“ဂန္ထဝင်……..အင်းလျား………ရဲ့နံနက်ခင်းအလှ”(အနောက်တောင်ဘက်ခြမ်း)

“ဂန္ထဝင်……..အင်းလျား………ရဲ့နံနက်ခင်းအလှ”

1 မနက်အာရုဏ်တက်အမှီအပြေးအလွားသွားလို့ရိုက်ခဲ့ရတဲ့ ပြည်လမ်းပေါ်က အင်းလျား အနောက်ဘက်ခြမ်းပါ
2 အင်းလျားနံနက်ခင်းပါဘဲ မြင်ကွင်းလေးတွေသိပ်မကွာပေမယ့် နေရာကွာတော့ ခံစားမူ့လဲပြောင်းသွားပါတယ် တောင်ဘက်ခြမ်းကရိုက်ထားတာပါ
3 အင်းလျားကန်အလည်လောက်မှာရှိတဲ့သစ်ပင်အုပ်ကလေးပါ
4 ပုံလေးတွေက သိပ်မကွာပါဘူး ဒါပေမယ့် တိမ်အခင်းလေးတွေကွာပုံကလှပ5 အလည်တည့်တည့်ကနေမြင်ရပြန်တာက တမျိုးလှ
6 ဒါကတော့ အရင်တန်ုးကလို့ အမြင်ဒေါင့်စောင်းစောင်းလေးရိုက်ကြည့်တာ
7 နေရောင်ခြည်အစပျိုးခါစ အင်းလျားနံနက်ခင်းလေးပါ
8 နေရောင်ခြည်က ပိုပြီးတောက်ပလာတော့ မြင်ကွင်းတစ်ခုုလုံးက ပုဇွန်ဆီရောင်နဲ့လှပ
9 အလင်းရောင်ပိုုရင့်လာလေလေ လှလာလေလေပါဘဲ
10 အင်းလျားကန်တောင်ဘက်ခြမ်းက မြင်ရတဲ့နံနက်ခင်းလေးတွေရဲ့ပုံတွေပါ

“ဂန္တဝင်အင်းလျား……………………”(အနောက်တောင်ဘက်ခြမ်း)

 

ခံစားတတ်စ အရွယ်ကတည်းက  မမြင်ဘူးမရောက်ဘူးသေးပေမယ့်

အကြားနဲ့လွမ်းခဲ့ရတဲ့အင်းလျားပါ။

သီချင်းထဲမှာ ဝတ္တုထဲမှာ အင်းလျားပါရင် ရင်ခုန်ခဲ့ရတဲ့ နေရာကို

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တစ်ခါရောက်ပါတယ်။

ညနေခင်း လေးမှာ။

မိုးတွေအုံးမိူင်းရီလို့နေပါတယ်။

အခုတစ်ခေါက် မနက်ခင်းအာရုဏ်တက်ပုံတွေဘဲ စိတ်ထဲမှာ ရိုက်ချင်မိပါတယ်။

အဲတော့ ………………………..

အခုမြင်ရတဲ့ ပုံလေးတွေရလာတာပေါ့နော်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(12-1-12)

 

 

 

 

 

 

 

28 comments

  • Moe Z

    January 12, 2012 at 3:13 pm

    အားလုံးလှတယ်လေးပေါက်ရေ အဲဒီအချိန်အင်းလျားကိုတစ်ခါမှ မရောက်ဖူးဘူး
    ဒါပထမဆုံး အင်းလျားရဲ့အရုဏ်ဦးမြင်ကွင်းပဲ 😀
    ကြိုက်တဲ့ပုံတွေကူးသွားပြီဗျို့ …

    Reply

  • ကိုချောရေ ခင်ဗျားမြင်ချင်ပါတယ်ဆိုတဲ့အင်းလျား
    တစ်ကနေ ငါးထိလာမယ်နော်…………………………

    Reply

  • အင်းလျားကတော့
    အပျင်းစား ကဗျာ တစ်ပုဒ်လိုပါပဲ
    ရိုက်ချက်ကောင်းကောင်း
    ကဗျာကောင်းကောင်းနဲ့ဆိုရင်
    …………..
    ဟူးးးးးးးး
    အချိန်တွေကို မေ့ထားချင်မိတယ် …………..

    Reply

  • စုံ စုံ

    January 12, 2012 at 3:42 pm

    လေးပေါက်ရေ ပုံတွေကရေရေလည်လည်မိုက်ဒယ်
    အင်းလျားကိုဒီလိုအစောကြီးမျိုးမရောက်ဖူးသေးဘူး
    အလွန်ဆုံးစောရင် ရနာရီဘဲ
    အခုလေးပေါက်ပုံတွေကိုကြည့်ရင်း ကန်ဘောင်မှာထိုင်ရင်း
    မုန့်တီသောက်ချင်လာပြီ :p

    Reply

  • blackchaw

    January 12, 2012 at 3:59 pm

    နံနက်ခင်းရဲ့ နှင်းတောထဲမှာ
    သူလာလိမ့်နိုးနဲ့ စောင့်နေသူ
    ကိုယ်တစ်ယောက်တည်းပဲ အင်းလျားရဲ့ ဘေးမှာ
    မျှော်သာမျှော် ပေါ်မလာလေတော့ ဆွေး……….။

    ကိုပေါက်ရေ။
    အင်းလျားနဲ့ ပတ်သက်ပြီး ရေးခဲ့ဘူးတဲ့သီချင်းတစ်ပိုင်းတစ်စပါ။

    အရင်တုန်းက
    အင်းလျားကန်ကနေ ပြည်လမ်းဘက်ကိုဆင်းလိုက်ရင်
    ခရမ်းပြာ ဆိုတဲ့ လဖက်ရည်ဆိုင်လေး ရှိတယ်ဗျ။
    အခုတော့ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
    သွေးသားရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက
    ကန်ထရိုက်ဆွဲထားကြပြီဗျာ။

    အဲဒီ အင်းလျားပေါ့
    ပြည်သားခင်ဝမ်းကြီးက
    အော်အော်ပြီးလွမ်းခဲ့ရတာ
    ပန်းခရမ်းပြာ ဆိုတဲ့သီချင်းနဲ့
    အဲဒီအင်းလျားပေါ့
    မန္တလေးသား ကိုတိုးကြီးက
    အော်အော်ပြီးလွမ်းခဲ့ရတာ
    ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ တဲ့။
    အဲဒီအင်းလျားပေါ့
    MG ရွာသား ကိုပေါက်ကြီးက
    ကင်မရာကြီးကိုင်ပြီး
    လွမ်းခဲ့ရတာ
    ဂန္တဝင် အင်းလျား စီးရီးလိုက်ကြီးနဲ့….
    ကဲ ကျွန်တော်တို့လည်း လွမ်းမယ်ဗျာ။

    Reply

    • kai

      January 13, 2012 at 1:25 am

      ခရမ်းပြာ အဆောင်က အခုထိတော့ ရှိတော့မယ်မထင်ဘူး..
      ကိုတိုးကြီးတို့.. ကိုနေဝင်းတို့..ကိုရဲလွင်တို့.. ကိုခင်ဝမ်းတို့..ဂီတ ဇာတိမြေပေါ့…။

      အင်မတန်လှတဲ့.. ကိုယ်ပိုင်သံစဉ်တွေ အဲဒီကထွက်ခဲ့တာမို့..ဂီတအောင်မြေလို့ ပြောလို့ရမယ်ထင်တယ်..။

      ပိုသိသူတွေ. လုပ်ပါဥိး… 😆

      Reply

      • kai

        January 15, 2012 at 8:16 am

        ဟင့်..
        ဝါသူသူတွေ မရှိဘူးနဲ့တူတယ်…
        သတင်းကြားတာတခုက.. ခရမ်းပြာအဆောင်ရှင်ကြီး… ယူအက်စ်မှာရောက်နေတယ်တဲ့…။
        အင်တာဗျုးချင်တာ…။ 🙂

        Reply

  • Thel Nu Aye

    January 12, 2012 at 4:36 pm

    မန်းလေးသားကမှဒို့အင်းယားကိုအစောကြီးရောက်သေးတယ်။ ဒို့တွေများတခါမှမရာက်ဖူးဘူး။ မန်းလေးသားလက်စွမ်းကိုရန်ကုန်သူကြည့်သွားပါတယ်နော်။

    Reply

  • “ပန်းခရမ်းပြာ ဗေဒါလေးကမ်းစပ်နားမှာညိတွယ်
    နန်းတံတားဖြူနေရာလေး တေးသံလွှမ်းစေဘွယ်”
    တေးရေးကိုရဲလွင်(အောင်နိုင်။ခင်ဝမ်း)
    “မျော်လင့်ချက် မနက်ဖြန်ရက်များ
    …………………………………
    ယုံကြည်တမ်းတ အသိစိတ်လမ်းလျောက်နေဖြစ်စဉ်
    ကမ်းမဲ့ပန်းဗေဒါများ ရေပြင်ပေါ်မှာ မှီရာတည်ရာ
    ………………..မျောလွင့်နေတော့တယ်။
    ဝေးခဲ့ပြီ ဝေးခဲ့ပြီ ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ……………………
    ခင်မောင်တိုး…………….

    Reply

  • ငပေါက်ဖော်

    January 12, 2012 at 6:03 pm

    အင်းယား မြင်ကွင်းလေးတွေ..လှပါကြောင်း.
    ကြည့်ရင်းကြည့်ရင်း လှိုင်းထဲရောက်နေသလို ခံစားရပါကြောင်း
    😆

    Reply

  • thit min

    January 12, 2012 at 6:33 pm

    ကျနော်တို့ကအင်းလျားကိုပြူတင်းပေါက်ကနေကြည့်ပြီး ကျောင်းတက်ခွင့်ကြုံခဲ့ရတာတော့
    ခုနေပြန်တွေးကြည့်ရင် ကြည်နူးစရာပါဘဲ။ဘောလုံးမကန်ရင်စာမေးပွဲအအောင်မပေးဘူးလို့
    ပြောတတ်တဲ့ဆရာကိုပြန်သတိရတယ်။
    လှေလှော်ရွက်တိုက်အသင်းကို သတိယတယ်။ဆရာဦးမောင်မောင်တိတ်၊
    ဆရာဦးမောင်မောင်ဦးတို့နှိပ်စက်လို့ပါတ်ပြေးခဲ့ရတဲ့လေ့ကျင့်ရေးကွင်းဟာလဲအင်းလျားဖြစ်သလို။
    အကြော်စားအပမ်းဖြေ ခဲ့ရတာလဲအင်းလျားပေါ့ဗျာ။
    ပြောရရင်တော့ အင်းလျားစာတမ်းဟာတသက်လုံးတောင်ရေးလို့ကုန်စရာမရှိပါဘူး။
    အိုင်ဘီစီမရှိသေးတဲ့ အင်းလျား၊ခြုံများနဲ့ ဆေးလိပ်ရောင်းတဲ့ကလေးတွေရဲ့ဈေးကွက်အင်းလျား၊
    ထမင်းစားပြီးလမ်းလျှောက်၊ပန်းကောက်စရာမရှိပေမဲ့ လွမ်းလောက်စရာတွေအစုံ မကုန်တဲ့
    အင်းလျားကို စဉ်းစားစရာပေး၊ပုံလေးတွေနဲ့ဖော်ပြ အို… မန်ဒလာကိုပေါက်ရေ နောက်ဆိုတူတူသွား
    အကြော်စားကြစို့ရဲ့။

    Reply

    • Khin Latt

      January 12, 2012 at 9:54 pm

      သေချာပါပြီ။ ကျွန်မတို့ မောင်နှစ်မရင်း တွေပါဘဲ။ 🙂

      Reply

  • ကောင်းပါ ကိုသစ်ရေ
    ဒါပေမယ့်မန်းလေးက ကိုပေါက်က ရန်ကုန်တက္ကသိုလ်ကို အလည်ဘဲလာဘူးတာ ကျောင်းမတက်ဘူးဘူး။
    ဒါပေမယ့် ရန်ကုန်တက္ကသိုလ်က အောင်လက်မှတ်နဲ့နော်…………

    Reply

  • water-melon

    January 12, 2012 at 7:28 pm

    အင်းလျားကန်အလည်မှာရှိတဲ့သစ်ပင်အုပ်ကလေးမှာနေချင်တယ်
    လှတယ်လေးပေါက်
    ကျွန်တော် ကင်မရာဝယ်ပြီးရင် သင်ပေးအုန်းနော်ဆရာပေါက် 😀

    Reply

  • “ဘီလူးကြီး”ogre

    January 12, 2012 at 7:48 pm

    လဒယ်လဒယ်
    အတိုပေါက်ရိုက်တာ ဒီအင်းယားက အခုမှ ဒါ့ပုံထဲရောက်ပြီ ပိုလှသွားတယ်
    ကမ်မရေးဒွေ တွားအကြည့်တော့ဘူးလားဂျ
    တိတယ်နော်… 🙂 :p

    Reply

  • windtalker

    January 12, 2012 at 8:04 pm

    လှတစ်လီ တစ်လှ
    လှနှစ်လီ သဂျီးခိုက်
    လှသုံးလီ တစ်ပုံ ဒေါ်သုံးထောင်
    ကိုပေါက် ထောပြီမောင်

    Reply

  • Khin Latt

    January 12, 2012 at 9:50 pm

    ပုံ (၆) နဲ့ ပုံ(၁၀) ကို ကြည့်လိုက်ခြင်းဟာဖြင့် အထူးအကျိုး ရှိလှပါတယ်။
    ဇက်ညောင်းနေချိန်မို့ 😉 jk
    သင်းခရု။

    Reply

  • မလတ်ကလဲ
    ဂီဂီ က မတ်တပ်ရပ်မရိုက်နဲ့ဆိုလို့ အဲဒီပုံလေး ရအောင် အင်းလျားကန်ဘောင်ပေါ်မှာ တစ်စောင်းအိပ်ပြီးရိုက်လာရတာနော်။
    လွယ်တယ်မှတ်မနေနဲ့ သိလား

    Reply

    • Khin Latt

      January 13, 2012 at 3:51 am

      😀

      Reply

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 13, 2012 at 8:39 pm

    ဒီလူကြီး စောစောစီးစီးအင်းလျှားကန်ကိုဘာသွားလုပ်ပါလိမ့်?
    ချီးဘတ်တို့ အကောင်ခပ်သေးသေးတုန်းကတော့
    ဇာတ်ပွဲတွေဘာတွေဖြစ်ရင် မိုးလင်းခါနီး ဒီလိုဝေလီဝေလင်းအချိန်ထသွားပြီး
    ပွဲခင်းထဲမှာ ပိုက်ဆံတွေဘာတွေလိုက်ရှာတဲ့ ဘစ်ဇနစ်တွေလုပ်ဘူးဒယ် 😀 😀 😀
    ကံမကောင်းတဲ့အခါကျတော့လည်း ချီးပုံတွေဘာတွေနဲ့တိုးတာပေါ့
    ဒါပေမယ့်ချီးဘတ်တို့ ( အနောက်တိုင်းသား တွေကတော့
    နေထွက်ချိန်ထက် နေဝင်ချိန်ကိုပိုခံစားတတ်ကြတယ် )
    ဒီအချိန်မှာ အာရုံသီးအချိန်မှာ ရန်ငါးပါးကိုအောင်တဲ့ဇာတ်ပါ ခင်းလိုက်ရင်တော့
    တော်တော် ပွဲစည်သွားနိုင်တယ်နော

    Reply

  • အင်းလျားကန်ကို စောစောသွားရခြင်းအကြောင်းကတော့
    ခိုင်ထုူး သီချင်းထဲကလိုပါဘဲ။
    အိပ်မရတဲ့ အတူူတူ မထူးတော့တဲ့ညမှာ…………………………

    Reply

  • padonmar

    January 14, 2012 at 10:37 pm

    ပုံ(၁) ပန်းခရမ်းပြာအင်းလျားကို အကြိုက်ဆုံးပါ။
    အင်းလျားကန်ဘောင်ရိုးကို တစ်ခါမှ မရောက်ဖူးသေးပါ။အဝေးမြင် အင်းလျားပါပဲ။
    ကိုပေါက်ရိုက်ပြမှ သွားကြည့်ချင်လာတယ်၊

    Reply

    • weiwei

      January 14, 2012 at 11:02 pm

      ကျွန်မလဲ မနက်ပိုင်းအင်းယားတစ်ခါမှ မရောက်ဖူးသေးဘူး … ချိန်နေတာ နှစ်တော်တော်ကြာနေပြီ … ညနေပိုင်းအင်းယားတောင် မရောက်ဖြစ်တာ ၁၅ နှစ်လောက် ရှိသွားပြီ … 🙁

      Reply

  • သွားသင့်တယ် မပဒုမ္မာရေ မနက်စောစောထ လမ်းလျောက် ဒါ့ပုံရိုက်
    ဗိုက်ကားအောင်စား အိမ်ပြန်အိပ်…………..
    မကောင်းဘူးလား?

    Reply

  • kham noon

    April 21, 2012 at 10:52 pm

    လွမ်းလိုက်တာ………….အင်းလျားရယ်…………
    ………..ရိုက်ချက်ကတော့ရှယ်ပဲ…………….

    Reply

  • လွမ်းလိုက်တာ…………………..တဲ့.
    ကျနော်တောင်ပြန်လွမ်းလာပြီဗျာ.
    အင်းလျားရေ………. မကြာခင်ပြန်လာမယ်ဟေ့…………………………..

    Reply

  • ရွှေ မင်း သား

    April 22, 2012 at 9:09 am

    အင်းလျားကန်ဘောင်ပေါ်မှာ သူများတွေက တော့ ချစ်သူ့လက်လေး ဆွဲလို့၊
    လေးပေါက်ကတော့ ကင်မရာ အိတ်လေးဆွဲလို့………
    သူ့ကင်မရာလေးလဲ သူ့ချစ်သူလေး ဖြစ်နေရောပေါ့

    Reply

Leave a Reply to Khin Latt Cancel Reply

Your email address will not be published.