ဗုဒ္ဓမြတ်စွယ်တော်တရုတ်သို့ ပြန်လည်ပင့်ဆောင်အလှူငွေ နှင့် ရတနာများပေးအပ်လှူဒါန်း

chityimhtooDecember 31, 20111min010

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှစတုတ္တအကြိမ်ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော်သည် မန္တလေးမြို့ မဟာအတုလဝေယံ(အတုမရှိ)ကျောင်းမှာ ၁၆ရက်ယာယီအပူဇော်ခံပြီးဒီဇင်ဘာ
၂၄ရက်နံနက် ရနာရီ တွင် မန္တလေးလေဆိပ်မှတရုတ်လေကြောင်းအထူးလေယဉ်ဖြင့် ပြန်လည်ပင့်ဆောင်သွားပါသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အားရည်စူး
လှူတန်းသောအလှူငွေနှင့်လက်ဝတ်ရတနာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွယ်တော်တိုက်ဆရာတော် အားလွှဲပြောင်းပေးအပ်ခဲ့သည်။ လှူဒါန်းမှူ့အစုစုမှာ
အမေရိကန်ဒေါ်လာ 39သိန်း နှစ်သောင်းကျော်၊
နိုင်ငံတကာသုံးငွေ ကြေး၆၂မျိုး ၊
ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၈၂၆၁၆၂ဝ တန်ဖိုးရှိရွှေထည်
စိန်ထည် ပတ္တမြားထည်နှင့်အဖိုးတန်ရတနာများ၊ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၆၉၅၉၂၉၈ဝ တန်ဖိုးရှိမိုးကုတ်ကျောင်များ
ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀ဝ တန်ဖိုးရှိ စကျင်ကျောက်ဘုရားဆင်းတုတော်၊
ရတနာပန်းပင်၊ရတနာပန်းအိုး၊ သလင်းစိန်ဖူးတော် အဲဗားဝင်းနားကုမ္ပဏီမှလှူဒါန်းသော စွယ်တော်ကျောင်းတိုက် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ပူဇော်ရန်တန်ဖိုးငွေ ယူရို၃သန်းတန် အလေး
ချိန် ၈၄၅ကီလိုရှိ ကျောက်စိမ်းအရိုင်းတစ်တုံး၊ကျော်စိမ်းပလ္လင်ထုလုပ်ပူဇော်ရန် ယူရို ၂သိန်းတန် အလေးချိန် ကီလို ၂၇၀ဝရှိကျော်စိမ်းတစ်တုံး၊ ကျောင်းဆောင်ဆောက်လုပ်မှူ့ကုန်
ကျငွေနှင့် ဆင်းတုတော်ထုလုပ်မှူ့ကုန်ကျငွေမားအား လွှဲပြောင်းပေးအပ်လှူဒါန်း ခဲ့ကြောင်း Favorite news journal ယနေ့နံနက်မှာဖတ်ရှူ့လိုက်ရပါတယ်။
ခုလိုမြန်မာတစ်ပြည်လုံးက စေတနာအပြည့်နဲ့ လှူတန်းတာတွေကို တရုတ်လက်ထဲပေးလိုက်ရတာ တစ်မျိုးကြီးဘဲဗျာ ။ ခုလှူတန်းငွေတွေရဲ့ ၁ဝပုံ ၁ပုံလောက်ဘဲ
မီးဘေးသင့် တဲ့ လူတွေကို ပြန်လည်လှူတန်းခဲ့ရင် တော်တော် အကျိုးရှိမှာဘဲဗျာ။

10 comments

  • Burmese or Chinese

    December 31, 2011 at 10:23 am

    သာဓု……….သာဓု………….သာဓု…………….

    Reply

  • memeseku

    December 31, 2011 at 11:00 am

    လှူတန်းသူများကိုချီးကျူးပါတယ်…… .လေးလဲလေးစားတယ်… ဒါပေမယ်.အဲ.ဒီငွေရဲ.၁ဝပုံ၁ပုံလောက်သာ…… တိုင်းပြည်ပညာရေး….. ကျန်းမာရေအတွက်လှူလိုက်မယ်ဆိုရင်ဖြင့်… ရန်ကုန်ပတ်ဝန်းကျင်မိုင်၃ဝလောက်ပဲကြည်.ကြပါဗျာ….။
    အင်းသိပ်တော့လဲ မပြောရဲဘူးဗျ။တော်ကြာနေ… 🙁

    Reply

  • htoosan

    December 31, 2011 at 1:34 pm

    US 11 million လောက်ရှိမယ်။

    Reply

  • memeseku

    December 31, 2011 at 2:25 pm

    ၁၁ မီလီယမ်ဆို……မနည်းဘူးပဲ………ကျန်းမာရေးဌာနကိုလှူပါလားကွယ်တို.
    🙁 🙁

    Reply

  • kai

    December 31, 2011 at 3:30 pm

    မြန်မာတွေ အလှူအတန်းမလုပ်တတ်ဘူး..။
    ငွေကြေး… တိုင်းပြည်ရဲ့..အရင်းအမြစ်တွေ ဘယ်နေရာမှာ.. ဘယ်လိုသုံးစွဲရမယ်.. မသိကြဘူး..။
    ဂေါတမဗုဒ္ဓဘုရားရှင်ကို မမြင်ကြသေးဘူးယူဆစရာဖြစ်နေပါတယ်..။
    “ဓမ္မကို မြင်သောသူသည် ငါဘုရားကို မြင်၏”.တဲ့..။

    ဒါတွေဖြစ်တာဟာ..စံနစ်ကြောင့်မဟုတ်ဘူး..။ နိုင်ငံရေးစံနစ်ကြောင့်မဟုတ်ပါဘူး..။ 👿

    ဆိုတော့..။ ဓလေ့အကျင့်တွေ.. ပြင်လို့ရပါတယ်.။
    နိုင်ငံရေးနဲ့ ပြင်လိုက်လို့ရတယ်..။

    ဘာသာရေးအလှူငွေတွေကို ကြီးလေးတဲ့အမြတ်ခွန်ကောက်ခံတဲ့ စံနစ်ပြဌာန်းသင့်နေပြီထင်မိပါတယ်..။

    တို့တိုင်းပြည်

    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်

    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်

    မစားလေရ ဝမ်းမဝ၍
    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

    -ဆရာဇော်ဂျီ

    Reply

    • ကြောင်ကြီး

      December 31, 2011 at 8:17 pm

      နိုင်ငံရေးစနစ်ကြောင့် အများဂျီးပါတာပေါ့ဓဂျီးရယ်။ အရင်အခေါက်တွေတုန်းက လှူသမျှတွေအားလုံး မြန်မာပြည်ကို ပြန်ပေးခဲ့တယ် မှတ်တယ်။ ဒီတခေါက်တော့ တရုတ်ပြည်တနေရာမှာ စေတီတဆူတည်မလို့ဆိုလားပဲ သတင်းထဲ ဖတ်လိုက်ရတယ်။ အခုလို အလှူငွေပြည်ပကို သယ်သွားဖို့ဆိုတာ ကြိုတင်သဘောတူညီချက်မရှိဘဲ လုပ်လို့ဘယ်ရမလဲ။ ပိုက်ဆံတွေမြင်မှ တရုတ်ဘုန်းကြီးတွေ စိတ်ပြောင်းသွားတာ မဖြစ်နိုင်ဘူး။ အစိုးရက အလှူငွေတွေကို တရုတ်ပြည်သယ်သွားမယ်၊ ဘယ်မှာသုံးမယ်ဆိုတဲ့အကြောင်း ပြည်သူကို မီဒီယာကတဆင့် ကြိုတင်အသိပေးရမှာပေါ့။ ဒါကို မသိကျိုးကျွံပြုထားတာ စနစ်ကြောင့်လား မြန်မာတွေရဲ့ စရိုက်ကြောင့်လား။ သဂျီးအခုလို အင်တာနက်မှာ ဆိုက်ထောင်ပြီး ဘဂျီးနွားကျောင်းနေနိုင်တာ စနစ်ကြောင့်လား၊ သဂျီးကိုယ်တိုင်က အဖမ်းခံရရင် ခံရပါစေဆိုပြီး စွန့်လုပ်နေတာလား။
      နောက်တခုရှိတာ သိပ်ဟိုးလေးတကျာ် မဖြစ်ဘဲနဲ့ အလှူငွေတွေ ဒီလောက်များများ ရသွားတာ မြန်မာပြည်တွင်းက တရုတ်သူဌေးတွေရဲ့ ပိုက်ဆံအများကြီး ပါမယ်ထင်တယ်။ သူတို့က သိသိနဲ့လှူလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တရုတ်ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေက တဖက်လှည့်နဲ့ လှူလိုက်သလား။ မြန်မာအစိုးရဖက်က ဘာသံမှ ထွက်မလာတာ နည်းနည်းထူးဆန်းတယ်။ တရုတ်ပြည်မှာ ဘာသာရေးနဲ့ပတ်သက်လာရင် အလှူခံလို့ သိပ်လွယ်ပုံ မပေါ်သေးဘူး။ အများပြည်သူဆီက အလှူငွေနဲ့ တသီးပုဂ္ဂလအလှူငွေ ခွဲဖော်ပြပေးနိုင်ရင် ပိုရှင်းမယ်။ အခုပုံစံအရတော့ အများပြည်သူအလှူငွေလို့ပဲ ယူဆရမလို ဖြစ်နေပြီ။

      Reply

    • susunosuki

      December 31, 2011 at 8:33 pm

      ခုလိုမီးမောင်းထိုးပြတာ ကျေးဇူးတင်ပါတယ်ဗျာ။ လှူတာတန်းတာ ပိတ်ပင်ပြန်ရင်လည်း အများနဲ့ ထိပ်တိုက်တွေ့တော့မှာ။ နိုင်ငံရေးနဲ့ ထိန်းထိန်း ပညာပေးပြီး ထိန်းထိန်း တစ်ခုခုတော့ လုပ်သင့်နေပါပြီ။

      Reply

  • inz@ghi

    December 31, 2011 at 8:40 pm

    ကျုပ် သဂျီးကို ရဲရဲတောက် ထောက်ခံတယ် ……

    မှန်တာပြောမယ်နော …နာဂစ်ပီးတော့ ..ရွှေတိဂုံဘုရားမှာ
    ဘုရားကြံ့ခိုင်ရေး …မွမ်းမံရေးဆိုလားဗျာ ..အဲ့သည့်မှာ ..ကျုပ် အိမ်က
    ရွှေပြား နှစ်တိုင်းလှူဖူးတော့ …သည်နှစ်မှာအထက်ထိတက်ပြီး(ယောက်ျားသားဆို) ကိုယ်တိုင် မူလီ
    တက်စုပ်ခွင့်ပေးမတဲ့ဗျာ…သွားတာပေါ့ဗျာ ….ပါဝင်ဆင်နွှဲတာပေါ့…

    ကျနော် ဂုဏ်ယူဝမ်းမြောက်စွာ မူလီ တက်စုပ်ခဲ့သပေါ့ …
    ကြာမှောက်ကြာလှန်လည်းတွေ့ရ ….စိန်ဖူးနားထိလည်း ဝါးနဲ့ဆင်ထားတဲ့ ငြမ်းတွေနင်းပြီး..
    သွားခဲ့ရ …. ပီတိဖြစ်လိုက်တာဗျာ … ကိုယ့်လောက် ကုသိုလ်ထူးတဲ့လူ ရှားတယ်ဆိုပြီး …
    ကိုယ့်လို ..အကြောင်းအခွင့်တိုက်ဆိုင်သူ ရှား၏ ဆိုပြီး….
    ငါကွ ဆိုတဲ့ မာန်မာနလေးလည်း ပါသပေါ့ဗျာ ….
    ကိုယ့်ကိုကိုယ်လည်း ဒါ့ပုံရိုက်ရင်း … အတူတက်လာကြသူတွေကိုလည်း ရိုက်ပေးရင်းပေါ့..
    (အဲ့တုန်းက အိမ်သုံး ကင်မလာပါ..)

    ဘယ်လောက်မှ မကြာဘူး ကျုပ် အရှေ့ကျွန်းရောက်တော့ …ကျုပ်တို့လူမျိုးတွေ ငတ်ပြတ်နေတာတွေ
    လူမည်ကာ မတ္တ ..အသက်ရှင်ရပုံတွေ ..နာဂစ် အိပ်မက်ဆိုးတွေ မြင်ရတော့မှ …
    ငါတော်တော် ၆၃မကျပါလား ….ငါတော်တော် …အတ္တကြီးခဲ့ မော်ကွန်းဝင်ချင်ခဲ့ပါလား ဆိုတာ ဆင်ခြင်မိတော့တယ်ဗျာ..
    ကျနော်တို့သာ အနှီ ငတ်မွတ်ခေါင်းပါးနေသူတွေကို လှူဖြစ်ခဲ့ရင်ဗျာ …..

    PS; ဘုရားကို စော်ကားတာမဟုတ်ပါဗျာ ..လိုတဲ့နေရာမှာ လှူတတ်ကြစေချင်လွန်းလို့ပါ…

    ခင်တဲ့ မောင်ဂီ

    Reply

  • myanmarcitizen

    December 31, 2011 at 9:47 pm

    ဦနှောက်နဲ့ ယှဉ်တဲ့အလှူမျိုးပဲဖြစ်သင့်တယ်။ မြန်မာစီတီဇင်ကြီး ၃၀၀ဝ လှူလိုက်တယ်။ အလှူငွေပေးအပ်ပွဲ ကိုကြည့်လိုက်တယ်။ မြန်မာတွေဝိုင်းလှူလိုက်တာမနည်းဘူးပဲ။ တရုပ်နိုင်ငံ ကို ဘလိုင်းကြီးပေးလိုက်ရတယ် လို့စိတ်ထဲမှာခံစားမိတယ်။ ဘာသာရေးနဲ့ဆိုင်တော့ သိပ်လဲမပြောချင်ဘူး။ ဘုရားကိုလှူတယ်.. အဲ့ငွေနဲ့ ဘုရားအတွက်လဲသုံးမယ် နောက် ပြီး လိုအပ်မဲ့နေရာတွေသာ ဒို့နိုင်ငံမှာသုံးခွင့်ရလိုက်မယ်ဆိုရင်…
    ခုတော့ တရုပ်တွေကအဲ့ငွေတွေနဲ့ ဘာလုပ်အုန်းမယ်မသိ။

    Reply

  • small cat

    January 1, 2012 at 10:44 am

    နိုင်ငံကျော် တရားဟော ဓမ္မကထိက တစ်ပါးရဲ့တပည့်၊နိုင်ငံ သိပ်မကျော်သေးတဲ့ တရားဟော
    ဆရာတော် တပါးက မှတ်ချက်ပေးသွားတာရှိပါတယ်။ မြန်မာပြည်သူတွေ တရုပ် အစိုးရကို
    မြစ်ဆုံ အကြွေးဆပ်လိုက်ရတာပါတဲ့။ အော်ချင်ကြဦးဟ “ဧရာဝတီ”
    အဆဲခံချင်လို့ကိုရေးလိုက်ပါတယ်။(အဘဖောစကားငှားသုံးသည်။)

    Reply

Leave a Reply to ကြောင်ကြီး Cancel Reply

Your email address will not be published.