ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများအတွက် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်များ ဆက်လက် ထုတ်ပေးလျက်ရှိ

klnMay 28, 20101min02

ထိုင်းနိုင်ငံတွင် တရားမဝင် ရောက်ရှိနေသော မြန်မာ အလုပ်သမားများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးနှင့် မြန်မာ အလုပ်သမား သစ်များ တရားဝင် စေလွှတ်ရေးဆိုင်ရာ စီမံကိန်းတွင် မြန်မာနိုင်ငံသားစိစစ်ရေး၊ ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးရေး၊ မြန်မာ အလုပ်သမား သစ်များ စေလွှတ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်လျက် ရှိရာတွင် မေလ ၂၆ ရက်နေ့အထိ ယာယီ မြန်မာနိုင်ငံကူး လက်မှတ်အုပ်ရေ ၉၀၉၁၈ အုပ်ကို နယ်စပ်စခန်း သုံးခုမှ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

2 comments

  • intro

    May 28, 2010 at 2:56 pm

    အော်.. ဒီကလူတွေကလည်း ဘယ်လောက်တောင်များ သွားချင်နေလဲ မသိဘူးနော်…

    Reply

  • yannaingech

    May 28, 2010 at 3:55 pm

    ကိုယ့်နိုင်ငံကလွဲရင် ဘယ်သွားသွား ပိုက်ဆံပိုရနေတာကတော့ စဉ်းစားကြည့်ရင် အံ့ဩစရာပဲ။ ဘာလို့များပါလိမ့်…

    Reply

Leave a Reply

Your email address will not be published.