နက်ဖြန် ဆံပင်ညှပ်မည်…

ムラカミJanuary 3, 20121min033

ကျနော် ဆံပင် အရမ်းရှည်နေပြီ ….

 

မှတ်မှတ်ရရ ၂၀၁၁ တနှစ်လုံးတွင် အရှေ့ကျွန်း တွင် ၁ခါ …

အလည်ပြန်တုန်း ရန်ကုန်မှာ တခါ …၂ခါတိတိ သာ ဆံပင်ညှပ်ဖူးလေ၏ ။

 

ညှပ်လိုက်တိုင်း …ရဲဘော်သစ် ကေများသာ …သို့သော် အချိန်တန်လျင် …ပင်လယ်ဓါးပြကေ ပြန်ပြန်ဖြစ်လာ၏။

 

ကျနော် က မာလ်ဒီနီ ကို အလွန် သဘောကျသူဖြစ်သည် …ထိုနည်းတူစွာ …ဟွမ် …(အင်္ဂလိပ် အသံထွက် ကောင်းလွန်းသူများ ဂျူအန် လို့ဖတ်သည်)

ပါဘလို အိုင်းမား ကို လွန်စွာလေးစား၏  …ဖရန်စစ် ဒူဂါရီ ကို အလွန်သဘောကျပြီး .. နူနို ဂိုးမက်စ် သည် ကျနော့် ငယ်ဘဝ စံပြ ကစားသမားများ ဖြစ်ခဲ့လေ၏..

ထို့ကြောင့် ကျနော်သည် အမြဲတမ်းနီးပါး ဆံပင်ရှည်၏ ။

 

ကိုကမ်းကြီးတို့လို ဆံပင်အရှည် မထားစေကာမူ …အီတာလျံ/ အာဂျင်တိုင်း ဘောသမားများ ကဲ့သို့ နှဖူးစီး ဂုတ်ထောက်ဆံပင် ထား၏ ။

ကိုကြောင်ဝတုတ်ပြောသလို ကျနော်သည် ရော်ဘတ်တို ဘာဂျီယို …(အင်္ဂလိပ်များ ဘက်ဂီယို ဟု ဖတ်၏)ကို လွန်စွာနှစ်သက်ဖူးပါသည်…

အလည်တန်းကျောင်းသားဘဝက … ဒွေး ကေ ခေတ်စားချိန်တွင် ဒွေးကေညှပ်ပြီး မြင်းမြီးထားဖူးသည်အထိ ရူးသွပ်၏။

ရော်ဘတ်တို ဘာဂျီယို ကို လေးစားအားကျပြီး ..စတိုင်လိုက် တုသူသည် …ပြင်သစ်ခံစစ်ကစားသမားလေး..(ယခုတော့ မငယ်တော့ )

ဖိလစ်ပီ မက်ဆက် ဟု ဖတ်ဖူး၏ ..(အင်း ဂလိများ ဖစ်လစ် မက်ဆက် ဟု ခေါ်၏။) … သို့သော် သူ့ဆံပင် ရွှေရောင်သည် ဘာဂျီယိုနှင့် မတူလှ…

 

သည်ဆံပင်ပုံစံကို …ပီပို(အင်ဇာဂီ) လည်း ထားဖူး၏ .. ဘိုဘို(ဗီအဲရီ) လည်း ကြိုးစားခဲ့ဖူး၏ ။ ဒိုကြီးဟု လူသိများသော ..

ရော်နယ်ဒို လူးဝစ်စ် နာဇာယီရို ၏ ဘဝဝယ် လက်တွဲအညီခဲ့ဆုံးသော တိုက်စစ်မှူး …(သူ့အပြော ..) လူးစ်စင်ဒရီကေ …(အင်္ဂလိများ ..လူးဝစ်စ်..

အင်းနရစ်ခ် ဟုဖတ်၏) လည်း ကြိုးစားခဲ့ဖူးပါသည် …မန်ဒီယက်တာ ဟုခေါ်သော … ဇားဗီး ဟာနန်ဒက်စ်၏ နောင်တော် လည်း ထား၏ ….

ယနေ့ခေတ် ရားမိုစ့် နှင့် ဂိုးပေါက်ရှာမတွေ့သော တောရက်စ် လည်း ထား၏ ။ ယနေ့တိုင် ကြံ့ခိုင်မှုပြည့်ဝပါက ..ပုံမှန်ခြေစွမ်းထိန်းနိုင်ဆဲ

ပါရမီရှင် ပညာရှိ အဖိုးအို နက်စတာ လည်း ထား၏။ ဘယ်သူတွေဘယ်လောက်ကောင်းကောင်း …ဒါမှ ပြီးပြည့်စုံတဲ့ ကွင်းလည်ကစားသမားကွ

ဟု လွန်ခဲ့သော နှစ်အနည်းငယ်က ကျနော် ဂုဏ်ယူဖူးသော ပီယာလိုကြီးလည်း ထား၏။ အရှေ့ကျွန်း အသည်းကျော် နာကာမူရာလည်း ထိုကေနှင့်…

 

 

ကျနော် အလွန်နှစ်သက်သော ဆံပင်ပုံဖြစ်ပါသည်။ သို့သော် နက်ဖြန် ညှပ်တော့မည် … ဆံပင်မညှပ်ခင် …အမှတ်တရ ပုံရိုက်ဖို့ စိတ်ကူးမိသည်…

ကျနော် ကင်မလာ ဆွဲပြီး မှန်ရှေ့လာ၏။ ကိုယ်ပိုင်မော်ဒယ် အပိုင်ရှိသော ဒါ့ပုံဆြာများ ကို ကျနော် မုန်းမိ၏။

အဘယ်ကြောင့်ဆိုသော်..ကျနော် မပိုင်သောကြောင့်ဖြစ်သည် … ကျနော့် ..အသိုင်းအဝိုင်းက ကျနော့်ကို နာစ္စစ်ဆမ် ဖြစ်နေသယောင်ပြောသည်.

တခါတခါ ကွယ်ရာ ..တခါတခါ ပေါ်တင် သမ သည် ။ ကျနော် သည်းခံပါသည် …..အဘယ်ကြောင့်ဆိုသော် ၂၀၁၁ တွင် ကျနော်

self-portrait ရိုက်တာ များ၏။ မတတ်နိုင် …တကောင်ထဲသမား ကျနော့်အဖို့ ပေါ့ထလိပ် စမ်းချင်လျင် …ကိုယ့်ကိုကိုယ်က လွဲလျင်

မည်သူမျှ မရှိ ။ ဘယ်အပေါင်းအသင်းမှလည်း ကျနော့် မထော်မနန်းတွေကို စိတ်ရှည် သည်းခံ ကိုယ်ဟန်ပြပေးလိမ့်မည်မဟုတ်ပါ…..

 

 

ထို့ကြောင့် ကျနော် tri-pod ဝယ်၏။ ဒါ့ပုံနှင့်ပတ်သတ်လျင် …ကျနော့်မှာ အကျင့်ကောင်းလေး တစ်ခုရှိပါသည်

(ကိုယ့်ကိုကိုယ် ပင့် ခြင်း မဟုတ်ပါ…) ကျနော်60s အောက် ရောက်တဲ့ speed တွေမှာကိုပင် …လက်ငြိမ်အောင် ကြိုးစားရိုက်ပါသည်…

ထို့အတူ ကျနော် manual focus အသုံးများ၏ ။ macro လျော့ရိုက်နေခြင်းမှာ မြန်မြန် မကန်းချင်သေးလို့ ပင်ဖြစ်သည်….။

(စကားချပ်-ထိုသို့ မျက်စိ အားကိုးတတ်စေရန် နည်းပေးသော သူငယ်ချင်း-စီနီယာ-ဆြာ လူလူ အား ကျေးကျေးပါ)

 

ခုတော့ ကျနော် ဆံပင်ညှပ်ရတော့မည် …၅ရက်နေ့ ရုံးတက်သည့်အခါ …ပင်လယ်ဓါးမြပုံနှင့် မသွားချင်ပါ …..

မညှပ်ခင် သည်ည မအိပ်ဖြစ်မယ့် အတူတူ အမှတ်တရပုံ၁ပုံ ရိုက်ဖြစ်ပါသည် ။

ကျနော်သည် B/W ရိုက်လေ့ မရှိပါ ..သည်၁ပုံတော့ B/W ဆော်လိုက်မိပါသည်။

lighting သည် tricky part ဖြစ်ပြီး ထို သင်ခန်းစာကို ကျနော် ကျေညက်အောင် လိုက်စားရဦးမည် ဖြစ်ပါသည်…

အခြား setting တွေကတော့ သိပ် ထူးမခြားနားဖြစ်ပါသည်….

 

လက်ဖက်ရည်ချို milk-tea ထိုင်သောက်ပြီး မိုးလင်းမှာကို စောင့်ရင်း …အရက်မမူးပါဘဲ ..အူကြောင်ကြောင်ရေးတင်လိုက်မိသော ပိုစ့် တခုကို ..

အချိန်ပေး ဖတ်ရှုပေးသောကြောင့် စာဖတ်သူအား ..ကျေးဇူးတင်ပါ၏။

 

ဟီး …ကိုယ့်ဟာကိုယ် အပျင်းတစ်ပီး ဆဲမယ့်လူမရှိတိုင်း ဆံပင်မညှပ်တာ ဘောသမားတွေ ဆွဲထည့်ရတယ်လို့ …..ခစ်ခစ်…

 

 

အင်ဇာဂီ …၃ရက် ၁လ ..၂၀၁၂ .. ခေတ္တ အရှေ့ကျွန်း…

 

 

 

P.S သေချာပါသည် …နက်ဖြန် ဆံပင်ညှပ်မည်…

 

စာကြွင်း… – စကားမစပ် …ရေးလက်စ စာမူအချို့သည် ဟိုဘက်အိမ်ပို့လိုက်သော့ ဟာ့ဒစ်စ်ထဲတွင် ပိတ်မိနေပြီး

ပြန်လည်း မရေးချင် …မရေးရလည်း မနေနိုင်ဖြစ်နေသဖြင့် အိမ်အဟောင်း မှာ အင်တာနက်သုံးရင်း ပေါက်ပန်းလေးဆယ် လေးတွေ

ရေးမိနေပါသည်…:P ရှေ့အပါတ်တွင်တော့ ဖားသက်ပြင်း၏ မားကတ်တင်းပိုစ့်များ ပြန်တင်ပါဦးမည်ခင်ဗျား….

 

 

33 comments

  • comegyi

    January 3, 2012 at 5:08 am

    မှန်ဘီလူးပေါက်ထဲကနေ……….
    ကဘာဂျီးကို ချောင်းကြည့်နေတဲ့……..
    ဒါ့ပုံဆြာရယ်………
    ဆံပင်ရှည်ထားရတာ မကောင်းပါဘူးဗျာ
    နေရာဒဂါ………ဖားလျား …….ဖားလျားနဲ့……
    ဒီတော့ ဆံပင် ကိတ်မှာဖျင့်လည်း
    သုတ်သုတ်ကိတ်လိုက်တော့…….
    ဖင့်လေးမနေနဲ့ဒေါ့……..

    Reply

  • Khin Latt

    January 3, 2012 at 5:15 am

    ဆံပင် စည်း တဲ့ စတိုင် ထားကြည့်ပါလား။
    မဟုတ် ရင်လဲ အစ်မတော် လက်ထဲက ဓား နဲ့ “ဆံပင်များကို” ဖြတ်ပေးမည်။ 🙂

    Reply

  • kai

    January 3, 2012 at 7:14 am

    စတိုင်ဆန်းသွားအောင်.. ကတုံးတုံးလိုက်ပါလားဟင်င်င်..။ 😆

    Reply

  • MaMa

    January 3, 2012 at 7:37 am

    တစ်နှစ်လုံးမှ ၂ခါပဲညှပ်တာတောင် ဆံပင်က ဒီလောက်ပဲ ရှည်တယ်ဆိုတော့ ဆံပင်ရှည်တာ တော်တော်နှေးတယ် ပြောရမယ်။
    တချို့နိုင်ငံတွေမှာ ဆံပင်ညှပ်ခ အတော်ဈေးကြီးလို့ အကောင်းဖက်ကတွေးရင်တော့ ဆံပင်ညှပ်ခ သက်သာတာပေ့ါ။
    (ဂျာပွန်မှာ ဆံပင်ညှပ်ခ ဈေးကြီးလားတော့မသိ)

    Reply

    • kai

      January 3, 2012 at 7:48 am

      (သာမန်အားဖြင့်)နိပွန်-တိုကျိုက.. ယောကျင်္ားတွေကိုဆံပင်ညှပ်ရင်..မျက်နှာက.. အမွေးအမျှင်တွေပါ.. အကုန်ရိပ်ပေးတယ်..။ (အခုထိလုပ်နေသလား.. ဂီဂီပြောပါဦး)
      ဆိုတော့…
      မျက်နှာအမွှေးထူလာပြီး.. တရုတ်တွေနဲ့.. အနေအထားပုံစံ ကွဲသွားတာပေါ့…။
      နိပွန်လူငယ်တွေ.. အမွှေးနုလေးတွေကြောင့်.. မျက်နှာစိမ်းစိမ်းဖြစ်နေတာတွေက.. အဲဒါကြောင့်ပါပါတယ်..။

      ကလေးတွေမွေးရင်လည်း..ကလေးငယ်ကို.. အာခေါင်ကနေ.. နှာခေါင်းရိုးကိုဖိပြီး..နှာတံထင်းအောင် လုပ်ပေးတဲ့..ဆရာဝန်တွေသီးသန့်ရှိတယ်..။
      ကြီးလာရင်.. ခွဲစိတ်ပေးတဲ့.. ဆရာဝန်သီးသန့်ရှိတယ်..။

      လူမျိုးဇာတိကို.. သဘာဝအတိုင်းပစ်မထားပဲ.. စံနစ်တကျ.. ပြုပြင်ချင်းအတွက်… ဗဟုသုတပါ…။ 🙂

      Reply

      • inz@ghi

        January 5, 2012 at 6:41 pm

        ညှပ်ခဲ့ပြီ သဂျီးရေ့ ..၁ရက်နောက်ကျသွားတယ် …..မအားလို့ ….
        မရိတ်ပေးဘာဘူးဂျာ ….ယန်း၁၀၀ဝ တန် လမ်းဘေးဆိုင်မို့လို့လားတော့မသိဘူး…
        ရိတ်ပေးလည်း …မခံချင်ဘာဘူး..

        ကိုယ့်ဟာကိုယ် ဆုတောင်းမကောင်းလို့ ရှမ်းကုလား ရုပ်ပေါက်နေတာ …
        အဲ့ဒါ မျက်နှာပေါ်သည့်ထက် အမွေးအမြင်ထူလာရင် …မျောက်ဖြစ်တော့မယ် …ဟီး …

        မအားလပ်တာတွေ …စိတ်ညစ်တာတွေကို ညှပ်ထုတ်ပစ်လိုက်သလို ….
        refresh ပြုလုပ်ပီးစီးပါကြောင်း….
        ထုံးစံအတိုင်း ရွာထဲ လှည့်ပတ်သောင်းကျန်းဦးမယ် ဆိုတဲ့အကြောင်း ……
        ဒူ ..ဟူ..ဟူ…ဟူ….

        Reply

  • memeseku

    January 3, 2012 at 7:55 am

    အော်…….ချောတော့လဲ…..ကိုယ်.ဒါ့ပုံကိုတင်နိုင်တာပေါ.လေ……….
    ဆံပင်ရှည်ကပိုလိုက်မယ်ထင်တယ်….
    လှထှာ…..

    Reply

  • မှော်ဆရာ

    January 3, 2012 at 8:04 am

    BW တောင်မရိုက်ဖြစ်တာ ကြာပေါ့ ..
    ၃ ရက် ၁ လ ၂၀၁၂ ဆိုရင် ဆိုင်းမှာ ဘာလို့ ၂၁၁၁ လို့တပ်တုန်း …
    စရိုက်တဲ့ နှစ်မို့လို့ အမှတ်တရ ထားတာလား …

    Reply

  • kotun winlatt

    January 3, 2012 at 9:09 am

    ဪ….ဂီဂီရယ်…
    ဆံပင်ညှပ်မှာများးကြေငြာနေရသေးးးတယ်…
    ဟွင့်…လူဇိုးးးးးး

    Reply

  • ငပေါက်ဖော်

    January 3, 2012 at 9:39 am

    ညှပ်ပေးရမလား
    ကွိကျိ..ကွိကျိ..ဗျိ..ဗျိ

    Reply

    • Moe Z

      January 3, 2012 at 10:37 am

      မာမီပေါက်ရဲ့ အရည်အချင်းဂို ပြလိုက်စမ်းဘာ 😀

      Reply

      • ငပေါက်ဖော်

        January 3, 2012 at 10:54 am

        ဗျိ.ဗျိ..ဗျိ..(သင်တုန်းဓါးနဲ ့ ရိတ်သံ)
        😆

        Reply

    • char too lan

      January 6, 2012 at 9:54 am

      ဘာလဲ ?? ဆံပင်သာကုန်သွားမယ် ပညာမကုန်သေးပါဘူးဆိုတဲ့
      မာမီဖော်ဖော် လား :mrgreen:

      Reply

      • ငပေါက်ဖော်

        January 6, 2012 at 10:07 am

        ဆံပင် ကုန်မှတော့ ပညာလဲ ကုန်သင့်ပါဘီကွယ်
        ခြေသလုံးမွှေးရိတ်ပြီး ပညာပြရဦးမှာလား..
        လုပ်ပါနဲ ့..မာမီချက်လယ်…မီမီချက်ချက်

        Reply

  • water-melon

    January 3, 2012 at 10:35 am

    ကိုဇာဂိက မျက်ခုံးမွှေးက ကောင်းတော့
    ဆံပင်ရှည်လည်းမိုက်ပါတယ်
    ကျွန်တော်တောင် ဆံပင်ရှည်ထားပြီး ကိုရီးယားမင်းသားပုံစံညပ်မလို့ 😀

    Reply

  • nozomi

    January 3, 2012 at 11:03 am

    ကျွန်တော်တွေ့ဘူးတဲ့ ရွာသားထဲမတော့ ကိုရင်စည် နဲ့ ဂီဂီ က အချောဆုံးဘဲ ဗျ
    တကယ်က နှစ်ယောက်သား တခြားအလုပ် မလုပ်ပဲ မင်းသားလုပ်ရမှာ
    လုပ်ဖြစ်ရင် ဒီရွာလဲ ပိုနာမည်ကြီးသွားနိုင်တယ်

    အားလုံးကတော့ စာရေးကောင်းကြပါတယ်
    သီးခြားအနေနဲ့ ရွာထဲမှာ အဆိုကျော်ကတစ်ဦး (ကိုဘလက်)
    မင်းသားကနှစ်ယောက် ရှိနေတာပဲ ဒါတောင် ကျွန်တော့်သိသလောက်ပြောရတာနော်
    တခြားရွာသားတွေမှာ စွမ်းတာတွေ အများကြီး ရှိဦးမယ်
    သူကြီးဆို စွယ်စုံရလို့ ကြားဖူးတာပဲ

    Reply

  • blackchaw

    January 3, 2012 at 12:13 pm

    အီမန်နြူရယ် ပတစ်ကေ ကျတော့
    ဘာကေခေါ်မလဲ ဗျ။
    အလက်ဇန္ဒား မျိုးမင်းထွန်းတို့
    ဖီလစ်ပီ ကျော်ကိုကိုတို့
    ဖီဒယ်လ် ရန်ပိုင်တို့
    အဲလက်စ် ခင်မောင်ထွန်းတို့ ကေတွေ အကြောင်းကျတော့ မပါဘူး။ လူဆိုး။

    Reply

  • awra-cho

    January 3, 2012 at 12:16 pm

    အော်… ကိုယ့်ကို မမြင် ဘူးလို့ပါ၊ ချော သမှ ငါးရှဉ့် ရုံးပတီ သီးကျွေး ပြီး ဆီ သုတ် ထားတာ၊

    Reply

  • TTNU

    January 3, 2012 at 1:49 pm

    မောင်ဂီ
    ဆရာစံ့ကေထားပါလားဟယ်။
    မင်းကရဲတိုက်နဲ့တူတယ်။
    ဆံပင်တိုရင် လိုက်မှာမဟုတ်ဘူးထင်တယ်။

    ဖားသက်ပြင်းကလည်းမင်းပဲလား။
    ငါခေါင်းတွေမူးလာပြီမောင်ဂီ။

    Reply

  • ကိုရင်စည်သူ

    January 3, 2012 at 2:17 pm

    ဂီ့ဂီ့ကို ဖြိုးဖြိုးက ညှပ်ပေးချင်တယ်တဲ့
    ကင်မလာတွေ ကြားထဲက မျက်ဝန်ကြီးကို
    သဘောကျလို့တဲ့ဗျာ…
    ဖားသက်ပြင်းလေ… ပြေးနဲ့လေ… ညှဲညှဲ.. 😛 😛 😛

    Reply

  • manawphyulay

    January 3, 2012 at 4:39 pm

    မညှပ်ပဲ အရှည်ထားပါလား ဂီဂီရဲ့ မြန်မာပြည်ပြန်လာရင် ဆံပင်တွေ ဈေးကောင်းပေးဝယ်နေတာ ဒီရောက်မှ ဖြတ်လိုက်ပြီး ရွာသူရွာသားတွေကို မုန့်ဝယ်ကျွေးတော့ ပိုပြီး ကုသိုလ်ရတာပေါ့ မဟုတ်ဘူးလား….

    Reply

  • နွယ်ပင်

    January 3, 2012 at 4:55 pm

    ဂီဂီတို့ကတော့ ဆံပင်ညှပ်မယ်ဆိုပြီး
    ကြော်ငြာဝင်သွားပြန်ပြီ 😛 😀 🙂

    Reply

  • windtalker

    January 3, 2012 at 9:20 pm

    အမှန် က နယူးရီးယားညတုန်း က အဲ့ ဆံရှည်တွေ နဲ ့ဗယုတ်ကျခဲ့လို ့
    အခုမှ နောင်ရေးအတွက် တွေးကြောက်ပြီး ၊ ရုပ်ဖျက်တော့မည် ဆိုတဲ့အကြောင်း ရယ်ပါလေ
    ဂျပွန်က ခေးမလေးတွေ ရေ ၊ စိတ်ပူလိုက်တာနော
    ဟိုက တွေ ့ကရာ ပြောင်းနဲ ့ရိုက်တဲ့လူ ဟ ၊ ကင်မလာ ပြောင်း နဲ ့ပြောပါဒယ်

    Reply

  • KING

    January 3, 2012 at 9:23 pm

    ဒါလည်း မာကတ်တင်းပဲလားမသိ …. 😛

    Reply

  • favourite

    January 5, 2012 at 2:07 pm

    ချစ်ချာလေး ချစ်ချာလေးတော့ အာဟိ

    ဂီကြီး တို့ကတော့ မားကားတင်းမျိုးစုံတတ်ပါ့ ခစ်ခစ်

    Reply

  • padonmar

    January 5, 2012 at 10:20 pm

    ဂီဂီ
    နာမည်လည်းမှန်အောင်ခေါ်တတ်ပါပြီ၊
    ကျားမှန်းမမှန်းလည်းသိပါပြီ။
    အမည်သညာမှတ်စရာတွေများမှန်းလည်းသိပါပြီ၊
    မျက်နှာများမများတော့ မသိသေးပါ။ 😀

    Reply

  • Khaing Khaing

    February 28, 2012 at 4:34 pm

    သနားလိုက်တာ ရိုက်စရာလူမရှိလို့ ကိုယ့်ပုံကိုယ်ရိုက်ရတယ်လို့ ဂီရယ် ငှဲ ငှဲ အဲဒါလည်း သူ့ကိုယ်သူကြော်ငြာနေတာ လေ…

    ဂီ ဓာတ်ပုံရိုက်တာ လည်းတော်တယ်နော်…အမြဲအားပေးနေမယ်…

    ခင်တဲ့
    မမခိုင်

    Reply

  • twotwo70

    February 28, 2012 at 7:09 pm

    ဂီရေ….ဂိန်

    Reply

  • သူရဇော်

    February 29, 2012 at 10:38 am

    ဪ ဂီတစ်ယောက်ကတော့ ဆံပင်ညှပ်တာတောင် သူကြီးစီက ပွိုင့်တွေ ရအောင်ယူသေးသကိုးဗျ…….. ဂျိမ်းဘုန်းကြီးရေ ကတုံးလေးနဲ့ပိုလိုက်တယ်………..ပီးရင် မျက်ခုံးမွှေးလေးပါရိတ်လာခဲ့နော်……..ပိုလှသွားတယ်…………
    ခင်တဲ့
    သူရဇော်

    Reply

  • kyeemite

    February 29, 2012 at 11:09 am

    ရဲဘော်မောင်ဂီလိမ်နေသည်…ရွာထဲကလူတွေသတိထားဗျို့…
    မာကက်တင်းသမားဆိုတာ..ဂျပိုး ကို လိတ်ဖြစ်အောင်လည်းပြောတတ်ကြပါလေသည်…
    တော်ပါတော့ ဂီဂီ…ဂီ..(အသံနေအသံထားဖြင့်ဖတ်ရန်)

    Reply

  • ကြောင်ကြီး

    February 29, 2012 at 12:06 pm

    နင်က ရှမ်းကုလား ဆိုလို့ ရှမ်းနဲ့ကုလားသွေးစပ်တဲ့ မဒီတပါး တွေ့ဖူးတယ်….အာယိုယို…ချောမှချော..ဂွတ်ဒ်ရှယ်ပဲ…ဂလု…။ 😮

    Reply

  • Rose Minn

    February 29, 2012 at 2:39 pm

    ယလဲ့ ! မောင်ဂီလဲ ရုပ်ထွက်ကောင်းတယ်။ ကင်မရာသမားလို့မပြောရဘူး။ အနောက်တိုင်းရုပ်ပေါက်နေတာပဲ။

    Reply

Leave a Reply to comegyi Cancel Reply

Your email address will not be published.