတာတွေ ကို အဆုံးသတ်ဖို ့အချိန်ရောက်ပြီ လို ့ပြောပါရစေ ။ သည်ကနေ ့ည ပွဲစဉ်များထဲမှာ ၊ ရီးရဲမက်ဒရစ် နဲ ့ဘာစီလိုနာ တို ့ရဲ ့တွေ ့ဆုံမှု နဲ ့အတူ ပွဲကောင်းများ ပါနေပါတယ် ။
သည်ကနေ ့ညအတွက် အကောင်းဆုံးအသင်းက ဘာလဲ လို ့ကျွန်တော့် ကိုမေးရင် “ အေစီမီလန် ” လို ့ဘဲ ဖြေပါရစေ ။
ပွဲစဉ်များနဲ ့အချိန်များကတော့
အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်
၁:၄၅ ဝရက်ဟမ် – ဘရိုက်တန် ( ပထမကျော့ ၁-၁ )
၂:၃ဝ ဝုဗ် – ဘာမင်ဂမ် ( ပထမကျော့ ဝ-ဝ )
ကိုပါအီတာလီယာဖလား
၂:၃ဝ အေစီမီလန် – နိုဗာရာ
စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမကျော့
၁:၃ဝ ဘီဘာအို – မာယော့ကာ
၃:၃ဝ ရီးရဲမက်ဒရစ် – ဘာစီလိုနာ
++++++++++++++++++++++++++++++++++++++++++++++++++++++
အေစီမီလန် – နိုဗာရာ
အေစီမီလန် အသင်းဟာ စီးရီးအေ ၁၈ ပွဲကန်အပြီးမှာ ၁၁ ပွဲနိုင် ၊ ၄ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး ၃ရ ပေးဂိုး ၁ရ ၊ ၃ရ မှတ် ၊ အဆင့် (၂) စီးရီးအေ ဂိုးသွင်းအများဆုံး
နိုဗာရာ အသင်းဟာ စီးရီးအေ ၁၈ ပွဲကန်အပြီး ၂ ပွဲနိုင် ၊ ၆ ပွဲသရေ ၊ ၁ဝ ပွဲရှုံး ၊ ရဂိုး ၁၈ ပေးဂိုး ၃၅ ၊ ၁၂ မှတ် ၊ အဆင့် (၂၀) စီးရီးအေ ပေးဂိုးအများဆုံး
အေစီမီလန် သည်ပွဲမတိုင်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
၁၅.၁.၂၀၁၂ အေစီမီလန် ဝ-၁ နိုဗာရာ
၈.၁.၂၀၁၂ အက်တလန်တာ ဝ-၂ အေစီမီလန်
၂၀.၁၂.၂၀၁၁ ကယ်ဂလီယာရီ ဝ-၂ အေစီမီလန်
၁၇.၁၂.၂၀၁၁ အေစီမီလန် ၂-ဝ စီနာ
၁၁.၁၂.၂၀၁၁ ဘိုလော့နာ ၂-၂ အေစီမီလန်
နိုဗာရာ သည်ပွဲမတိုင်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
၁၅.၁.၂၀၁၂ စီဆီနာ ၃-၁ နိုဗာရာ
၈.၁.၂၀၁၂ နိုဗာရာ ဝ-၃ ဖီအိုရင်တီးနား
၂၁.၁၂.၂၀၁၁ နိုဗာရာ ၂-၂ ပါလာမို
၁၈.၁၂.၂၀၁၁ ဂျူဗင်တပ် ၂-ဝ နိုဗာရာ
၁၁.၁၂.၂၀၁၁ နိုဗာရာ ၁-၁ နာပိုလီ
ပြီးခဲ့တဲ့ နှစ် ကိုပါအီတာလီယာဖလားပွဲစဉ် အေစီမီလန် အိမ်ကွင်းမှာ တွေ ့ဆုံခဲ့တုန်းက အေစီမီလန် က ၂-၁ နဲ ့နိုင်ခဲ့ပါတယ် ။
အေစီမီလန် ရဲ ့ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Abbiati
နောက် Abate, Thiago Silva, Nesta, Zambrotta
လယ် Nocerino, Van Bommel, Seedorf
လယ် Boateng
ရှေ ့Pato, Ibrahimovic
နိုဗာရာ ရဲ ့ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Ujkani
နောက် Morganella, Paci, Lodi, Gemiti
လယ် Marianini, Porcari, Rigoni
လယ် Mazzarini
ရှေ ့Caracciolo, Meggiorini
ဈေးအနေအထားအရ အေစီမီလန် ကို အားပေးမယ်ဆိုရင် နှစ်ဂိုးလိုအပ်ပါတယ် ။
စီးရီးအေ ရဲ ့တိုက်စစ်အကောင်းဆုံး အေစီမီလန် အနေနဲ ့စီးရီးအေ ရဲ ့ခံစစ်အညံ့ဆုံး နိုဗာရာ ကို ဂိုးသေချာပေါက် သွင်းမှာပါ ။
နောက်ပြီး ပြီးခဲ့တဲ့ ပွဲမှာ အင်တာမီလန် ကို အိမ်ကွင်းမှာ ရှုံးထားတဲ့အတွက် ၊ ဒီပွဲမှာ အေစီမီလန် ရဲ ့ပေါက်ကွဲအား ကို သေချာပေါက် မြင်တွေ ့ရမှာပါ ။
နိုဗာရာ အတွက် အားနာပေမယ့် ၊ သည်ပွဲမှာတော့ အေစီမီလန် သေချာပေါက် ဂိုးမိုးရွာ မှာ လို ့ခန် ့မှန်းလိုက်ပါတယ် ခင်ဗျာ ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
******* ဖိုက်တာအားလုံး အောင်မြင်နိုင်ပါစေ *******

6 comments

  • စိန်ပေါက်ပေါက်

    January 18, 2012 at 1:52 pm

    ရီးရဲနဲ ့ဘာစီ သရေ
    အေစီ အနဲဆုံး တစ်ဂိုးပြတ်
    ငွှက်..ငွှက်..ငွှက်

    Reply

    • ပေါက်ပေါက်နဲ့
      အကြိုက်ချင်းတူ၏
      မှတ်ချက်။ ယခုဘောပွဲ ခန့်မှန်းမှုသာ …. တော်ကြာ မဒမ် ပေါက်ပေါက်ကို ကြိုက်ရပါ့မလားဆိုပြီး လက်ထဲက ပုလင်းနဲ့ ပေါက်လိုက်လို့ ခေါင်းကွဲမှာစိုးလို့ …. 😛 😀 🙂

      Reply

      • စိန်ပေါက်ပေါက်

        January 18, 2012 at 7:58 pm

        ညှင်း..ညှင်း..ညှင်း..
        😀

        Reply

  • လင်းဝေ

    January 18, 2012 at 4:11 pm

    တကယ်ကို ဘာမှ မသိပါလား။
    ကိုတော့ ဘာမှမသိဘူး ကိုပေရေ။
    ဒေါ်ရှိအတွက် ဝေါ်မိ ပါ။

    Reply

  • windtalker

    January 18, 2012 at 9:28 pm

    ကဲ ရွာစားတို ့..
    ဒီညမှာ
    အပီချရမှာ က
    “ အေစီမီလန် ”
    နောက်ပြီး “ ရီးရဲ – ဘာစီလိုနာ ” ပွဲ ကို “ ဂိုးအများ ”
    ပြီးရင် “ ဝုဗ် ”
    အဲဒီ သုံးမျိုးသာ ရဲရဲကြီး အားပေး
    ငွေရမှာ မနှေး

    Reply

  • ကြောင်ကြီး

    January 19, 2012 at 10:40 am

    Barca က Madrid ကို ၂ -၁ နဲ့နိုင်သွားပါဘီ။ မောင်ပေရေ..ပွဲစဉ်ကြေငြာရင် ကပ်မရေးနဲ့ကွာ၊ တရက်လောက်တော့ အနည်းဆုံး ကြိုရေး။ ဒါမှ ခန့်မှန်းလို့ ရမှာပေါ့။။ အခုတော့ ငါဖတ်လိုက်ရင် ပွဲတွေက ကန်ပြီးသားဖြစ်နေတယ်။ ငါ့သမာဓိအကြားအမြင် စွမ်းအားတွေ နေရင်းထိုင်ရင်း အလဟသဖြစ်တယ်…။

    Reply

Leave a Reply to စိန်ပေါက်ပေါက် Cancel Reply

Your email address will not be published.