နှစ်သစ်အတွက် စကားလက်ဆောင်

manawphyulayDecember 30, 20111min012

ဘာလိုလိုနဲ့ တစ်နှစ်ကုန်လို့ တစ်နှစ်ရောက်လာသလို အသက်လည်းတစ်နှစ် ပိုကြီးလာပြန်တာပေါ့။ တစ်နှစ်အတွက် စကားလက်ဆောင်လေးတွေ ပေးလိုက်ပါတယ်။
နှစ်သစ်ရဲ့ နေ့စွဲတွေ တဖြည်းဖြည်း ဝင်ရောက်ချည်းနင်းလို့လာနေပါပြီ။ ဒီလိုပါပဲ နှစ်ဟောင်းက နှစ်သစ်ထဲကို ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကလည်း အတူလိုက်ပါလာကြတယ်။ ကျွန်မတို့ မျှော်လင့်ခြင်း ၊ အောင်မြင်ခြင်း ဆိုတဲ့အရာတွေ ဘာတစ်ခုမှ ဖြစ်မလာသေးတော့ အသက်ရှင်နေသမျှ ကာလပတ်လုံး နှစ်သစ်တိုင်း နှစ်သစ်တိုင်း အဲဒီအရာအားလုံးကို နှစ်သစ်ထဲ ဆက်လက်ခေါ်ဆောင်သွားကြရမှာ အသေအချာပါပဲ။ ဒါတွေက ဘာတွေလဲ ကျွန်မတို့ လုပ်ခဲ့ပြီးတဲ့ အရာတွေကလည်း ကျွန်မတို့ရဲ့နောက်ကနေ အရိပ်တွေလို ထပ်ကြပ်မကွာကပ်ပါ လာကြပြန်တယ်။ ကောင်းမှုတွေ လု့်ခဲ့သလား ၊ မကောင်းမှုတွေ ကျွန်မတို့ ဖန်တီးခဲ့သလား သိရဲ့နဲ့လုပ်ခဲ့တာလား ၊ မသိလို့လုပ်ခဲ့မိသလားဆိုတာ
အသေအချာ မသိပေမယ့် အဲဒီအကျိုးဆက်တွေကိုတော့ ကျွန်မတို့တွေ နှစ်ဟောင်းထဲမှာ ထားခဲ့လို့ မရပါဘူး။ ဗုဒ္ဓ ဘာသာဝင်တွေပီပီ ကံကံ၏
အကျိုးကို လက်ခံယုံကြည် သက်ဝင်တယ်ဆိုရင်ဖြင့် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ခံစားဖို့နဲ့ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ပြန်ပြီး ဝဋ်ခံရမယ်ဆိုတာ ကျွန်မတို့တွေ ကြိုတင် တွေးထားသင့်ပါတယ်။ နှစ်သစ်ရဲ့ အကောင်းဆုံး အချိန်ကာတွေကို ဖန်တီးမှုအတွက် ကျွန်မတို့ရဲ့ စိတ်တွေကို သန့်စင်ထားကြရပါမယ်။ ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေက အတိတ်ဆိုတဲ့ အမည်နာမတစ်ခုအဖြစ်နဲ့ နှစ်ဟောင်းမှာ ကန်ခဲ့မှာ ဖြစ်ပေမယ့် အဲ့ဒီအတိတ်ဆိုတာတွေကပဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သမိုင်းဆိုတဲ့ မှတ်တိုင် အသစ်တစ်ခုနဲ့ အားလုံးရဲ့ မျက်မှောက်မှာ ပြန်လည် ပေါ်ထွက် လာမယ်ဆိုတာ ကျွန်မမြင်ယောင်နေမိပါတယ်။ သမိုင်းရဲ့ စာမျက်နှာတွေမှာ ဘာတွေတင် ကျန်ရစ်ခဲ့သလဲ ဆိုတာဟာ မျက်မှောက်ခေတ်က လူတွေ သူတို့ရဲ့ အချိန်ကာတွေကို ဘယ်လို ကုန်ဆုံးစေကြပြီး ဘာတွေကို ဖန်တီးနေကြသလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။
ကျွန်မတိုတွေ အချိန်ကာလတွေကို အကောင်းဆုံး ဖန်တီးနိုင်ဖို့ဆိုတဲ့ နေရာမှာလည်း အရေးအကြီးဆုံးအချက်ကတော့ စိတ်တွေ သန့်စင်မွန်မြတ်ကြည်လင် အေးချမ်းနေကြဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးမှားရဲ့ ဆုံးမစကားလေးလည်း နားထဲမှာ ကြားယောင်နေမိပါသေးတယ်။
စိတ်ကောင်းရှိဖို့ ပထမ၊ စိတ်ကောင်းရှိဖို့ ဒုတိယ၊ စိတ်ကောင်းရှိဖို့ တတိယ ဆိုတဲ့ စကားလေးတွေပါပဲ။ စိတ်ဓာတ်အောက်တန်းကျသူများနေလို့က
တော့ အချိန်ကာလတွေက ညစ်ပေမှောင်မှိုင်းနေမှာ ဖြစ်သလို အဲဒီခေတ်ရဲ့ ရွေ့လျားနေတဲ့ သမိုင်းကြောင်းကြီးဟာလည်း နှောင်းလူတွေရဲ့ခေတ်က
ရိုင်းစိုင်းနေမယ်ဆိုတာ ပြောစရာမလိုဘူး မြင်မိပါတယ်။
သင်ဟာ အေးစက်ခြင်းနဲ့ နွေးထွေးခြင်း ဘယ်အရာကို မဆို ရယူနိုင်အောင် ထိန်းကွပ်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်ပါတယ်။ လောက
ဟာ ဆန့်ကျင်ဘက်တွေ များစွာနဲ့ သက်ဝင် လှုပ်ရှားနေတဲ့ လူတို့ရဲ့ အသိုင်းအဝန်းတစ်ခုပါ။ အကောင်းလား…..အဆိုးလား၊ အနိုင်းလား….အရှုံး
လား၊ အချစ်လား…..အမုန်းလား လောဘ၊ ဒေါသ၊ မောဟတွေ ဖုန်းလွှမ်းနေသလား ဘယ်အရာကို သင်ရနေသလဲ ဆိုတာဟာ သင့်ရဲ့လက်ထဲမှာပဲ
ရှတဲ သင်တယောက်တည်း ပိုင်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပုံတစ်ခုတောင် ရှိသေတာပဲ။ ဘာတဲ့ ဘယ်သူမပြု မိမိမှုတဲ့။ ဒါကြောင့်
သင်ရနေတဲ့ အဆိုးအကောင်း၊ အကျိုးအပြစ်တွေအတွက် ဘယ်အရာကိုမှ လွှဲချမနေပါနဲ့…ဒါတွေ အားလုံးဟာ သင်ကိုင်တိုင်ရွွှေးချယ်ခဲ့တာတွေပါပဲ

နှစ်သစ်တစ်ခုဆိုတာ အချိန်ကာလကို ကျွန်မတို့ တန်ဖိုးထားတတ်စေဖို့ ကျွန်မတို့ကို သတိပေးတဲ့ အရာတစ်ခုပါပဲ။ ဟုတ်ပါတယ်။ တစ်ခါ
တစ်ခါမှာ ဘဝထဲမှာ ရုန်ကန် လှုပ်ရှားနေရလို့ ပဲဖြစ်ဖြစ် ၊ ဘဝရဲ့ အနှစ်သာရတွေမှာ ပျော်ပါး ယစ်မူးနေလိုပဲ ဖြစ်ဖြစ်၊ ဘဝရဲ့ လှိုင်းကြား အလူးအလိမ့် ခံနေရတာပဲ ဖြစ်ဖြစ် ကျွန်မတို့တွေဟာ အချိန်ကာလဆိုတာနဲ့ သေခြင်းတရားဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ နှစ်သစ်တစ်ခုကို ကူးတာမှာ ဪ ဘာလိုလိုနဲ့ တစ်နှစ်ကုန်သွားပါရာလား။

ဪ…..ငါတို့တောင် သေဖို့ တစ်နှစ်ပိုနီးလာပြီပဲ ဆိုတာမျိုးကို သတိရတတ်ကြတာပါ။ အိမ်မှာ အဘိုးရှိစဉ်အခါက ညရောက်ပြီဆိုရင်
ဘရားခန်းရှေ့ ဘုရားကန်တော့ပြီ ဆိုရင် ငါသည် မနက်ကထက် ဒီနေ့ သေဖို့တစ်ရက် နီးလာပြီဆိုတဲ့ ကန်တော့နဲ့ အကျယ်ကြီး အကြာကြီး ရှိခိုးတတ်ပါတယ်။ သူတို့ခေတ် အချိန်ကာလက သီလ၊ သမာဓိ၊ ဉာဏ်ပညာ၊ စိတ်ကောင်းနှလုံးကောင်း သန့်စင် မွန်မြတ်ခဲ့ကြပေလို့လား အသက် ၉၉ နှစ်မှာ ဘဝတစ်ပါးကူးပြောင်းသွားကြပါတယ်။ ခုခေတ်က ဆုတ်ခေတ်လား။ ဒီလိုအရာတွေ မတည်မြဲလို့လား။ သက်တမ်းတိုလာနေတာကို သတိထားမိလာပါတယ်။
တစ်ခါတလေ နှစ်သာပြောင်းတယ်။ ရည်မှန်းချက်၊ ရည်ရွယ်ချက် ဘာဆိုတာကို ရေရေရာရာ မသိသေးပဲ ဝေဝါးနေတာကို အားမလိုအားမရ ဖြစ်မိပါတယ်။ ပြောင်းလဲမှုတိုင်းဟာ ကျွန်မတို့လိုချင်တာတွေနဲ့ အမြဲထပ်တူကျချင်မှ ကျမှာပါ။ အရာရာ ပြောင်းလဲနေတဲ့ လောကကြီးမှာ အချို့သော ပြောင်းလဲမှုတွေက ကျွန်မတို့ ဖြစ်စေချင်တာနဲ့ ထပ်တူကျ မနေတာမျိုးတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒါဟာ သဘာဝတရားဆိုတာ
ကို ကျွန်မတု့ လက်ခံထားဖို့လိုပါတယ်။ ဘဝရဲ့ ပြဿာနာ ဆိုတာဟာ သချင်္ာ ပုစာ္ဆတစ်ပုဒ်လို ပုံသေနည်းတေထဲ ထည့်တွက်လို့ရတဲ အရာတွေ
မဟုတ်ပါဘူး။ ဖော်မြူလာ မှားခဲ့ရင် လိုချင်တဲ့အရာများဟာ ချွတ်ချော်မှုတွေ ရှိလာနိုင်တယ်ဆိုတာ သိမြင်ထားဖို့နဲ့ ဘဝမှာ နေတတ်ဖို့နဲ့ သေတတ်ဖို့ကို ကျင့်ကြံနေထိုင်သွားဖို့အများကြီး လိုသေးပါလားလို့ ကျွန်မ ယူဆမိရင်း နှစ်သစ်အတွက် စကားလက်ဆောင်တွေ ပေးလိုက်ပါရစေရှင်။
နှစ်ဟောင်းမှာ ကျွန်မ ပြုပြုခဲ့သမျှ ကာယကံ ၊ ဝစီကံ၊ မနောကံ ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့ရင် ကျွန်မထက် ငယ်သည်ပဲ ဖြစ်စေ၊ ကြီးသည်ပဲဖြစ်စေ အားလုံး အားလုံးကို ဒီနေရာလေးကနေ တောင်းပန်လို်က်ပါတယ် နော်…..

12 comments

  • amaryllis

    December 30, 2011 at 3:43 pm

    ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ~~~ (ကျားပေါက်သီချင်း :PP)

    Reply

  • ငပေါက်ဖော်

    December 30, 2011 at 4:14 pm

    စကား လက်ဆောင်လဲ ယူမယ်
    အိုင်ဖုန်း လက်ဆောင်ပေးလဲ ယူမယ်

    စကားမစပ်
    အသက်လဲတစ်နှစ်ပိုကြီးပြီမိုလို ့
    အခါမလင့်ခင်လေ..
    အင်း..
    အဲတာလဲစဉ်းစားဦးဂျ

    Reply

    • manawphyulay

      December 30, 2011 at 4:24 pm

      ဟင်… ဘာလဲ နှစ်မကူးခင် ဆာကူရာ အထပ် ၂ဝမှာ ကော်ဖီတိုက်ချင်တယ်ဟုတ်လား… အချိန်တော့သိပ်မရပေမယ့် အားနာဖို့တော့ကောင်းပါတယ်… 😛

      Reply

  • True Answer

    December 30, 2011 at 4:23 pm

    “`နှစ်ဟောင်းမှာ ကျွန်မ ပြုပြုခဲ့သမျှ ကာယကံ ၊ ဝစီကံ၊ မနောကံ ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့ရင် ကျွန်မထက် ငယ်သည်ပဲ ဖြစ်စေ၊ ကြီးသည်ပဲဖြစ်စေ အားလုံး အားလုံးကို ဒီနေရာလေးကနေ တောင်းပန်လို်က်ပါတယ် နော်…..“

    ခွင့်လွှတ်ပါတယ်ညီမရယ်

    Reply

  • water-melon

    December 30, 2011 at 4:43 pm

    နှစ်သစ်မှာ သူကြီးအပါအဝင် ရွာသူ/ရွာသားများနှင့် လာရောက်ဖတ်ရှုသော စာဖတ်ဝါသနာရှင်အားလုံး
    ကျန်းမာချမ်းသာကြပါစေ
    ဘေးရန်ကင်းပါစေ
    စီးပွားဥစ္စာတိုးတက်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

    Reply

  • alinsett

    December 30, 2011 at 7:12 pm

    သိပ်ကောင်းတဲ ့ပို ့စ်လေးပါ။
    ကျေးဇူးပါပဲ။
    မင်းလည်း..နှစ်သစ်မှာ ပျော်ရွှင်ပါစေ..လို ့ ကိုယ် ဆုတောင်းပေးပါတယ်။

    ခင်မင်စွာ…

    Reply

  • yaungchikha

    December 30, 2011 at 7:36 pm

    မနောရေး ဆုတောင်းပို့စ်လေးအတွက် ကျေးဇူးပါနော်…………….. 🙂

    Reply

  • unclegyi1974

    December 30, 2011 at 9:50 pm

    ဆုတောင်းတိုင်သာပြည့်မယ်ဆိုရင်တဲ့ကိုသန်းလှိုင်ဆိုသွားတာမှတ်ပါတယ်
    ကိုပေါက်ကိုပြန်မေးအုန်းမှ
    လွန်တာရှိဝန္တမိတောင်းပန်တတ်တာလူယဉ်ကျေးတွေရဲ့စရိုက်ဆိုပါလားမနောရဲ့
    မယဉ်ကျေးသူတွေကတော့တောင်းပန်ဖို့နေနေသာသာ…

    Reply

    • manawphyulay

      December 31, 2011 at 1:13 pm

      မတောင်းပန်လည်း ခွင့်လွှတ်လိုက်ပါ အန်ကယ်ကြီးရယ်နော်…

      Reply

  • snow white

    February 28, 2012 at 3:11 pm

    မမမနောလည်းနှစ်သစ်မှာပျော်ရွှင်ပါစေ ဟုတ်တယ်နော် အသက်တနှစ်ကြီးလာပြီနော် အမပြောမှသိတယ် အသက်မကြီးချင်သေးဘူးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးနှစ်သစ်ရရက်သားသမီးအပေါင်းကျန်းမာချမ်းသာကျပါစေ…………………………………………………………………..မန်းဂေဇက်အဖွဲ့သားများအားလုံးလည်းအစစအရာရာအဆင်ပြေကျပါစေ

    Reply

  • snow white

    February 28, 2012 at 3:13 pm

    မမမနောလည်းနှစ်သစ်မှာပျော်ရွှင်ပါစေ ဟုတ်တယ်နော် အသက်တနှစ်ကြီးလာပြီနော် အမပြောမှသိတယ် အသက်မကြီးချင်သေးဘူးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးနှစ်သစ်ရရက်သားသမီးအပေါင်းကျန်းမာချမ်းသာကျပါစေ…………………………………………………………………..မန်းဂေဇက်အဖွဲ့သားများအားလုံးလည်းအစစအရာရာအဆင်ပြေကျပါစေ……………..

    Reply

  • snow white

    February 28, 2012 at 4:12 pm

    စာကိုspacebarခံရိုက်ဖို့မေ့သွားလို့နော်
    နားလည်ပေး ကျပါ မန်းဂေဇက်ကကိုကိုမမများ

    Reply

Leave a Reply to yaungchikha Cancel Reply

Your email address will not be published.