သူခိုးဗျိး….သတိ..ရေမော်တာခိုးသည်။

နွေဦးJanuary 12, 20121min07

ဒီနေ့မကောင်းသတင်းစကြားရသည်။ အရှေ့ဖက် တိုက်ခန်းတွေရဲ့ လှေခါးရင်းက ရေမော်တာ နှစ်လုံး ဖြုတ်ခိုးခံရတယ်ဆိုတဲ့ သတင်းပေါ့။

ရေမော်တာ ဖြုတ်ခိုးခံရတယ် ဆိုတာ သတင်းထူးမဟုတ်ပေမဲ့ အခိုးခံရတဲ့ပုံစံက ဆန်းနေလို့ ရွာထဲမှာ ကြုံခဲ့တွေ့ခဲ့ရင် စောင့်ကြည့် တားဆီးလို့ ရအောင် သတင်းပေး ပိုစ့် လေး တင်လိုက်တာပါ။

ခိုးခံရတာကို မေးကြည့်တော့မှ နေ့ခင်းကြောင်တောင် ဖြုတ်ခိုးသွားတာတဲ့။တွေတဲ့သူကလဲ တွေ့တယ် တဲ့။ ဗမာတယောက်နဲ့ အသားမဲမဲ လူမျိုးခြား နှစ်ယောက် ပါတဲ့။ မျက်မြင် တယောက်ရဲ့အပြောအရ အဲဒီ အခိုးခံရတဲ့ တိုက် လှေခါးအောက်မှာ ဒီလူသုံးယောက်ကို သတိထားမိတယ်တဲ့။သူတို့ ပုံစံက Air con: ပြင်တဲ့ သူတွေလို ပစ္စည်းကရိယာတွေ ပါတယ်တဲ့။ ဒါ့ကြောင့် သူလဲ ဘယ်အခန်းမှာပြင် ဘို့လဲလို့ စောင့်ကြည့်နေပေမဲ့ အလုပ်ကိစ္စ ပေါ်လာလို့ အပြင်ခဏ ထွက် သွားခဲ့တယ်ဆိုဘဲ။

ပြန်လာတော့ဒီအဖွဲ့ကို သတိမထားမိတော့ဘူးတဲ့။အခုမနက်မှ အရှေ့တိုက်က လှုပ်လှုပ်ရှားရှား ဖြစ်နေတာ တွေ့လို့ မေးတော့မှ ရေမော်တာစက် အခိုးခံ ရတဲ့အကြောင်း သိရတယ်တဲ့ ။မော်တာ နှစ်လုံးကို အေးအေးဆေးဆေး ဖြုတ်ခိုးသွားတဲ့ပုံဘဲတဲ့။

မြင်တဲ့သူတွေကလဲ ရေမော်တာပြင်ဘို့ လာဖြုတ်တယ်ထင်ကြမှာပါ။

သတိထားပြီး လှေခါးတံခါးကို သော့ပိတ်ဘို့။

စက်တခုခု ဖြုတ်နေတာတွေ့ရင် အခန်းရှင် အိမ်ရှင် ပါမပါ စောင့်ကြည့်ဘို့။

အထဲမှာရှိသင့်တဲ့လူတွေ အပြင်ရောက်နေတော့ အစစအရာရာ သတိရှိ ကြဘို့။

သတိပေးလိုက်ပါသည်ခင်ဗျား….။

7 comments

  • ငပေါက်ဖော်

    January 12, 2012 at 5:59 pm

    အိတ်စပတ် သခိုးတွေပါကလား..
    ကိရိယာစုံစုံလင်လင်နဲ ့ ရုပ်တည်ကြီးခိုးသွားတာပဲ
    သများတာဆိုရင်တော့ မော်တာ မခိုးဘူး..စိန်တွေကျောက်တွေပဲခိုးမှာ
    မော်တာတစ်လုံး ဘာမှသောက်လို ့ရတာဟုတ်ဘူး..
    ဒါနဲ ့
    သများတော့ တစ်နေကုန် အိပ်နေတာပါနော်
    ဘယ်မှတွားဘူး.မယုံရပ်ကွက်လူဂျီးအူးခိုင်ကိုမေးကြည့်ပါ

    Reply

    • ကျုပ်လည်း ရွာထဲကနေ
      ဘယ်မှ ထွက်ဘူး
      မယုံရင်
      အူးခိုင်မေးပါ
      ဘွဲ့တံဆိပ်တွေ အများကြီးရှိတယ်ဆိုပြီး ရုပ်တည်နဲ့ ခိုးသူမဟုတ်တဲ့ …. (မလစ်လို့) … 😀
      အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING

      Reply

    • water-melon

      January 12, 2012 at 6:51 pm

      အမလေး အိပ်လည်း ကုလားသေကုလားမော အိပ်မနေနဲ့အုန်း ငပေါက်ဖော်ရေ
      တော်ကြာဈေးကောင်းရတဲ့ ဖွားဖက်တော်လေး ခိုးသွားမှ မျိုးဆက်ပြတ်နေမယ်
      ဟွန့် မပြောချင်ဘူး တောင်စုတ်ဖော်ကြီး 😆

      Reply

      • မှော်ဆရာ

        January 12, 2012 at 9:09 pm

        ကပေါက်ဖော်က စိတ်ချရအောင် ထိုင်းကို သွား ရောင်းခဲ့ပါပြီတဲ့ …
        အခေါ်အဝေါ်တွေ ပြောင်းလဲနေတာ သတိထားကြည့်ရင် သိနှိုင်ပါတယ် ချင့် … အဲလေ ဗျ …

        Reply

    • Harumoto

      January 12, 2012 at 7:23 pm

      သူခိုးကြောက်ရင် အဖေါ်ခေါ်အိပ်ပါလား
      ဗလကောင်းကောင်းနဲ့ သီရိပျံချီတို့လိုမျိုးပေါ့ ..း)

      Reply

  • windtalker

    January 12, 2012 at 8:20 pm

    ကျုပ်တို ့ဆီမှာကြ
    ရပ်ထားတဲ့ ကားတွေ ကနေ ဘက်ထရီအိုးတွေ လိုက်ဖြုတ်ခိုးနေကြတာကလား
    ဘာဘဲဖြစ်ဖြစ်
    ရေမော်တာ ပိုင်ရှင်တွေ သတိထားစရာပေါ့ဗျာ

    Reply

  • ဦးဦးပါလေရာ

    January 13, 2012 at 12:52 am

    တိုက်ခန်းပိုင်ရှင်တွေကလဲ လူပေါင်းစုံဆိုတော့ သော့ခတ်ဘို့စည်းကမ်းလုပ်မရတဲ့တိုက်တွေ များပါတယ်။ တချို့တိုက်တွေမှာတော့ သူခိုးကိုယ်တိုင်က တိုက်ခန်းတခန်းငှားနေရင် ကျန်တဲ့အခန်းတွေမှာနေသူတွေ ခံပေတော့ပဲ။

    Reply

Leave a Reply

Your email address will not be published.