သူကြီးသို့ … ( MG ဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ )

သူကြီးခင်ဗျာ ….
ကျွန်တော့်အနေနဲ့ ဂေဇက် ဝက်ဘ်ဆိုက်နဲ့ ပတ်သက်ပြီး သူကြီးကို ပြောချင်တာလေးတွေ ရှိနေပါတယ် ခင်ဗျ ။ ပြောချင်တာ ဆိုတာထက် တင်ပြချင်တာ လို့ ဆိုရမှာပါ။ ဘာတွေလည်း ဆိုတော့ ကျွန်တော် ပြောတတ်တဲ့ အတိုင်း ပြောရမယ်ဆိုရင် …….

ကျွန်တော်တို့ ဂေဇက် ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်ရင် ပို့စ် ခေါင်းစဉ်တွေကို တွေ့ရပါတယ်။ အဲဒီ ပို့စ်ခေါင်းစဉ်ရဲ့ နောက်မှာ စာရေးသူ ရဲ့ နာမည်ကို ဖော်ပြပေးထားပါတယ်။ ဖော်ပြတယ် ဆိုတာထက် စာရေးသူနာမည်ကို Link (လင့်) ပါ ပေးထားပါသေးတယ်။ အဲဒီ လင့်ကို ဖွင့်ကြည့်လိုက်ရင် စာရေးသူ ရေးသားခဲ့တဲ့ ပို့စ်တွေကို တန်းစီပြီး တွေ့ရပါတယ်။ တန်းစီပြီး တွေ့ရတယ် ဆိုတာထက် ပို့စ် ငါးခုရဲ့ ခေါင်းစဉ်ကို တွေ့ရတယ် ဆိုတာက ပိုပြီး မှန်ပါလိမ့်မယ်။ အဲဒီ ပို့စ် ငါးခုရဲ့ အောက်မှာတော့ 1, 2, 3, 4, 5 စသည်ဖြင့် page navigation ရှိပါတယ်။ အဲ … ကျွန်တော် ပြောချင်တဲ့ အပိုင်းကို ရောက်ပါပြီ။ ရှုပ်သွားလားတော့ မသိဘူး။

Page Navigation …. အဲဒီ page ကူးတဲ့ ဘားမှာ ပြဿနာ နည်းနည်း တက်နေတယ် ခင်ဗျ။ ဥပမာ အနေနဲ့ MaNawPhyuLay ရဲ့ Page မှာ ဆိုရင် အဲဒီ Navigation Bar က (48) အထိ အလုပ်လုပ်ပြီး (49) ရောက်သွားရင် No Results Found ဆိုပြီး ဖြစ်သွားပါတယ်။ BlackChaw ရဲ့ Page မှာ ဆိုရင် (11) နဲ့တင် ရပ်သွားပါတယ်။ ကျန်တာတွေလည်း ရှိနေပါသေးတယ်။

ကျွန်တော် သူကြီးကို တင်ပြခဲ့တဲ့ အကြောင်းအရာက ကျွန်တော်တို့ ဂေဇက် ဝက်ဘ်ဆိုက်ကြီးအတွက် အကြီးအမား ပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်လိုက်ရင်တော့ ပိုကောင်းတာပေါ့ ခင်ဗျာ။ အဲဒီ Page Navigation အလုပ်မလုပ်တဲ့ ကိစ္စကို ကျွန်တော် ဂေဇက်မှာ ဟိုနှိပ် ဒီနှိပ်နဲ့ လျောက်ကလိရင်း တွေ့လိုက်ရလို့ သူကြီးဆီ တင်ပြခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ။

နောက်ထပ် သူကြီးကို ဂေဇက် ဝက်ဘ်ဆိုက်နဲ့ ပတ်သက်ပြီး တင်ပြချင်တာကတော့ ပို့စ်အချို့မှာ ခေါင်းစဉ် ပါမလာတဲ့ ပြဿနာပါပဲ။ ခေါင်းစဉ် ပါမလာလို့ သူကြီးဆီကို ခေါင်းစဉ် တပ်ပေးဖို့ တောင်းဆိုထားတာတွေလည်း တွေ့ရပါတယ်။ သူကြီး အနေနဲ့ ခေါင်းစဉ် တပ်ပေးလိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလို ခေါင်းစဉ် မပါလာလို့ ခေါင်းစဉ် တပ်ပေးတာထက် ကျွန်တော်တို့ ပို့စ်တွေတင်တဲ့ နေရာက Header Box မှာ စာမပါရင် error ပြတဲ့ စတိုင်လေး သုံးလိုက်ရင် ပိုကောင်း မလားလို့ … ။ ကျွန်တော်တို့ Internet ဝက်ဘ်ဆိုက် တစ်ခုခုမှာ Register လုပ်တဲ့အခါ၊ ဒါမှမဟုတ် Form တစ်ခုခုကို ဖြည့်တဲ့အခါ နာမည် မပါရင်၊ အီးမေးလ် မပါရင် Error ပြသလိုပေါ့ ခင်ဗျာ။ ဒါကတော့ ကျွန်တော် အကြံပြုတာပါ။

သူကြီးကို တင်ပြခဲ့တဲ့ Page Navigation ကိစ္စကို စစ်ပေးစေချင်ပါတယ် ခင်ဗျာ။ ဟုတ်လား၊ မဟုတ်လား ဆိုတာကိုပေါ့။ ဘာကြောင့်လဲ ဆိုတော့ တစ်ခါတစ်လေ ကျွန်တော်က တွေ့ရပေမယ့်၊ တခြားသူတွေက မတွေ့ရတာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်အမြင် မှားစရာတွေ ဖြစ်သွားတတ်လို့ပါ။

လေးစား၊ ခင်မင်စွာဖြင့်
အံစာတုံး

20 comments

  • စိန်ပေါက်ပေါက်

    January 16, 2012 at 8:20 pm

    နောက် သတိထားရမှာက
    Category ကိုမရွေးပဲ Public လုပ်လိုက်လျင် Copy/Paste ဖြစ်တတ်ပါကြောင်း
    သတိထားကြစေလိုပါဂျောင်း

    Reply

  • Thel Nu Aye

    January 16, 2012 at 9:30 pm

    ပိုစ့်တင်ချင်လျှင်ဘယ်လိုတင်ရပါသလဲ။ မန်းဂေဇက်သုံးတာကြာပြီ။ ပိုစ့်မတင်တတ်လို့ဒီလိုပဲကြည့်နေရပါတယ်။

    Reply

      • Thel Nu Aye

        January 17, 2012 at 9:21 am

        ကိုသစ်မင်း၊ စိန်ပေါက်ပေါက် ကျေးဇူးပါ။ ကြိုးစားကြည့်လိုက်ပါမယ်။

        Reply

  • ဟုတ်ပါ့ ကျနာ်အဟောင်းလေးတွေပြန်ညွန်းရင် ဖွင့်မရဘူးပြောတယ်။
    သူကြီးပြောတော့ တစ်သက်တာ မှတ်တမ်းဖြစ်မှာဆို
    လူဆိုး သူကြီး…………………..

    Reply

  • No result found ဖြစ်နေတာ ဟုတ်တယ်ဗျ သူကြီးကိုခိုင်ရ။
    ဘယ်လိုကြောင့်ပါလိမ့်ဗျာ။တစ်ခုခုများ error တက်နေသလားလို ့။memory
    မလောက်ငှလို ့လား။

    Reply

  • kai

    January 17, 2012 at 12:41 am

    စာတွေမပျောက်ပါဘူး…
    ဆာဗာထဲ.. ရှိပါတယ်..။
    ကျုပ်ကတော့ သိတယ်..။
    ဥပမာ..။ ကိုပေါက်က… ဒီရွာထဲ.. ၆၄ရပုဒ်ရေးထားပါတယ်….။ ပထမဆုံးက..
    “ထွေးတော့ ထွေးပါဘဲ……………….”တဲ့..။
    ဒုတိယက..
    “ချိန်စက်ကြည်.ရင်ဘယ်ဘက်ကနေမလဲ” 2010/04/19 ရက်စွဲနဲ့ဖြစ်ပါတယ်..။ 😆

    အဲဒီလို..
    ဒါကို တခါကလည်း ပြောပြဖူးပါတယ်..။ ရှာနည်းက.. ဝေမမနဲ့.. ဆူးမမတို့တော့.. သေချာသိပုံရတယ်..။
    အဲလိုသာဝိုင်းရှာနေရင် မီမိုရီဖိုးနဲ့.. ကျုပ်လည်းမွဲရချည့်ဆိုပြီး.. ထားတာပါပဲ..။ နည်းပညာလည်း ပါသပေါ့..။

    နည်းပညာပိုင်းဆိုင်ရာတွေ.. ပြုပြင်ဆင်ဖို့.. ဝက်ဘ်ဒီဗဲလုပ်ပါတယောက်ငှားရမှာ…. ပိုက်ပိုက်လည်းမတတ်နိုင်လို့ဗျို့..။

    Reply

  • kai

    January 17, 2012 at 4:50 am

    အကြောင်းပြချက် တစုံတရာမရှိပဲ နှစ်နဲ့ချီပြီး ကျောင်း တက်ခွင့် မရ

    ၂၀၀၅ ခုနှစ်မှာ တက္ကသိုလ် ကျောင်းဆရာနှင့် ခိုက်ရန် ဖြစ်ပွားရာမှ ထောင်ဒဏ် သုံးလ ချခံခဲ့ရပြီး ပြန်လည် လွတ်မြောက် လာခဲ့သော်လည်း ဒသနိကဗေဒ နောက်ဆုံးနှစ်
    ကျောင်းသား ကိုဇော်ဇော်ဟာ ယခုအချိန်ထိ အကြောင်းပြချက် တစုံတရာ မရှိဘဲ ကျောင်းပြန်တက်ခွင့် မရသေးပါဘူး။ ကျောင်းဆရာနှင့် သူငယ်ချင်းများ အရက်မူးပြီး
    ဆဲရေးနေသည်ကို ဝင်ရောက် ဖြန်ဖြေမိရာမှ အငြိုးထား ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ထိုကိစ္စအတွက် ကျောင်းဆရာ ကိုဉာဏ်ထွန်း၏ အထက်အရာရှိမှ သူ့အား တရားစွဲဆို
    ့ထောင်ချခဲ့ခြင်း ဖြစ်ကြောင်း ကိုဇော်ဇော်က ပြောပါတယ်။
    http://www.burmavjmedia.net/?p=4510

    အဲဒီသတင်းဖတ်ပြီး ကျုပ်တို့ရွာသား.. “အတိသဉ္ဇာ နာဂရ ချစ်သူ” ကို.. ဆေးကျောင်းပြန်တက်လို့ရအောင် ကန်င်ပိန်းလုပ်ချင်တယ်ဗျာ..။
    အဲဒါ.. ကာယကံရှင်က(ဆန္ဒရှိရင်).. သမ္မတနဲ့.. ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ဆီ အသနားခံစာတင်သင့်တယ်လို့ ထင်တယ်..။ ဒီရွာက.. မီဒီယာအနေနဲ့ ကူပေးပါ့မယ်..။
    ပေါက်ရောက်တဲ့ ရွာသူားများကလည်း.. ကူပေးစေချင်တယ်..။

    ရှေ့ကစစ်အစိုးရ(နအဖ).. အနိုင်ကျင့်ချထားတဲ့.. ပြစ်မှုလို့ ယူဆလို့ပါ..။
    ဒီအစိုးရက.. လွတ်ငြိမ်းခွင့်ပေးပြီး နစ်နာတာတွေ.. ပြန်ပေးသင့်တာပေါ့…။

    တံခါးမှုးရေ.. သဘောထားမှတ်ချက် ပေးပါဦး..။ 😆

    Reply

  • blackchaw

    January 17, 2012 at 10:05 am

    အော် သူကြီးရယ်။
    သေဒဏ်ပေးထားတဲ့ လူတွေကိုတောင်
    ကွင်းလုံးကျွတ်လွှတ်ပေးနေတဲ့အချိန်မျိုးမှာ
    ကျောင်းသားတစ်ယောက် ကျောင်းပြန်တက်ခွင့်ပေးတာလောက်ကတော့
    ပေးကိုပေးသင့်တဲ့ ခွင့်လွှတ်မှုအသေးစားလေး တစ်ခုလို့ ယုံကြည်ပါတယ်ခင်ဗျာ။
    မောင်သန်းထွဋ်ဦးတစ်ယောက်တည်းအတွက်
    ကွက်ပြီး ကန်င်ပိန်းလုပ်တာထက်
    မောင်သန်းထွဋ်ဦးတို့လို ဘဝတူ ကျောင်းသားကျောင်းသူတွေအတွက်
    သူကြီး က ဦးဆောင်ပေးဘို့ ကျွန်တော် က တောင်းဆိုပါတယ်ခင်ဗျာ။

    Reply

  • fatty

    January 17, 2012 at 10:09 am

    ကျနော်နဲ့ဆက်သွယ်ပါ ။

    Reply

    • ကြောင်ကြီး

      January 17, 2012 at 11:40 am

      ပွဲခတောင်းမလို့လား။။။။
      သဘောတူပါတယ် သဂျီးရေ။ ကိုသန်းထွဋ်ဦး လက်ခံရင် ကျုပ်တို့ရွာသားတွေ လက်စွမ်းပြလိုက်ရအောင်….။

      Reply

  • blackchaw

    January 17, 2012 at 11:51 am

    ကိုအန်စာတုန်းရေ
    မနောဖြူလေးရဲ့ ပို့စ်မှာ ၄၈ အထိအလုပ်လုပ်တာ
    မနည်းလှပါဘူးဗျာ။
    ကျွန်တော် ဘလက်ချော ရဲ့ ပို့စ်တွေမှာ ၁၁ နဲ့ ရပ်သွားတာလည်း
    ကျေနပ်စရာပါ။
    pooch ရဲ့ ပို့စ်က ၁၂ ပုဒ်ပဲ ရှိပါတယ်။
    ၃ မျက်နှာစာပေါ့ခင်ဗျာ။
    ပထမ စာမျက်နှာ တစ်ခုပဲ အလုပ်လုပ်ပါတယ်။
    ကျွန်တော်က သူများပို့စ်တွေလိုက်ရှာဖတ်နေလို့ သိရတာပါ။
    အဲဒီလိုဆို ဘယ်လိုလုပ်ကြမတုန်းဗျာ။

    Reply

    • kai

      January 17, 2012 at 12:51 pm

      Site Admin ထဲဝင်.. Post > Published > ကနေမှ.. ကိုယ်ကြည့်ချင်တဲ့..သူအမည်ကို ကလစ်လုပ်လိုက်ရင်.. အစအဆုံး.. ရက်စွဲနဲ့.အကုန်ပေါ်ပါတယ်.။

      ပညာဆက်သင်ကြားခွင့်ကင်န်ပိန်းလုပ်ချင်သား..။
      ပညာရေးနစ်နာတာဟာ.. လောလောလတ်လတ်နှစ်တွေမှာ.. မသိသာပေမယ့်.. ဘဝအတွက်.. နစ်နာလှတယ်..။
      နိုင်ငံအတွက်လည်း.. နစ်နာပါတယ်..။
      ဆိုတော့…
      အဲဒီလို လူတွေအတွက်.. အကူအညီပေးဖို့အသင့်ပါလို့…ကြေညာပေးကြပါခင်ဗျ..။ 🙂

      Reply

      • inz@ghi

        January 17, 2012 at 1:23 pm

        ပို့စ် ပိုင်ရှင်ရေ ….ဆောရီးပါဗျို…..
        (မဆိုင်တဲ့အကြောင်းလေး မေးချင်လို့)

        သဂျီး ရေ …ဒါကဘာဖြစ်တာတုန်းဗျာ… မထိတ်သာ မလန့်သာရှိလိုက်တာနော်….
        သဂျီးတို့ အမေဒစ်ကန် ကလူဂျီးမင်းဒွေ …ဘာရွှေစိတ်တော်များညိုကုန်တယ်မသိ…..
        ဝီကီ မရှိလို့ကတော့ ….ဝှူး ….

        http://en.wikipedia.org/wiki/Wikipedia:SOPA_initiative

        ဖြေပေးပါဦးဂျ…

        Reply

        • kai

          January 17, 2012 at 2:06 pm

          ကွန်ဂရက်နဲ့စိနိတ်က အင်တာနက်ဥပဒေတွေကို မကြိုက်လို့.. သပိတ်မှောက်တဲ့အနေနဲ့.. ၂၄နာရီပိတ်မယ်တဲ့..
          ကျုပ်လည်း.. ဝိကီနဲ့အတူတူ.. သပိတ်သပိတ်..မှောက်မှောက်..။

        • inz@ghi

          January 17, 2012 at 2:17 pm

          ကိုယ့်အစိုးရကိုယ် မကျေနပ်ရင် US only မှောက်ပါလား ..
          ဘယ့်နှယ့် globally ၂၄နာရီ အမှောင်ချရတယ်လို့ …
          ဝိုင်းလှူထားကြတဲ့မျက်နှာလေးမှမထောက်…
          အော်ဝီကီ ဝီကီ ….

          တော်ဘီ အန်စိုက်ကလိုပီးဒီးယား ပဲ အားပေးတော့မယ်…
          http://uncyclopedia.wikia.com/wiki/Main_Page
          😀

        • kai

          January 17, 2012 at 2:47 pm

          ဂီဂီရေ..
          အင်တာနက်ကြီးက..ယူအက်စ်မှာအဓိကရှိတာလေကွယ်..
          အဲဒီကနေ..ဂလိုဘယ်ကိုထိန်းထားတာ သိသိကြီးနဲ့… 🙁

          အဲဒါကို ကြပ်တဲ့ဥပဒေက.. တကမ္ဘာလုံးထိမှာပါတဲ့…။

        • inz@ghi

          January 17, 2012 at 3:05 pm

          ဂလိုလား ….
          လက်ဦးမှုရယူတဲ့အနေနဲ့ .တကမာ္ဘလုံး ဝိုင်းအော်အောင်
          ၂၄နာရီ အမှောင်ချ ကန်ပိန်းကို ရွမ်းသပေါ့ …
          တတ်လည်းတတ်နိုင်ပါပေ့ အန်ကယ်ဆမ်ရယ်….

          အင်း …၂၄နာရီနဲ ့ ပီး …တော်သေးရဲ့ ….
          ကြာပါဒယ်ဗျာ ..ဝီကီ့ အားနဲ့ မလောက်ရင်
          ဂူဂလ် ရာဟူး..ဘင်း(န်) ..အမယ်ဇုံ …အီးဘေ…ယူတုဘ် ..ဖေ့စဘုတ်..တွစ်တာ.. မိုင်စပေ့စ်
          အကုန်ဒေါင်းပလိုက်..၂၄နာရီပဲနော…

          ၂၄နာရီထက်များ ကြာမယ်ဆိုလို့ကတော့ ……(ထမင်းအိုးဗျ…..ခံဇားနိုင်ဝူး..)

          ၁။တီလုပ်ဆန့်ကျင်ရေးသမား ကိုကိုကြောင်အား ပုန်ကန်ကာ..တီလုပ်စာ အကျအန သင်အံ့…
          ၂။ ဘိုင်းဒူနှင့် မီစီ ပေါ်ပြောင်းသောင်းကျန်းအံ့…
          ၃။အလီဘာဘာဒေါ့ကွမ်း တွင် ရှာစားအံ့…

          ၄။ချီးနားကို အပီးသွားပီး
          ၅။ဇနီးမယားယူကာ
          ၆။ သမီးသားများ ပေါက်ဖွားအံ့…

          ပုံ
          ဗေလုဝ ရုပ်ရည်နှင့် Mǎ Yún ကို အလွန်တရာ လေးဇားအားကျနေသည့်
          တီလုပ်အမျိုးသားကောင်း…
          မာဂီ့

  • ကိုရင်စည်သူ

    January 17, 2012 at 12:55 pm

    ပညာဆက်လက်သင်ကြားချင်ရင် ကိုရင့်ကိုဆက်သွယ်ပါ။
    အသနားခံစာ အောင်မြင်ချင်ရင် ကိုရင့်ကိုဆက်သွယ်ပါ။
    ယတြာကောင်းရင် မင်းလောင်းတောင်ဖြစ်ပါတယ်…
    ကိုရွှေကြီးတို့ ယတြာကောင်းကောင်းနဲ့ မြန်မာပြည်ကို
    အနှစ်၂ဝကျော်အုပ်ချုပ်သွားတာပဲကြည့်…
    အသနားခံစာ အောင်မြင်ချင်တာလောက်တော့ ကိုရင်တို့ အပျော့ပဲ…
    ကိုရင် = ဗေဒင်ကဝိ (ကျနော်မဟုတ်ပါ) 😆 😆

    Reply

  • ရွှေဘိုသား

    January 17, 2012 at 6:50 pm

    ခပ်ညံ့ညံ့ လူသားမို့သာပါ့ ထောက်ပြသွားတာ အမှန်တွေချည်းပဲ

    Reply

Leave a Reply

Your email address will not be published.