တစ်ရွက် နဲ့ တစ်အုပ်

၅၀၀ဝ တန်ဖုန်းတွေ ထွက်မယ်ဆိုတော့ ရပ်ထဲရွာထဲမှာ ဝမ်းသာတဲ့သူတွေအများကြီး၊ ဘာကြောင့်ဝမ်းသာကြလဲ၊ အကျိုးမရှိပဲ၊ စိတ်ချမ်းမြေ့စရာမရှိဘဲ ဘယ်သူဝမ်းသာမလဲဗျ……. အခုလက်ရှိမှာ ဖုန်းပြောချင်ရင်ကိုယ်ပိုင်ဖုန်းမရှိဘူး။ အပြင်ဖုန်းဆက်လို့ ရတဲ့နေရာတိုင်းမှာ လိုက်ပြောရင် အထွက်ကို တစ်မိနစ်(၁၀၀)၊ အဝင်(၅၀)နှုန်း။ ပြည်သူတွေ ဘယ်လောက်နစ်နာလဲ။ ဒါတွေကဥပဒေနဲ့ညီလားမညီလား ကျွန်တော်မတွေးတတ်ဘူး။ ဒါပေမဲ့ဆက်သွယ်လို့ရတော့နည်းနည်းအဆင်ပြေတယ်။ ခွင့်ပြုထားတာကို ကျေးဇူးတင်ရတာပေါ့။ အခု(၅၀၀၀)တန်ဖုန်းပေါ်ရင် လူတိုင်းဖုန်းကိုင်နိုင်မယ်လို့ပြောလို့မရသေးပါဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက် အတော်ကို သက်သာနိုင်မယ်။ ဆင်းရဲမှုလျော့ပါးရေးလုပ်မယ်ဆိုတဲ့ သမ္မတရဲ့လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးမဲ့နည်းပညာဖြစ်ပါတယ်။ ဆက်သွယ်ရေးဌာနက အင်ဂျင်နီယာချုပ်တွေက နည်းပညာက မဖြစ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့မြန်မာပြည်က ဝန်ထမ်းတွေကို စိစစ်သင့်နေပြီထင်တယ်။ ဘယ်လိုဖြစ်လို့ဒီလိုနေရာတွေမှာ ပညာဆက်လက်မလေ့လာဘဲနဲ့ ပြည်သူ့ပေးတဲ့လစာကိုယူနေလည်းဆိုတာ စဉ်းစားရမလိုဖြစ်နေပြီ။

ဥပဒေဆိုတာ ခေတ်နဲ့အညီပြင်ဆင်လို့မရတဲ့အရာလား။  ပြည်သူအားလုံး ကောင်းမယ်ဆိုရင်
ပြင်သင့်တဲ့ဥပဒေတွေကို ပြင်ဆင်ပေးရမယ်လို့ထင်တယ်။ အခုလောလောဆယ်ဆယ်သုံးနေတဲ့ဖုန်းတွေမှာရော နည်းပညာအားနည်းချက်တွေရှိနေတာပဲ။ အမြဲလိုင်းကြပ်နေတာပဲ။ (၅၀၀ဝိ/)တန်ဖုန်းတွေမှာ ဒီလိုပြသနာတွေတွေ့မယ်ဆိုရင် လူတိုင်းလက်ခံမှာပဲ။ ပိုကောင်းအောင်ဆက်သွယ်ရေးကူညီပေးနိုင်ရင် ပိုကောင်းသွားတာပေါ့။
လာဘ်စားမှုတွေရှိမရှိဆိုတာ ဒီကိစ္စနဲ့သက်သေပြဖို့ နိုင်ငံတော်ဝန်ထမ်းများမှာ တာဝန်ရှိနေတယ်။ (၅၀၀၀)တန်တစ်ရွက်နဲ့ တစ်အုပ်ဘယ်သူရင်းမလဲ………..

5 comments

  • ငပေါက်ဖော်

    January 11, 2012 at 12:38 pm

    အလဂါး ဆက်သွယ်ရေး
    ပြည်သူ ့ပိုက်ဆံ အလကား ထိုင်ဖြုန်းနေတာ..
    ဘာပညာမှလဲ မတတ်..မလေ့လာကြဘူး..ပါးပါးချင်းလှီးဖို ့ပဲ သိတဲ့လူတွေ..
    ဖြုတ်ပစ်..ဖြုတ်ပစ်. (ကြပ်တာ..ကြပ်တာ..)
    😆

    Reply

  • water-melon

    January 11, 2012 at 12:51 pm

    ဝန်ထမ်းတွေရော ခေါင်းဆောင်တွေရော စက်တွေရော အကုန် upgrade လုပ်ချင်လုပ် အသစ်ဝယ်ချင်ဝယ်
    မလုပ်နိုင်ရင်တော့ ဒုံရင်းဒုံရင်းသွားလိမ့်မယ်
    ပြီးတော့ ဝ၉၁ဝ ဖုန်းတွေဆို အားတိုင်း ဆာဗာဒိုင်းရတာနဲ့ပြောကိုပြောချင်ဘူး
    အရေးနဲ့အကြောင်းဆို သေပြီတာမှတ် ဝယ်မိတာကိုမှားတာ
    ကဲ ရွာထဲကရော အရေးအကြောင်းဆို ဖုန်းခေါ်မရတာ ကြုံဘူးလား

    Reply

  • Thel Nu Aye

    January 11, 2012 at 2:15 pm

    လင်မယားတွေတဂျိန်းဂျိန်းကသူ့ကြောင့်လေ။ လူကြီးမင်းနဲ့အမြဲတွေ့နေတော့။

    Reply

  • poeaung6

    January 11, 2012 at 4:21 pm

    ကျွန်တော်နားလည်ထားတဲ့ ဒီမို ဆိုတာ ပြည်သူကအမှန်တကယ်လိုအပ်ရင်လိုအပ်သလို ပြုလုပ်ပေးရမှာပါ အခုတော့ ဘယ်လိုကြီးလည်းမသိ အကြံပေးချင်တာတော့ ပြည်သူတွေအတွက် ဆိုရင် ပြည်သူအသံကို အရင်နားထောင်စေချင်တယ် အများကတောင်းဆိုရင် လုပ်ပေါ့ …….
    ps; သူတို့နားမလည်တာတော့မဖြစ်နိုင်ဘူး သူတို့ ပါတနာတွေ စီးပွားရေးထိခိုက်မှာစိုးလို့လား မသိ……

    Reply

  • zaw min

    January 11, 2012 at 4:41 pm

    ခင်ဗျားတို့ ထင်သလိုလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေသလား၊မြန်မာပြည်ဗျ..မြည်မာပြည် …ဆောက်ထားတဲ့အိမ်ကိုကြည့် …အောက်ကအုပ်၊အလည်ကဝါး၊အပါ်ကသွပ် (ဇာဂနာပျက်လုံး)…အဲဒီတော့ ဒီလောက်အချိန်တိုအတွင်းမှာ မဖြစ်နိုင်ပါဘူး…သိလား…မဝသေးဘူးဟေ့…မဝသေးဘူး(မြိုလို့)…

    Reply

Leave a Reply to poeaung6 Cancel Reply

Your email address will not be published.