‘အဲ့ဒီအခန်းဖြတ်’

ပုိင္ေလးDecember 29, 20111min011

အဲ့ဒီအခန်းဖြတ်

                     မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာဖြတ်တောက်မှု အခြေအနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူးထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားတိုသည် တကယ့် ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။

၁၈ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေး စသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့သည် ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။
https://www.youtube.com/watch?v=B3fExPzkHLM&feature=related

11 comments

  • Burmese or Chinese

    December 29, 2011 at 4:37 am

    This first time………………….

    Reply

  • kyawtheinmyint 23

    December 29, 2011 at 6:01 am

    အဲဒီ ဇာတ်လမ်းလေးကြည့်ပြီး သရုပ်ဆောင်တွေအားလုံးကို လေးစားချီးကြူးမိပါတယ် ကြိုက်လွန်းလို့လဲ ကူးသိမ်းထားတယ် ဒါပေမဲ သူတို့တွေကို ဘယ်လိုပုဒ်မနဲ အရေးယူဦးမလဲ ဆိုတာကြီးတွေးမိပြန်တော့လဲ………………….

    Reply

  • ဆူး

    December 29, 2011 at 10:41 am

    တနေ့က ဒီဗွီဘီမှာ ကြည့်လိုက်ရတယ် အရှည်ကို ဘယ်မှာ ရှာရမှန်း မသိတာ အခုတော့ ကျေးဇူးပဲနော်.. လင့်ပေးလို့။

    Reply

  • blackchaw

    December 29, 2011 at 11:04 am

    ဒါမျိုးတွေတောင် ပေါ်တင်ရိုက်ရဲလာပြီဆိုတာကိုတော့
    အသိအမှတ်ပြုရမယ်ဗျာ။
    ဒီလို လိုက်လျောမှုတွေ ပြုလာတဲ့ အချိန်မှာ
    တစ်ယောက်နဲ့ တစ်ယောက် လှောင်ပြောင်မနေကြပဲ
    လက်တွဲပူးပေါင်းဆောင်ရွက်တာ ပိုကောင်းမယ်လို့ ထင်မိပါကြောင်း။

    Reply

  • nozomi

    December 29, 2011 at 1:14 pm

    ကြည့်ချင်နေတာ ၊ လင့်အတွက် ကျေးဇူးပါ

    မနက်က ကြားလိုက်မိတာ ပြိုင်ပွဲ မစခင် အခု လို အင်တာနက်မှာ ပျံ့နှံ့နေတာ ပြိုင်ပွဲစည်းကမ်းနဲ့ မကိုက်ညီတဲ့ အတွက် ဝင်ပြိုင်လို့ မရဘူးလို့ ကြားလိုက်မိတယ်

    ဘာပဲ ဖြစ်ဖြစ် ဆု ရရ မရရ ကိုဝိုင်း က သူပြောချင်တာကို ပြည်သူတွေနဲ့ တာဝန်ရှိသူတွေ သိသွားတဲ့ အတွက် ကျေနပ်မှာပါ

    Reply

  • နွယ်ပင်

    December 30, 2011 at 9:17 am

    သရုပ်ဆောင်၊ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတင်ပြသော “အဲ့ဒီအခန်းဖြတ်” ဇာတ်လမ်းတို ရုပ်ရှင်ကားမှ ဗိုလ်မှူးအဖြစ် သရုပ်ဆောင်သည့် (ဦး) ဇော်ဝင်းနိုင်နှင့် ဆင်ဆာအရာရှိအဖြစ် သရုပ်ဆောင်သည့် (ဒေါ်) သန်းသန်းစိုးတို့အား အင်္ဂလန်မှ အမည်မဖော်လိုသူ မြန်မာပရိသတ်တဦးက ငွေကျပ်တသိန်းစီ ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ အဆိုပါ ပရိသတ်မှ “လွတ်လပ်မှုအနုပညာ ရုပ်ရှင်ပွဲတော်” (The Art of Freedom Film Festival) အတွက်လည်း အလှူငွေ ကျပ်နှစ်သိန်း ပေးပို့လှူဒါန်းခဲ့သည်။ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လှူဒါန်းငွေ စုစုပေါင်း ကျပ်လေးသိန်းကို ဒေါက်တာလွဏ်းဆွေမှတဆင့် ကိုဇာဂနာ (ကိုသူရ) ထံသို့ ပေးပို့ခဲ့သည်။

    Reply

    • windtalker

      December 31, 2011 at 1:43 pm

      သာဓု သာဓု သာဓု ပါ ခင်ဗျာ
      လင့်ခ်ပေးတဲ့ တရုတ်ဗမာ ကို လည်း ကျေးကျေးပါ

      Reply

      • hmee

        December 31, 2011 at 2:48 pm

        နွယ်ပင်ရေ ဦးဇော်ဝင်းနိုင်ကြီး သရုပ်ဆောင်တာ ကောင်းလွန်းလို့ အရမ်းသဘောကျနေတာ။ ဆုချီးမြှင့်တာခံရတာကို သူ့ကိုယ်စား ဝမ်းသာပါတယ်။

        Reply

  • water-melon

    December 31, 2011 at 3:16 pm

    အမလေး ဒီလောက်တောင် အားပေးပုံထောက်ရင် ကောင်းမယ်ထင်တယ်
    ခေတ်နောက်မကျအောင် ကဲ နင်ဂျာ အစွမ်းနဲ့ ပြေးကြည့်အုန်းမယ်
    အယ် ကော်နက်ရှင်း မကောင်းပါလား 😀

    Reply

  • kai

    December 31, 2011 at 3:27 pm

    အဲ့ဒီအခန်းဖြတ်’ ဒါရိုက်တာ ဝိုင်း အသနားခံစာတင်
    မျိုးသန့် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂ဝ နာရီ ၁၈ မိနစ်

    ချင်းမိုင် (မဇ္ဈိမ)။ ။ ‘လွတ်လပ်ခြင်း အနုပညာ’ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ထားသော ‘အဲ့ဒီအခန်း
    ဖြတ်’ ရုပ်ရှင်ကားတိုသည် ပြိုင်ပွဲစည်းကမ်းနှင့် မညီ ဟုဆိုကာ ပယ်ဖျက်လိုက်ခြင်းကြောင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆုရွေးချယ်ရေး ကော်မတီသို့ အသနားခံစာ တင်ပြထားသည်ဟု ဒါရိုက်တာဝိုင်းက ပြောသည်။

    “ကျနော် မနေ့က သိရတာက ပြိုင်ပွဲဝင် စည်းကမ်းနဲ့ မညီညွတ်ဘူးလို့တော့ သိရတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျနော်က မသိပါဘူး။ ဒီ အင်တာနက်ပေါ်တင်ဖို့ကိုလည်း ကျနော် အစီအစဉ် မရှိပါဘူး။ ဒါလေးကိုတော့ ကျနော် အသနားခံစာအနေနဲ့ ပြန်တင်ပြီးတော့ ဖြေရှင်းချက်ပေးထားပါတယ်” ဟု အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုအား ရိုက်ကူးသူ ဒါရိုက်တာဝိုင်းက မဇ္ဈိမကိုပြောသည်။

    ဒါရိုက်တာ ကိုသူရ (ဇာဂနာ)၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ဦးစီးသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ဇာတ်လမ်းပေါင်း ၁၈၈ ကား ရှိပြီး အဆိုပါကာများထဲမှ “အဲ့ဒီအခန်းဖြတ်” သည် အင်တာနက်ပေါ် ရောက်ရှိကာ ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်သည့်အတွက် ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ခြင်း ဖြစ်သည်။

    အဆိုပါဖြစ်စဉ်မျိုး ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ကြုံတွေ့ခဲ့ဖူးပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် သူ ရိုက်ကူး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် “အင်းသီး” ရုပ်ရှင်ကားကိုလည်း အင်တာနက် စာမျက်နှာများပေါ်မှ ဖြုတ်ပေးခဲ့ရ သည်ဟု မဇ္ဈိမကို ပြောသည်။

    “ကျနော် ကြုံခဲ့ဖူးတယ်ဗျ။ ကျနော့် “အင်းသီး”ကို ရုပ်ရှင်ပွဲတော်တခုကို ကျနော် ပို့တာပေါ့။ စင်္ကာပူက သူငယ်ချင်း တယောက်ကလည်း အဲဒါကို Youtube မှာ အဲဒါကို တင်ထားတယ်ဗျ။ အဲဒါကို သူတို့သိတော့ ကျနော့်ကို အဲဒါကို
    ဖြုတ်ပေးဖို့ သူတို့ လှမ်းပြောတယ်။ အဲဒါနဲ့ ကျနော် ဖြုတ်ပေးရတယ်” ဟုပြောသည်။

    “အဲ့ဒီအခန်းဖြတ်” နှင့်ပတ်သက်၍ ပြိုင်ပွဲဝင်စည်းကမ်းကို ဖေါက်ဖျက်သကဲ့သို့ဖြစ်သည်မှာ မှန်ကန်ပြီး ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များကို မဝေဖန်လိုကြောင်းနှင့် မိမိတွင် အပြစ်ရှိကြောင်းလည်း ဒါရိုက်တာဝိုင်းက
    ပြောသည်။

    “ကျနော့်ရဲ့ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့ အမေစုအပေါ်မှာ၊ ကိုသူရအပေါ်မှာ၊ ကိုမင်းထင်အပေါ်မှာ ပရိသတ်
    တွေက ထင်ကြေးတွေ မပေးကြပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်နေတဲ့ အလုပ်ကလေးတွေက အများ
    ကောင်းကျိုးအတွက်ဆိုတာ ကျနော်တို့က နားလည်ရမယ်လေ။ ကျနော် စည်းကမ်းဖေါက်သလို ဖြစ်တဲ့အတွက် ကျနော့်မှာ အပြစ်ရှိတယ်။ သို့သော်လည်း ကျနော်လုပ်တာ မဟုတ်ဘူးဆိုတာ သူတို့ကို တင်ပြထားတယ်။ တကယ့်တကယ်တော့ သူတို့မှန်ပါတယ်” ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

    ရုပ်ရှင်ပွဲတော်ပြိုင်ပွဲမှ ပယ်ချခံရသည့် ၁၈ မိနစ်ကြာမြင့်သော “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားသည် ပြန်ကြားရေး၊
    ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေးစသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့မှ ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက် ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။

    ပြိုင်ပွဲဝင် ရုပ်ရှင်ကားပေါင်း ၁၈၈ ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် ၅၃ ကား ရွေးချယ်ထားသည်။ အဆိုပါ ဆန်တကာတင်ကားများကို ဒီဇင်ဘာ ၃၁ ရက်နေ့ ရန်ကုန်ပြည်လမ်းရှိ တော်ဝင်စင်တာတွင်ကျင်းပမည့် ရုပ်ရှင် ပွဲတော်တွင် ထုတ်ပြန်မည်ဖြစ်ကာ ဆုရကား လေးကားကိုလည်း ရွေးချယ်မည်ဟု သိရသည်။

    ဆုပေးပွဲကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဆုပေးမည်
    ဖြစ်သည်။ ပြိုင်ပွဲဝင်ရုပ်ရှင်ကားများ ပေးပို့ထားသည့် ဒါရိုက်တာများအားလုံးကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တော်ဝင် စင်တာသို့ ညနေ ၄ နာရီအရောက် လာကြရန် ဖိတ်ကြားထားသည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက
    ပြောသည်။
    http://www.mizzimaburmese.com/news/inside-burma/8828-2011-12-29-13-51-35.html

    Reply

  • zaw min

    December 31, 2011 at 7:32 pm

    ကြိုးဆိုတဲ့ ဇတ်ကားလည်းအင်တာနက်ပေါ်မှာရှိတာပဲလေ…
    ဒီဇတ်ကား အရွေးခံရတယ် မခံရဘူးတော့ မပြောတတ်ဘူး သရုပ်ဆောင် ဇော်ဝင်းနိုင်ကတော့ ပီပီပြင်ပြင်သရုပ်ဆောင်ထားတာပဲလို့ဆိုနိုင်ပါတယ်..

    Reply

Leave a Reply to hmee Cancel Reply

Your email address will not be published.