နိုင်ငံတော်ပုံကန်သူ ကိုကြောင်ကြီးလွတ်ပြီ K3

ဦးကြောင်ကြီး ပြန်လာပြီ...

ကြောင်ကြီး၏ အမှုကား ပေါ့ပေါ့သေးသေးမဟုတ် အမြင့်ဆုံးပြစ်မှုဖြစ်သည့် နိုင်ငံတော်ပုန်ကန်မှု ဖြစ်သည်။ ပလက်ဖောင်းပေါ်တွင် ခင်းရောင်းနေသော နိုင်ငံမြေပုံအား အညောင်းဆန့်ရာမှ ကန်မိသွား၍ အဆွဲခံရခြင်း ဖြစ်သည်။ အမှန်စင်စစ် ကြောင်ကြီးအား ရန်ညှိုးရန်စရှိထားသော မမှန်၏ အကွက်ဆင် လုပ်ကြံမှုဖြစ်သည်။ ဝဋ်ရှိ၍ ခံရသည်မှာ “မိန်းမလှအမုန်း ငပိတုံး” ဆိုရိုးအတိုင်း ပြင်းထန်စူးရှ လွန်းလှသည်။ ကြောင်ကြီးကား သီးခံခြင်းတရား လက်ကိုင်ထားလျက် မေတ္တာပွားသည်မှတပါး စိုးစဉ်းမျှ မတုန်လှုပ်ချေ။ စင်ကြယ်မြင့်မြတ်သော သူတော်ကောင်း ဖြစ်ပေ၏….။
မမှန်နှင့် ကြောင်ကြီး လဘက်ရည်ဆိုင်တွင် နောက်ဆုံးကျန်သော ပဲပြုတ်နံပြား လုကြရင်း နင်ပဲငါစား ကတောက်ကဆဖြစ်ခဲ့သည့် ကျောင်းတော် ရန်စရှိခဲ့ဖူးလေသည်။ မြန်မာကုန်ပစ္စည်းများ တရုတ်သို့ သွင်းသည့်အခါ တွင်းထွက်သယံဇာတ အဖိုးတန်များဖြစ်ပြီး ၎င်းတို့ဖက်မှ ပြန်ပို့သောအခါ ဆေးဝါးအတု အစားအစာအတု ဘိလပ်မြေအတု အတု…၊ ပေါချောင်စုတ် သုံးမရ အဆင့်မမှီ ကုန်ပစ္စည်း စက်ကိရိယာများ ဖြစ်ကြောင်း ဝေဖန်မိသဖြင့် တရုတ်ပြည်နှင့် ကုန်သွယ်စီးပွား ဖြောင့်နေသူ မမှန်အဖို့ အနာပေါ် တုတ်ကျ ဖြစ်ရသည်။ မသိနားမလည်သူ ရွာသားများအား ၎င်းမှ တရုတ်ငွေယွမ်နှင့် အမေရိကန်ဒေါ်လာ တန်းတူထား အင်ရိုက် လဲလှယ်သည်တွင် သီလစောင့်သူ ကြောင်ကြီးနှင့် ဝိသမလောဘသား ငါ့ဖို့အတ္တတုံး အစိုင်အခဲ ဘနဖူးသိုက်တူး ငရဲကလာသူ ပြာပူမကြောက် မမှန်တို့၏ ပဋိပက္ခ အမြင့်ဆုံးသို့ရောက်သွားသည်။
မမှန်တယောက် နာကျည်းချက်ဖြင့် စစ်ထဲဝင် ခြေရာဖျောက်သွားသောအခါ တရုတ်မကြိုက်သူ ကြောင်ကြီးတယောက် ထရေးဒါးဟိုတယ်၊ ဆီဒိုးနာဟိုတယ်တို့တွင် ဘလူးလေဘယ်လ်ဝီစကီသောက်ရင်း ပုဇွန်ထုပ်ကြီးကိုက်၊ ညကလပ်တွင် အလန်းဇယားလေးများဖြင့် အသဲကွဲဝေဒနာ ကုစားရသည်။ ထိုအချိန်၌ မမှန်တယောက် တရုတ်ပြည်တွင် ခက်ခဲနက်နဲလှသော ဖမ်းချုပ်ရိုက် စစ်ကြောရေး သင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူ လုံခြုံရေးအရာရှိ ဖြစ်လာသည်။ ၂၀၀ရခုနှစ်တွင် ကုန်ဈေးနှုန်းကျဆင်းရေး ၈၈မျိုးဆက် ခေါင်းဆောင်များ ဦးဆောင်ဆန္ဒ ပြသောအခါ ထုံးစံအတိုင်း စစ်အစိုးရမှ နှိမ်နင်း၍ ဆန္ဒပြသူများလည်း ထုံးစံရှိသည့်အတိုင်း ပြေးရသည်။ ယင်းဖမ်းဆီးမှုတွင် အဓိကတာဝန် ရှိသူကား ဗိုလ်မှူးမမှန်ဖြစ်သည်။
ကိုမင်းကိုနိုင် အပါအဝင် ခေါင်းဆောင် အားလုံးနီးပါး ဖမ်းမိထားသော်လည်း တဦး လွတ်နေ၍ မမှန် ခေါင်းကြိမ်းနေသည်။ ထိုသူကား အတိုကောက် ကေကျုအမည်ရ ကိုကိုကြီးဖြစ်သည်။ ပြည်တွင်း၌ ရှိနေသည့် သတင်းရသော်လည်း ရှာမတွေ့နိုင်ဘဲ အင်တာနက်တွင် ကေကျု K3 အမည်ပါသော ဆက်သွယ်ချက်တခု ကြားဖြတ်ရရှိရာမှ မန်းလေဂွေဆက်လိပ်စာကို ခြေရာခံမိသွားသည်။ ထိုဆိုက်ကား (စီးသောဆိုက်ကားမဟုတ်၊ website ဖြစ်သည်) ဂျပန်ဇိမ်ဘာသာရေးဂိုဏ်းဝင် အာဂျီနိုမိုခိုင် သဂျီးလုပ်နေသော မီဒီယာဖြစ်သည်။ သတင်း ရပိုင်ခွင့် မစားရဝခမန်း ပြောနေသော သဂျီးခိုင်အား မော်တော်ကားပါမစ် ရပိုင်ခွင့်နှင့် စည်းရုံးလိုက်ရာ တမဟုတ်ချင်း ကေကျုအမည်ရှိ ရွာသား၏ အိုင်ပီလိပ်စာ ရရှိသွားလေသည်။
ဖမ်းဆီးရမိသူ ကေကျုအား ဝိုင်းဝန်းထိုးကြိတ်ကြသည်။ မင်းလားကွ ကေကျုဆိုတာ ဘုန်း ခွပ် အင့်….. ကြောင်ကြီးခင်မျာ ပြန်ဖြေခွင့်ပင်မရ၊ မျက်စိအဝတ်စည်ထားပြီး လက်ထိပ်ခပ်ထားလျက် ဘယ်ဆီကမသိ ပြန်ဝဲ လာသော လက်သီးများဒဏ်ကို ခံနေရသည်။ အားပါးတရ ဆွမ်းကြီးလောင်းပြီးမှ စစ်ကြောရေး စတင်သည်။
စစ် – နာမည် ပြောစမ်း..
ကြောင် – ကြောင်ကြီးပါခင်ဗျာ…
စစ် – ကျောင်းသားခေါင်းဆောင် လုပ်ခဲ့ဖူးလား… အဖွဲ့နာမည်ပြောစမ်း…
ကြောင် – လုပ်ခဲ့ဖူးတယ်… ဦးသောဘိတကျောင်းမှာပါ….
စစ် – နောက်စရာ မဟုတ်ဘူး၊ ဘာတွေလုပ်ခဲ့လဲ….
ကြောင် – ဆွမ်းခံကြေးစည်ထုတယ်၊ ဆွမ်းဟင်းချက်တယ်၊ ကျောင်းသားလေးတွေကို အုပ်ချုပ်တယ်..
စစ် – မင်းအကြောင်းသိပြီးသား..ထုံးစံရှိလို့ မေးနေတာ….နာမည် အပြည့်အစုံ ပြောစမ်း
ကြောင် – ကိုကြောင်ကြီး
စစ် – ဘာကွ နောက်စရာ မဟုတ်ဘူး၊ မင်းနာမည် ကိုကိုကြီး နာမည်အတိုကောက် K3
ကြောင် – ကေကျုဆိုတာ ကိုကြောင်ကြီးလို့ ချစ်စနိုးခေါ်တာပါ။ ကိုကိုကြီး မဟုတ်ရပါဘူး…။
သို့သော် နောက်ကျသွားလေပြီ။ အထက်သို့ အမှုတွဲတင်ပြီး၍ စီရင်ချက်ပင် ကျပြီးလေပြီ။ ကိုကိုကြီး အစစ်ကို ဖမ်းမိသွားသော်လည်း ပြန်လွှတ်ရန် မဖြစ်နိုင်တော့။ ကြောင်ကြီးနှင့် ကျောင်းတော်က ရန်စရှိထားသူ မမှန်အဖို့ အကွက်ကောင်းဆိုက်တော့သည်။ မိထားသော သားကောင်အား လွှတ်ပေးရိုးထုံးစံ မရှိပေ။ ရွှေသမင်ထီးလေးအား မုဆိုးတပိုင်း ကျားမရိုင်းကြီးမှ ဝါးမျိုစားသောက် တော့မည်။ ကြောင်ကြီးအား တရက် အလွှတ်ပြပြီး လမ်းဘေးဆိုင်တွင် လဘက်ရည်လိုက်တိုက်သည်။ ၎င်းတို့ထိုင်သောခုံနှင့် မလွတ်မကင်းတွင် ကြက်ဖွတ်တဦးအား နံရံကပ်ပိုစတာများ လမ်ပေါ်ချခင်းရောင်းချစေလျက် မြန်မာပြည်မြေပုံအား ခြေထောက်ဖြင့် ခိုက်မိစေရန် ထောင်ချောက်ဆင်သည်။ ကြောင်ကြီး စိတ်မဝင်စားသောအခါ ငယ်ရည်းစား မင်းသမီးနာနာလှိုင် ရေခပ်ဆင်းနေသာဓာတ်ပုံနှင့် ယှဉ်တွဲထားလိုက်သည်တွင် ကိလေသာပိုးမျိုးရှစ်ဆယ် ထကြွသောင်းကျန်း၍ ခြေထောက်ဆန့်မိရာမှ မြေပုံထိသွားပြီး နိုင်ငံတော်ပုံ ကန်မှု အထမြောက် သွားတော့သည်။
ယခုမူ ကြောင်ကြီး ပြန်လွတ်လေပြီ။ သူ့အပေါ် ရက်စက်ခဲ့သော မမှန်အပေါ် အပြစ်မြူမှုန်တစက်မှ မမြင်ချေ။ အဖိုးအနဂ္ဂထိုက်သော သစ္စာရှင် သူတော်စင် ယောက်ျားကောင်း ယောက်ျားမြတ် ဖြစ်ပေသည်။ မမှန်ကတော့ မိုက်တွင်းနက်ဆဲ၊ သူတပါး မကောင်းကြောင်း သွားပုတ်လေလွင့်ပြောဆဲ၊ ကူမြူနစ်ပျက် တပါတီ အာဏာရှင် တရုတ်ကြီးအား သစ္စာခံလျက်ပင်ရှိသည်။ ကြောင်ကြီးခင်မျာ သူ အမြင်မှန် ရလာမည့်ရက်ကို စောင့်စားရင်း ယခင်ကလို ဟိုတယ်၊ ညကလပ်များတွင် ပျော်မြူးသောင်းကျန်း နေရသည်မှာ မြင်သူများအတွက် သနားစဖွယ် ဖြစ်နေရှာတော့သည်။

နိုင်ငံတော်ပုံ ကန်မိခဲ့သူ ကိုကြောင်ကြီး 😛

28 comments

  • ဦးဦးပါလေရာ

    January 14, 2012 at 9:48 am

    စိတ်သဘောထား ပြည့်ဝလှပေသော ကိုကြောင်ကြီးပါတကား……

    အသည်းကွဲဝေဒနာကို အသည်းခြောက်သည်အထိ ရေကုန်ရေခမ်း ကုစားနိုင်ပါစသတည်း။ 😀

    Reply

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 14, 2012 at 10:04 am

    ဒီတော့ကာ ရွာမှာကြက်ခိုးလူမိလို့ ထိပ်တုံးထိပြီး ပြန်ထွက်လာတော့
    လူကြားမတိုးတာနဲ့ နယ်စပ်သွားပြီးနိုင်ငံရေးသမားအမည်ခံပြီး
    အမေဒိကန်ဂိုသွားပေါ့ကွယ် 😀

    Reply

  • thit min

    January 14, 2012 at 10:13 am

    ခင်ဗျားရဲ့ စတိုင်ရာ(သို့)စတဲန်းရာ(သရော်စာ- သရေစာဟုမှားယွင်းဖတ်သူအနေနှင့် စားလိုက စားနိုင်သည်)
    တွေက တကယ်တမ်းဝင်တယ်ဗျာ။
    ဆရာကံချွန်တို့ရေးတာထက်မနိမ့်ဘူးဗျ။
    ကလိခြင်း၊ရိခြင်း၊ညိခြင်း၊ထေ့ခြင်း၊သော့ခြင်း၊ငေါ့ခြင်း၊အော့ခြင်း၊နှိပ်ခြင်း၊ချိတ်ခြင်း၊ဆွခြင်း
    ဖွခြင်း၊ကလော်ခြင်း၊ဆော်ခြင်း၊ဖော်ခြင်း၊လှော်ခြင်း၊ တဆဲ့ငါးဖြာ သရော်စာဆိုတဲ့ ဆောင်ပုဒ်
    (ကျနော် ဟာကျနော် ထုတ်ထားတာ၊ဘယ်မှာမှသွားရှာမနေနဲ့အုန်း) လိုပါဘဲ။
    ကျနော် ဖတ်ဖူးသမျှသရော်စာ(ကင်ပွန်းမပါ၍ ခေါင်းလျှော်ရန်မကြိုးစားစေချင်ပါ)တွေထဲမှာတော့
    ထိပ်တန်းပါဘဲ။ (ငယ်ထိပ်တွင် ဂျယ်လီလိမ်း၍တန်းထားသော ဆံပင်နှင့် မည်သို့မျှမသက်ဆိုင်ပါ)။
    ကိုကြောင်ဟာဆိုရင်( က၊ရေး၊တီး ရင်ဟုဆက်ပြောမည်မဟုတ်ပါ)
    -နိုင်ငံရေးကိုနားလည်လို့၊
    -ဟာသဉာဏ်ရွှင်လို့၊(ဘီယာကြောင့်ရွှင်ခြင်းမှာ ဟာသဉာဏ်မဟုတ်ပါ)
    -စာဖတ်နာလို့ (စာဖတ်တာကြာပြီး ခါးနာ၊ဇက်နာဖြစ်ခြင်းများ) သရော်စာကောင်းတွေရေးနိုင်တယ်လို့ထင်ပါရဲ့။
    -နောက်ဆုံးလိုအပ်ချက်ကတော့ “ပါရမီ” ပါ(ချော်တွင်းကုန်းမဟုတ်ဟုမပြောစေချင်ပါ)။
    ဖတ်ဖြစ်ပေမဲ့ ကျနော်ကော်မန့်မရေးဖြစ်တာကိုတော့ ဒီကော်မန့်နဲ့တောင်းပန်ရင်းကော်မန့်ပေးလိုက်ပါတယ်ဗျာ။

    Reply

  • memeseku

    January 14, 2012 at 10:18 am

    ဇာတ်နာသောကိုကြောင်ကြီးပါတကား……
    ရေးဆိုတီး…..ကိုကြောင်ကြီး
    🙂 🙂

    Reply

  • Khin Kha

    January 14, 2012 at 10:45 am

    ဆိုလိုရင်းကိုတင်ချက်ကဝေ့ဝါးနေတယ်နော်။

    Reply

  • htoosan

    January 14, 2012 at 10:51 am

    ဟို တလော က သေပြီ ဆိုတာ ကောလဟာလ ပေါ့နော် … 😀

    Reply

  • yaungchikha

    January 14, 2012 at 10:59 am

    ဦးကြောင်က တစ်ယောက်တည်းပြန်လာတာမဟုတ်ပဲ၊ ကြောင်မလေးပါ ခေါ်လာတာကိုး…………… 🙂

    Reply

  • ကောင်းမြတ်သူ

    January 14, 2012 at 11:01 am

    အဖြစ်ကဆိုးလှချည်လား သူများရောင်းနေတဲ့ ပစ္စည်းကို သွားကန်မိရတယ်လို့ဗျာ……. အဲဒါ သူများ ထမင်းအိုးဗျ……. ရောင်းလို့ရမှ အိမ်ကမိသားစုလေး စိန်နားကပ်လေး၊ ကားလေးဝယ်ပေးနိုင်မှာ…. နောက်တစ်ခါမဖြစ်စေနဲ့ ကျားလား…. ဗျဲ…….( နောက်ထာ) စိတ်အစိုးရဘူးနော်….

    Reply

  • အူးကြောင်
    မသေဘူးးးးးးးးးး
    ရေကူးတတ်တယ်တဲ့
    အခု သူလွတ်လာပြီ
    ဖဲဝိုင်းလည်း မဖြစ်တော့ဘူးထင်တယ် …
    မုန့်ဟင်းခါးလည်း မစားရတော့ဘူး … အဟင့် ရွှတ် … 😛

    Reply

  • ငပေါက်ဖော်

    January 14, 2012 at 11:15 am

    ဪ..
    အမှုက တယ်ကြီးသကိုး
    နိုင်ငံတော်ပုံကို သွားကန်မိသတဲ့

    လွတ်တာတောင် ကြောင်မခိုးလာသေးတယ်..
    ကိလေသာ ဘယ်လောက် ထ.ကြွသလဲလို ့..
    နာနာလှိုင်ငန်းပြီးဂျေးထဲရောက်တာတောင်နဲသေးတယ်..

    မောင်ပေဆို ကော်ပီခွေရောင်းပြီး ဂျေးထဲရောက်တာ
    😆

    Reply

  • True Answer

    January 14, 2012 at 12:00 pm

    ဂျပန်ဇိမ်ဘာသာရေးဂိုဏ်းဝင် အာဂျီနိုမိုခိုင် သဂျီးခိုင်သာ ကိုကြောင်ကြီးနေရာမှာ ဆို ဘယ် ဒီ လို ခွင့်လွှတ်လိမ့်မလဲဗျာ။

    သူ့ တို့ ဂုဏ်း အယူဝါဒ က မဟုတ်ရင် မခံဘူး။ ပြန်ကလဲ့စားချေရမှ။ နို့မဟုတ်ရင် လူပျော့ လူညံ့လို့ သတ်မှတ်တယ်။
    တကယ်လို့ ဟုတ်ရင် လည်း မခံရဘူး။ ချက်ချင်းပြန်ဆော်ရမယ်။ ဒါလို ပြန်ဆော်မှ ကံကံရဲ့အကျိုးကို ချက်ချင်းအကောင်အထည်ဖော်တာ ဆိုပဲဗျ။ း)

    Reply

  • ဂျက်ကီချီးပေ

    January 14, 2012 at 12:28 pm

    နိုင်ငံတော်ကို ပုန်ကန်သူဆိုတာ သဘုံဘဲ
    သဘုံတွေဆိုတာ
    စစ်တပ်လောက်နီးပါးကို ဆိုးတယ်
    ပြည်သူ့စစ်နဲ့ မတိမ်းမရိမ်းဘဲ

    Reply

  • aungnng87

    January 14, 2012 at 12:34 pm

    နိုင်ငံတော်ရဲ့ပုံကိုကန်မိလို့အဖမ်းခံရတဲ့အကျဉ်းသားကြီးလွတ်မြောက်လာလို့ဝမ်းသာပါတယ်။ ဂုဏ်အရမ်းကိုယူပါတယ်။ ပုံမှန်ဆိုရင်တောင်အဖမ်းခံရမှာမဟုတ်သေးဘူး။ဖမ်းချင်လို့တောင်ဖမ်းလို့ရမှာမဟုတ်သေးဘူး။ နာနာလှိုင်ပြပြီး
    ဖမ်းလိုက်လို့အဖမ်းခံလိုက်ရတာ။ တော်လိုက်တာကွယ်မမှန်က….

    Reply

  • စုံ စုံ

    January 14, 2012 at 12:35 pm

    အင်မတိအင်မတန်ကို ဟာသဉာဏ်ရွှင်သော
    ကိုကြောင်ကြီးပါကလား 🙂 🙂

    Reply

  • ကိုရင်စည်သူ

    January 14, 2012 at 1:57 pm

    ဦးကြောင် နိုင်ငံတော်ပုံကန်တာလောက်ပဲလား
    ကိုရင်ဆို ကမာ္ဘမြေပုံတောင် ကန်သေးတယ်…
    သရော်စာရေးတဲ့နေရာမှာတော့
    ဘဲရီးဂွတ်… ဘဲရီးဂွတ်ပဲ…
    အားပေးတယ်ဗျို့… 😎 😎

    Reply

  • YingLamp

    January 14, 2012 at 2:58 pm

    အနဲဆုံးတော ့ ကြောင်မ ရလာတာပေါ့ .. နိပ်ဟ .. 😀

    Reply

  • windtalker

    January 14, 2012 at 3:09 pm

    အဟမ်း
    “မမှန်” ၊ “မမှန်” နဲ ့ဖတ်ရတာများတော့
    ရွာသူတစ်ယောက်ကိုများ တင်စား ထားသလားလို ့ဘာ
    အဟွတ် အဟု
    တော်သေးဘီ

    Reply

  • ဆူး

    January 14, 2012 at 5:28 pm

    ကြောင်ကြီး လွတ်လာတာ သိပ်ပျော်နေတယ်ပေါ့..
    နောက်တမှု ရှိသေးတယ်.. ဗုံး လက်ဝယ် တွေ့ရှိမှု ရှိသေးတယ်။ အိမ်ကမှာ ရေချိုးတဲ့ ရေပုံး။

    Reply

  • ဦးကြောင်ကြီးပြောသလို“ ခြေထောက်ဆန့်မိရာမှ မြေပုံထိသွားပြီး နိုင်ငံတော်ပုံ ကန်မှု အထမြောက် သွားတော့သည်။”

    Reply

  • zaw min

    January 14, 2012 at 8:09 pm

    ကြောင်ကီးကို တသီတကျွမ်းပို့ထားတာ ဘီလူးအမိန့်နဲ့ လွတ်တာလဲ.. O လုံးဝလုံးဝ မသိပါလား…

    Reply

  • nature

    January 14, 2012 at 9:39 pm

    ဇက်နာသော ..အဲ…ဇာတ်နာသောကြွက်ခုတ်ကြောင်ကြီးကိုအလေးပြု…..။

    Reply

  • naywoonni

    January 14, 2012 at 10:17 pm

    နာဇီ ဇာတ်လမ်းဖတ်လိုက်ရသလိုပါပဲလား ကိုကိုကြောင် (K`3) ရယ်………..

    Reply

  • MaMa

    January 14, 2012 at 10:27 pm

    (ကြောင်ကြီး ပြန်လွတ်လေပြီ။ သူ့အပေါ် ရက်စက်ခဲ့သော မမှန်အပေါ် အပြစ်မြူမှုန်တစက်မှ မမြင်ချေ။)
    ထို့ပြင် ကျောပိုးပြီးပင် ကူညီစောင့်ရှောက်နေပေသေးတော့သည်။
    သဘောထားကြီးမှုကတော့ လူများနှင့်တူပါပေ။ (ဘယ်တူမတုန်း၊ ကြောင် ကိုး) 😆

    Reply

  • pooch

    January 14, 2012 at 11:47 pm

    ကြောင်တွေက လူတွေထက်ပိုသဘောထားကြီးတယ်ဆိုတာ ဟုတ်လောက်တယ်
    ဘူးကြီးတယ်ဆိုတာလည်း ဟုတ်လောက်တယ် … 🙄

    Reply

    • Khin Latt

      January 15, 2012 at 6:22 am

      ကြောင်ဆိုတာမှာ ဘာ “ဘူး” ရှိလဲဟု စဉ်းစားသော်လည်း အဖြေမရ။
      သို့ကြောင့် မရှင်းလို့ အရီးကို ရှင်းပြပါဦး Pooch လေးရေ။
      “ဘူးကြီးတယ်” ဆိုတာ ဘာကိုပြောတာလဲ။ 😀

      Reply

  • char too lan

    January 15, 2012 at 10:51 am

    လွတ်လာတာက ၄၀၁ နဲ့နော် ဒီမှာလာပီး ကလိနေပြန်ပီ နိုင်ဂံဒေါ်ပုံကံမှုကနေ အီလက်ထရောနစ်နဲ့ ပြန်ပါသွားအုံမယ် ဘာလဲ နှစ် ၁၀ဝ နဲတယ်ထင်လို့
    ရောင်တောက်ပြနေတာလား :mrgreen:

    Reply

Leave a Reply to အတိသဉ္ဇာ နာဂရ ချစ်သူ Cancel Reply

Your email address will not be published.