အိမ်သာခွက်ထဲမှာလည်း မင်းမျက်နှာကို မတွေ့ခဲ့ရပါလား အချစ်ရယ်

yannaingechMay 29, 20101min02

ဆာဗာဒေါင်းနေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းမျက်နှာကို မတွေ့နိုင်တော့ဘူး

ပရောက်ဇီကျွသွားပြီချစ်သူ။ အင်တာနက်ထဲမှာ မင်းအပြုံးတွေ မချိုနိုင်တော့ဘူး

လိုင်းကျပ်နေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းအလှတွေ မလှပတော့ဘူး

ကွန်နက်ရှင်တိုင်းမ်အောက်နေပြီချစ်သူ။  ဗွီဇက်အိုမှာ မင်းစကားတွေ မချိုမြိန်တော့ဘူး

အစက်ဆ်ဒီနိုင်းပါချစ်သူ။ တို့ချစ်ခြင်းတွေ ရှေ့မဆက်နိုင်တော့ဘူး

မင်းလိပ်စာကို ရီထရိဗ် မလုပ်တော့ဘူးချစ်သူ။ တို့ချစ်ခြင်းတွေ လမ်းပျောက်ခဲ့ပြီ

ဒီလိုနဲ့ဒို့ဝေးခဲ့ကြပြီ…

ဪ…အင်တာနက်ထဲမှာလည်း မင်းမျက်နှာကို မတွေ့ခဲ့ရပါလား အချစ်ရယ်

2 comments

  • myominkhine

    May 29, 2010 at 4:18 pm

    so good ,Yangon က connection က သူငယ်ချင်းပြောသလိုဖြစ်နေတယ်

    Reply

  • zaylay

    June 10, 2010 at 6:00 am

    what mean. i don’t understand. explain me/

    Reply

Leave a Reply

Your email address will not be published.