ကျိုက်မရောက ခရုံဂူ

weiweiJanuary 5, 20123min022
ဂူအပေါက်ဝ မြင်ကွင်း
မှိုပွင့်ကြီးလိုပဲ လှတယ်
ဂူအတွင်း မြင်ကွင်း
ဘုရားနဲ့ ကျောက်ဂူနဲ့ သပ္ပာယ်တယ်

ဂူထဲမှာ နတ်ရုပ်တွေတွေ့လို့ ရိုက်ခဲ့လိုက်တယ်
ဂူပေါက်ဝနား (တောင်ခြေ)
ခရုံဂူမှတ်တမ်း ကျောက်တိုင်
ကျောက်တောင်ပတ်ဝန်းကျင်ရှုခင်း
အတ္ထရံတံတား (ကားပေါ်မှရိုက်ချက်)
လမ်းအညွှန်းပါတဲ့ အဝိုင်းတစ်ခု
ထန်းပင်တွေ စီတန်းနေတဲ့ ကျိုက်မရောလမ်း

မော်လမြိုင်ဘက်ကို ၅ ကြိမ်လောက် သွားရောက်လည်ပတ်ဖူးပေမယ့် ခရုံဂူကို ယခုတစ်ခေါက်သွားမှ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်က townace ကားတစ်စီးကို ငှားပြီး နေရာအနှံ့အေးအေးဆေးဆေးလျှောက်လည်လို့ ရောက်ဖြစ်ခဲ့တာပါ။ ကျိုက်မရောမြို့နယ်အတွင်းမှာ တည်ရှိပြီး အတ္ထရံတံတားကို ဖြတ်ကျော်သွားရပါတယ်။ လမ်းခရီးတစ်လျှောက် ထန်းပင် ထန်းလက် ထန်းရွက်ညီညီ ကျိုက်မရောမြို့ကသာယာလှပေသည် ဆိုတဲ့ သီချင်းထဲကအတိုင်း အလွန်သာယာပါတယ်။ အေဒီ ၁ရ ရာစုလောက်ကထဲက တည်ရှိခဲ့တဲ့ ကျောက်ဂူဖြစ်ပြီး ၁၉၇၅ ခုနှစ်ကစပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားတယ်လို့ ကျောက်တိုင်မှာ ဖတ်လိုက်ရပါတယ်။ ဂူကြီးက တော်တော်ကြီးတယ်။ အထဲမှာ မြင့်ပြီး တော်တော်လေးမှောင်တယ်။ ဓါတ်မီးတွေ စုထိုးပြီးမှ နံရံကို မြင်ရပါတယ်။ သိပ်မှောင်လို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေဘူး။ ဂူကတစ်နေရာမှာ လမ်းပိတ်သွားတာကြောင့် သွားနိုင်တဲ့လမ်းကြောင်းသိပ်မရှည်ပါဘူး။ ဂူထိပ်ပိုင်းမှာ လင်းစွဲကောင်တွေနေကြလို့ အနံ့အသက်သိပ်မကောင်းဘူး။ တွဲလောင်းအိပ်နေတဲ့ လင်းဆွဲလေးတွေကို ဓါတ်ပုံရိုက်ကြည့်ပေမယ့် သိပ်မှောင်ပြီး ဝေးနေလို့ ဓါတ်ပုံထဲမှာ မမြင်ရတာနဲ့ မပြတော့ပါဘူး။ မော်လမြိုင်ဘက်ရောက်ရင် ခရုံဂူကို သွားရောက်လည်ပတ်ကြပါလို့ တိုက်တွန်းရင်း မှတ်တမ်းတင်အပ်ပါတယ် ….

22 comments

  • weiwei

    January 5, 2012 at 8:28 pm

    ကားပေါ်က ရိုက်တဲ့ဓါတ်ပုံတွေမှာ ကန့်လန့်ဖြတ်အစင်းတွေပါနေပါတယ် …. ကားနောက်ခန်းကနေ နောက်လှည့်ရိုက်လိုက်လို့ ကားမှန်က အစင်းကြောင်း ပါသွားခြင်းဖြစ်ပါတယ် …

    Reply

  • manawphyulay

    January 5, 2012 at 8:36 pm

    မမဝေ ကျိုက်မရောက ဘုရားကော ဝင်ဖူးခဲ့သေးလား။ သားတော်ရာဟုလာအမွေတောင်းနေပုံနဲ့ဘုရားလေ။ ပြီးတော့ မုဒုံက ဝင်းစိန်တောရက လျောင်းတော်မူဘုရားကြီးလည်း ဖူးချင်သေးတယ်။ ပုံတွေ ထပ်တင်ပေးပါဦးနော်…

    Reply

    • weiwei

      January 5, 2012 at 8:44 pm

      ကျိုက်မရောက ဆုတောင်းပြည့်ဘုရားကြီး၊ ဝင်းစိန်တောရ၊ ဖားအောက်တောရ၊ မြို့ပေါ်ကဘုရားတွေ အများကြီးရှိပါသေးတယ် …. တစ်နေ့ တစ်ခုလောက်တင်နိုင်အောင် ကြိုးစားနေပါတယ် ….

      Reply

  • KING

    January 5, 2012 at 8:57 pm

    မော်လမြိုင်သူလေးတွေ အလှပါ တင်ပေးပါ …. 😛
    (မှတ်ချက်။ မဝေမှလွဲ၍ ဤစာကို မည်သူမျှ မမြင်စေရ … ကိုရင်စည်သူရဲ့ အဆောင်အစွမ်းနဲ့ ရေးလိုက်သည်)
    😀 🙂 😛

    Reply

  • windtalker

    January 5, 2012 at 9:35 pm

    ဒီတစ်ခါ မော်လမြိုင်ရောက်ရင် သွားစရာလည်စရာ ဘုရားဖူးစရာ နေရာတစ်ခု ထပ်သိလိုက်ရဘီ

    Reply

  • memeseku

    January 5, 2012 at 9:41 pm

    ကျနော်တော့မဝေကိုအားကျတယ်ဗျာ….
    ကျနော်လဲခရီးသွားဝါသနာတော်တော်ထုံတာ…..
    ဒါပေမယ်……မဝေလောက်….စိတ်သွားတိုင်းကုုုုုိုယ်မပါနိုင်သေးဘူး……….
    မျှဝေပေးတာကိုကျေးဇူးတင်တယ်နော်……….
    ခင်တဲ.
    မီမီ 🙂 😀 😛

    Reply

  • koyinmaung

    January 5, 2012 at 9:51 pm

    ဓါတ်ပုံလေးတွေတင်ပေးတာကျေးဇူးဘဲဝေဝေရေ….

    Reply

  • MaMa

    January 5, 2012 at 10:04 pm

    ထန်းပင်တွေ စီတန်းနေတဲ့ ကျိုက်မရောလမ်းကို ဟိုးးး တုန်းက writing pad မျက်နှာဖုံးမှာ မြင်ဖူးတယ်။
    အဲဒီကတည်းက ကြည့်ပြီး အရမ်းကြိုက်ခဲ့တာ။
    အခု ဝေဝေ ရိုက်ပြတော့လည်း ဟိုးးး အရင် နှစ်ပေါင်းများစွာတုန်းကအတိုင်းပဲ …. 🙂

    Reply

    • Khin Latt

      January 6, 2012 at 5:20 am

      ဟုတ်တယ် မမရေ။ ကျွန်မ လဲ မြင်မြင်ခြင်း အဲဒါကို သတိရမိတယ်။
      ကျွန်မတို့ ပြည်ရဲ့ မပြောင်းလဲတဲ့ ရှူခင်း တွေထဲ မှာ အဲဒါလဲ ပါတယ် နော်။
      ဒါကို ဆက်ထိန်းသိမ်း ထားသင့်တယ် ထင်တာပါဘဲ။
      မဝေ ရေ – မွန်ပြည်နယ် အနှံ့ အစ်မတို့အားလုံး ကိုပါခေါ်သွားတာ ကျေးဇူးဘဲနော်။ 🙂

      Reply

  • သာမိညောင်

    January 5, 2012 at 10:11 pm

    ကျနော်လည်း လူတော် လူတတ်တစ်ယောက်တော့မဟုတ်ရပါဘူးဗျာ
    ထန်းပင်တွေနဲ့ပုံမှာ ကြည့်ခြင်းအားဖြင့်အဒေါ်ကြီးက
    တော်တော်ပိုက်ဆံများပုံရတယ်
    ဒါ
    ကားရပ်ပျီးမှ ရိုက်လို့ရတဲ့ပုံတွေလို့ ပြောခြင်ပါတယ်
    ခပ်TT သာပြောရတာ Dရွာထဲ Dာတ်ရိုက်ဓာတ်ဆင် ဆရာတွေကခပ်များများ
    Aကန်တ အဒေါ်ကြီး ကိုယ်ပိုင်ကား ရပ်ပျီး ဓာတ်ပုံ ရိုက်ပုံပေါ်ပါတယ်ခင်ဗျ
    လိုင်းကားစီးပျီး ရိုက်လို့ကတော့
    အလိုလေး အရပ်ဂဒို့
    စပိနဲ့ ရိုက်တဲ့ ဓာတ်ပုံ ဒီပုံ ရပါ့မလားဟရို့

    Reply

    • weiwei

      January 5, 2012 at 10:24 pm

      ကားပေါ်ကနေ ဓါတ်ပုံရိုက်လို့ရပါတယ် ….
      လျှပ်တစ်ပြက်ရိုက်ချက်များဆိုပြီး ပုံတွေအများကြီး တင်ခဲ့ဖူးပါတယ် ….
      ရိုးရိုးမီနီကင်မရာနဲ့ပါပဲ …
      အမြန်ရထားပေါ်ကနေတောင်မှ ရိုက်လို့ရပါတယ် …

      ဒီတစ်ခါ ခရီးသွားတာ လူနဲလို့ အထူးကားလို့ပြောတဲ့လိုင်းကားနဲ့ အသွားအပြန်လုပ်ပါတယ် … မော်လမြိုင်မှာ ကားတစ်စီးကို ၂ ရက် ငှားပြီး လျှောက်လည်ကြပါတယ် … ခရီးစဉ်အသေးစိတ်ကို မရေးတာကတော့ သာမန်ခရီးပဲဖြစ်လို့ပါ …

      Reply

  • ဦးဦးပါလေရာ

    January 5, 2012 at 10:58 pm

    ခရုံဆိုတာတော့ မွန်စကားပဲဖြစ်မယ်
    ဒီဂူရှိမှန်း အခုမှကြားဖူးတော့တယ်။
    ရောက်ဖြစ်တဲ့အခါ ဝင်ကြည့်စရာတခုတိုးသွားပြီ။

    Reply

  • ကြောင်ကြီး

    January 6, 2012 at 11:19 am

    မွန်ပြည်နယ်မှာ ဒူးရင်းသီးထွက်တယ်။ ဒူးရင်းခြံတွေဖက် မရောက်ခဲ့ဘူးလား…

    Reply

    • weiwei

      January 6, 2012 at 11:46 am

      ကျွဲကောခြံတွေကို လမ်းဘေးမှာတွေ့ခဲ့ပေမယ့် ဒူးရင်းခြံတွေကို သတိမထားမိခဲ့ဘူး …
      ဒူးရင်းသီးဆိုလို့ သတိရမိတယ် …
      ယိုးဒယားဒူးရင်းသီးကို သန်လျင်မှာ တစ်ခါစမ်းစိုက်ကြည့်ဖူးတယ် …. ၂ လုံးသီးတယ် … အရသာလဲကောင်းတယ် … ဒါပေမယ့် တစ်ခါသီးပြီးကထဲက အပင်က သေသွားတယ် … မနှစ်က တစ်ပင်ထပ်စိုက်ထားတယ် … အပင်တော့ကြီးလာပြီ .. အသီးမသီးသေးဘူး …

      Reply

  • blackchaw

    January 6, 2012 at 11:30 am

    သူတပါးအားကျအောင်
    ခရီးသွားသော အန်တီဝေအား
    ကျွန်ုပ်ဘလက်မှ မနာလို ဖြစ်သွားပါကြောင်း။

    Reply

    • weiwei

      January 6, 2012 at 11:49 am

      ကျွန်မ သိပ်မသွားနိုင်တော့ပါဘူး … အခုတစ်ခေါက်တောင် ဧည့်သည်လာလို့ မအားတဲ့ကြားက လိုက်ပို့ပေးရင်း ရွာထဲမှာပြန်ပြနိုင်အောင် ဓါတ်ပုံသေချာရိုက်ခဲ့လိုက်တာ …

      Reply

  • etone

    January 6, 2012 at 3:42 pm

    မဝေရေ … ခရုံဂူဆိုတာ တစ်ခါမှတောင် မကြားခဲ့ဖူးဘူး .. အခုမှပဲ ရှိတာသိရတော့တယ် ။
    ဓါတ်ပုံတွေ အတွက်တော့ ကျေးဇူးပါနော် မရောက်ဖူးတဲ့နေရာတွေတွေ့ရတဲ့အတွက်ပါ ။

    Reply

  • ဆူး

    January 6, 2012 at 4:59 pm

    ဆူး အဲဒီ နေရာ ရောက်ဖူးတယ် ထင်တယ် မော်လမြိုင် ဘက်ကို သွားတုန်းက ရောက်ခဲ့တယ်လို့ ထင်တာပဲ.. နှစ်တွေ ကြာတော့ စိတ်ထဲမှာ နာမည်တွေ နေရာဒေသတွေ မေ့နေတာ ဖြစ်မယ်.. အခုထိ စိတ်ထဲမှာ ဂူနဲ့ အဲဒီ ဘုရားတွေ မှတ်ဉာဏ်ထဲမှာ ရှိနေပေမဲ့ ဘယ်နေရာက ပုံရိပ်လည်း စဉ်းစားလို့ မရ ဖြစ်နေတာ အခု အမ တင်တဲ့ ပုံတွေနဲ့ စာတွေ ကြည့်လိုက်တော့ ဆူး ရောက်ဖူးလို့ မှတ်ဉာဏ်ထဲမှာ ရှိပြီး ဘယ်ကမှန်း မသိတဲ့ ပုံရိပ်က ဒီနေရာ ပါလား ဆိုတာ သိလိုက်တယ်။ ကျေးဇူးပဲနော်။

    Reply

  • New User

    January 6, 2012 at 10:02 pm

    နာတို့နားမှာပဲ….. ဒီပုံတွေ အင်တာနက်ပေါ်ရောက်တယ်ဟ….

    Reply

    • New User

      January 6, 2012 at 10:13 pm

      တော်တော်တောကျနေပြီထင်နေတာ ဒီနေရာကို ရောက်ဖူးတဲ့သူလဲ ရှိသေးသကိုး…..

      Reply

  • yaungchikha

    January 10, 2012 at 4:55 pm

    မမဝေ…… ကျနော် မော်လမြိုင်၊ ကျိုက်ခမှီ၊ စက်စဲဘက်ကိုရောက်ခဲ့ပေမယ့် ခရုံဂူနဲ့ မုဒုံကန်ကိုတော့ မရောက်ခဲ့ရဘူး၊ ထန်းပင်တွေတန်းစီနေတဲ့ ကျိုက်မရောလမ်းတော့ ဖြတ်ခဲ့တယ်၊ အရမ်းသဘောကျတယ်၊ နောက်တစ်ခါ မော်လမြိုင်ရောက်ရင် ကျနော်လည်း အဲ့ဒီနေရာတွေ သွားလည်ရဦးမယ်၊ အခုလို တင်ပေးလို့ကျေးဇူးပါနော်……. 🙂

    Reply

  • thit min

    January 10, 2012 at 5:39 pm

    မဝေဝေရေ
    ဒီမော်လမြိုင်ပို့စ်တွေလောက် ကျနော်ကော်မန့်ရေးဘို့ ချီတုံချတုံဖြစ်ရတာမရှိဘူးဗျာ။
    သံဖြူဇရပ်၊မုဒုံ၊မော်လမြိုင်တွေဟာ ကျနော့ဘဝရဲ့ တကဲ့အတိတ်မြင်ကွင်းကျယ်တွေပါဘဲ။
    စက်စဲကမ်းခြေ၊ ကျိုက်ခမီကရေညှိသုတ်၊ အာကွန်ပငဆိုတဲ့ ပငရွာလေး၊သံဖြူဇရပ်ရထားလမ်း၊
    သံဖြူဇရပ်တရားရုံးရှေ့က ကြက်သွေးဟင်း၊ ဝါဂရီယူရွာ၊ဆရာ(ဒေါက်တာ)မင်းတင်မွန်ရဲ့ဇာတိ
    မုဒုံကတံခွန်တိုင်ရွာ၊မုဒုံစိုက်ပျိုးရေးခြံ၊ရှာဖွေရေးခေတ်၊ယိုးဒယားဒူးရင်းမျိုးကိုသယ်ပြီးစိုက်ခိုင်းခဲ့တဲ့
    ပျားဂေဟာမျက်မှန်ကြီး ဦးတင်ဦး၊မော်လမြိုင် တက္ကသိုလ်ကဆရာတက္ကသိုလ် ဘုန်းနိုင်၊
    ပင်ကြွေဒူးရင်းသီးကိုဂုံနီအိပ်နဲ့ဆွဲခြင်း၊တောင်ဝိုင်းကဘုရားတွေ၊ပြီးတော့ ကျနော်ညနေပိုင်းထမင်း
    စားပြီးရင်အိမ်ရှေ့ထွက်ထိုင်တိုင်းတွေ့ရတဲ့ ဦးဇိနဘုရား၊မော်နမြိုင်တောင်ပေါ်တန်းနဲ့အဲဒီကအလှူ
    တခု၊မော်လမြိုင်ကမ်းနားလမ်းကရုပ်ရှင်မင်းသားဇော်လင်း၊ခင်သီတာထွန်းတို့အကြောင်းတွေ၊
    ၂၈ အိမ်ကွမ်းယာလို့ခေါ်တဲ့ လူတန်းရှည်ကြီးနဲ့တန်းစီရတဲ့ကွမ်းယာဆိုင်၊ ကော်ဇောနီခင်းထားတဲ့
    ကတ်စတန်ရုံး၊မော်လမြိုင်သည်ကတ်စတန်သင်ချိုင်းဆိုတဲ့စကား၊ မြေအောက်လှိုင်ခေါင်းတူးပြီး ဖောက်
    ထွင်းခံလိုက်ရတဲ့ မော်လမြိုင်(အစိုးရပိုင်)မြန်မာ့စီးပွါးရေးဘဏ်၊မော်လမြိုင်ခေါင်းဆေးကျွန်း ဟာဗျာ
    ဆက်ပြီးတွေးမိလိုက်တာ ကော်မန့်ရေးမယ်ကြံတိုင်းအတွေးနောက် ပါ ၊ ပါသွားတယ်မဝေဝေရေ့။
    အလွန်လှပတဲ့ ဓာတ်ပုံလေးတွေနဲ့ ခရီးသွားဆောင်းပါးအရေးကောင်းတဲ့ မဝေဝေဆိုတော့ ပိုဆိုးတာပေါ့။
    ကျနော် အတိတ်ကိုရောက်သွားရတယ်။
    တော်တော်ကိုပြည့်ပြည့်စုံစုံရေးနိုင်တာကိုလည်းချီးကျူးပါတယ်ဗျာ။
    ခင်မင်စွာ
    မောင်သစ်မင်း

    Reply

Leave a Reply to thit min Cancel Reply

Your email address will not be published.