အလုပ်သမားပတ်စ်ပို့ သက်တမ်း လေးနှစ်ပေး

ThuyazawJanuary 10, 20121min02

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သ မားများ ပတ်စ်ပို့သက်တမ်းကို လေးနှစ်ပေးမည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူကပြောသည်။

ယင်းကိစ္စကို ဒီဇင်ဘာ ၂၈ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဘုတ်အဖွဲ့အစည်းကျင်းပကာ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

” အလုပ်သမားတွေအပြင် သင်္ဘောသားအသစ်လျှောက်ထားသူတွေအတွက် သင်္ဘောသား ပတ်စ်ပို့တွေပါ မကြာမီထုတ်ပေးတော့မှာပါ။ အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ လျှောက်ထားရင် အမြန်ဆုံးဆောင် ရွက်ပေးမှာပါ” ဟု နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အိမ်နီးချင်းနိုင်ငံတွေမှာ ပတ်စ်ပို့လုပ်ထုံးလုပ်နည်းတွေဟာ ဘယ်လောက်ထိ မြန်မြန်ဆန်ဆန် လုပ်ပေးနေကြလဲ၊ ဘယ်လိုအစီအစဉ်တွေလုပ်ပြီး ဘယ်လောက်ထိ လွယ်ကူတယ်ဆိုတာ အတုယူဖို့လိုတယ်။ အခုလက်ရှိလဲ နိုင်ငံကူးလက်မှတ်စီစဉ်ဆောင်ရွက်ခြင်းကိစ္စတွေကို အတက်နိုင်ဆုံး မြန်ဆန်အောင် ဆောင်ရွက် ပေးပါတယ်” ဟု ဒီဇင်ဘာ ၁၉ ရက်က ရန်ကင်းအလုပ်သမားကျွမ်းကျင်ရေး သင်တန်းကျောင်းရှိ ဆွေးနွေးပွဲတစ် ခုတွင် ရဲမှူးကြီးဝင်းနိုင်ထွန်းက ပြောသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းမှာ သုံးနှစ်ဖြစ်ကာ အလည်အပတ်လျှောက်ရာတွင် သက်တမ်း ခြောက်လအနည်းဆုံးကျန်ရမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် တစ်နှစ်သက်တမ်း ကျန်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အလုပ်သမားပတ်စ်ပို့ သက်တမ်းကိစ္စကို ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သော အလုုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပအေဂျင်စီများတွေ့ ဆုံပွဲတွင် အလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းကို အကြံပြုဆွေးနွေးခဲ့သည်ဟု ပန်းသတင်းဂျာနယ် တွင်ဖော်ပြထားပါသည်။

2 comments

  • aungnng87

    January 10, 2012 at 12:23 pm

    ကောင်းပါတယ်။ အဖြေးဖြေးချင်းဖြေလျှော့လာတာပေါ့။ ၅နှစ်ဆိုပိုတောင်ကောင်းဦးမယ်။ ၅နှစ်မှတခါ သက်တမ်းတိုးခကုန်မှာပေါ့။အခုကျတော့၄နှစ်တခါသက်တမ်းတိုးခကုန်မှာပေါ့။

    Reply

  • nature

    January 10, 2012 at 2:37 pm

    ဒီဖြေလျှော့မှုတွေကတော့ အကျိုးတကယ်ရှိမယ်ထင်ပါတယ်။ ဒီဖြေလျှော့မှုတွေ နိုင်ငံခြားမှာ အလုပ်လုပ်တာတွေကို အခွန်မကောက်တာတွေဟာ နိုင်ငံသားတွေ အခြားနိုင်ငံမှာ နိုင်ငံသားခံယူမှု တွေကို အတိုင်းအတာတခုအထိတော့ လျှော့ကျစေမယ်လို့ထင်ပါတယ်။ တချို့နေရာတွေမှာဆို ခေါင်းစဉ်က ဖြေလျှော့မှု လုပ်တာက တင်းကြပ်မှုလေးတွေ ရှိတတ်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.