ပထမဆုံး လိုင်စင်ရ ပုဂ္ဂလိက ဆီဆိုင်ဖွင့်

klnMay 29, 20101min00

နေပြည်တော်၏ ပထမဆုံး ပုဂ္ဂလိက စက်သုံးဆီဆိုင်ကို နီလာရိုးမ ကုမ္ပဏီက ယခင် “နီလာရိုးမ” စက်သုံးဆီဆိုင်ဟောင်း နေရာတွင် မေလ ၂၃ရက်နေ့ က ပြန်လည်ဖွင့်လှစ် ရောင်းချခဲ့သည်။ “ခုဖွင့်တာက နီလာရိုးမ တစ်ဦးတည်းပိုင်ပါ။ လက်ရှိရောင်းပေးနေတာက ဒီဇယ်ဆီပါ။ ဓါတ်ဆီ ရောင်းဖို့ လိုင်စင်က ရထားပြီးပါပြီ။ Ground Tank တပ်ဆင်မပြီးသေးလို့ မရောင်းဖြစ်တာပါ။ ဈေးနှုန်းတွေလည်း ရန်ကုန်ဈေးထက် ပို့ဆောင်ခပဲ များပါတယ်”ဟု ဆိုင်မန်နေဂျာ ဦးခင်လှိုင်က ပြောသည်။ ၂၀၀ဝ ပြည့်နှစ်က ရောင်းအားမှာ တစ်ရက်ကို ဂါလန် ၁၅၀၀၊ ၁၆၀ဝ ရောင်းအား ရှိကြောင်း၊ ယခုဆိုင်မှာ မကြာသေးမီကမှ ဖွင့်ခြင်းဖြစ်၍ တစ်ရက်လျှင် ဂါလန် ၈၀ဝ လောက်သာ ရောင်းရကြောင်း ၎င်းကပြောသည်။ “ ဇွန်လ ဆန်းမှာ စာအုပ်နဲ့ထုတ်ရတဲ့ အစိုးရ ဆီပန့်တွေ ပိတ်မယ်ကြားတယ်။ အဲဒီအချိန်ဆိုရင် ဟိုးအရင်နှစ်တွေကလို ရောင်းအားပြန်တက်လာမှာပါ ” ဟု ဦးခင်လှိုင်က ဆိုသည်။ နီလာရိုးမ စက်သုံးဆီအရောင်းဆိုင်မှ ရောင်းချလျက်ရှိသည့် ဒီဇယ်ဆီများမှာ နိုင်ငံခြားမှ တင်သွင်းသည့် ပီပါဒီဇယ်များ ဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃၄၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း ၂၀၁ဝ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published.