အချစ်ရေး၊ အိမ်ထောင်ရေး ထာဝရအေးချမ်း အဆင်ပြေစေရန်

koyin sithuDecember 27, 20111min07

ကျွန်တော် သတိထားမိတဲ့ စကားလေးတစ်ခွန်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ “ထင်တယ်” တဲ့။ ထင်တာဟာ ထင်တာပဲ ဖြစ်တယ်။ အမြင်မဟုတ်ဘူး။ အထင်ဆိုတာက မသေချာဘူး။ မတိကျဘူး။ ဒါကြောင့် ထင်တယ်ဆိုတဲ့ စကားကို ကျွန်တော်က မကြိုက်ဘူး။ အထင်ရယ်-အမြင်ရယ်ဆိုတဲ့ စကားနှစ်လုံးထဲမှာ အမြင်က သေချာသလိုလို ရှိနေတယ်။ အထင်ကတော့ ကိုယ်ထင်တာ ဖြစ်တဲ့အတွက် မှားရင်လဲ မှားနိုင်တယ်။ မှန်ရင်လည်း မှန်နိုင်တယ်။ ပြောရရင်တော့ မသေချာဘူး။ မတိကျဘူး။

နောက် အဲဒီအထင်ဆိုတာက သံသယကို မွေးဖွားပေးတဲ့ အရာတစ်ခုပဲ။ အထင်ရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ဆိုးကျိုးတွေ ဆက်တိုက်လိုက်လာတတ်တယ်။ ပြဿနာတွေ အများကြီးကို ဖန်တီး ပေးတယ်။ ကြီးထွားစေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ကစပြီး ဘဝခရီးဖြတ်သန်းမှု့မှာ အထင်ဆိုတာကြီးကို စွန့်လွှတ်ခဲ့ပြီး အမြင်နဲ့ လက်တွေ့နဲ့ သွားကြရအောင်။

မချစ်ဘူးထင်တယ်။
မလွမ်းဘူးထင်တယ်။
သတိမရဘူးထင်တယ်။
မဖြစ်လောက်ဘူး ထင်တယ်။
မအောင်မြင်လောက်ဘူး ထင်တယ်။
သူ ငါ့ကို အမြင်မကြည်ဘူးထင်တယ်။
သူ ငါ့ကို မုန်းနေတယ်ထင်တယ်။
သူငါ့ကို နားမလည်နိုင်လောက်ဘူးထင်တယ်။
………………………………………..ထင်တယ်။
…………………………………………………….ထင်တယ်။

အစရှိသော အဲဒီစကားလုံးလေးတွေ ထဲမှာ ပါနေတဲ့ ထင် ဆိုတဲ့ စကားလုံးလေးက မကောင်းသော ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။ သံသယကို ကြီးထွားစေတယ်။ အဆင်မပြေမှု့တွေကို ရက်ရှည်စေတယ်။ ဒါကြောင့် အမြင်ဆိုရင်တော့ မပြောပါဘူး။ အထင်ကြောင့်ဆိုရင်တော့ မကောင်းဘူးပေါ့။

ဒါကြောင့် ဒီနရာမှာ အိမ်ထောင်ရေး အိမ်တွင်းရေး အဆင်မပြေဖြစ်ကြကုန်သော မိတ်ဆွေများကို အဓိက ပြောချင်တာက ကိုယ့်အိမ်ထောင်ရေး သာယာချင်တယ်၊ စိတ်ချမ်းသာချင်တယ်ဆိုရင် ကိုယ့်အိမ်ထောင် ရေးထဲကို အထင်ဆိုတဲ့ စကားကို မဝင်လာအောင် ကြိုးစားကြပါလို့ တိုက်တွန်းလို်က်ပါတယ်။ ဒါက စကားလက်ဆောင်ပါ။

အခုပြောမှာက ယတြာပါ။ အိမ်ထောင်ရေးကြောင့် စိတ်သောက ရောက်နေသူများအတွက် ရည်ရွယ်ပါတယ်။ တစ်ခုခုလုပ်ကြည့်လိုက်လို့ တစ်ခုခု အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။

အိမ်ထောင်ရေးအချစ်ရေး အဆင်ပြေချင်တယ်ဆိုရင် ဒီအတိုင်းဆောင်ရွက်လိုက်ပါ။

အောက်တွင် ဖော်ပြပေးလိုက်သော ဟင်္သာမောင်နှံ ပုံလေးပေါ်တွင် လင်မယားနှစ်ဦး (သို့) ချစ်သူနှစ်ဦး၏ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို ကပ်လိုက်ပါ။ ပြီးရင် ဓာတ်ပုံနှစ်ပုံကို မျက်နှာချင်းဆိုင် ဖြစ်အောင် ခေါက်လိုက်ပါ။ ပြီးရင် မိမိအိပ်သော အိပ်ယာခေါင်းအုန်းအောက်မှာ ထားအိပ်ဆောင်ထားလိုက်ရုံပါပဲ။ ယတြာကတော့ ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီနေရာမျာ တစ်ခု သတိထားရမှာက ဒီအစီအရင်ကို မိမိမွေးနေ့၏ အိမ်ထောင်မိတ်ကျသော အခါမှာ ဆောင်ရွက်ရပါ့မယ်။ အောက်မှာ အိမ်ထောင်မိတ်ကျတဲ့အခါကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်မိတ်ဆိုတာ

(ဥ – သာ ၊ စိန် – ပန်း ၊ ဒါန်း – လှ ၊ ကို – ရှာ) လို့ ဆိုပါတယ်။ အလွယ်ဖြစ်အောင် တစ်ခါတည်း ရေးပေးလို်ပါတယ်။

  • တနင်္ဂနွေသားသမီး – ( သောကြာနေ့ – နံက် ၆းဝဝမှ ရး၃၀) အတွင်း
  • တနင်္လာသားသမီး – ( ဗုဒ္ဓဟူးနေ့ – နံက် ၆းဝဝမှ ရး၃၀) အတွင်း
  • အင်္ဂါနေ့သားသမီး – (ကြာသပတေးနေ့ – နံက် ၆းဝဝမှ ရး၃၀) အတွင်း
  • ဗုဒ္ဓဟူးနေ့သားသမီး – (စနေနေ့ – နံက် ၆းဝဝမှ ရး၃၀) အတွင်း
  • ကြာသပတေးသားသမီး – (အင်္ဂါနေ့ – နံက် ၆းဝဝမှ ရး၃၀) အတွင်း
  • သောကြာနေ့သားသမီး- (တနင်္ဂနွေနေ့ – နံက် ၆းဝဝမှ ရး၃၀) အတွင်း
  • စနေနေ့ သားသမီး- ( ဗုဒ္ဓဟူးနေ့ – နံက် ၆းဝဝမှ ရး၃၀) အတွင်း

 

7 comments

  • etone

    December 27, 2011 at 9:39 am

    မတူတာလေးတွေးကြည့်မယ် … ။
    ခေါင်းအုံးထဲ ထည့်ထားတာ.. မြင်တော့မှ …မင်း ..ငါ့ကို အောက်လမ်းနဲ့ ယူထားတာလား ဘာလား ညာလား လုပ်ပြီး .. လင်မယားကွဲနေဦးမယ် .. 😀

    Reply

  • manawphyulay

    December 27, 2011 at 10:57 am

    အဲဒီဟင်္သာကို ပဲခူးမှာ သွားယူရမှာလားဟင်…

    Reply

  • နွယ်ပင်

    December 27, 2011 at 1:38 pm

    အိမ်ထောင်ရေးကြောင့် စိတ်သောက ရောက်နေသူများအတွက် ရည်ရွယ်ပါတယ်ဆိုတော့
    ကိုယ်နဲ့ သိပ်မဆိုင်လှဘူးပဲ နွယ်ပင်နဲ့ တစ်ယောက်သောသူက သိပ်ချစ်ကြတာလေ
    ရန်ဖြစ်ဖို့ဝေးစွ စကားတောင်များကြတာမဟုတ်ဘူး (အမှန်က များများပြောရင်
    ရန်ဖြစ်ဖို့ ပိုနီးလိုလေ 🙂 )
    ဒါနဲ့ ထားအိပ်ရမှာက တစ်ရက်တည်းလား နေ့တိုင်းလား သိပ်မရှင်းလို့လေ .

    Reply

  • စုံ စုံ

    December 27, 2011 at 1:53 pm

    ယတြာချေတာမျိုးမဟုတ်ပေမယ့် သူခရီးသွားနေစဉ်မျိုးမှာတော့
    သူ့ဓါတ်ပုံကိုခေါင်းအုံးအောက်ညတိုင်းထည့်အိပ်တယ်
    ပထမခေါင်းအုံးအောက်မထည့်ခင်တော့ ဓါတ်ပုံကအရောင်စုံလေး
    အိပ်ပါများလို့ ခေါင်းအုံးနဲ့ပွတ်တိုက်ပါလဲများလာရော
    ကာလာတွေပျက်ပြီး ဓါတ်ပုံထဲကလူပုံလဲ မှုန်ဝါးဝါးဖြစ်သွားတယ် ဟီး 😛 😛

    Reply

    • inz@ghi

      December 27, 2011 at 1:59 pm

      အော် ချစ်တတ်သူတွေများ …. တယ်လဲ နုသကိုး ..

      ကျုပ်မှာတော့ ပိုက်ဆံအိပ်ထဲဆောင် နံရံမှာကပ်….
      ညအိပ်တိုင်း …အာဘွားရှလူး ….အားပေးလိုက်ရဒါများပြောဘာဒယ်…
      အချိန်တန်ဒေါ့ ..အဆီပြန်မျက်ခွက်ပိုင်ရှင် ဒတ်ရှင်မင်းသားတဦးနဲ့ယူသွားလေရဲ့….
      ခု သမီးလေးတယောက်တောင် ထွက်နေဘီဆိုပဲ ….

      ရင်ထဲမကောင်းထှာ…

      Reply

      • thit min

        December 27, 2011 at 2:14 pm

        ဟယ်………..
        ကလေးအထာတွေ ပါလား မင်းကြီးများ။ မထင်ရဘူးကွယ်။
        (သူကြီးရေ အချင်းချင်း တော့ ပါစင်နယ် တိုက်ခိုက်ခွင့်ပြုပါ)

        Reply

  • windtalker

    December 31, 2011 at 2:29 pm

    မှတ်သားစရာ နည်းကောင်း တစ်ခု ပါဘဲ
    ကရင်စည်သူကတော့ ရွာရဲ ့ဗေဒင်ကဝိ ဘွဲ ့ကို အမြန်ဆုံး ရစေဗျား
    ကျုပ် အရင်ဆုံး အဆိုပြုတယ်ဗျို ့

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.