ကန်တော့ပွဲ ဘယ်ကဖြစ်လာသလဲ

မေး။ အရှင်ဘုရား ကန်တော့ပွဲတွေမှာ အုန်သီး၊ငှက်ပျောသီးက မပါမဖြစ် အနေထားလိုဖြစ်နေတာ ဘာဖြစ်လို့ပါလဲဘုရား။ တပည့်တော် သိချင်စိတ်လေး ဖြစ်လာလို့ပါ။
ရိုသေစွာဖြင့်

လင်းမင်းအောင်၊ မန်းလေး။

အဖြေ။ ။ ကန်တော့ပွဲဆိုတာ လူကြီးမိဘစတဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို မိမိက အပြစ်ရှိလို့ တောင်းပန်းတဲ့အခါလည်းကောင်း၊ မိမိအနေနဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို ရိုသေလေးစားလို့ အနေအားဖြင့်လည်းကောင်း မင်္ဂလာဖြစ်အောင် ကန်တော့ပွဲလေး ရှေ့မှာထားပြီး ကန်တော့ခြင်း၊ တောင်းပန်းခြင်းများပြုလုပ်ကြတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ဗုဒ္ဓဘာသာမှာ ဖြစ်ပေါ်လာခဲ့တာပါ။

နတ်တင်တဲ့ငှက်ပျောပွဲ အုန်းပွဲနဲ့ အယူအဆခြင်း မတူပါဘူး။ နတ်တင်တဲ့ပွဲက မမြင်ရတဲ့နတ်တွေကို ဘေးအန္တရာယ်များက စောင့်ရှောက်လိမ့်နိုးဖြင့် နတ်ကို တင်နေကြတာပါ။ တကယ်တော့ နတ်တွေဆိုတာကလည်း သာသနာကိုကြည်ညိုလေးစားသူမှန်ရင် သူတို့ကသာ မိမိကိုစောင့်ရှောက်ပေးဖို့ တာဝန်ရှိတာမို့ မိမိတို့အနေနဲ့ အုန်းငှက်ပျောပွဲစတာတွေ တင်စရာ မလိုပါဘူး။

မြတ်စွာဘုရားရှင်လက်ထက်က ဝေဿဝဏ်နတ်မင်းကြီးဟာ သာသနာကို မှီခိုကြည်ညိုနေတဲ့ပုဂ္ဂိုလ်တွေကို အမြဲတမ်း စောင့်ရှောက်ပါမယ်ဘုရားလို့ လျှောက်ခဲ့တယ်။ ဝေဿဝဏ်နတ်မင်းကလည်း သူ့သဘောနဲ့သူ လာလျှောက်တာမဟုတ်ပါဘူး။ သိကြားမင်းက လျှောက်ခိုင်းလို့ လာလျှောက်ခဲ့တာပါ။ သာသနာကို မှီခိုကြည်ညိုနေကြတဲ့ပုဂ္ဂိုလ်တွေကို သိကြားမင်းက စောင့်ရှောက်မယ်ဆိုတော့ အရပ်လေးမျက်နှာမှာရှိတဲ့ နတ်မင်းကြီး (၄)ယောက်ကလည်း စောင့်ရှောက်ပေးရတယ်။ သိကြားမင်းဟာ သာသနာကြည်ညိုသူတွေကို သူကသာ ရှိခိုးတဲ့အတွက် မိမိတို့ သာသနာကြည်ညိုသူများက သိကြားမင်းကို ရှိခိုးစရာ မလိုပါဘူး။ ငှက်ပျောသီး၊ အုန်းသီးတင်စရာလည်း မလိုသလို ကန်တော့ပွဲလည်း ထိုးစရာ မလိုပေ။

အာဋာနာဋိယသုတ်မှာပါတဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗတို့ဆိုတာ ပူဇော်ဖို့ မဟုတ်ပါဘူး။ ရှိခိုးဖို့လည်း မဟုတ်ပါဘူး။ သိကြားမင်းရဲ့ အမိန့်ကြောင့် ဝေဿဝဏ်နတ်မင်းစတဲ့ နတ်အပေါင်းတို့ဟာ သာသနာကြည်ညိုသူများကို စောင့်ရှောက်ပေးရပါတယ်။ အဲဒီလို သူတို့စောင့်ရှောက်တာကို မိမိတို့က ငှက်ပျောသီး၊ အုန်းသီးစတာတွေ သူတို့အတွက် တင်ဖို့မလိုပေ။ ဒါကြောင့် ကန်တော့ပွဲဆိုတာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရသာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နတ်စတာတွေကို ပူဇော်ပသဖို့ ဖြစ်ပေါ်လာခြင်း မဟုတ်ပါဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။ ဒီလောက်ဆို ပြည့်စုံလိမ့်မယ်ထင်လို့ ဒီမှာပဲ နိဂုံးချုပ်ပြီး စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေလို့ ဆုတောင်းပေးလျက်….။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

8 comments

  • Ko Ko Aung

    December 24, 2011 at 9:17 am

    တပြည့်တော်သိချင်တာတခုကတော့
    ကန်တော့ပွဲမှာပါတဲ့
    အုန်းသီးက ဘာအဓိပ္ပါယ်ပါလဲ ။ ဘာကြောင့်အုန်းသီးထည့်ရတာပါလဲ။
    ငှက်ပျောသီးက ဘာအဓိပ္ပါယ်ပါလဲ။ ဘာကြောင့်ငှက်ပျောသီးကိုထည့်ရတာပါလဲ …. ဆိုတာပါဘုရား။

    Reply

  • ဆန်နီနေမင်း

    December 24, 2011 at 3:17 pm

    အင်း ငှက်ပျောသီး၊ အုန်းသီးကိုပဲ ကန်တော့ပွဲအဖြစ် ဘာဖြစ်လို့ ဗုဒ္ဓဘာသာတွေ ပြုလုပ်ကြသလဲဆိုတာတော့ ရှေးအစဉ်လာသမိုင်းကို သိမှသေချာမယ်။ ဦးဇင်း အထင်ပြောရရင်တော့ ငှက်ပျောသီးဟာ နေရာတကာမှာ ဝယ်လို့လွယ်ကူတာရယ်။ နောက်ပြီး အုန်းသီးနဲ့လိုက်ဖတ်မှုရှိတာကြောင့်၊ အုန်းသီးနဲ့ငှက်ပျောသီးထည့်လိုက်ရင် ကန်တော့ပွဲ လှပကြည့်လို့ ကောင်းတာကြောင့်။ နောက်တစ်ခုကတော့ အုန်းသီးဟာ အပူကို ငြိမ်းစေနိုင်တဲ့သတ္တိရှိတယ်လေ။ မီးလောင်တဲ့လူကို အုန်းရေတိုက်တာ အပူငြိမ်းအောင်လို့တဲ့။ အဲဒီလိုပဲ အုန်းသီးကို ကန်တော့ပွဲတင်တာဟာ ရှိခိုးကန်တော့သူများက မိမိအပူငြိမ်းအောင် တင်ခြင်းဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။

    Reply

  • windtalker

    December 24, 2011 at 7:46 pm

    အခုခေတ်မှာတော့
    အုန်းသီး ဘယ်လောက်ပဲ လှလှ
    ငှက်ပျောသီး ဘယ်လောက်ပဲ လန်းလန်း
    ကန်တော့ပွဲတို ့မည်သည်
    ဝတ္ထုငွေ စာအိတ် မပါလျှင်
    မတင့်တယ်ဟု ဖြစ်နေကြောင်းပါ ဘုရား

    Reply

    • Shanma TUmdy

      December 24, 2011 at 8:54 pm

      မှန်တာပေါ့..မှန်တာပေါ့.. 😉

      Reply

  • ဦးဦးပါလေရာ

    December 24, 2011 at 9:08 pm

    ပြောမှားဆိုမှားရှိရင်တော့ ကန်တော့တောင်းပန်ပါတယ်ဘုရား …
    တပြည့်တော်အနေနဲ့နေတော့
    သာသနာပွဲအဖြစ်ကန်တော့ပွဲထိုးတာကို မသင့်တော်ဘူးလို့ပဲမြင်ပါတယ် ဘုရား
    နတ်တွေအတွက် ကန်တော့ပွဲကတော့ ကိယ်ကိုးကွယ်တာမဟုတ်လို့ ဘာမှမပြောလိုပါဘူး
    ဆရာ မိဘ စသည်ကို ကန်တော့တဲ့အခါ ပြင်တဲ့ကန်တော့ပွဲကတော့ ငှက်ပျောသီးနဲ့ အုန်းသီးအစား
    ကိုကာကိုလာနဲ့ ဘာတာကိတ်လေးထည့်ရရင်
    ပိုအသုံးတည့်ပြီး လက်တွေ့ကျပါတယ်ဘုရား

    Reply

  • kai

    December 25, 2011 at 5:18 am

    အရှင်ဘုရား.. အခုလို ပြတ်ပြတ်သားသား ပြောပေးတာလေးအတွက်.. ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ဘုရား..။
    အဲဒါနဲ့. အင်တာနက်ထဲ အချက်အလက်ရှာပြီး..တင်ပေးလိုက်ပါတယ်..။

    အုန်းသီး ငှက်ပျောသီး ကန်တော့ပွဲက.. ဟင်ဒူကလာတဲ့..ယဉ်ကျေးမှု့လို့ထင်မိတယ်..
    တကယ်တော့ ၃ရမင်းနတ်တွေလည်း ဟိန္ဒူကလာတာပါ…။
    ဗုဒ္ဓသာသနာနဲ့ ဘာမှမဆိုင်ပါဘူး….။

    ဆိုတော့.. အင်တာနက်ထဲ.. အောက်ကအတိုင်းရှာတွေ့တယ်..။

    Q.Why banana and coconut r most important in hindus pooja?
    A. Sujana dear, it is because amongst the fresh fruits Coconut_the hardest [full risk] and Banana_the softest [no risk] and both fruit tend to cough & cold respectively.

    မြန်မာတွေ.. အော်ရီဂျင်နယ် ဟိန္ဒူတွေထက်ကဲပြီး.. တိုင်းပြည်အရင်းအမြစ်ဖြုန်းတီးတာ ပိုများတာမို့.. အဲဒီဓလေ့အကျင့် ဖယ်ပစ်ဖို့သင့်တယ်.. ထင်မိတယ်..။ မြန်မာအများစုကိုးကွယ်ရာ ဘာသာ..သာသနာနဲ့လည်း ဆိုင်တာမဟုတ်..။
    ဘာမှန်းမသိ… သူများယောင်လို့.. လိုက်ယောင်တာမျိုးဖြစ်နေတယ် တွေ့မိတယ်..။
    တိုင်းပြည်… ချမ်းသာလာရင်တော့ ..တမျိုးပေါ့..။
    အခုက.. ငတ်နေတဲ့ကလေးတွေ.. မိသားစုတွေ..မီလီယန်ချီနေတာမို့ပါ..။

    Reply

    • naywoonni

      January 26, 2012 at 7:38 pm

      သူများယောင်လို့သာလိုက်ယောင်ကြတယ်…။ အမောင်ကတော့ တောင်မှန်းမြောက်မှန်း မသိဆိုတာတွေပေါ့….။ ဆြာတော်တွေက သေသေချာချာ တုတ်နဲ့ရိုက်ပြီး တရားဟော မှရမယ်…။ ရှေးတုန်းကလို……….လေး…။

      Reply

  • nature

    December 25, 2011 at 2:03 pm

    ကျွန်တော်လည်းဗုဒ္ဓဘာသာကို လေ့လာတုန်းက စဉ်းစာခဲ့ဘူးတယ်။ ဖတ်ဖူးတဲ့ ရာဇဝင်တွေထဲမှာလည်းအုန်းပွဲ ငှက်ပျောပွဲ အကြောင်းမတွေ့ရဘူး။ ဘုရားပွဲဆို ငှက်ပျော ၃ဖီး အုန်းသီး၁လုံး ၊ သာသနာပွဲဆို ငှက်ပျော၅ဖီး အုန်းသီး၁လုံး ဆိုလားပဲ။ ကွမ်းယာကလည်းပါသေးတယ်။ အုန်းသီး ငှက်ပျောသီးပွဲ၁ပွဲနဲ့ နတ်ကို security ခေါ်လို့ရရင် security တွေ အကုန်အလုပ်ပြုတ်ကုန်ပါ့မယ်။ အုန်းပွဲ ငှက်ပျောပွဲနဲ့ စီးပွားတိုးအောင်လုပ်လို့ရမယ်ဆိုရင်တော့ ဘိုးဘိုးအောင်ရဲ့ ၂ဆတိုးတာကို တောင် နောက်ကောက်ချပစ်မဲ့ မီလီယံ ဘစ်ဇနစ်တခုပဲ။ ဆင်းရဲတဲ့သူတွေကိုရှာချင်ရင် မသိုးထမင်း မသိုးဟင်းနဲ့လိုက်ရှာရင်တောင်တွေ့ဖို့မလွယ်ဘူး။

    Reply

Leave a Reply to ဆန်နီနေမင်း Cancel Reply

Your email address will not be published.