နောက်တက်မည့်အရှေ့တောင်အာရှကျားတကောင်

three colorsJanuary 2, 20121min02

မကြာမှီက မြန်မာနိုင်ငံထက်တိုးတက်မှူနောက်ကျသေးသည်ဟုဆိုသော ကမ္ဘောဒီးယားသို့ တိုး ကုမ္ပဏီတခုနဲ့ ခရီးသွားခဲ့သည်။

တွေ့သမျှကို မိမိနိုင်ငံနဲ့ ယှဉ်ကြည့်မိသည်၊(ဓါတ်ပုံကိုတော့ post မလုပ်တတ်သေးပါ)

ပထမ ရောက်ရောက်ချင်း ဖုန်းကဒ် ဝယ်ရသည်၊ ချောချောမောမော ရောက်ကြောင်း အိမ်ကို အကြောင်းကြားချင်၍ဖြစ်သည်။

SIM CARD အတွက် ၃ ဒေါ ်လာပေးရသည်၊အစားစား ရှိသည်၊ အများဆုံးက ၁ဝ ဒေါ ်လာဖြစ်သည်။မြန်မာငွေနဲ့ဆို၂၄၀ဝ ကျပ် မှ ၈၀၀ဝ ကျပ် ပဲရှိသည်၊

မြန်မာပြည်မှာ ယခင်က ၁၅သိန်း၊ ယခု ၅သိန်း ပင်များ လွန်း နေသေးသည်။မြန်မာပြည်ကို လွန်ခဲ့တဲ့ ၅ နှစ်က လာသော နိုင်ငံခြားသား တဦးကလဲ ဈေးကြီးလွန်းကြောင်းပြောဘူးသည်၊

ဆီရမ်ရိဖ် မှာ Angkor Holiday မှာတည်းရသည်၊ညဖက် လူ ၃၀၀-၄၀ဝ ဆန့် ဘူဖေး စားသည့် ခန်းမကြီးမှာ တိုးရစ်စ် တွေ အပြည့်။ တိုး လုပ်ငန်းမှ ဝင်ငွေ သောက်သောက်လဲ ရနေသည်၊အန်းကောဝပ်လိုပင် ဒီမှာ ပုဂံ ရှိသည်၊ဘာလို့ မလာကြပါလိမ့်၊အော်–sanction ရှိတာကိုး၊(အခုတော့ နဲနဲ များသည်ဟုကြားရသည်)

ဇုံကြေး ၂ဝ ဒေါ ်လာပေးရသည်။

နာမည်ရှိ အမေရိကန်၊ဂျပန် ကုမ္ပဏီ ဆိုင်းဘုတ်များ၊show room များလဲ တွေ့ရသည်၊(KFC ဆိုင်၊ဟွန်ဒါ၊မစ်ဆူဘီရှီ စသဖြင့်)

ဒေါ ်လာကို အဲဒီမှာ လူတိုင်းကိုင်နေကြသည်၊ဒီမှာ လို ကိုင်ဆောင်ခွင့်၊အထောက်အထား လိုဟန်မတူ၊

အေတီအမ် စက်များလဲ တော်တော်များများတွေ့သည်၊ ဒီမှာလဲ စသုံးနေပါပြီ။

ကားလမ်းများလဲ ကောင်းသည်၊အချို့လမ်းများကို ဂျပန်က ခင်းပေးတာ လို့ တိုးဂိုက် ကပြောသည်၊ကားများကလဲ အသစ်များပဲ တွေ့သည်၊

မြန်မာပြည်မှာ လို ချက်ကြီးကားများ မမြင်ခဲ့ပါ၊

အဆောက်အဦများလဲ ခေတ်မှီကြသည်၊ယခင် ၁ဝ နှစ်က ဒီ ဆီရမ်ရိဖ်နေရာမှာ ဘာမှ ဟုတ်တိပတ်တိ မရှိဟု သိရသည်။

အချုပ်ဆိုရရင် ကမ္ဘောဒီးယားရဲ့အနာဂါတ် ဟာ ထွန်းတောက်စပြုနေ ပေပြီ။ကျွန်တော်တို့နိုင်ငံ ရော ဘယ် တော့လဲ၊အားမလို အားမရ ဖြစ်မိသည်။

 

 

2 comments

  • မကြာတော့ပါဘူး. သုံးရောင်ခြယ်ရေ။ဖြစ်လာမှာပါ။ဒါပေမယ့်…………ရွှေပြည်တော်မျှော်တိုင်းဝေးးးးးး

    Reply

  • ဆူး

    January 3, 2012 at 12:59 pm

    ဖုန်းကဒ်ကတော့ ပထမ ၅ဒေါ်လာဖိုး ဝယ်လိုက်ပြီး ရန်ကုန်ကို ဖုန်းဆက်တာ မအားတာနဲ့ ဆက်မရတာနဲ့ ပိုက်ဆံ နည်းလို့လား မသိဘူး ဆိုပြိး ၁ဝဖိုး ထပ်ဝယ်လိုက်တယ်။ အဲဒီမှာ ဆက်လိုက်ရတာ ပြောလိုက်ရတာ အမုန်းပဲ.. တမျိုးလုံး ဦးနှောက်ထဲမှာ ရှိတဲ့ ဖုန်းနံပါတ်တွေနဲ့ သူငယ်ချင်း ဖုန်းနံပါတ်တွေ အကုန်ပဲ.. တော်တော် ပြောယူရတယ်။ နိုင်ငံကူးနေတာ ဆိုတော့.. တဖက်နိုင်ငံရောက်ရင် ဆက်မရတော့မှာ စိုးလို့ အကုန်ပြောတာ မော သွားတာပဲ။

    Reply

Leave a Reply

Your email address will not be published.