ဗိုလ်ချုပ်အောင်ဆန်ုးအဖြစ် သရုပ်ဆောင်လိုသူ ကိုနေဦး ဗိုလ်ချုပ်နဲ့ ဘယ်လောက်တူသလဲ

ေမွာ္ဆရာDecember 25, 20111min033

ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းကို ဇာတ်လမ်းအဖြစ် ဖန်တီးရာမှာ ဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်လိုတဲ့ ကိုနေဦးရဲ့ ပုံတွေ ပြည်မြန်မာ ဂျာနယ်ထဲမှာ ပါလာပါတယ်..ဗိုလ်ချုပ်နဲ့ တူတယ် မတူဘူးဆိုတာ နဲနဲလောက် အကဲဖြတ်ပေးစေချင်တယ် …ဒီက ရွာသူားတွေရဲ့ အမြင်က ရိုက်ကူးထုတ်လုပ်မယ့်သူတွေနဲ့ ကိုနေဦး အပေါ် အကျိုးပြုလောက်ပါတယ် ..

ကိုနေဦးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးနေ့ခြင်းပါ တူပါသတဲ့




ကျွန်တော့် အမြင်ပြောရမယ်ဆိုရင်တော့ ကိုနေဦးက ဗိုလ်ချုပ်နဲ့ ရုပ် တူသလောက်ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ မာန် မျိုး ကိုနေဦး မျက်နှာပေါ်မှာ မတွေ့ရဘူးဗျ ..။ နောက် အပြုံး … ဗိုလ်ချုပ်အပြုံးလိုမျိုး ဂရုဏာပြုံးကိုု ကိုနေဦး မှီအောင်ပြုံးနှိုင်ဖို့ လိုပါဦးမယ် ..။
ကဲ ရွာသူားတွေရဲ့ အမြင်လေးတွေ သိချင်တယ်ဗျာ ….

33 comments

  • ငပေါက်ဖော်

    December 25, 2011 at 1:29 pm

    သရုပ်လဲ တူပါစေဗျ
    ရုပ်တူပြီး..အိညံ့.အိညံ့ သရုပ်ဆောင်နေရင် သိပ်မနိပ်လှဘူး..

    Reply

  • windtalker

    December 25, 2011 at 1:41 pm

    ဆင်တယ် လို ့ဘဲ
    မြင်တယ် ဗျို ့

    Reply

  • nigimi77

    December 25, 2011 at 1:43 pm

    မေးရိုးကားပြီး နဖူးကျယ် တာကလွဲပြီး ကျန်တာ ဘာတစ်ခုမှ မတူဘူး ။

    ဗိုလ်ချုပ်ရဲ ့အပေါ်ပါးပြီး အောက်ထူ တဲ့ နှုတ်ခမ်းမျိုးလည်း မရှိသလို

    ဗိုလ်ချုပ်ရဲ ့ အလယ်က ချွန်နေတဲ့ ဦးခေါင်း ဖွဲ ့စည်းမှု မျိုးလည်း မရှိဘူး ။

    ဗိုလ်ချုပ်ရဲ ့ ထက်မြက် ပြတ်သားတဲ့ မိန် ့ခွန်းတွေဟာ အဲဒီ နှုတ်ခမ်းတွေကနေ

    ထွက်လာတာ ဖြစ်တယ် ။ ဗိုလ်ချုပ်ရဲ ့ သိသာထင်ရှားချက်ဟာလည်း ချွန်ထွက်နေတဲ့

    အလယ် ဦးခေါင်းခွံ ဖြစ်တယ် ။

    အဆိုးဆုံးကတော့ မျက်လုံးပဲ ။

    လူတစ်ယောက်မှာ မျက်လုံးက သိပ်စကားပြောတယ် ။

    မသိတဲ့ လူတစ်ယောက်ကို အမုန်း မရှိစတမ်းပြောရရင်

    သူနဲ ့သာ ဗိုလ်ချုပ် သရုုပ်ကို ရိုက်မယ် ဆိုရင် နဂို ဇာတ်လမ်းကို

    ချာလီရှီန်း တို ့ မစ္စတာ ဘီန်း တို ့ ဟာသကား ပြန်ရိုက်ထားတာထက်

    ပိုပြီး ပြောင်ချော်ချော် နိုင်နေလိမ့်မယ် ။

    Reply

  • hmee

    December 25, 2011 at 2:07 pm

    ဗိုလ်ချုပ်ရဲ့ ခေါင်းက ဘယ်သူနဲ့မှ မတူပါဘူး။ သံခမောက်လို အလယ်မှာ နဲနဲလေး ချွန်ပါတယ်။ ဂတုံးနဲ့ သိပ်လိုက်တဲ့ခေါင်းမျိုး။ နောက် ဗိုလ်ချုပ်နားက ကားပြီး နဲနဲ ယောင်ယောင်လေး ချွန်နေပါတယ်။ နောက် နှုတ်ခမ်းပါ ဗိုလ်ချုပ် နှုတ်ခမ်းက အပေါ်ပါး အောက်နှုတ်ခမ်းထူတဲ့ လေးကိုင်းပုံ နှုတ်ခမ်းပါ။ ကိုနေဦးက နှုတ်ခမ်းထူနေပါတယ်။ အဆိုးဆုံးက မျက်လုံးပါ ဗိုလ်ချုပ်မျက်လုံးဟာ ဂရုဏာပါပြီး တဖက်သားကို လွှမ်းမိုးနိုင်အောင် စူးစူးရှရှရှိပါတယ်။ လက်ပိုက်ရပ်နေတဲ့ပုံကို ကြည့်ပါ ဗိုလ်ချုပ်က နှုတ်ခမ်းကို တင်းနေအောင် စိပြီး ပြုံးနေပုံက မာန်ပါပါတယ်။ ကိုနေဦးမှာ အဲ့လို မာန်မျိုးမတွေ့ဘူး။ တော်ပါပြီ ဆက်ပြောရင် တော်ကြာ အနီတွေ ရဲနေတော့မယ်။ 🙂

    Reply

  • thit min

    December 25, 2011 at 3:24 pm

    ပြတ်ပြတ်သားသားပြောရရင် မတူပါဘူး။
    ကျနော် တယောက်ထဲအမြင်အရ သူနဲ့မရိုက်စေချင်ပါဘူး။
    နောက်တယောက် ထပ်ရှာတာဘဲဖြစ်ဖြစ်၊ နောက်ကြောင်းပြော ဓာတ်ပုံတွေပြ၊ရိုက်လိုက်တာမျိုးကိုဘဲ
    လုပ်စေချင်တယ်။
    အဖွားပြောဘူးတာပြောရရင် ဗိုလ်ချုပ်ရဲ့ခေါင်းမှာ ကြက်ဥအရွယ်မရှိတရှိလောက် ဘု တလုံးရှိတယ်တဲ့။
    အဖွားတို့ကတော့ချစ်စနိုး ဗိုလ်ချုပ်ကို ဗိုလ်ကြက်ဥ လို့ခေါ်ပါသတဲ့။
    ဗိုလ်ထွန်းလှစာအုပ်ထဲတော့မတွေ့မိလို့စာပေအရတော့အထောက်အထားမရှိဘူး။
    အမေစုမှတ်မိမလားမသိဘူး၊ငယ်သေးတော့။

    Reply

  • phantom

    December 25, 2011 at 3:34 pm

    ဗိုလ်ချုပ်ထိုင်နေတဲ့ပုံမှာ ဗိုလ်ချုပ်ရဲ့ပုံစံက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ပုံက ပေါ်လွင်နေပြီး သူ့ရဲ့ နှုတ်ခမ်းတွေက သဘောထားပြည့်ဝတာပေါ်လွင်နေပါတယ် ကိုနေဦးက ဗိုလ်ချုပ်နဲ့ တူပေမယ့် သူ့ပုံက သာမာန် ဓါတ်ပုံရိုက်ခံနေတဲ့ပုံပဲ ပေါ်ပါတယ်။ ဒုတိယပုံမှာလည်း ဗိုလ်ချုပ်ရဲ့ပုံက အာရုံစူးစိုက်မှုကောင်းပြီး စူးရှတဲ့ မျက်လုံးတွေကို ပြနေပြီးတော့ ကိုနေဦးပုံကတော့ စိုးရိမ်စိတ်ဝင်နေတဲ့ပုံ ပေါက်နေပါတယ်။ တစ်ခုတော့ရှိတယ် သူသာ ဗိုလ်ချုပ်ရဲ့ စိတ်ဓါတ်နဲ့ အမူအယာတွေကို သရုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒီထက် တူနိုင်လိမ့်မယ်ထင်ပါတယ်

    Reply

  • kai

    December 25, 2011 at 4:40 pm

    သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့.. အကြောင်းရိုက်တဲ့ကားတွေဖြစ်တဲ့.. နပိုလီယန်၊ ဟစ်တလာ..။ ဂန္ဒီကြီး၊ မင်န်ဒဲလား၊ နောက်ဆုံး… ဒေါ်စုအကြောင်းရိုက်တာတောင်.. သရုပ်ဆောင်တွေက.. မူရင်းပုဂ္ဂိုလ်နဲ့ ရုပ်ချင်းမတူကြပါဘူး..။
    တကယ်တော့ သိပ်တူနေဖို့လည်း မလိုပါဘူး..။ ပိုဆင်တူလာအောင်.. မိတ်ကပ်နဲ့ လုပ်ကြတာပါပဲ..။
    ဒါပေမဲ့.. အမူအရာ..။ အလေ့အကျင့်..စကားပြောဟန်.မာန်..ဟန်..လှုပ်ရှားပုံ စတာတွေတူရမှာပါ..။
    အဲဒါတွေတူဖို့ကသာ.. အရမ်းအရေးကြီးတယ်ထင်မိပါတယ်..။

    ဆိုတော့…
    အဲဒီလိုနဲ့.. သရုပ်ဆောင်”ပရို”တွေဖြစ်တဲ့.. နာမယ်ကြီးသရုပ်ဆောင်တွေ..ခေါ်ရိုက်ကြတာပါပဲ…။
    သရုပ်ဆောင်တာက အင်မတန်အရေးကြီးတယ်ထင်မိပါတယ်..။

    အခု.. ကိုနေဦးက.. ဗိုလ်ချုပ်အောင်ဆန်းကို မျက်မြင်တွေ့ဖူးတဲ့သူတွေဆီမှာ.. ထပ်ခါလေ့ကျင်ရင်တော့.. ကောင်းချင်ကောင်းလာမှာပေါ့..။
    သူ့မှာ.. သရုပ်ဆောင် ပါရမီ..အရည်အချင်းရှိမရှိက.. ဒါရိုက်တာတွေ ကြည့်ပြီဆုံးဖြတ်တာမျိုးက.. သင့်လျှော်မယ်ထင်တာပါပဲ..။
    ဆိုင်ရာ “ပရို”တွေကို ခေါ်ပြီး.. ဗိုလ်ချုပ်အောင်ဆန်းကို သက်ရှိစဉ်ကာလ ဆုံဖူးတွေ့ဖူးသူတွေပါပြီးမှ.. လူရွေးပွဲ..Auditions လုပ်သင့်တယ်ထင်မိပါတယ်..။

    Reply

    • koyinmaung

      December 25, 2011 at 5:14 pm

      သဂျီးပြောတာသဘာဝကျပါတယ်
      ဗိုလ်ချုပ်ရဲ့အသံ ဗိုလ်ချုပ်ရဲ့ရဲရင့်တဲ့အမူအရာ
      တူဘို့ပိုအရေးကြီးပါတယ်..
      အရမ်းစိတ်ဝင်စားဘို့ကောင်းတဲ့ရုပ်ရှင်ကားပါ…

      Reply

    • nigimi77

      December 25, 2011 at 8:31 pm

      သိပ်တူဖို ့ မလိုပါဘူး ။

      မှန်ပါတယ် ။

      Little Buddha မှာ သရုပ်ဆောင်တဲ့ အခါ ဘယ်သူကမှ Buddha ကို မမြင်ဖူးပါဘူး ။

      ဒါပေမဲ့ သရုပ်ဆောင်သူက နက်နဲစွာ ဝင်ရောက်ခံစားလိုက်တဲ့ အတွက်ကြောင့်

      အရသာရှိစွာ ကြည့်ခဲ့ရတာပါ ။

      ဗိုလ်ချုပ်အောင်ဆန်းကို မျက်မြင်တွေ ့ဖူးတဲ့လူတွေကို အသာထားပြီး

      သူတို ့ရုပ်ရှင်လောက က လူတွေနဲ ့အချိန်ပြည့် တွေ ့လာတဲ့ လူတွေနဲ ့ပါတ်သတ်

      သူတွေ တောင်မှ အလွန်ကို ရွံစရာ ကောင်းတဲ့ သရုပ်ဆောင်မှုတွေ ဖြစ်ပေါ်နေတာ။

      ဆိုင်ရာ ပရိုတွေကို ခေါ်ပြီး Auditions လုပ်တဲ့ အခါမှာ ငါး သက်သက်ချက်လို ့

      အရသာပြည့်တဲ့ ဟင်းရည် တခွက်အထဲကို အဲဒီလူတွေ ငံပြာရည် မရောပါစေနဲ ့လို ့ပဲ

      မျှော်လင့်ရမယ် ။

      Reply

  • mashwetote

    December 25, 2011 at 5:02 pm

    ပုံတွေကို ယှဉ်ကြည့်တဲ့အခါမှာတော့ အပြုံးနဲ့မာန်က သိသိသာသာကိုကွာနေပါတယ်။ သူ့ကိုကြည့်ရတာလည်း ဗိုလ်ချုပ်ပုံနဲ့ မတူတူအောင် အတင်းလုပ်ယူနေရတယ်လို့ ထင်မိပါတယ်။

    Reply

  • taryar

    December 25, 2011 at 5:15 pm

    ဗိုလ်ချုပ်နဲ့ ထပ်တူကျဖို့ဆိုတာ မလွယ်ပါဘူး ဒါပေမဲ့ kai ပြောသလို မာန်တွေ ဟန်တွေတူဖို့ ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ဗိုလ်ချုပ်ရဲ့ မျက်လုံးက ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ဩဇာကြီးတယ်။ စူးရှတယ်။ နွေးထွေးတယ်။အဲဒီ image ကိုဖမ်းနိုင်ဖို့လိုပါတယ်။
    စကြည့်တဲ့ပုံမှတူတယ်လိုထင်ပင်မဲ့ ဒုတိယ ပုံမှာ မတူတော့ဘဲ တတိယပုံကျတော့ လုံးလုံးကွာသွားသလိုခံစားရပါတယ်။

    Reply

  • မှော်ဆရာ

    December 25, 2011 at 6:14 pm

    မာန် နဲ့ ဌာန် တူဖို့ဆိုတာက လူချင်းလဲ ကွာသကိုးဗျ
    ဗိုလ်ချုပ်က အသက်ငယ်ငယ်နဲ့ အမျိုးသားခေါင်းဆောင်ဖြစ်လာသူဆိုတော့ ဌာန်နဲ့ မာန်က သူများနဲ့ မတူတာ အရှိန်အဝါ ရှိနေတာကတော့ ပြောစရာမလိုတော့ပါဘူး
    ဒီတော့ သူရဲ့ ဌာန်နဲ့ မာန်ကို တူဖို့ဆိုတာက အနုပညာ အရေးကြီးပါတယ်
    သရုပ်ဆောင်ပညာကို ကောင်းကောင်းကျွမ်းကျင်ဖို့ လိုလိမ့်မယ် …

    Reply

  • မှော်ဆရာ

    December 25, 2011 at 8:47 pm

    ှဗိုလ်ချုပ် ခွက်ကိုင်ထားတဲ့ ပုံလေး မေ့ကျန်ခဲ့လို့ ထပ်တင်ပေးလိုက်တယ်ဗျာ …

    Reply

  • NAJA

    December 25, 2011 at 8:59 pm

    ဗိုလ်ချုပ်အကြောင်း ရိုက်ဖို့အတွက် ဗိုလ်ချုပ်နဲ့ချွတ်စွတ်တူနေဖို ့က.. အရေးအကြီးဆုံးလို ့မထင်ပါဘူး… ပြောကြသလိုပဲ… ဌာန်တွေ မာန်တွေ ဟန်တွေတူနိုင်ဖို့က ပိုအရေးကြီးပါမယ်…

    အရေးကြီးတာက ရိုက်တဲ့အခါ လက်ရှိမြန်မာကားတွေရိုက်သလို… တော်ရိရော်ရိမလုပ်ဖို့ပဲလိုပါတယ်… လိုတာမှနဲနဲလေးလိုမှာမဟုတ်ပါဘူး… ဗိုလ်ချုပ်အဖြစ်သရုပ်ဆောင်မယ့်လူကို အချိန်ယူပြီး သေသေချာချာစခန်းသွင်းပြင်ဆင်ဖို ့လိုပါမယ်… ဗိုလ်ချုပ်ကို မမြင်ဖူးကြသူတွေများကြမှာဖြစ်ပေမယ့်… ဒီရုပ်ရှင်ကိုကြည့်တဲ့အခါ ပြည်သူလူထုကို.. အားရကျေနပ်မှု ပေးနိုင်မှဖြစ်မှာပါ… အခုရုပ်ရှင်ကိုကြည့်မယ့်လူတွေက ပရိတ်သတ်တွေမဟုတ်ပါဘူး… ပြည်သူလူထုပါ….
    အားလုံးကြည့်ကြတဲ့အခါမှ အားမလိုအားမရတွေဖြစ်နေရမှာကို မလိုချင်ပါဘူး…

    Reply

  • MaMa

    December 25, 2011 at 9:02 pm

    အဲဒီပုံလေးတွေပါလို့ တခါမှ ဝယ်မဖတ်ဖြစ်တဲ့ ဂျာနယ်ကို ဝယ်ဖတ်ဖြစ်သွားတယ်။
    သူနဲ့ တွေ့ဆုံမေးမြန်းခန်းလေးဖတ်ကြည့်ပြီးတော့ မဆိုးဘူးလို့ ထင်မိတယ်။
    လူတစ်ယောက်နဲ့ တစ်ယောက် ရုပ်ချင်းဆင်ဖို့ လွယ်ပေမယ့် လူတစ်ယောက်ရဲ့ နေရာမှာ
    (ဒီနေရာမှာ အရမ်းကို ထူးချွန်ပြောက်မြောက်တဲ့ လူတစ်ယောက်ရဲ့ နေရာဖြစ်နေတော့) တူအောင် သရုပ်ဆောင်ဖို့ဆိုတာ အင်မတန် ခက်ခဲမှာပါ။
    ကြိုးစားချင်တဲ့ စိတ်ဓာတ်၊ ဗိုလ်ချုပ်ကို ချစ်တဲ့စိတ်ဓာတ်နဲ့
    တတ်ကျွမ်းနားလည်သူများရဲ့ သင်ကြားပေးမှုနဲ့ (ကျမတစ်ယောက်တည်းရဲ့ အမြင်အရ)
    စမ်းသပ်ကြည့်သင့်တယ် ထင်တာပဲ။
    (လူတစ်ယောက်ရဲ့ နေရာမှာ ၂ယောက် ၃ ယောက် ရွေးထားမယ်လို့လည်း ပြောထားလို့)

    Reply

  • kokoover

    December 25, 2011 at 9:48 pm

    သဂျီးပြောသမျှ ထောက်ခံပါသည်။

    Reply

  • Shwe Tike Soe

    December 26, 2011 at 9:03 am

    ရုပ်ကတော့ ခပ်ဆင်ဆင်တူပါတယ်.. ဒါပေမယ့် မာန် ကမတူဘူးဖြစ်နေတယ် သရုပ်ဆောင်ရင်တော့ ဘယ်လိုနေမယ်မသိဘူး..
    သူ.ပုံကြည့်ရတာ ပျော့စိစိနဲ. ဖြစ်ပမလားမသိဘူး… ထင်တာပြောတာနော်..

    Reply

  • zay

    December 26, 2011 at 10:26 am

    အထာမကျသေးလို့ဖြစ်မယ် သူ့မျက်နှာက ရှိုးတိုးရှန်းတန်းဖြစ်နေသလားလို့ ခလယ်ပုံ

    Reply

  • ဆူး

    December 26, 2011 at 10:36 am

    အဲဒီ ဂျာနယ် ဝယ်ဖတ်မယ် ဆိုပြီး ရှာနေတာ.. ဝယ်စရာ မလိုတော့ဘူး ကြည့်လိုက်ပြီ။
    မာန် ပါတဲ့ မျက်နှာ အနေအထားမျိုး သရုပ်ဆောင်နိုင်ရင်တော့ ရမယ် ထင်တယ်။
    ကိုနေဦး မျက်နှာမှာ အားလျော့နေတယ်။

    Reply

  • Sai Mya Too Gyar

    December 26, 2011 at 11:02 am

    အမှန်ပြောရမလား၊ အမှန်ပြောလိုက်တော့မယ်နော်။……..
    သူက ဗိုလ်ချုပ်နဲ့တော့တူတယ်။ ဒါပေမယ့် လူထုချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတော့မဟုတ်ဘူး။ အခုလွှတ်တော်က ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းနဲ့။ ဦးရွှေမန်းနဲ့ကတော့ လွှတ်ကို တူတာပဲ။

    Reply

  • lone

    December 26, 2011 at 11:53 am

    မျက်နှာကို တစ်ခုချင်းစီကြည့်ကြည့်တာ ဘယ်ဟာမှမတူပါဘူး…နားရွက်ကတော့ ခပ်ဆင်ဆင်လို့ပဲပြောရမယ်…

    Reply

  • tt lay

    December 26, 2011 at 12:25 pm

    ခေါင်းပုံစံမတူဘူး၊ မျက်နှာပေါ်တဲ့ မာန်မတူဘူး၊ ကျန်တာတော့ ခပ်ဆင်ဆင်တူတယ်။

    Reply

  • htoosan

    December 26, 2011 at 12:58 pm

    သူ့ခမျာ . ပထမဆုံး အရိုက်ခံရတဲ့ ပုံ ဖြစ်ရှာမှာပါ ။ ကြိုးစားမယ်ဆိုတဲ့ သူ့စိတ်အတွက် သူဘာတွေ လိုနေတယ်ဆိုတာ ကို ဆန်းစစ်ပြပေးတာ က သူ့ အတွက်ကောင်းမယ်ထင်ပါတယ်။ အများစုရဲ့ ဝေဖန်ချက်တွေကို အတတ်နိုင်ဆုံး စုစည်း ပေးလိုက်ပါတယ် ။
    ……………………………………………………………………………………………………….
    ၁)လူတစ်ယောက်မှာ မျက်လုံးက သိပ်စကားပြောတယ် ။
    ၂)အပြုံးနဲ့မာန်က သိသိသာသာကိုကွာနေပါတယ်။
    ၃)မာန် ပါတဲ့ မျက်နှာ အနေအထားမျိုး သရုပ်ဆောင်နိုင်ရင်တော့ ရမယ်။
    ၄)ဌာန်တွေ မာန်တွေ ဟန်တွေတူနိုင်ဖို့
    ၅)ဗိုလ်ချုပ်ရဲ့ မျက်လုံးက ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ဩဇာကြီးတယ်။ စူးရှတယ်။ နွေးထွေးတယ်။အဲဒီ image ကိုဖမ်းနိုင်ဖို့လိုပါတယ်။
    ၆)ဗိုလ်ချုပ်မျက်လုံးဟာ ဂရုဏာပါပြီး တဖက်သားကို လွှမ်းမိုးနိုင်အောင် စူးစူးရှရှရှိပါတယ်။
    ၇)မျက်နှာပေါ်တဲ့ မာန်မတူဘူး
    ၈)မာန် ပါတဲ့ မျက်နှာ အနေအထားမျိုး သရုပ်ဆောင်နိုင်ရင်တော့ ရမယ် ထင်တယ်။
    ကိုနေဦး မျက်နှာမှာ အားလျော့နေတယ်။

    ကဲ ..မှော်ဆရာရေ .. ကိုနေဦးကို ဂေဇက်ရွာသူားများကတော့ ဒါတွေ လိုအပ်နေတယ် လို့ အကြံပြု ကြကြောင်း ဆိုရင် ပို မကောင်းသွားနိုင်ဘူးလားဗျာ………

    Reply

    • မှော်ဆရာ

      December 26, 2011 at 2:00 pm

      ဒီဝက်ဆိုက်က နာမည်ကြီးဝက်ဆိုက်ပဲ သူ့အကြောင်းရေးထားတယ်ဆိုတာ တဆင့်စကား တဆင့်နားနဲ့ ကိုနေဦး ကြားမှာပါ..
      နောက်ပြီး ရိုက်ကူးမယ့် အဖွဲ့ကလဲ ကြားမှာပါ ..
      သူတို့အတွက် အထောက်အကူ ဖြစ်စေချင်လို့ ဒီပိုစ့်ကို တင်တာပါ ..ကိုထူးဆန်းရေ
      ကိုနေဦးလဲ ပြင်သင့်တာလေးတွေ ဆောင်ရွက်သင့်တာလေးတွေ သိသွားတာပေါ့

      Reply

  • chindwinsayargyi

    December 26, 2011 at 1:04 pm

    ဆင်ပါတယ်.အဓိကလိုတာကတော့ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်.ကိုရအောင်သွင်း.ရင်မျက်လုံးမှာလာပေါ်
    လိမ့်မယ်.ကိုနေဦးရဲ့မျက်လုံးနဲ့နုတ်ခမ်းတွေကအသက်မဝင်ဘူး.ဘော်ဒီကတော့ပိန်နေတော့
    ကောင်းပါတယ်.ဒီထက်တူတာတွေရှိလို့ထပ်ပြီးပေါ်လာရင်တော့သိပ်ကောင်းမယ်.တစ်တိုင်းပြည်
    လုံးစိတ်ဝင်တစ်စားနဲ့ကူညီကြရင်တော့အလွန်ကောင်း

    Reply

  • Kyithur Tun

    January 17, 2012 at 12:47 am

    ဆင်တော့ဆင်ပါတယ် ဗိုလ်ချုပ်လိုမျက်နှာပေါါ်မှာမာန်တော့မရှိဘူး စိတ်ဓာတ်တော့မသိဘူး ဗိုလ်ချုပ်လိုသရုပ်ဆောင်။နိုင်ရင်တော့ကောင်းပါတယ်

    Reply

    • လူကလေး

      January 3, 2013 at 3:42 pm

      ဗိုလ်ချုပ် က သရုပ်ဆောင်ခဲ့တာမဟုတ်ဘူး ထင်ပါတယ်. .

      Reply

  • kaung kg16

    February 20, 2012 at 9:34 am

    ဟုတ်ပါ့ သိပ်တော့ မတူပါလေ နည်းနည်းလေးပါပဲနော်……..ဗိုလ်ချုပ်ဂိုက်ကို မရှိဘူး…..

    Reply

  • ဗိုလ်ချုပ်နဲ ့ရုပ်ချင်းရော၊အသံဩဇာချင်းပါတူတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးဆိုရင်
    ပိုအဆင်ပြေမယ်ထင်ပါတယ်။
    ကမှော်ဆရာ ကျနော်ကိုများစိတ်ဆိုးပြီး မလာတော့တာလားဗျာ။ရွာထဲမှာပျောက်တယ်ဗျာ။

    Reply

  • လူကလေး

    January 3, 2013 at 3:40 pm

    ဘယ်လိုမှ မတူပါဘူး
    ဗိုလ်ချုပ်ရဲ့ ငါဟာဗိုလ်ချုပ်ပဲလို့ မတွေးထားဘဲ နေတဲ့ပုံနဲ့ ကိုနေဦးရဲ့ ငါဟာ ဗိုလ်ချုပ်ပဲ ဆိုတဲ့အတွေး နဲ့နေတဲ့ပုံမျိုးကစပြီးတော့ ကွဲပြားသွားပါပြီ။
    ကိုနေဦးမှ မဟုတ်ပါဘူး ဗိုလ်ချုပ်လိုလူဟာ တစ်ယောက်ပဲရှိမှာပါ. သူလိုလူဆိုတာ ထွက်ပေါ်လာမှာ မဟုတ်တော့ပါဘူး လို့ထင်ပါတယ်
    ဒါပေမယ့် .. အားပေးပါတယ်.. မမြင်ခဲ့ဘူးတဲ့.. မကြားခဲ့ဘူးတဲ့.. မကြုံခဲ့ဘူးတဲ့ .. ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အရာတွေကို ကိုနေဦးကပဲ.. မြင်ဖူး. ကြားဖူး .. ကြုံဖူးအောင် .. ကြိုးစားပြီး ခံစား သရုပ်ဆောင်ပေးပါလို့..

    Reply

  • kai

    January 3, 2013 at 4:15 pm

    အခုရုံတင်ထားတဲ့.. သမ္မတလင်ကွန်းကားကို ရိုက်သူက.. စတီဗင်စပီးဘတ်ပါ..
    သရုပ်ဆောင်သူက Daniel Day-Lewis ဖြစ်ပါတယ်..
    အဲဒီကားအော်စကာဆုရဖို့.. ထိပ်တန်းကပြေးနေပါတယ်..။
    သူတို့၂ပုံကို ယှဉ်တင်ပေးလိုက်ပါတယ်..

    ဆိုတော့…
    သမိုင်းဝင် ပုဂ္ဂိုလ်တွေအကြောင်း.. ရုပ်ရှင်ရိုက်ပြီး.. အော်စကာဆုတွေသိမ်းယူသွားတာတွေက.. တော်တော်များပါတယ်..။
    အောက်မှာ.. အဲဒီလိုရုပ်ရှင်၁၀ဝကို စီပြထားတဲ့လင်ခ့်..
    http://www.digitaldreamdoor.com/pages/movie-pages/movie_biog.php

    အဲဒီထဲကမှ.. အော်စကာဆုယူသွားနိုင်တဲ့.. သရုပ်ဆောင်ပုံတွေ.. မူရင်းလူနဲ့နှိုင်းပြထားတဲ့လင်ခ့်..
    http://www.biography.com/people/groups/oscar-winning-portrayals/photos/oscar-winning-portrayals

    ဆိုတော့..
    ဦးအောင်ဆန်းအကြောင်း…ရိုက်မယ်ဆို.. တကယ်ကို ကမ္ဘာကျော်ချင်ရင်.. ဦးအောင်ဆန်းနဲ့တူတဲ့လူထက်… နာမယ်ကျော်သရုပ်ဆောင်ပညာတတ်သူ + နာမယ်ကြီး ကမ္ဘာတန်းအဆင့်ဒါရိုက်တာမှဖြစ်မယ်ထင်ပါကြောင်း…။ :harr:
    အဲလိုမှ.. မဟုတ်..မြန်မာ့နည်းမြန်မာ့ဟန်နဲ့.. မြန်မာတွေသိချင်သိ..မသိချင်နေ.. ကမ္ဘာကသိချင်သိ..မသိချင်နေ.. ဆိုရင်တော့..
    အိုကေစိုပြေပါကြောင်းရယ်..။ :kwi:

    Spielberg’s Lincoln tipped for Oscar | Film | guardian.co.uk

    http://www.guardian.co.uk › Culture › Film › Lincoln
    Dec 12, 2012 – Steven Spielberg’s historical epic joins Les Misérables and Silver Linings Playbook in Oscars race after mighty nods from Screen Actors Guild …

    Reply

  • aye.kk

    January 4, 2013 at 4:53 am

    သူကြီးပြောတာကို
    ထောက်ခံသွားပါတယ်။။

    Reply

Leave a Reply to tt lay Cancel Reply

Your email address will not be published.