အလှူဆိုတာ….

manawphyulayJanuary 5, 20121min05

ဇင်္ဂမအလှူ

တိမ်တိုက်လို မတည်မြဲ မခိုင်ခံ့ ရွေ့လျားပြီးပျောက်ကွယ် မေ့လွယ်သော အလှူမျိုးကို ဇင်္ဂမအလှူဟု ခေါ်ကြပါသည်။ယခု
ခေတ် ပြုလုပ်နေကြသောအချို့အလှူများသည် ငွေကြေးများစွာ အကုန်အကျခံပြီး မဏ္ဍပ်ကြီးများ၊ ဇာတ်၊ ဆိုင်း၊ အငြိမ့် ပျော်ပွဲရွှင်ပွဲများဖြင့် ကြီး
ကြီးကျယ်ကျယ် လှူဒါန်းနေကြပါသည်။ ထိုအလှူမျိုးသည် ဇင်္ဂမအလှူမည်ပါသည်။
မိမ်အလှူဒါနကြောင့် သာသနာအတွက်ရော၊ မြို့ရွာရပ်ရွာအများသူငါအတွက်ပါ ရေရှည်အကျိုးကျေးဇူးမများသည်ကို တွေ့
မြင်ကြရပါသည်။ဂုဏ်ပကာသနတွေအတွက် ငွေကြေးအကုန်အကျများစွာ ခံနေမည့်အစား သာသနာနှင့်အများသူငါ ရေရှည်ချမ်းသာပွားမည့်
ထာဝရအလှူမျိုးကို လှူဒါန်းသင့်ကြပါသည်။

ထာဝရအလှူ

၁။ ငှက်ပျော၊ ပိန္နဲ၊ မာလကာ၊ သရက် စသည့်သီးစားသစ်ပင်များနှင့် စံပယ်နှင်းဆီ စသည့်အလှပန်းပင်များ စိုက်ပျိုး၍ ဥယျာဉ်တည်ခြင်း။
၂။ ကုကိ္ကုပင်၊ မန်ကျီးပင်၊ ညောင်ပင်စသည့် အရိပ်အာဝါသကောင်းသော အရိပ်ရသစ်ပင်ကြီးများကို လမ်းဘေးဝဲယာများ၌ စိုက်ပျိုးခြင်း။
၃။ ချောင်းတွေမြောင်းတွေနဲ့ ဆိုးရွားသည့် လမ်းတွေမှာ တံတားဆောက်ခြင်း၊ တံတားခင်းခြင်း၊ လမ်းပြင်လမ်းခင်းခြင်းများကို နေရာမရွေး ပြုလုပ်ခြင်း။
၄။ ကျောင်း၊ အဆောက်အဦး၊ ဇရပ်တန်ဆောင်းများကို ဆောက်လုပ်လှူဒါန်းခြင်း၊ အဟောင်းများကို ပြုပြင်ခြင်း။
၅။ ရေတွင်း ရေကန်များကို လှူဒါန်းခြင်း၊ အဟောင်းများကို ပြုပြင်လှူဒါန်းခြင်း။
၆။ ရေချမ်းစင်၊ ရေအိုးစင်များ တည်ဆောက်၍ လှူဒါန်းခြင်း။
အထက်ပါ အလှူ (၆) မျိုးသည် မိမ်ကုသိုလ်တရားများကို ယခု ပစ္စုပန်မှာသာမကဘဲ နောင်သံသရာအထိတိုးပွားစေသည့် စသော အလှူများ ဖြစ်ပါသည်။ ထာဝရအလှူများကို လှူဒါန်းခြင်းဖြင့် မိမိတို့၏ မြို့ရွာရပ်ကွက်များ၌ ရေတွင်းရေကန်များလာမည်။
လမ်းတွေကောင်းလာမည်။တံတားတေါ ကောင်းလာမည်။ ကျန်းမာရေး ပညာရေးတွေကအစ တိုးတက်လာမည်ဖြစ်ပါသည်။ အလှူရှင်များသည်လည်း မိမိထာဝရအလှူများကို မြင်တွေ့ရတိုင်း ငါတို့အလှူလုပ်တုန်ုးက သားလေးရှင်သာမဏေပြုတာကို အကြောင်းပြုပြီး ပြုလုပ်လှူဒါန်းခဲ့တာတွေကို အောက်မေ့ရ ကုသိုလ်တိုးပွားရပါသည်။ အများသူငါတွေ ချမ်းချမ်းသာသာ နေထိုင်သွားလာနေကြတာတွေကို တွေ့ရမြင်ရ ဝမ်းသာရ ပီတိ ဖြစ်ရ ကုသိုလ်တွေ တိုးပွားနေကြရပါသည်။

လောကီအမွေနှင့် လောကုတ္တရာအမွေ

လောကီအမွေသည် ပေးရတာ လွယ်သလို ယူရတာလည်း လွယ်ကူပါသည်။ မိဘဆွေမျိုးများက သားသမီးများကို ရွေငွေရတနာ စည်းစိမ်ဥစ္စာ လယ်မြျေားကို အမွေပေးသည့်အခါ အမွေခံယူသူက အသာကလေး လက်သင့်ခံလိုက်တာနှင့် အမွေများ ရရှိပါသည်။
အမွေခံယူသူများ ရုပ်ချောမှ ပညာတတ်မှ အရည်အချင်းရှိမှပေးကြသည် မဟုတ်ပါဘူး။ အမွေခံယူသူဘက်က ကြိုးစားအားထုတ်မှုမရှိပါဘဲ လောကီအမွေကို ရရှိကြပါသည်။
လောကုတ္တရာအမွေဖြစ်သည့် ဓမ္မအမွေကတော့ လောကိအမွေလို အလွယ်တကူ လက်ဆင့်ကမ်း အမွေပေးလို့ မရသလို ခံယူသူဘက်ကလည်း အလွယ်တကုယုလို့ မရနိုင်ပါဘူး။ မြတ်စွာဘုရားရှင်၏ ရှင်သာမဏေ ရဟန်းတော်တိုင်း သာသနာ့အမွေကို
မရရှိကြပါဘူး။ သင်စရာရှိတာကိုသင်၊ ကျင့်စရာရှိတာကို ကျင့်၊ သိစရာရှိသည်များကို သိပြီးမှ ဓမ္မအမွေကို ခံယူရရှိကြပါသည်။
မြတ်စွာဘုရားရှင်၏ တပည့် ညီဝမ်းကွဲလည်းဖြစ်၊ ယောက်ဖလည်းဖြစ်၊ ကိုယ်တိုင်လည်း ရှင်ရဟန်းဖြစ်သူ ရှင်ဒေဝဒတ်သည် အကျင့်နှင့် အသိလမ်းလွဲတော့ ဓမ္မအမွေကို ခံယူဖို့နေနေသာသာ အဝီစိငရဲတောင် ကျရောက်သွားရရှာပါသည်။

သာသနာ့အမွေ

မြတ်စွာဘုရားရှင်၏ သာသနာံအမွေကို ခံယူချင်သူများသည် ဓမ္မအမွေကို ခံယူနိုင်မှသာ သာသနာ့အမွေကို ရရှိမှာဖြစ်ပါသည်း သင်လည်းမသင်၊ ကျင့်လည်း မကျင့်၊ သိလည်း မသိပဲနှင့် တစ်ခဏပဲဝတ်ဝတ်၊ ထာဝရပဲဝတ်ဝတ် ရှင်ရဟန်းသာမဏေများသည် သာသနာ့အမွေကိုမရရှိပဲ အကုသိုလ်အမွေများကိုသာ ရရှိစေပါသည်။ သင်လည်းသင်၊ ကျင့်လည်းကျင့်၊ သိလည်းသိ၊ ဓမ္မအမွေ သာသနာ့အမွေကို ခံယူနိုင်သော ရှင်သာမဏေအဖြစ်ကျင့်ကြံပွားများ အားထုတ်နိုင်၍ သာသနာ့အမွေခံ စစ်စစ် ဖြစ်နိုင်ကြပါစေ။

5 comments

  • ငပေါက်ဖော်

    January 5, 2012 at 6:29 pm

    ပေးတဲ့ဆုနဲ ့ ပြည့်ပါစေ ချရာလေး..

    Reply

    • manawphyulay

      January 5, 2012 at 7:42 pm

      ချရာလေး ကျောတာ တေချာ နားထောင်သော အကျိူးအားကြောင့် ကုသိုလ်များ ဆတက်တိုးပွားများပါစေ…

      Reply

  • Thel Nu Aye

    January 5, 2012 at 9:31 pm

    ပေးတဲ့ဆုနဲ့တလုံးတဝထဲပြည့်ပရစေပါ။

    Reply

  • ကြောင်ကြီး

    January 6, 2012 at 11:04 am

    မလှူသင့်တဲ့ အလှူများ အကြောင်းလည်း ရေးပါအုံး….

    Reply

  • Zayar kyaw

    January 11, 2012 at 5:24 am

    မမ မနောဖြူ ရေးတဲ့ ဆောင်းပါး အတိုင်းဘဲ အလှူလုပ်တော့မယ်၊၊

    Reply

Leave a Reply to ငပေါက်ဖော် Cancel Reply

Your email address will not be published.