တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင်

တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ ။
တစ်လရဲ့တန်ဖိုးကို သိချင်ရင် လ မစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။
တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။
တစ်ရက်ရဲ့တန်ဖိုးကို သိချင်ရင် ကလေးခြောက်ယောက်ကို ရှာကျွေးနေရတဲ့ နေ့စား အလုပ်သမားကို မေးကြည့်ပါ။
တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် ဆုံစည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ။
တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင် ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။
တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။
တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် အိုလံပစ် ငွေ တံဆိပ်ဆုရှင်ကို မေးကြည့်ပါ။

စာရေးဆရာ ကျော်ဝင်း ၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်မှ ….

3 comments

  • ငပေါက်ဖော်

    January 11, 2012 at 7:02 pm

    ကိုပေချင့်
    တစ်ရက်ရဲ့ တန်ဘိုးကို ပြောပြပေးစေလိုပါတယ်ချင့်
    🙄

    Reply

  • windtalker

    January 11, 2012 at 7:36 pm

    တစ်နှစ် ကို ဝင်ငွေ ဘယ်လောက်စီသလဲ…?
    ကိုယ့်အတွက် က တစ်မျိုး
    ဝင်ငွေခွန်ကောက်မယ့် သူတွေ အတွက် က တစ်မျိုး
    အဖြေထွက်လာပါတယ် ခင်ဗျ

    Reply

  • Thel Nu Aye

    January 12, 2012 at 9:25 am

    နှစ်တနှစ်ရဲ့တန်ဖိုးကတော့အသက်တနှစ်ကြီးလာတာပဲ။ စိတ်ညစ်တယ်။

    Reply

Leave a Reply

Your email address will not be published.