ငွေတောင်ပြည် သို့ အပိုင်း – ၁

Mလုလင္December 31, 20113min013

ကယားပြည်နယ် လှိုင်ကော်ဘက် သွားဖို့ ညီတစ်ယောက် က စပွန်စာ ရလာတော့ ..အစ်ကို လိုက်မလား လို့ လာမေးတယ်။ ဒါမျိုးဆို ဘယ်တော့မှ မညင်းတဲ့ ကျွန်တော် ရှိသမျှ အလုပ်တွေပစ်ချ ပြီး ခရီးဆောင်အိတ်ပြင်တော့တာ ကလား..တက်ကြွတာ၊ တက်ကြွတာ။ ထုံးစံ အတိုင်း အောင်မင်္ဂလာ အဝေးပြေးကွင်းက စထွက်တာပေါ့ ..  ခုတော့ လဲ အရင် က သူမဟုတ်ခဲ့သလို အေးချမ်း နေခဲ့ပါပြီ. .(တစ်ချို့နေရာတွေ ကျွန်တော် မရောက်ခဲ့။)

ဒီ ကားနဲ့ ပေါ့ ...
(၁) သွားရတာ က ဒီကားနဲ့ ပေါ့။ အထွက်ထဲက မိုးချုပ်နေလို့ .. နောက်တစ်နေ့ မနက် အောင်ပန်း ကျော်မှ ပဲ ဓါတ်ပုံ ထွက်ရိုက်ရတော့တယ်။

တီကျစ်

(၂) တီကျစ် မြို့နယ် က လက်ဖက်ရည်ဆိုင် … အငွေ့တစ်ထောင်းထောင်း နဲ့ ရောက်လာလို့ ကိုင်လိုက်တော့ ပူလဲ မပူတော့ဘူး ..

ပင်ခို ငါးရက်ဈေး

(၃) ပင်လောင်း အကျော် ပင်ခို ငါးရက်ဈေးနဲ့ တိုးနေလို့ ဓါတ်ပုံ ဝင်ရိုက်ခဲ့ဖြစ်တယ်။
ကလေးတွေ ဈေးရောင်းနေတာ တွေ့ခဲ့ပါတယ်။ အများစု က မိဘ နဲ့ အတူပါလာတာပါ။ မေးကြည့်တော့ ကျောင်းပိတ် လို့ပါတဲ့။ လှိုင်ကော်မှာ ကျောင်းတက်မယ် ဆို အလယ်တန်းထိ ပိုက်ဆံ တပြားမှ ပေးစရာ မလိုဘူး လို့ Team leader က ပြောပါတယ်။
မ ETone ရဲ့ post ထဲက ကလေး တွေက ပို သနားစရာ ကောင်းပါတယ်။

ပင်ခို ငါးရက်ဈေး

(၄) အခုပုံ မှာ မြင် ရတဲ့ ငါးချောက်အတွဲလေးတွေ က တစ်တွဲ ကိုတစ်ထောင် ပါ။ အင်းလေး က လာရောင်းတယ် ပြောတယ်ဗျ။

မုန့်လေပွေ

(၅) မုန့်လေပွေ သည်ပါ။ ရန်ကုန် က . ကလေးတွေ မြင်ဖူးဖို့ အခွင့်အရေး နည်းလို့ မှတ်တမ်းသဘောမျိုး ရိုက်တင်ဖြစ်သွားတယ်။

မုန့်လေပွေ

(၆) အဲ့ဒီ့ လေပွေ တစ်ထပ်ကို ၃ ရာ ပါတဲ့။ .တန်တယ်နော် .. ရန်ကုန်က လူတွေ သနားဖို့ ကောင်းမှန်း အခုမှ သိတယ်။ ဂေါ်ဖီထုပ် တစ်ထုပ် ကို ၁၀ဝ ကျပ် ပါတဲ့ .. အောင်မလေး တန်လိုက်တာနော် …လို့ တွေးနေတာ နောက် ကတစ်ယောက် က ၇၅ ကျပ် ထားပါလားတဲ့ …

လေဘေး

(၇) လေဘေးထည်ကတော့ နေရာတိုင်းမှာပါလားနော်။

ရောက်ပြီ ..

(၈) ဒီပုံ ကိုတော့ ဘောင်ခတ်ပြီး တိုင်မတက်တော့ပါဘူးလေ။ ဟီး .နာရီ 20 ကျော် ကားစီးပြီးသကာလ မှာ ရောက်ပါပြီ။

ဟော်တယ် လှိုင်ကော်

(၉) ခြံစည်းရိုး ကို လှည်းဘီးပုံစံ နဲ့ ကာထားတယ်။ အစက စတိုင် ထုတ်ထားတယ် ထင်တာ နောက်မှ ဒါ ရိုးရာ ဖြစ်နေတာ သိရတော့တယ် …နေပွင့်နေပေ မယ့် မြူကတော့ နေရာတိုင်း ဆိုင်းနေတော့တာပါပဲ..

ဝါးမြွေ

(၁၀) အလွန်ရှားပါးပါတယ် ဆိုတဲ့ ဝါးမြွေ တွေပါ။ ရွာသူရွာသား တွေ ကြည့်ရအောင် ရိုက်ယူလာတာ။ ဝါးပင်က တွန့်လိန် ပြီးပေါက်နေတာလေ။ လာဘ်လာဘ အတွက် အိမ်တွေမှာ ထားကြတယ်လို့ သိရတယ်။

ဝါးမြွေ နဲ့ ဘာမှန်းမသိတော့တဲ့ ဟာတွေ

(၁၁) အဲ့ဒီ့ ဟော်တယ်မှာတော့ ရှားပါတယ် ဆိုတဲ့ ဝါးမြွေ တွေ တစ်ထောကြီးပဲ … တခြားဘာမှန်းမသိတာတွေ လဲရှိတယ်။ ရွာသူ၊ ရွာသားတွေကြည့်ရအောင်ရိုက်ယူလာဖြစ်တယ်။

ထူးထူးခြားခြားတွေ လဲ အများကြီး ရှိတယ်ဗျို ့ အဲ့ဒီ့မှာ နဂါး မြင်ဖူးတဲ့ လူတောင် ရှိတယ်။ ဒါးနဲ့ ဝင်ခုတ်တာ မပြတ်ဘူး ပြောတယ်။ .. ဒီတစ်ခေါက် ခရီးထွက်တာ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ဘူး ဖြစ်သွားတယ်။ သိမ်း က လဲ ဝင်လာတာကြောင့် မိုးက ၂ ရက်ဆက်တိုက် ရွာတာ၊ မရွာရင်တောင် နေမထွက်ဘူး ရိုက်ကွင်းတည် ဖို့ တောင် ဗန်းမီး တွေ ထိုးပြီးတည် နေရတယ်။ ရသလောက် ပုံလေး နဲ့ ကျေနပ် ကြပါလို့ တောင်းပန်ပါရစေ။
M-လုလင်

13 comments

  • M-Lulin

    December 31, 2011 at 1:11 am

    115 မိုင် က ညရှုခင်း ကတော့ ရှုထောင့် ရိုးရှင်းတာရယ်။ post တွေ တင်ထားကြမှာလို့ ထင်တာရယ်ကြောင့် .. ရိုက်မတင်ဖြစ်တော့ဘူး … နေပြည်တော်အတွင်း ညရှုခင်း တော့ ရိုက်ချင်သား … တစ်နေ့နေ့ ပေါ့ ..

    Reply

  • Khin Latt

    December 31, 2011 at 2:54 am

    ကျွန်မ တို့ ကို လဲ ငွေတောင်ပြည်ကို အတူခေါ်သွားလို့ ကျေးဇူးတင်ပါတယ်။
    ကျွန်မ အခုမှ အဲဒီကို ရောက်ဘူးပါတယ်။
    ကျွန်မတို့ နိုင်ငံက နေရာတိုင်းဟာ သူ့နေရာနဲ့သူလှကြတာပါဘဲ နော်။
    တိုင်းရင်းသား တွေကလဲ သူတို့ ရိုးရာဝတ်စုံတွေနဲ့ အတော်ချစ်စရာကောင်းတာဘဲ။
    Thanks again.

    Reply

    • M-Lulin

      December 31, 2011 at 11:00 am

      ကျေးဇူးပါ မခိုင်လတ်။ တိုင်းရင်းသားတွေက ရိုးသားပြီး ချစ်စရာကောင်းပါတယ်။ ရိုးလွန်းတော့ အ… ဆိုသလို သူတို့ သိပ်မစဉ်းစားတတ်ဘူးဗျ…ရိုးရာဝတ်စုံ နဲ့ ပုံတွေ နောက် အပိုင်း မှာ ပါလာမှာပါ။ (ရသလောက်ပေါ့ .. တစ်ချို ့နေရာတွေ ကျွန်တော် မရောက်ဖြစ်ခဲ့ဘူး)

      Reply

  • kai

    December 31, 2011 at 9:01 am

    တလောကတင်..ယူအက်စ်- အိုဟိုင်းယိုးပြည်နယ်က အသိတယောက်နဲ့ဖုံးပြောဖြစ်တာ..
    အဲဒီမှာ ငွေတောင်ပြည်က..ကယားတွေ ၅၀ဝလောက်ရောက်နေတယ်တဲ့…။
    ဝက်အသားထုတ်တဲ့ စက်ရုံတွေမှာ လုပ်ကြတာ…။

    ခုကြည့်တော့.. သူတို့ရဲ့.. ငွေတောင်ပြည်နယ်က.. သာယာပြီးလှတယ်နော..။
    တခါတော့ အလည်သွားဦးမယ်..။

    Reply

    • M-Lulin

      December 31, 2011 at 11:06 am

      ဟုတ်လောက်မှာပါ သူကြီး။ ကျွန်တော် တို့ကလဲ လိုအပ်ချက်ကြောင့် သာယာတဲ့ အဆင်ပြေ တဲ့ နေရာ ပဲ သွားဖြစ်လို့ .. ပုံလေးတွေ မှာသာယာ နေတာတွေပဲ ပါလာမှာပါ။ ရိုးသားစွာ ပြောရရင် သတင်းသမား မဟုတ်လေတော့ … ပုံလှလှ လေးတွေပဲလိုချင်တဲ့ … လောဘ နဲ့ တည်ငြိမ်မှု အခြေအနေ အရ ….. ရိုးသားစွာ ပြောရရင် ကျွန်တော်တစ်ချို့နေရာ တွေ မရောက်ခဲ့ ဘူး သူကြီး။

      Reply

  • ကျနော်သွားတုံးကရိုက်တာထက်အများကြီးကောင်းတယ်.
    ကျနော်က ရူ့ခင်းမက်တော့ အဲဒါဘဲရိုက်ခဲ့တာ။
    ခင်ဗျားရိုက်ထားတဲ့ပုံကဒေသရဲ့ အငွေ့အသက်တွေပါနေတာ ပိုအသက်ဝင်သွားတယ်။
    နောက်ရိုက်ချက်တွေကပိုပြီးသေသပ်တယ်.
    ကြိုက်သဗျာ။

    Reply

    • M-Lulin

      December 31, 2011 at 11:09 am

      ရှုခင်း က ရိုက်လို့ မရလို့ဗျို ့ … အဲ့နား က ကျော်ပြီး ဟော်တယ်ရောက်လို့ တစ်ရေးတမော အိပ်ပြီး ညဘက်ရောက် ..ခေါင်ရည်သောက် .. နောက်မလဲ ကျရော .. သိမ်း .. ကြောင့် မိုးအုံ့ ပြီး မိုးလေးတစ် စက်စက် နဲ့ .. ဘာရှုခင်း မှ ကောင်းကောင်း မရတော့ဘူး …

      Reply

  • ငပေါက်ဖော်

    December 31, 2011 at 9:35 am

    မုန် ့လေပွေကြီးတွေ တန်လိုက်တာနော့
    အဲဒီနေရာတွေ စိတ်ဝင်စားတယ်ဗျာ
    ကျနော်တို ့အတွက် ဗဟုသုတ ရတယ်
    ဗဲဒီးဂွတ်

    Reply

    • M-Lulin

      December 31, 2011 at 11:16 am

      ဟုတ်တယ် ဦးပေါက်ဖော် ရေ .. ရန်ကုန် သားတွေ အနေနဲ့ အဲ့ဒီ့မှာတော့ အကုန် ကို တန်နေတော့တာပါပဲ။

      Reply

  • ဆူး

    December 31, 2011 at 11:25 am

    သွားချင်လိုက်တာ.. ရာသီဥတုက နေလို့ ကောင်းမဲ့ပုံပဲနော်..
    မုန့်လေပွေကလည်း တန်တယ် ဂေါ်ဖီထုတ်ကလည်း တန်ပါ့.. ဈေးဝယ်ထွက်ချင်စိတ်တောင် ပေါက်မိတယ်။
    တန်တယ် ဆိုပြီး ဈေးမဆစ်ပဲ ဝယ်တဲ့ သူတွေ များလာရင် သူတို့လည်း စိတ်ဓါတ်တွေ ပျက်ပြီး မြို့ကလာတဲ့ လူတွေ ဈေးတင်ရောင်းမယ် ဖြစ်ကုန်လိမ့်မယ်။

    ရိုးသားတဲ့ အရပ်က လူတွေ ရိုးရိုးသားသားလေးပဲ ရှိစေချင်ပါတယ်။ ရိုးသားတဲ့ လူတွေ ရှိတယ် ဆိုတာ ကမာ္ဘကို ပြချင်တယ်။
    ခရီးသွားများရင်တော့ စိတ်ဓါတ်တွေ ပျက်ကုန်တတ်တယ်။

    Reply

    • M-Lulin

      December 31, 2011 at 12:15 pm

      အဲလို စဉ်းစားတော့လဲ ဟုတ်သား။ ခရီးသွားတွေ နည်းနေသေးတာ တော့ အမှန်ပဲ။ အဲဒါကြောင့်လဲ တန်နေတာ ဖြစ်နိုင်တယ်။ ငါးရက် ဈေးဆိုတော့လေ အဲ့ဒီ ဒေသ အနီးအနား က လူတွေရဲ့ အခြေအနေ ဈေးကွက် ကို ကြည့်ရောင်းရတာဆိုတော့ ဈေးတော့ အများကြီး တင်လို့ရမယ် မထင်ဘူး။ အခု ပုံထဲက ဈေးသည်တွေက အင်းလေး ကလာကြတာဆိုတော့ .သိပ်တော့ ညံ့မယ် မထင်ပါဘူး .. အန်တီ ဆူးရယ် ..

      Reply

  • pooch

    December 31, 2011 at 1:24 pm

    နဂါးကိုမြင်ဖူးတဲ့ဆိုတဲ့လူကို သူတို့ပြောတဲ့ နဂါးဆိုတာ ဘယ်လိုအသွင်သဏ္ဍန်ရှိလဲလို့ မေးဖြစ်ခဲ့လားမသိဘူး
    မေးဖြစ်ခဲ့ရင် နည်းနည်းလောက် ပြောပြပါအုန်း……
    ဒါနဲ့ တောင်ဇလပ်ပန်းတွေ မပွင့်သေးဘူးလား ………

    Reply

    • M-Lulin

      December 31, 2011 at 2:31 pm

      ပြောင်ပြောင်ကြီး နဲ့ ဒါးနဲ့ ခုတ်ရင် ချွင်ချွင် ဆိုပြီးမည်ပါဒယ် တဲ့ ဗျာ . အသေးစိတ်တော့ မေးမရဘူး ..စကားမပေါက်ဘူး ဗျ …

      Reply

Leave a Reply to pooch Cancel Reply

Your email address will not be published.