အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးဝင်အောင် ဆောင်ရွက်ခြင်း

Kaung Myat HtutMay 31, 20101min02

MyanmarING အဖွဲ့အနေဖြင့် ပြည်တွင်းမှ အသုံးမလို စွန့်ပစ်ထားသော ကွန်ပျူတာပစ္စည်းများအား လိုအပ်နေသူများအတွက် အသုံးပြုနိုင်သော ပစ္စည်းများအဖြစ် ပြောင်းလဲပေးသွားနိုင်ရန်အတွက် ယခု အစီအစဉ်အား စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အချို့သော အိမ်များနှင့် ရုံးများတွင် စက်ပစ္စည်း တစ်စိတ်တစ်ပိုင်း ချို့ယွင်းသွား၍သော်လည်းကောင်း၊ မော်ဒယ်နိမ့်သွား၍သော်လည်းကောင်း အသုံးမပြုဘဲ စွန့်ပစ်ထားသည့် ကွန်ပျူတာပစ္စည်းများ ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ပြင် အစိုးရကျောင်းများတွင် ရံပုံငွေ တောင့်တင်းသော ကျောင်းများမှလွဲ၍ ကျောင်းအများစု၏ ကွန်ပျူတာခန်းများတွင် ရှေးအခါက လှူထားခဲ့သည့် Macintosh စက်ဟောင်းများမှလွဲ၍ အသုံးပြုရန်အဆင်ပြေသည့် ကွန်ပျူတာများ မရှိသလောက် ဖြစ်နေပြီး ရှိသည့် Macintosh ကွန်ပျူတာများမှာလည်း အများစု ချို့ယွင်းနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အသုံးမပြု ပိုနေသော ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာအစိတ်အပိုင်းများအား MyanmarING အဖွဲ့မှ အလှူခံ စုဆောင်းကာ ကွန်ပျူတာတစ်လုံးဖြစ်အောင် တပ်ဆင်၍ လိုအပ်နေသော ကျောင်းများအား လိုက်လံလှူဒါန်းပေးရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စိတ်ဝင်စားလှူဒါန်းလိုသူများအနေဖြင့်-
၁။ မိမိ နေအိမ် သို့မဟုတ် ရုံးရှိ အသုံးမလိုသော အသုံးပြု၍ရသေးသည့် ကွန်ပျူတာများ၊
၂။ ပျက်နေသော ကွန်ပျူတာများမှ အသုံးပြု၍ရသေးသည့် အစိတ်အပိုင်းများ၊
၃။ ပျက်နေသည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ အသုံးမလိုတော့သောကွန်ပျူတာနှင့် ၎င်းအစိတ်အပိုင်းများ၊
၄။ လှူဒါန်းရန် စက်ပစ္စည်းမရှိပါကလည်း လိုအပ်သည့် အစိတ်အပိုင်းများ ဝယ်ယူရန်အတွက် ငွေကြေး
စသဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်-

ကိုရဲမင်းသွင် – ဝ၉-၅၀၈၀၈၃၆

ကိုကောင်းမြတ်ထွဋ် – ဝ၉-၅၁၅၃၉၂၅

ကိုလင်းပြည်သာ – ဝ၉-၂၀၂၄၅၀၇

ကိုထက်နိုင်လင်း – 01-643876
ISN.net 1, Room(4),Building(B), Puma Hosing ,Hlaing River Road Insein Township, Yangon, Myanmar

2 comments

  • သတင်းလူသား

    May 31, 2010 at 7:20 pm

    ကောင်းသောလုပ်ဆောင်ချက်တစ်ခုလိုဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အခုလိုလုပ်ဆောင်ခြင်းဖြင့် လိုအပ်နေသောနေရာများ(ကျောင်းများ၊ ပရဟိတဂေဟာများ၊ ပစ္စည်းသစ်ဝယ်ယူသုံးစွဲရန် ငွေကြေးအပြည့်အဝမရရှိသူများ)အတွက် ဖြည့်ဆည်းပေးရာရောက်သကဲ့သို့ စက်ပစ္စည်းအဟောင်းများ စွန့်ပစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုကိုလည်းကာကွယ်ရာသည့်အတွက် တစ်ဖက်တစ်လမ်းမှလည်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်းကို ထိန်းသိမ်းရာလည်းရောက်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.