လမ်းပေါ်က အတွေးတစ….

amatminDecember 28, 20111min010

ဒီကနေ့ညနေရုံးကနေ အိမ်အပြန်လမ်းမပေါ်မှာ ကားတစီးပျက်နေတာကိုတွေ့မိခဲ့လို့တွေးမိတာလေးပါ ။

ဒီနေ့ အိမ်မှာ လုပ်စရာလေး တခုရှိတာနဲ့ ပဲ ရုံးးကနေ ခပ်စောစောလေး ပြန်ခဲ့လိုက်တယ် ။

ဂေဇတ်မှာ ဖတ်ခဲ့တဲ့ စာလေးတွေအကြောင်း  တောင်တွေး မြောက်တွေးရင်းပေါ့ဗျာ.။

တာမွေ လောက်အရောက်မှာကားတစီး ပျက်နေတာလေးတွေ့လိုက်တယ်..

အချိန်ကလည်း ရုံးဆင်းချိန်မဟုတ်သေးတော့ အဲဒီကားပေါ်မှာ လူတော့သိပ်မကြပ်ဘူး

အရမ်းမများဘူးပေါ့ဗျာ ။

ဒါနဲ့ကျွန်တော်စီးလာတဲ့ ကားကဘေးချင်းယှဉ်ရပ်လိုက်တော့ ကားပျက်တာကိုဝိုင်းတွန်း

ပေးကြဖို့စပါယ်ယာက ဆော်ဩနေတာကို

အတိုင်းသားကြားနေရတယ်လေ..ကားပေါ်က တွန်းအားရှိတဲ့ ယောက်ျားသားများကို ကူညီ

ဝိုင်းတွန်းကြဖို့ကိုပြောနေတာ..

ကြည့်လိုက်တော့ ကားပေါ်မှာ ယောက်ျားလေး ၈ ဦးလောက်တော့ရှိမယ်ထင်တယ်..စပါယ်ယာက ပထမတခေါက် ခေါ်တော့ ၂

ယောက်တော့ဆင်းလာတယ်..တွန်းကြတယ်ပေါ့ဗျာ.မရဘူး ဒါနဲ့နောက်တခွန်းထပ်အော်တော့ နောက်၂ ယောက်ဆင်းလာတယ်..

ကျန်နေတဲ့ လူလေးဦးလောက်က ခုံပျောက်ပြီးနေရာ ပြန်မရမှာ စိုးလို့ထင်တယ် လုံးဝဆင်းမတွန်းကြ ဘူးဗျာ ။

ကားပျက်နေတာကိုကြည့်မနေနိုင်လို့ တွန်းအားရှိတဲ့ အားစိုက်ထုတ်နိုင်တဲ့လူတွေ ကဝိုင်းပြီး

ဒီကားအပျက်ကို ရှေ့ကဘေးကနေ ဖြတ်ကျော် သွားတဲ့ကားတွေနဲ့ တန်းတူအမှီလိုက်ဖို့..

ကိုယ့်ရည်မှန်းရာနေရာအသီးသီး ကိုရောက်နိုင်ဖို့ ကိုယ်စီ အားစိုက်နေချိန်မှာ ကားပေါ်မှာ

အခန့်သားထိုင်နေကြပြီး ရထားတဲ့

နေရာလေးတွေ ပျောက်မှာ စိုးကြောက်နေကြ တဲ့ အဲဒီလူတွေ ကိုငေးကြည့်ရင်း

အတော်ရှက်လိုက်တာဗျာ..

သူတို့ဘယ်လိုမျိုးများတွေး နေကြလို့ ကိုယ်ရှေ့ကိုခရီးဆက်သွားမဲ့ကား ကောင်းမွန်မဲ့အရေးကို

မတွန်းမပြု မဆင်းမကူနေနိုင်တာလဲစဉ်းစားကြည့်တယ်..

တချို့ကတွေးမှာပေါ့…ကားပျက်တာ ဒရိုင်ဘာနဲ့စပါယ်ယာကြောင့် သူတို့တာဝန်ပဲ ငါတို့ကိုခရီးစဉ်

တလျှောက် ငေါက်ငမ်းလာတဲ့ကောင်တွေ ပင်ပန်းလိုက်စမ်း ငါတို့နဲ့

မဆိုင် ကိုယ့်ဘာသာတွန်းကြ မနေနိုင်တဲ့ကောင် ဝင်တွန်း ပါစေ ဂလိုမျိုးပေါ့နော် ။

တချို့လူကြတော့..ဆင်းတွန်းလို့ ကူညီ ပြုပြင်လို့ကားကောင်းသွားရင်

ရထားတဲ့နေရာလေးတွေပျောက်ကုန်

မှာ စိုးကြောက်သည် ပေါ့ ။

ဒါပေမဲ့ ပျက်မှန်းသိရက် ဝိုင်းမတွန်း တဲ့ အဲဒီလူတွေမေ့ထားတာ မသိချင်ယောင်ဆောင်ထားတာ

ကဒီကားကောင်းသွားမှ လူတိုင်းကိုယ်စီ

သွားလိုရာပန်းတိုင်တွေ  ကိုရောက်နိုင်ကြမယ်ဆိုတာလေ.

ခရီးစဉ်အဆုံးထိတော့ စီးချင်ကြပါရဲ့ ။ ကားပျက်ချိန်၊ တွန်းဖို့လိုအပ်ချိန်မှာ

ဝိုင်းကူဖို့လက်တွန့်တတ်ကြတဲ့လူစားမျိုးတွေ နေရာတိုင်း များနေရင် ဒီလို လူတွေနဲ့

ခရီးတခုတည်းသွားဖို့ အလုပ်တခုကိုပြီးမြောက်အောင်လုပ်ယူဖို့ အတော်ခက်ခဲမှာ အမှန်ပဲ ။

ကျွန်တော်အနေနဲ့တော့ ဒီလိုလေးစဉ်းစားပါသည်..ကားပျက်ပေါ်မှာ နေရာရပေမဲ့ ထိုင်ရတာ

ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့စိတ်ပင်ပန်းပြီး နေရတာထက်စာရင်

ထိုင်စရာနေရာမရလည်း မိမိလိုက်ပါ

ခရီးဆက်မယ့်ကားကြီး..ကောင်းကောင်းမွန်မွန်နဲ့ရှေ့ခရီးကိုဆက်ဖို့အတွက်

တတပ်တအားလုပ်အားပေးရင်း

ဝိုင်းတွန်းလိုက်ရတာ ကိုပိုမက်မောပါသည်ဗျာ…

 

 

10 comments

  • unclegyi1974

    December 28, 2011 at 11:05 pm

    အမတ်မင်းရယ်တကယ့်ကားပျက်တာလားဗျာ
    ရေးထားတာထင်းထင်းကြီးလို့ခံစားရတာပါပဲ
    ငို့ဘသမားတွေကနေရာတိုင်းရှိတာပါပဲဗျာ

    Reply

  • TTNU

    December 28, 2011 at 11:35 pm

    ကို အမတ်မင်းရေ…

    ကားပျက်ချိန်၊ တွန်းဖို့လိုအပ်ချိန်မှာ
    ဝိုင်းကူဖို့လက်တွန့်တတ်ကြတဲ့လူစားမျိုးတွေ နေရာတိုင်း များနေတယ်။
    ဒါအမှန်ပါပဲ။

    ဝင်တွန်းရင်တောင် အရူးလို့ ထင်သူတွေ ပိုများနေပြန်ပါပြီ။
    ” ပြိုင်တူတွန်းလျှင် ရွေ ့နှိုင်ပါသည်”…. ဘာညာလျှောက်ပြောနေကြတာ
    တကယ်လည်းရပ်သွားရော တွန်းမည့်သူမရှိတော့ဘူး။

    တီချာဖတ်ဖူးတဲ့ ကာတွန်းလေး…( ဆရာ ကာတွန်းဝင်းမောင်)
    “အများမိုးခါးရေသောက်နေလို့ လာသောက်တာ..”
    “ဟင်.. မိုးခါးရေတောင်ကုန်သွားပြီ။”

    မေတ္တာဖြင့်
    တီချာနု

    Reply

  • kyawtheinmyint 23

    December 29, 2011 at 3:13 am

    ဘရားသားရေ တချို့တွေများ ကုသိုလ်ရေးဆိုရင်လဲ ဘယ်လိုလှူလိုက်မှာ၊လူမှုရေးဆိုရင်လဲ ဘယ်လိုကူညီလိုက်မှာဆိုပြီး ပါးစပ်ကတွင်တွင်ပြောနေပေမဲ့ အထက်ကပုံစံလိုမျိုး ကူညီပေးရမဲ့ ကိစ္စမျိုးကြတော့ အရူးကွက်နင်းပြီး မသိချင်ယောင်ဆောင်နေကျတာ များပါတယ်၊ ဒါပေမဲ့ လူထူထူမှာ နာမည်ရမဲ့ ကိစ္စမျိုးကြရင် အမှိုက်ကလေးတခုကအစ ယခုပဲထပေါက်တော့မယ့် ဗုံးအလား သေသေခြာခြာကို ဂရုစိုက်ကောက်ပြီး မရှိတဲ့ ကိုယ့်ဂုဏ်ကိုယ်မြှင့်ပြီး နာမည်ယူတဲ့ လူတွေက များပါတယ်။

    Reply

  • small cat

    December 29, 2011 at 7:12 am

    အမတ်မင်းနဲ့ ကျနော်နဲ့ အကြံတူနေတယ်၊ အဲဒီ ဥပမာနဲ့ ကျနော်တစ်ခုရေးနေတယ်၊ ဦးတည်ချက်ခြင်းတူတယ်၊ အမတ်မင်းရဲ့ဦးတည်ထားတဲ့ပစ်မှတ်က တစ်ခုတည်းဖြစ်နေတယ်။
    ကျနော် ရဲ့ဦးတည်ထားတဲ့ ပစ်မှတ်က နည်းနည်းများမယ်၊ ဒါပေမဲ့ ရွေ့ချင်(ပြောင်းလဲချင်) တာခြင်းကတော့ အမတ်မင်းအောက် ကျနော်က လျော့မှာမဟုတ်ဘူး။

    Reply

  • yaungchikha

    December 29, 2011 at 9:04 am

    ဟုတ်ပါတယ် ကိုအမတ်မင်းရေ……. တချို့ဆို မိန်းကလေးတွေက မနေနိုင်ပဲ ဆင်းတွန်းတာမြင်နေပေမယ် ့ အထိုင်မပျက်ရှိပါတယ်……. ကျမလည်း ကြုံခဲ့ဘူးပါတယ် ……..

    Reply

  • amatmin

    December 29, 2011 at 12:55 pm

    ကိုဘကြီးရေ..
    ကားပျက်ပေါ်က ထိုင်နေတဲ့လူတချို့ ကိုကြည့်ပြီး မချင့်မရဲ ဖြစ်သွားလို့ပါဗျာ..

    တီချယ်ရေ အမှန်ပါပဲဗျာ.. မနေ့ တုန်းကလည်း လဝက ရုံးတခုကို ရောက်တော့ ပိုက်ဆံမပေးဘဲ တင်းခံကြည့်နေတာ
    မပြီးနိုင်တာနဲ့ နောက်ဆုံးလမ်းဟောင်းကို ပြန်လိုက်ရတော့တာပဲ..တခြားအလုပ်တွေက ရှိသေးသကိုး 🙁

    ကိုကျော်သိန်းမြင့် ၊ ကိုကြောင်လေး ၊ ရောင်ခြည်ခ

    ကျွန်တော် ကတော့ ကားပျက်တာလေးကို နမူနာတွေ့ခဲ့လို့ဗျ..
    ထိုင်နေတဲ့ထဲ ကိုယ်မပါအောင် တတပ်တအားလေး တွန်းကြတာပေါ့ . နော်

    Reply

  • nozomi

    December 29, 2011 at 1:07 pm

    ကဲ ရွာသားအပေါင်းတို့
    ကျွန်တော်တို့လဲ ဆင်းတွန်းလိုက်ကြရအောင်

    Reply

  • comegyi

    December 30, 2011 at 1:18 am

    လှည်းဘီး နွံထဲကျွံနေသည်
    ကူ၍ တွန်းပေးကြပါ
    လေးလွန်း၍ မတွန်းနိုင်ဘူးလား
    ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်…….

    Reply

  • naywoonni

    December 30, 2011 at 12:49 pm

    အဲဒိထက်ဆိုးတာပေါ့…။ မိန်းကလေးတွေက မနေနိုင်လို့ ဆင်းပြီးတွန်းနေကြတာတောင် ကားပေါ်က နေ မိန့်မိန့်ကြီးထိုင်ပြီး ဆေးလိပ်ဖွာနေကြတဲ့ သတောင့်သားတွေရှိသေးတယ်…။

    Reply

  • windtalker

    December 31, 2011 at 2:04 pm

    ဒီကိစ္စ ကို အမတ်မင်း နဲ ့တွေ ့မှ ဘဲ
    သေချာ ဆွေးနွေးရဦးမယ်
    အဲ့လူတွေနော်…
    ရေသာခို အချောင်သမားတွေ

    Reply

Leave a Reply

Your email address will not be published.