မြန်မာမှန်ရင် ပုဂံသို့ ရောက်ဖူးရမယ်

zarlayJanuary 10, 20121min04

 ” မြန်မာမှန်ရင်ပုဂံသို့ရောက်ဖူးရမယ်” ဆိုတဲ့စကားအတိုင်း မြန်မာလူမျိုးတိုင်း ပုဂံ ရှေးဟောင်းဒေသ သို့အမှန်တကယ်ပင် ရောက်ဖူးရန် လိုအပ်ပါသည်။ ယခုအခါ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မှ ဦးဆောင်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရာတွင် ပုဂံဒေသကို အထူးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက် မှန်သမျှကို ဆောင်ရွက်လျှက်ရှိပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်လျှက်ရှိပါသည်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် တဖက်မှလည်း နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်သလို ရှေးဟောင်းအမွေအနှစ်ကိုလည်း ထိမ်းသိမ်းရာရောက်ပေသည်။ နိုင်ငံခြားသားများအတွက်လည်း လိုအပ်သည်များကိုဆောင်ရွက်ပေးနိုင်ရန် လေဆိပ်ကောင်တာ၊ Informationကောင်တာများကို အချိန်ပြည့် တာဝန်ချထားပါသည်။

 

4 comments

  • ရွှေဘိုသား

    January 10, 2012 at 5:57 pm

    အစ်မ ဇာလေး ပြောတာမှန်ပါတယ် မြန်မာမှန်ရင် ပုဂံ ကိုရောက်ဖူးရပါ့မယ် ဒါပေမဲ့ ကျနော်မရောက်ဖူးသေးဘူး သွားနိုင်ဖို့ ကြိုးစားနေပါတယ်။

    နံမည်ကို သိပ်မတွေ့ဖူးတော့ မဇာလေးက ရွာသူအသစ်များလားမသိဘူး ကျနော် အမှန်တိုင်း စေတနာနဲ့ အကြံပြုချင်ပါတယ်ဗျ စာကို ပိုပြီး ရှည်ရှည်လေး ရေးစေချင်ပါတယ် ဥပမာဗျာ အခုပို့စ်ဆိုရင် ခေါင်းစဉ်နဲ့လိုက်ဖက်မဲ့ ပုဂံ ရဲ့ရာဇဝင်နဲ့ သမိုင်းကို ရေးသင့်ပါတယ် ခေါင်းစဉ်နဲ့ ရေးထားတာနဲ့ ဘာမှ မဆိုင်သလိုဖြစ်နေလို့ စေတနာနဲ့ အကြံပြုချင်းသတ်သတ်ပါ။

    Reply

  • water-melon

    January 10, 2012 at 8:57 pm

    ၈တန်းတုန်းကတော့ ရောက်ဖူးတယ်
    ကလေးဆိုတော့ မမှတ်မိတော့ဘူး
    စာဥနဲ့ ထန်းညက်ဆန်း ခရီးထွက်ရင် သွားမယ်
    :mrgreen:

    Reply

  • windtalker

    January 10, 2012 at 9:32 pm

    ဇာလေး ကို လမ်းညွှန်အဖြစ် အကူအညီတောင်းပြီး
    တစ်ခေါက်လောက် ဘုရားဖူး သွားချင်မိတယ်ဗျို ့
    ဖြစ်နိုင်မယ် ဆိုခဲ့ရင်ပေါ့

    Reply

  • inz@ghi

    January 10, 2012 at 9:35 pm

    လန့်ထှာကွယ်..
    ကောမန့်တွေထဲ ဇာလေး ဇာလေးနဲ့ တွေ့နေရလို့ …ဟီး ….

    မင်ဂါ ပါ ဇာလေးရယ်…..

    ပုံ
    ဇာဂျီး…

    Reply

Leave a Reply

Your email address will not be published.