သူငယ်ချင်းဆိုတာ …..

နွယ်ပင်January 10, 20121min017

သူငယ်ချင်းတဲ့ ဒီအခေါ်အဝေါ်လေးက နွယ်ပင်တို့ ငယ်ငယ် မူကြိုစတက်ကတည်းက ကြားနေတဲ့ အသုံးအနှုန်းလေး ။
မူကြိုကိုစတက်နေပြီဆိုကတည်းက လူကြီးတွေက တွေ့လိုက်ရင် မူကြိုမှာ သူငယ်ချင်းရနေပြီလား ဘယ်နှစ်ယောက်ရှိလဲ ဆိုပြီးမေးတက်ကြတယ် ။
အဲ့အချိန် အဲ့အရွယ်မှာကတည်းက လူဆိုတာ တစ်ယောက်ထဲမဟုတ်ဘဲ ကိုယ်နဲ့ ခင်မင်ရာ စိတ်တူရာ အုပ်စုလေးနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာတယ်နော်။
ဒီအရွယ်လေးနဲ့ သူငယ်ချင်းကို ခင်ရကောင်းမှန်း တွယ်တာရကောင်းမှန်းလဲ သိနေကြပါပြီ ။ ဒီလိုနဲ့ ကျောင်းတက်ခဲ့စဉ် တစ်လျှောက်လုံး
သူငယ်ချင်းတွေ အများကြီးထားကြတဲ့ သူတွေရှိ သလို ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်ယောက် နှစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲရွေးပေါင်းတက်တဲ့
သူတွေလည်းရှိပါတယ် ။
ငယ်ငယ်က သူငယ်ချင်းဆိုတာ အတန်းထဲက သူငယ်ချင်းတိုင်းလိုလိုက ကစားဖော်ကစားဖက် စာပြိုင်ဖော်စာပြီုင်ဖက် အနေနဲ့ပဲ
ရှိခဲ့ကြပြီး တစ်ခြား စိတ်ကူးတွေမရှိဘဲ ဖြူဖြူစင်တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းမျိုးလေးတွေပေါ့ ။ အရွယ်လေးနည်းနည်းလဲ ရောက်လာရော
ဒီသူငယ်ချင်းဆိုတာက ရင်ဖွင့်ဖော်ဖြစ်လာပြန်တယ် ။ အဲ့အချိန်မှာလည်း ဘယ်သူက ကိုယ့်အတွက် သူငယ်ချင်းကောင်း ကိုယ်အရမ်းခင်မိတဲ့သူငယ်ချင်း
ကိုယ့်အတွက် နားလည်ပေးတဲ့ သူငယ်ချင်း ဆိုပြီး ကိုယ့်စိတ်ထဲက အလိုလိုသိပြီး သူငယ်ချင်းဆိုတာကို ရွေးပေါင်းတက်လာပြီပေါ့ ။
အထက်တန်းကျောင်းသူဘဝ သူငယ်ချင်းအချင်းချင်း ခံစားချက်တွေ ဖလှယ်ကြ ရင်ခုန်သံတွေညှိကြ စာတွေကျက်ကြ ဘဝရဲ့ တစ်ဆစ်ချိုးဖြစ်တယ်လို့
(အဲတုန်းကတွေးထင်ခဲ့တဲ့ ) (10) တန်းကျောင်းသားဘဝကို ဖြတ်ကျော်ခဲ့ကြတယ် ။ တက္ကသိုလ်တက်ဖြစ်ခဲ့တော့လည်း ပူပြင်းတဲ့
နေရောင်ခြည်ရဲ့ ဒဏ်ကို အံတုရင်း ပျော်ရွင်စရာနေ့ရက်တွေကို ကျော်ဖြတ်ရင်း ကိုယ့်ဘဝရဲ့ စိတ်ကူးအိမ်မက်တွေအကြောင်းကို ပြောပြရင်း
အတူတူလက်တွဲဖြစ်ခဲ့ကြတယ် ။ သူငယ်ချင်းတွေ အချင်းချင်း ခံစားချက်တွေဝေမျှကြတယ် တစ်ယောက်ရဲ့ ကောင်းချင်းဆိုးချင်းတွေကို တစ်ယောက်က
နားလည်ပေးပြီး ခင်မင်တွယ်တာခဲ့ကြတယ် ။ အနည်းဆုံးအနေတော့ လူတစ်ယောက်မှာ ကိုယ့်အတွက် ရင်ဖွင့်ဖော် တိုင်ပင်ဖက်
သူငယ်ချင်းတစ်ယောက်လောက်တော့ ရှိတက်ကြပါတယ် ။
ဒီလိုနဲ့ နှစ်တွေတစ်ဖြည်းဖြည်းကြာတော့ ငယ်ငယ်က တွဲခဲ့ ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေက အနေအထား အမျိုးမျိုးတွေကြောင့် တစ်ဖြည်းဖြည်းဝေးကွာလာခဲ့ကြတယ် ။ အရင်က တစ်ပတ်ကို တစ်ခါလောက်ဆုံဖြစ်နေရာကအခုတော့ တစ်ပတ်တစ်ခါတောင် ဖုန်းဆက်ပြီး
စကားပြောဖို့တောင် အနိုင်နိုင်ဖြစ်လာကြတယ် ။ အရင်တုန်းက သူငယ်ချင်းတွေ အချင်းချင်း ခံစားချက်တွေဝေမျှကြတယ် တစ်ယောက်ရဲ့
ကောင်းချင်းဆိုးချင်းတွေကို တစ်ယောက်က နားလည်ပေးပြီး ခင်မင်တွယ်တာခဲ့ကြတယ် ။ဒါပေမယ့် အခုချိန်မှာတော့ ခင်မင်မူခံစားချက်တွေက
မပြောင်းလဲခဲ့ပင်မယ့် စိတ်ချင်းကတော့ ဝေးနေခဲ့ကြတယ် ။ အရင်လို တွေ့ဆုံဖို့ဆိုတာကလည်း ကိုယ်ဆီဖြတ်သန်းနေကြရတဲ့ ဘဝနေ့ရက်တွေကြားမှာ ပျောက်ကွယ်သွားခဲ့ကြတယ် အရင်လို ရင်းနှီးစွာနေခဲ့ကြတဲ့ နေ့ရက်တွေလည်း
တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာခဲ့ကြတယ် ။ ဒီကြားထဲ ဟိုးအဝေးတစ်နေရာရောက်သွားတဲ့ သူငယ်ချင်းတွေရှိသလို ဖြတ်သန်းခဲ့ရတဲ့
နေ့ရက်တွေကြားထဲမှာ အရင်လို မဟုတ်ဘဲ ပြောင်းလဲသွားခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ လောကကြီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ နူတ်ဆက်လက်ပြသွားခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ကြတယ် ။

ဒါပေမယ့် သူငယ်ချင်းဆိုတာ ………….

သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခင်နေယုံတင်မဟုတ်ဘဲ တစ်ယောက်ခံစားချက်တစ်ယောက် ဝေမျှကြရင်း
တစ်ယောက်ရဲ့ စိတ်အားငယ်မူတွေကို တစ်ယောက်က ဖေးမရင်း တစ်ယောက်ရဲ့ ကြိုးစားမူကို တစ်ယောက်က အားပေးရင်း
ဘဝဇာတ်ဆရာရဲ့ လိုသလို ကြိုးကိုင်မူတွေကြား တစ်ယောက်လက်ကို တစ်ယောက်မြဲမြဲ ဆုပ်ကိုင်းရင်း ဘေးနားက
ရှိနေပေးမယ်သူလို့ထင်တယ် ……….

(ဒီအောက်ဆုံး “ဒါပေမယ့် သူငယ်ချင်းဆိုတာ ….” စာပိုဒ်လေးက မနိုင်းနိုင်းစနေ ရေးထားတာလို့ ထင်တာပဲ သိပ်မမှတ်မိတော့လို့ မှတ်မိသလောက်လေး ရေးထားတာပါ )

[ နွယ်ပင်မှာ သူငယ်ချင်းပေါင်းများစွာရှိပါတယ်။ အပြင်မှာ ရင်းနှီးခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေရော မဆုံဖူးကြသေးတဲ့ သူငယ်ချင်းတွေအတွက်ရော ဒီစာစုလေးကို ရေးဖြစ်ပါတယ် ….. ]

17 comments

  • windtalker

    January 10, 2012 at 1:15 pm

    အဟမ်း
    တစ်ခါတုန်းကပေါ့
    ကျွန်ုပ်တွင် ထူးဆန်းသော သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးလေသတည်း ။ သူ သည် အမ ဖြစ်သည် ။ ( အထီး မဟုတ် )
    ထူးဆန်းသော ဟု ဆိုရသည်မှာ သူမ နှင့် တွေ ့ဆုံဖူးသော လူမှန်သမျှ ၊( တိရစ္ဆာန် များတော့ ဘယ်လို နေမလဲ မသိ ) နောက်တစ်ကြိမ် ထပ်မတွေ ့ချင်ကြခြင်းကြောင့် ၊ ထိုမျှ အစွမ်းထက်သဖြင့် ထူးဆန်းသည် ဟု ခေါ်ဆိုရခြင်းဖြစ်သည် ။ ထိုသူ များသည် သူမ အသံ ကြားသည်နှင့် သူမ ရှိရာနေရာ ကို ရှောင်ဖယ်သွားကြသည် ။ ထိုသူများသည် သူမ အရိပ်အယောင်မြင်သည် နှင့် ရှောင်ကုန်ကြသည် ။
    ကျွန်ုပ်တစ်ယောက်သာ သူမ ကို ပေးဆပ်စရာ ဝဋ်ကြွေးပါလေသဖြင့် အောင့်အီးသည်းခံ နေခဲ့ရလေသတည်း ။
    တစ်နေ ့တွင်မူ
    သူမ အတွက် ဖိတ်စာတစ်စောင်ရလေသတည်း ။ ထိုဖိတ်စာကို ဖိတ်ကြားသူ ၏ အမှာကို လည်း ကြည့်ပါလေ ။ အကျွေးအမွေး ပြုမည် ဖြစ်ကြောင်း ၊ တစ်ကမ္ဘာလုံးတွင် ရှိသမျှ ကောင်းပေ့ ဆိုသည့် အစားအသောက်များ ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ကြောင်း ဖိတ်စာတွင် ဖော်ပြထားသည် ဖြစ်ရာ ၊ သူမ က ဝမ်းသာအားရဖြင့် ၊ သူမ နှင့် အတူ ထိုပွဲကို လိုက်ရန် ကျွန်ုပ် ကို လာရောက် ခေါ်ဆိုလေသည် ။
    ထိုအချိန်တွင် အလုပ်ကိစ္စများနှင့် အလွန်ရှုပ်နေသော ကျွန်ုပ်သည် သူမ နှင့် မလိုက်နိုင်ခဲ့ပေ ။
    ထိုတွင် သူမ ကံဆိုးသွားရတော့လေသည် ။
    အဘယ်ကြောင့်နည်း ဟု ဆိုသော် ၊ ထိုပွဲတွင် တွေ ့ရာစားစရာ အငမ်းမရ ၊ ဇွန်း ခရင်း ဓါး ပင် မကိုင်ဘဲ လက်နှင့် အားရပါးရ ကြုံးတွယ်သော ၊ ယခင် ဘဝက စူဇကာ့အမေ တော်စပ်ခဲ့ဖူးသူ သူမ သည် စားပို ့နင့် ကာ ပွဲချင်းပြီး ရှောသွားလေသတည် း ။
    အကယ်၍ ကျွန်ုပ်သာ ထိုပွဲကို သူမနှင့် အတူ တက်ဖြစ်ခဲ့ပါက ၊ သူမ အဲဒီလို စားတာ ကို မြင်ရလျှင် ၊ အနောက်မှ နေ၍ ဇက်ပိုးကို နှစ်ချက်လောက် ပစ်ရိုက်ခြင်းဖြင့် တစ်မျိုး ၊ ဖင်ကို အနောက်မှ ပိတ်ကန်ခြင်းဖြင့် တစ်ဖုံ တားမိမှာ အသေအချာ ပင် ဖြစ်သောကြောင့်ပင်တည်း ။
    ယခုမူ ၊ သူမ လဲ ရှောသွားပါပြီ ။
    အော်..ဘာရယ်တော့ မဟုတ်ပါဘူး ။
    မနွယ်ပင် ရဲ ့သူငယ်ချင်း ဆိုတာ ကို ဖတ်ရလို ့၊ သိခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက် အကြောင်း ကို ပြန်ပြောကြည့်တာဘာလေ ။

    Reply

    • နွယ်ပင်

      January 10, 2012 at 1:36 pm

      မောင်ပေရေ သူငယ်ချင်းထူးထူးဆန်းဆန်း တစ်ယောက် ရထားတော့လည်း
      အခုလိုမျိုးပြောပြလို့ရတာပေါ့ . သူက သူအလကားစားရသလို သူ့သူငယ်ချင်းကိုလည်း စားစေချင်လို့ခေါ်တာနေမှာပါလေ ။
      တစ်ခါတစ်လေတော့လည်း ဒါမျိုးလေးတွေကို နားလည်ပေးလိုက်ပါ …….. 🙂

      Reply

  • Moe Z

    January 10, 2012 at 1:25 pm

    မမနွယ်ပင်ရေ မိုးစက်ကလူမှုရေးညံ့လို့ သူငယ်ချင်းရှားတယ်
    ငယ်ငယ်ကတော့ သူငယ်ချင်းတွေကို အရမ်းခင်တွယ်ပေမယ့်
    ဖေဖေ့အလုပ်ကြောင့် ၂ နှစ်ကိုတစ်ခါလောက်ပြောင်းရတော့
    ပြောင်းတဲ့အခါတိုင်းငိုပွဲဆင်ရတာမောလာတယ်လေ ဒါနဲ့ပဲသူငယ်ချင်းတွေဆို သိပ်မခင်ရဲတော့သလိုဖြစ်လာတယ် အိမ်မှာပဲ တစ်ဦးတည်းသောအကိုနဲ့ သူငယ်ချင်းပေါင်းပေါင်းဖြစ်တော့တယ်
    ကြီးလာတော့လည်း အချိန်လုပြီးပြေးလွှားနေရတော့ သူငယ်ချင်းတွေအတွက် အချိန်မပေးနိုင်ပြန်ဘူး
    ဒါနဲ့ပဲ မိုးစက်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းက ရေကြည့်ရင် လက်တစ်ဖက်စာပဲရှိတော့တယ်

    Fate chooses your relations, you choose your friends! တဲ့ မိုးစက်အတွက်တော့မှန်တယ်

    Reply

    • E.T

      January 11, 2012 at 11:54 pm

      ဟုတ်တယ်၊ ဟုတ်တယ် ကိုကိုတီကို ခုထိအချိန်မပေးသေးဘူး 🙁

      Reply

  • နွယ်ပင်

    January 10, 2012 at 1:42 pm

    ကလေးဘဝမှာ ကိုယ်ခင်မင်တွယ်တာရတဲ့ သူတွေနဲ့ မကြာခဏခွဲခွာရတော့
    နောက်ပိုင်း ခင်မင်ရတာကို ကြောက်လာတယ်ထင်ပါရဲ့
    ဒါပေမယ့် မိုးစက်ရေ မန္တလေးဂေဇက်က စာပေမိတ်ဆွေ သူငယ်ချင်းတွေကတော့ မိုးစက်အတွက် လက်တစ်ဖက်စာမကတဲ့ သူငယ်ချင်းတွေဖြစ်လာမှာပါနော် …………… 🙂

    Reply

  • pooch

    January 10, 2012 at 3:29 pm

    သူငယ်ချင်းဆိုတာ အတူတူရယ်မောပေးတဲ့သူ အတူတူငိုပေးတဲ့သူ..

    Reply

  • hmee

    January 10, 2012 at 3:49 pm

    သူငယ်ချင်းကနေ ချစ်သူဖြစ် ပြီးတော့ ဘဝလက်တွဲဖော်ပါ ဖြစ်လာပါရော။ အဲ့တော့ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းကလည်း သူငယ်ချင်းဆိုတော့ တယောက်အကြောင်းတယောက်သိ အားမနာရဘူး။ အိမ်ထောင်ဘက်ဖြစ်လာတော့ အကြောင်းသိမို့ ညာလို့မရပြန်ဘူး။ သူငယ်ချင်းပွဲတွေဆို သူရောကိုယ်ပါ အတူတူသူငယ်ချင်းမို့ ဘယ်လောက် အဆင်ပြေလိုက်လဲ။ 🙂 သူငယ်ချင်းတွေ အများကြီးထဲကမှ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေနဲ့ ကတော့ အခုထိ အတွဲမပျက်ဘူး။ ပြောမနာ ဆိုမနာ ပြောကောင်းတုန်း။ 🙂

    Reply

  • manawphyulay

    January 10, 2012 at 3:51 pm

    FRIEND LIKE YOU

    bird fly high
    hard to catch
    friend like you
    hard to forget
    stars twinkle in the sky

    hard to take
    friend like you
    hard to hate
    i will die
    sea will dry

    friend like you
    i never say “GOOD BYE”

    forever your friend
    manaw

    Reply

  • bluerose

    January 10, 2012 at 4:06 pm

    သူငယ်ချင်းဆိုတာတယောက်ကိုတယောက်တကယ်နားလည်ခံစားပေးတဲ့သူ
    ကောင်းတာဆိုရင်အတူတူလုပ်ပြီးမကောင်းဘူးထင်ရင်လမ်းမှန်ကိုဆွဲတင်ပေးတဲ့သူက
    တကယ့်သူငယ်ချင်းကောင်းပါမပြောလည်းပဲခံစားချက်တွေကိုနားလည်ပေးတဲ့သူပါ

    Reply

  • naywoonni

    January 10, 2012 at 4:11 pm

    ဘာမှတော့ မဆိုင်ဘူး ကိုင်ဇာရဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းဆိုတဲ့ သီချင်းလေးကို သွားအမှတ်ရတယ်…။

    Reply

    • Moe Z

      January 10, 2012 at 4:35 pm

      သီချင်းနဲ့အတူ ငယ်သူငယ်ချင်းလေးရော မပါဘူးလား ဘဘနီရဲ့ 😀 😀

      Reply

  • yaungchikha

    January 10, 2012 at 4:16 pm

    မူလတန်းတုန်းက သူငယ်ချင်းတွေကတော့ ကွဲသွားတာပေါ့နော်၊ အလယ်တန်းကတည်းက တွဲလာတဲ့ သူငယ်ချင်း နှစ်ယောက်က ကျနော်နဲ့အခုထိ အတွဲမပျက်သေးဘူး၊ တစ်နေရာစီမှာ လုပ်ငန်းတာဝန်တွေ မတူပဲ ကွဲနေကြလည်း နှစ်တိုင်းတော့ ဆုံဖြစ်တယ်၊ သူငယ်ချင်းတွေဆုံတိုင်း ကိုယ့်အတွေ့အကြုံ၊ သူတို့ အတွေ့အကြုံတွေဖလှယ်ရင်း ပျော်စရာကောင်းတယ်၊ အလုပ်ထဲဝင်တော့လည်း အလုပ်ထဲက သူငယ်ချင်းတွေရတယ်၊ အခု မန်းဂဇက်ထဲဝင်တော့လည်း သူငယ်ချင်းတွေရတယ်………….. 🙂

    Reply

  • MaMa

    January 10, 2012 at 10:08 pm

    ငယ်ငယ်တုန်းကတော့ ကျောင်းပြောင်းလိုက်၊ အခန်းပြောင်းလိုက်နဲ့မို့ သူငယ်ချင်း မကြာခဏ ပြောင်းရတယ်။
    အဲဒါကြောင့်- တက္ကသိုလ်တူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေကို ပိုခင်တယ်။

    Reply

  • Khin Latt

    January 11, 2012 at 4:07 am

    ကျောင်းတုန်း က သူငယ်ချင်း တွေ နဲ့ ဘယ်လောက်ကြာကြာ ဘယ်လို ဝေးဝေး ပြန်တွေ့လိုက်တာနဲ့ ချက်ချင်းပြန်ငယ်သွားကြရော၊ အတိတ်က အကြောင်းတွေ ပြန်ပြောလို့ မကုန်နိုင်ပါ။
    အခုလည်း ဂေဇက် ဒီနေရာလေးက သူငယ်ချင်းသစ် တွေ ထပ်ပေးပြန်တယ်။
    သူငယ်ချင်း မိတ်ဆွေ ဆိုတာ မရှိမဖြစ် ပါဘဲ။ ဒီလို ရှိခြင်းဟာလဲ မင်္ဂလာတစ်ပါးပါဘဲ။
    ဒီရွာလေး မှာ ကျွန်မ ကို ခင်မင် ပေးတာ ကိုလဲကျေးဇူးပါ။ ကျွန်မ ကလဲ အားလုံး ကိုခင်ပါတယ်။
    ဒီလိုပြောခွင့်ရတဲ့ Post လေးအတွက် လဲ နွယ်ပင် ကို ကျေးဇူးတင်ပါတယ်။ 🙂
    ခင်မင်စွာဖြင့်

    Reply

  • E.T

    January 11, 2012 at 11:53 pm

    တားက သူငယ်ချင်းနဲ ့ ရည်းစားဆို သူငယ်ချင်းဘက်ကပဲနေတယ် 😀

    Reply

  • etone

    January 12, 2012 at 10:22 am

    အစ်မနွယ်ပင်ရေ .. ငယ်ငယ်လေးကနေ အ ခုအချိန်ထိ စိတ်ဓါတ်မျိုးစုံ စရိုက်မျိုးစုံ သူငယ်ချင်းတွေ တွေ့ခဲ့ဖူးပါတယ် … ။ တချို့သူငယ်ချင်းတွေက ခဏတာအတွက်ပါပဲ … စိတ်က နှစ်ပြီးခင်တဲ့သူငယ်ချင်းမျိုးရှားခဲ့တယ် …ငါသာရမှဆိုတဲ့ အတ္တတွေကိုယ်စီနဲ့ပေါ့နော် …. ။

    ကိုယ်ပေါင်းစိတ်ခွာ သူငယ်ချင်းတွေကြ ားထဲ … လေးတန်းနှစ်ကတည်းက အခုထိ ခင်တဲ့ ဆယ့်ငါးနှစ်ကျော်ခင်ခဲ့တဲ့…. သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ် …. သူ့မိဘအသိုင်းဝိုင်းအနေထားအရ … အနှိမ်ခံလေးလိုပဲ စိတ်ဓါတ်အင်အား မပြည့်ပဲ အမြဲလိုလို အားငယ်စိတ်ဝင်နေသူပေါ့ … ။ ဒါနဲ့ပဲ သူ့ဘဝကို စာနာမိပြီး တတ်နိုင်သမျှ ကူညီဖေးမရင်းနဲ့ အမြဲလိုလိုတွဲဖြစ်ခဲ့တယ် … ။

    လူ့စိတ်ဆိုတာ ခက်သားလားနော် … သူ့ဘဝကို စာနာမိလို့ … အတတ်နိုင်ဆုံး စိတ်ခွန်အားဖြည့်ပေးနေချိန်မှာ … မှတ်မှတ်ရရ … ကိုယ့်ကို မပြောပဲ တိတ်တဆိတ် စင်္ကာပူကို လစ်သွားခဲ့တယ် … ။ ဖုန်းတစ်ချက်တောင် မဆက်ခဲ့သလို ၊ အီးမေးလ်တစောင်တောင် မပို့ခဲ့ဘူး … ။
    စိတ်ဓါတ်ပျော့ပျော့လေးနဲ့ အဝေးနေရာမှာ အဆင်ပြေပါ့မလားလို့တွေးပြီး သတိရခဲ့ပေမယ့် … ထင်တာထက်ကို သူ့မသိစိတ်က ပြင်းထန်နေတယ် … ။ သူ့မသိစိတ်ထဲ … သူ့ထက် နှာတဖျားသာနေတဲ့ က ျွန်မကို … jealous ဖြစ်နေခဲ့ပါလားလို့ သိလိုက်ရတဲ့ အချိန် …. ကူညီပေးခဲ့တာတွေအတွက် ရင် နာခဲ့ရတယ် … ။

    နောက်ပိုင်းမှ သိလာတာကတော့ သူငယ်ချင်းဆိုတာ အသက်ငယ်တုန်းမှာတွေ့ရတဲ့ အတွေ့ကြုံလို့ပဲပေါ့ …
    မိတ်ဆွေတို့ ၊ အပေါင်းသင်းတို့ကမှသာ တူရာအုပ်စုဖွဲ့ပြီး စိတ်တူကိုယ်တူ လားရာတူသေးတယ် … ။ အရေးကြီးဆုံးကတော့ လိုက်ဖ် ပါတနာပါပဲ …. တသက်လုံးအတွက် ဟန်ချက်ညီညီ အတူဖြတ်သန်းမယ့်လူမျိုးဖြစ်သင့်တာပေါ့နော် … ။ 🙂

    Reply

    • နွယ်ပင်

      January 12, 2012 at 11:26 am

      etone ရေ အစ်မလည်း သူငယ်ချင်းခပ်များများ ရှိတဲ့သူဆိုတော့
      စိတ်ဓါတ်မျိုးစုံ စရိုက်မျိုးစုံ တွေ့ဖူးတယ် ။ ကိုယ့်အပေါ် အရမ်းကောင်းပြီး
      အနွံတာခံတက်တဲ့ သူငယ်ချင်းမျိုးတွေလည်းရှိသလို ကိုယ့်အပေါ် အမြဲတမ်း
      လက်တစ်လုံးခြားကြောရမှ ကျေနပ်တဲ့ သူမျိုးလည်းရှိတယ် … တစ်ခါကဆို
      ညီမလေးကို ကိုယ်က အရမ်းခင်ပြီး ချစ်ရတဲ့ ကောင်မလေးက နောက်ကွယ်မှာ
      ကိုယ်တွေရဲ့ မကောင်းကြောင်းတွေပြောပြီး jealous ဖြစ်နေခဲ့တာကို သိလိုက်ရတော့
      စိတ်ထဲ တော်တော်မကောင်းဖြစ်ခဲ့ရဘူးတယ် …

      Reply

Leave a Reply

Your email address will not be published.