တွန်းအား

naywoon niJanuary 16, 20121min015

တစ်ရက်က သူငယ်ချင်းတစ်ယောက်က ခေါ်လို့ လ္ဘက်ရည်ဆိုင်ကို အင်တာနက်ဆိုင်က နေထလိုက်သွားတယ်….။ ဟိုရောက်တော့ ဘောလုံးပွဲနဲ့ တိုးနေတယ်…။ နေရာတောင်မရချင်ဘူး…။ ဘာပွဲလဲလို့ မေးကြည့်တော့ “ မန်”ပွဲတဲ့….။ နေဝန်းနီတို့ ရောက်သွားတော့ ဒုတိယပိုင်းတောင်ရောက်နေပြီ…။ မန်နဲ့ ဘော်တန် …။ မန်ကချည့်ဖိပြီးကစားနေတာ ……။ ဘောလုံးပွဲမကြည့်ဖြစ်တာကြာလို့လားမသိဘူး….။ ကစားပွဲက လိုအပ်တာထက်မြန်လွန်းနေသလိုပဲ…။ မြန်ရုံတင်မဟုတ်ဘူး အပေးအယူ အချိတ်အဆက်ကလည်း တိကျလွန်းနေတော့ ပွဲက ကြည့်ကောင်းနေတာပေါ့…။ ဘော်လ်တန်က လည်း အသေအလဲ ခုခံကာကွယ်လို့….။ ဒါပေမဲ့ တစ်ချက်ဟသွားလိုက်တာနဲ့ သွားပြီး တစ်ဂိုးပဲ…။ ဘောလုံးသမားနာမယ်တွေ မသိပါဘူး…။ ကြည့်နေ ကျ မှမဟုတ်တာကို…။ ဒါပေမဲ့ သူတို့ ဘောလုံးပွဲကိုကြည့်နေရင်းနဲ့ ခေါင်းထဲအတွေးတစ်ခုဝင်လာခဲ့ပေါ့….။
တစ်ကယ်တော့ ဒီလိုပွဲတွေဟာ နေဝန်းနီ နားလည်သလိုပြောရရင် မြို့နယ်ပွဲတွေပါ…။ သူတို့ ဆီကမြို့နယ်ပွဲတွေပေါ့….။ ဒါပေမဲ့ ဘာလို့ ကမ္ဘာကျော်နေတာလဲ…။ ကစားတဲ့သူတွေကကော ဘာလို့ ဒီလောက်သဲသဲမဲမဲ ကစားနေကြသလဲ ပေါ့…။ ဥရောပ ဖလားလည်း မဟုတ် ကမ္ဘာဖလားပွဲလည်းမဟုတ် နှစ်ဖက်အသင်းတွေဟာ နိုင်ငံကိုယ်စားပြုတဲ့ အသင်းတွေလည်းမဟုတ်ဘူး…။
ဒီလိုနဲ့ အတွေးထဲလည်နေရင်း မန်ယူက သုံးဂိုးပြတ်နဲ့ ပွဲပြီးသွားတယ်…။ နေဝန်းနီတွေးမိလိုက်တာက တစ်ဘက်အသင်းကလည်း ဘော်လိတန် မို့ရယ်…။ ဒို့ မြန်မာအသင်းဆိုရင် ဘယ်နှစ်ဂိုးများပြတ်သွားမလဲလို့ရယ်…။ ဘာရယ်တော့မဟုတ်ဘူး …။ ကစားကွက်တွေက မြန်ဆန် သေသပ်လွန်းနေတော့ အစားထိုးတွေးကြည့်လိုက်တာပါ…။ အဲဒလို ယှဉ်တွေးကြည့်လိုက်တော့မှ သူတို့ ဘာကြောင့် သဲသဲမဲမဲ တိုက်စစ်ဆင်နေသလဲ အသေအလဲ ခုခံ ကာကွယ်နေသလဲဆိုတာကို သွားတွေ့တယ်…။ မမြင်သာတဲ့ နောက်ကွယ်က တွန်းအား ပေးနေတဲ့ မက်လောက်စရာရှိလို့သာ သူတို့ ဒီလိုကစားရင်း ကမ္ဘာကျော်သွားတာပဲလို့ တွေးလိုက်မိတော့တယ်..။ အတွေးကိုမြန်မြန်ဖြတ်လိုက်တော့တယ်..။ မဖြတ်ရင်လည်း အိပ်ပျော်မှာမဟုတ်တော့..။ ဒါတောင်ဆက်တွေးနေမိတာက တို့မြန်မာအသင်းမှာများ သူတို့ အသင်းလို့ မက်လောက်စရာ တွန်းအား ပေးနိုင်ခဲ့ရင် ….. တွန်းအားရှိခဲ့ရင် ဆိုတဲ့ အတွေးးး
တစ်ကယ်တော့ ဘောလုံးအသင်းတွေဟာ တစ်သင်းနဲ့ တစ်သင်းညီမျှမှုရှိတယ်လို့ထင်တာပဲ…။ အသင်းရဲ့ စီမံခန်းခွဲမှု အုပ်ချုပ်မှု စည်းကမ်းအပေါ်မှာ လေ့ကျင့်သင်ယူမှု အပေါ်မှာ ကောင်းသင့်ညံ့ ကွားခြားသွားတယ်ဆိုရင်………………………………….
အဲဒိကနေဆက်ပြီး တို့ တွေနေတဲ့ နိုင်ငံက လူ့အဖွဲ့အစည်းကကော….။ သူတို့ စကားသလို သေသေသပ်သပ် စည်းကမ်းရှိရှိ ညီညီညွတ်ညွတ် အင်တိုက်အားတိုက် ရှေ့ဆက်လှမ်းမယ်ဆိုရင်…။ အဲဒိလို ဖြစ်လာအောင် တွန်းအား ပေးနိုင်မယ်ဆိုရင်….။ တို့ကို အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းကကော…. အဲဒိလို အပေးအယူမျှမျှှ အချက်ကျကျ မြန်မြန်ဆန်ဆန် ကစားနိုင်အောင် တွန်းအား တစ်ခုရှိမယ်ဆိုရင်………………………….

နေဝန်းနီ

15 comments

  • စိန်ပေါက်ပေါက်

    January 16, 2012 at 11:48 am

    ဝုတ်တယ်..ချင့်
    သများလဲ တွန်းပေးမှ ဖင်ရွေ ့တာ..
    တွန်းအားမရှိသမျှ ရနိုင်သလောက် ရေသာခိုနေတာ..
    ညှင်း..ညှင်း..
    စကားမစပ်..
    ခေါင်းစဉ် မှာ ဝစ္စ၂လုံးပေါက် ကျန်ခဲ့တယ်နော့..
    ညှင်း..ညှင်း..ညှင်း..ညှင်း..

    Reply

  • manawphyulay

    January 16, 2012 at 11:53 am

    တွန်းအားတင်မဟုတ်ပေဘူး။ ဖိအားလေးလည်း လိုသေးတာကိုး။ ဒီမှာက ကွင်းတွေကလည်း နိုင်ငံတကာနဲ့ ယှဉ်လောက်ပါတယ်။ စိမ်းစိုပြီး လေ့ကျင့်ဖို့ နေရာကောင်းလေးတွေ ပေါတာကိုး။ နောက် နည်းပြတွေကလည်း သူတို့ဆီမှာက အမြဲ တော်ပြီးရင်း တော် အတွေ့အကြုံကလည်း နိုင်ငံတကာမှာစုံနေတဲ့သူတွေ များတယ်။ နောက် လေ့ကျင့်မှုကလည်း အရမ်းကွာတော့ မြန်မာတွေကတော့ အိပ်နေသလောက်ပဲရှိပါတယ်။ (အိပ်နေပါတယ်ဆိုမှ ပွဲရှိမှ ထကန်ကြတာကိုး) အဲလိုပြောတာပါ အဟဲ… မနိုင်လို့ကတော့ လာထား ရေသန့်ဗူးပဲ… (မျိုးချစ်စိတ်ကလည်း အပြည့်ရှိတယ်နော်) အဲလို မန်ပွဲတွေ ချက်စီးတွေ ကြည့်ပြီးလို့ကတော့ မြန်မာပွဲ သွားမကြည့်နဲ့ ထမင်းစား ရေသောက်ပဲ(ထမင်းစားပြီး ရေထသောက်တာတောင် မြန်မာတွေ ခြေထဲ ဘောလုံးမရောက်သေးတာကို ပြောတာပါ)။

    Reply

  • ကောင်းမြတ်သူ

    January 16, 2012 at 12:06 pm

    အားနဲ့တွန်လိုက်တဲ့ ကြက်ဖကြောင့် ဟဲ့မသာလေး ထတော့လို့ ကျွန်တော့်အမေက တွန်းအားပေးတာ အမြဲခံရတယ်ဗျို့…

    သူတို့စကားသလို လိုက်စကားလိုက်အုံးမယ်ဂျို့…………

    Reply

  • ကြောင်ကြီး

    January 16, 2012 at 12:20 pm

    တွန်းအား
    pornကား
    ညွှန်းထား၊
    ကွမ်းစား
    လွန်းသွား
    ဇွန်းပြား..။

    Reply

    • windtalker

      January 16, 2012 at 4:53 pm

      ဘာ…
      ပွန်းကား..
      ပေးပေး မြန်မြန်ပေး
      ရှိသေးရင် အများဂျီးပေး
      ကိုကိုကြောင် ဝယ်ပေး

      Reply

  • small cat

    January 16, 2012 at 1:55 pm

    ဝိုင်းစု ခိုင်သိန်းကပြောတယ်

    “မက်လောက်စရာ တကွက်မှမရှိ” တဲ့

    Reply

  • blackchaw

    January 16, 2012 at 5:38 pm

    ကိုနေ ရေ။
    ကိုနေ ပြောတဲ့ တွန်းအား ကို ကျွန်တော်လည်း သဘောတူပါတယ်။
    အဲဒီ တွန်းအားထဲမှာ အပျင်းထန်ဆုံးတွန်းအား ဖြစ်စေမယ့်
    COACH ကောင်းကောင်းတစ်ယောက်တော့ လိုတယ်ထင်မိတယ်။
    ဘောလုံးစကားနဲ့ ပြောတာပါ။
    အသင်းသားအားလုံး ထူးချွန်နေရုံနဲ့ မရနိုင်ပါဘူး။
    လိုအပ်တဲ့ နေရာကို လိုသလို ဖြည့်စွက်ကစားနိုင်ကြဘို့
    team-work အသင်းလိုက်စုစည်းညီညွတ်မှုကို တည်ဆောက်ပေးဘို့
    Coach ကောင်းတစ်ယောက်တော့ လိုပါတယ်။ အဲဒါ……။

    Reply

    • naywoonni

      January 16, 2012 at 6:47 pm

      အင်းအဲဒါကတော့ ကိုဘလက်တို့လို”ဇ” ရှိတဲ့သူတွေ ပိုပြီးနားလည်မှာပဲလေ…။ ကျွန်တော်က ဘောလုံးပွဲတစ်ပွဲ ကြည့်ပြီး ရလာတဲ့ အတွေးစကို ချပြတာ…………။

      Reply

  • blackchaw

    January 16, 2012 at 6:51 pm

    အသာလုပ်ပါ ကိုနေရယ်။
    ဇ ရှိသူတော့ မလုပ်ပါရစေနဲ့။
    ဘောလုံးပွဲလောင်းခဲ့ဘူးတဲ့ အတွေ့အကြုံလေးတွေရှိရင်
    ဒါလောက်တော့ ပြောတတ်ပါတယ် အစ်ကိုရယ်။
    ဇွတ်…..။

    Reply

  • unclegyi1974

    January 16, 2012 at 10:20 pm

    တွန်းတာတွန်းပေါ့ကိုနီ
    ဒါပေသိလက်ရှိမြန်မာ့လက်ရွေးစင်အသင်းကိုတော့
    တွန်းမောကြီးလို့ပဲမြင်တယ်ဗျာ

    Reply

  • ဦးဦးပါလေရာ

    January 16, 2012 at 10:36 pm

    ကျုပ်တို့နိုင်ငံအတွက် တွန်းအားကတော့ သိပ်မကြာခင် ရလာနိုင်လောက်ပါတယ်လို့ မျှော်လင့်တာပါပဲ။
    ညီညီညွတ်ညွတ်ရှေ့ဆက်ဘို့က အမျှော်အမြင်ရှိတဲ့ အသင်းခေါင်းဆောင်ပေါ်လဲ မူတည်နေပါသေးတယ်။

    Reply

  • ဟုတ်တယ်နော် ကိုကြီးနေဝန်းနီရေ။သူတို ့ဆီက ဘောလုံးသမားတွေသိပ် ပရော်ဖက်ရှင်နယ် ပီသကြတယ်
    ဗျာ။ဒီမှာက မြို ့နယ်၊ခရိုင်အဆင့်၊နိုင်ငံအဆင့်ကစပြီး အားပေးမှုမရှိသလောက်နည်းတယ်ဗျာ။မစို ့မပို ့ဆုလေး
    တွေပေးပြီး ချောင်ထိုးထားလေတော့ အားကစားထက် ဝမ်းရေးကအရေးကြီးလေတော့…….

    Reply

  • yaungchikha

    January 17, 2012 at 10:58 am

    မြန်မာဘော်လုံးအသင်းအတွက်ဆိုရင် တွန်းအားလိုအပ်ချက်တွေက အများကြီးဖြစ်မယ်ထင်ပါတယ်၊ အဘက်ဘက်ကပေါ့၊ ပံ့ပိုးမှု့ အားနည်းတာတွေရောပေါ့……………..

    Reply

  • awra-cho

    January 17, 2012 at 3:37 pm

    သူတို့ အများစုက ကမ်ဘာ့ အဆင့်တွေပါ၊ မြို့နယ် တွေ မဟုတ်ပါ၊ တခြားပွဲတွေ အဲလောက် မ ကောင်းပါ၊
    မန်ယူ ကလဲ အဲဒီနေ့က တော်တော် ကောင်းပါတယ်၊ မထင်ပဲ ပွဲကောင်းတပွဲဖြစ်သွားတာပါ၊ လမိုင်းကပ်
    တယ်ပေါ့၊ ဒီ့ပြင် နိုင်ငံ အသင်း ဆိုလည်း မန်ယူ တို့ ဘာကာတို့ ကို နိုင်ဖို့ မလွယ် ကြောင်းပါ ခင်ဗျား။

    Reply

  • nature

    January 17, 2012 at 9:43 pm

    တွန်းအားကို အသုံးပြုတော့မယ်ဆိုရင်ကိုယ်တွန်းမဲ့အရာဝထ္ထု အုတ်ခဲလောက်လေးလား။ လမ်းကြိတ်စက်လောက်လေးလားဆိုတာကိုသိဖို့လိုမယ်ထင်ပါတယ်။ မန်ယူလိုအသင်းမျိုးဟာ အတွေ့အကြုံ ၊ နည်းပညာရော၊ ကြံ့ခိုင်မှုရော ပြည့်စုံတဲ့အတွက် သူတို့အောင်မြင်ဖို့အတွက်တွန်းအားပေးရင်ပေးသလို အောင်မြင်ဖို့ လွယ်မယ်ထင်ပါတယ်။အောင်မြင်ရင်အောင်မြင်သလို လစာကလည်းကောင်းပါတယ်။ အဲဒီက ဘောလုံးသမားတွေဆို မီလီယံနာတွေပါပဲ။ တိုးတက်တဲ့တိုင်းပြည်ဖြစ်တဲ့အတွက်လက်မှတ်ဈေးနှုန်းကမြင့်ပြီး ၊ လက်မှတ်ရောင်းရငွေဟာ အသင်းလည်ပတ်မှု ကို ပိုလျှံမယ်ထင်ပါတယ်။
    မြန်မာနိုင်ငံမှာကတော့ နည်းပညာကလည်းနိမ့်၊ အတွေ့အကြုံ နဲ့ ကြံ့ခိုင်မှုကလည်းမယှဉ်နိုင် ။ဒါကြောင့် ဒီအချိန်မှာ တွန်းအားပေးပေမဲ့ အောင်မြင်ဖို့ခက်မယ်ထင်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက်လက်မှတ်ရောင်းရငွေဟာလည်း အသင်းလည်ပတ်မှုကို မလောက်ငှပဲ အိတ်စိုက်နေရတဲ့ အသင်းပိုင်ရှင်တွေကြာရင် မွဲကိန်းဆိုက်နိုင်ပါတယ်။ ဒီကြားထဲ အားပေးတဲ့ပရိဿတ်ကလည်း သဘောထားသေးပြီး ကိုယ့်အသင်းရှုံးရင် ရေဗူးနဲ့ပေါက်တာကလည်းပါသေးတယ် ။ ဘာပဲဖြစ်ဖြစ် တကယ်အောင်မြင်ချင်တယ်ဆိုရင် အဓိကလိုအပ်တဲ့အခြေခံအုတ်မြစ်ဟာဘာလဲဆိုတာကို မှန်မှန်ကန်ကန် အဂတိတရားကင်းကင်းနဲ့ရှာဖွေပြီး ခိုင်မာအောင်တည်ဆောက်ရမယ်ထင်ပါတယ်။ တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ပါလိမ့်မယ်။

    Reply

Leave a Reply to yaungchikha Cancel Reply

Your email address will not be published.