သမိုင်းတွင်မယ့်နေ့

Zaw WonnaJanuary 13, 20121min010
uscampaignforburma.org
ဒီနေ့ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ နေ့တစ်နေ့အဖြစ် ရှိနေမှာပါ။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးနီးပါး လွတ်မြောက်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ လက်ရှိအစိုးရ အနေနဲ့ ဒီမိုကရေစီ အစိုးရ ပီသဖို့အတွက် အရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခုလို့ မြင်ပါတယ်။ ပြီးတော့ ဒီနိုင်ငံရေးအကျဉ်းသား ကိစ္စက နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့လည်း ဆက်စပ်နေတာမို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မလုပ်မဖြစ်တဲ့ ကိစ္စတစ်ခုပါ။ အခုတော့ မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ အချက်တစ်ခု ပြည့်ဝသွားတဲ့အတွက် အားလုံးဝမ်းသာကြမှာပါ။ ကျနော့်အတွက်တော့ အမေစုလွတ်တဲ့နေ့ရယ်၊ ဧရာဝတီရေကာတာ စီမံကိန်း ရပ်နားကြောင်း ကြေညာတဲ့နေ့ရယ်၊ ဒီနေ့ရယ်က နှစ်ပေါင်းများစွာအတွင်း အပျော်ဆုံး နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။

တစ်ခုရှိတာက အခုလွှတ်ပေးတဲ့ ဥပဒေ ပုဒ်မ ၄၀၁ (၁) အရဆိုရင် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကို ဆိုင်းငံ့ထားတဲ့သဘောလို့ သိရပါတယ်။ နောက်တခါ ပြစ်မှုကျူးလွန်ရင် အခုဆိုင်းငံ့ထားတဲ့ ထောင်ဒဏ်ကိုပါ တပေါင်းတည်း ကျခံရမှာ ဆိုပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး မလုပ်ပါဘူးလို့ ခံဝန်လက်မှတ် မထိုးရတာကိုပဲ ကျေနပ်ရမှာပေါ့လေ။ ဒီလူတွေကလည်း နိုင်ငံရေး လုပ်တာကလွဲလို့ ပြစ်မှုကျူးလွန်ကြမယ့် လူတွေမှ မဟုတ်ကြတာ။ အချိန်တန်တော့လည်း ဒီဆိုင်းငံ့ထောင်ဒဏ်တွေကို ပယ်ဖျက်ပေးမယ့် နေ့ကို ရောက်လာရဦးမှာပေါ့။

ကျနော်တို့ နိုင်ငံမှာ လူအတော်များများက စားဝတ်နေရေးအတွက် လုံးပန်းနေကြရ၊ စားဝတ်နေရေး အဆင်ပြေတဲ့သူက နောင်ရေး စိတ်အေးအောင် ကြိုးစားနေကြတဲ့ အချိန်မှာ ပြည်သူလူထုအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်ဝံ့သူတွေမို့ လူတိုင်းက လေးစားကြတာပါ။ ဒီနိုင်ငံရေးသမားတွေဟာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မကိုင်ပေမယ့် နောက်ဆုံးပေါ်လက်နက် ကိုင်ထားတဲ့ လူတွေထက် ပိုပြီးရဲ့ရင့်ကြပါတယ်။ အခုလို ကျနော်တို့အားလုံး မျှော်လင့်နေတဲ့ လူတွေကို လွှတ်ပေးလိုက်ပြီဆိုတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းဟာလည်း အရင်ကထက် ပိုပြီး လွတ်လပ်မျှတမှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခုလွတ်မြောက်လာတဲ့ နိုင်ငံရေးသမားတွေ အားလုံးလည်း မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက်ပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

10 comments

  • ငပေါက်ဖော်

    January 13, 2012 at 8:18 pm

    တူတူပဲဂျာ
    သုံးကြိမ်မြောက် မယုံနိုင်ခြင်းများစွာနဲ ့ အံဩဝမ်းသာမိပါကြောင်း..ကိုဇော်ဝဏ္ဏရေ
    လွတ်လပ်စွာပျံသန်းနိုင်ကြပါစေ..လို ့ပဲ..

    Reply

  • memeseku

    January 13, 2012 at 8:56 pm

    လေးစားပါတယ်….အာဇာနည်ဆိုတာဒါမျိုးမှအစစ်ပဲ…..
    ကြိုးစားကြပါဦး…..

    Reply

  • ကောင်းမြတ်သူ

    January 14, 2012 at 2:03 am

    ရွှင်လန်းနေတဲ့မျက်နှာတွေနဲ့ လွတ်မြောက်လာသူ၊ ကြိုဆိုကြသူများတွေ့တော့ ပျော်ရွှင်မှုတွေ ကူးစက်လာတယ်ဗျာ။ကျွန်တော်တို့နိုင်ငံကို ကမာ္ဘ့နိုင်ငံများ ရင်ဘောင်တန်းနိုင်ဖို့ ပြည်သူတွေရဲ့အသံကို အလေးထားဆောင်ရွက်ပေးနေတဲ့ သမ္မတကြီးကိုလည်း အထူးကျေးဇူးတင်မိတယ်…

    Reply

  • kai

    January 14, 2012 at 2:22 am

    ဒီလူတွေက..ထောင်မကြောက်တဲ့သူတွေမို့.. ဆိုင်းငံ့လုပ်ထားတာမှာ တခြားရည်ရွယ်ချက်လည်း ရှိနိုင်ပါတယ်..။

    ဥပမာ..။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်လို့ မရအောင်ပေါ့..။ ဥပဒေကြောင်းအရ.. ဆိုင်းငံ့နဲ့ဆို.. အမတ်ဖြစ်ခွင့်မရှိဘူးထင်တယ်လေ..။

    Reply

  • timothy

    January 14, 2012 at 4:06 am

    ခေါင်းဆောင်တွေကိုလွှတ်ပေးလိုက်ပြီဆိုတော့၊သမ္မတလူကြမ်းများအဖွဲ့ကိုချီးမွှမ်းထောပနာပြုသင့်ပ်တယ်။
    ပြုလဲပြုလိုက်ပါတယ်။
    ကျတော့အနေနဲ့ကတော့အပြည်ပြည်ဆိုင်ရာစီးပွါးရေးပိတ်ဆို့မှုများကိုလုံးဝရုပ်သိမ်းတာမျိုးမလုပ်အပ်
    သေးဘူးလို့ထင်တယ်။
    အရေးအကြီးဆုံးက၊မတရားဥပဒေ၊အမြင်ကပ်လို့ငါနဲ့မတည့်လို့မတရားဖမ်းချုပ်နိုင်တဲ့၊မဟားတရား၊
    မတရားဥပဒေများကိုမြေမြှုပ်သင်းကျိုနိုင်မှစိပ်ချရမယ်။
    ဒီဆိုက်ကမဲပေးတဲ့ Poll မှာတွေ့ရတာကလုံးဝအုပ်သုံစီးပွါးရေးပိတ်ဆို့ဒါဏ်ခပ်တာကိုရပ်ပေးဘို့အများဆုံးမဲပေး
    ထားတာတွေ့ရပါတယ်။
    ဦးသိန်းစိန် ဦးဆောင်တဲ့နိုင်ငံတော်လုံခြုံရေးဆုံးဖြတ်ချက်ပေးတဲ့၊ဂိုလ်ဂျုပ်ဒူးဂျီးဂျမ်းရွှေကွပ်ကဲတဲ့အဖွဲ့ကို၊
    သမ္မတလူကြမ်းများအဖွဲလို့ခေါ်ကြပါစို့။
    ဒီအဖွဲ့ကြမ်းကိုဒီလိုလွယ်လွယ်နဲ့ဆုချလို့မှားသွားမှာပေါ့။
    တဖြေးဖြေးနဲ့ဒီမိုကရေစီလမ်းပေါ်ရောက်အောင်ပညာသားပါပါနဲ့လုပ်ကြရမယ်။
    အခုလွတ်လာတဲ့ခေါင်းဆောင်ကြီးများကကျတော်တို့အားလုံးကိုလွတ်လပ်ရေးလမ်းကြောင်းပေါ်အရောက်
    ပို့ပေးနိုင်တဲ့နိုင်ငံရဲ့သားကောင်း၊သမ္မီးကောင်းများဖြစ်ကြလို့ရိုသေလေးစားစွာဘဲအလေးပြုလိုက်ပါတယ်။

    Reply

    • kai

      January 14, 2012 at 5:33 am

      ကိုတင်မိုသီရေ..
      ကျုပ်အထင်တော့ဗျာ..
      နောက်ပြန်မလှည့်နိုင်အောင်.. လုံးဝသေချာတဲ့အထိ.. လုပ်ကြလိမ့်မယ်..။
      ဆိုတော့..
      Carrot and stick တဲ့..။
      United States will meet action with action တဲ့..။

      ယူအက်စ်ပေါ်လစီလမ်းကြောင်းမှန်နေတယ်ထင်ပါတယ်..။
      အခုအကြံပေးတွေနဲ့သာဆက်လုပ်သွား..
      … ကောင်းလာမယ်မျှော်လင့်မိပါတယ်..။

      Reply

    • Zaw Wonna

      January 15, 2012 at 4:39 pm

      ဒီနေ့ပဲ နော်ဝေးနိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားမယ့်သတင်း ဖတ်လု်ိက်ရတယ်။ ဒါပေမယ့် အီးယူက ပိတ်ဆို့ထားတဲ့ မြန်မာနိုူင်ငံက စစ်ခေါင်းဆောင်တွေကိုတော့ ဆက်လက် ပိတ်ဆို့ထားမယ်လို့ သိရပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာလည်း ဒါမျိုးပါပဲ ခင်ဗျာ။

      Reply

  • မန်း ရိပ်

    January 14, 2012 at 10:44 am

    တဖြည်းဖြည်းတော့ ပန်းတိုင်ကို လျှောက်လာနေပြီလို့ထင်ရတာပဲ
    မီဒီယာလွတ်လပ်ခွင့် သာရမယ်ဆိုရင် ပြီးပြည့်စုံလို့ပြောလို့ရပြီ
    ပြည်သူတွေဘက်က စည်းကမ်းရှိဖို့ လမ်းညွှန်ရအုန်းမယ်
    ပျော်စရာကောင်းတဲ့နေ့လေးပါ

    Reply

  • char too lan

    January 14, 2012 at 10:49 am

    “ ကျွန်တော်တိုအစိုးရဟာ… တိုင်းပြည်လုထုကထောက်ခံလို့ဖြစ်လာတဲ့ အစိုးရဖြစ်တယ်။ တိုင်းပြည်လူထုက မကြည်ညိုဘူးလို့သိလာတဲ့တနေ့မှာ တွယ်ကပ်မနေဘူး ထွက်ပေးမယ်။ ”
    ၁၉၄၇၊ ဇူလိုင်လ (၁၃) ရက်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ။

    Reply

Leave a Reply

Your email address will not be published.