အိမ်ထောင်ရေးဟာသများ

goldstarDecember 23, 20111min04

ပျားရည်ပါးပါးလေးဆမ်းထားတဲ့

 

တခါတုန်းကပေါ့ လူငယ်တယောက်ဟာ

အိမ်ထောင်ပြုမယ် ကြံပြီး

တယောက်ယောက်ကို တိုင်ပင်မယ်ပေါ့။

သူ့ထက်အသက်ကြီးပြီး အိမ်ထောင်ကျ တာစောတဲ့

အကိုကြီးတယောက်ကို အားကိုးတကြီး သွားမေးပါတယ်။

အဲဒီလူက ဒီလိုပြောပြသတဲ့ ။

ငါတို့ မင်္ဂလာဆောင်ပြီးတော့

ပျားရည်ဆမ်းခရီးထွက်ကြတယ်လေ။

သိပ်ပျော်စရာကောင်းတာဘဲကွာ။

အဲဒီကနောက်ပိုင်းကတော့ ပြောပြလို့တောင်စုံမှာ မဟုတ်ဘူး။

ငါ့ကိုယ်တွေ့ပြောရရင်တော့

အိမ်ထောင်ရေးဆိုတာ ပျားရည်ပါးပါးလေးဆမ်းထားတဲ့ အီးပုံကြီးဘဲတဲ့။

အပေါ်ယံ ပျားရည်ပါးပါးလေး ရက်လို့ကုန်တာနဲ့

မင်းအစွမ်းကုန် သီးခံပြီး လွေးဖို့တာပြင်ပေတော့တဲ့။

ဒီလိုနဲ့ဘဲ အဲဒီလူငယ်က အိမ်ထောင်မပြုဖြစ်တော့ဘူးတဲ့။

ကဲ …သူငယ်ချင်းတို့လဲ ပျားရည် ရက်ကြအုန်းမလား………

 

————————————————————-

 

အရေးကြီးတဲ့ဆုံးဖြတ်ချက်

 

-မင်းတို့လင်မယား ရန်ဖြစ်သံမကြားဘူး အရမ်းအဆင်ပြေတာဘဲနော်။

-ဒါပေါ့ နည်းကောင်းလေးရှိတယ်လေ။

-ဟာလုပ်စမ်းပါအုန်းသူငယ်ချင်းရယ် အားကိုးပါတယ်။ ဘယ်လိုနည်းလဲ။

-တခုခု ဆုံးဖြတ်ချက်ချ စရာရှိရင် အသေးအဖွဲတွေဆို သူ့ကိုဆုံးဖြတ်ခွင့်ပေးလိုက်တယ်လေ။

အရေးကြီးတဲ့ဆုံးဖြတ်ချက်ကတော့ ငါကဘဲချမှတ်ရတာပေ့ါ။

-ဟုတ်ပြီဟေ့။ဒါနဲ့ အသေးအဖွဲဆုံးဖြတ်ချက်နဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက် ကို

ဘယ်လိုခွဲသလဲ။

-အင်းခုချိန်ထိတော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တခါမှမပေါ်သေးပါဘူးကွာ။။။။။။။။။။။။။။။။။။။။

 

——————————————

 

ဒူးထောက်ရတယ်

 

 

 

အိမ်ထောင်သည် ယောက်ကျားနှစ်ယောက် အောက်ပါအတိုင်း စကားပြောနေကြသည်။

-မင်းတို့လင်မယား မနေ့ညကရန်ဖြစ်တယ်မဟုတ်လား။

-ဟုတ်တယ်လေ။

-ဘာဆက်ဖြစ်ကြသေးလဲ။

-နောက်ဆုံးတော့ ငါ့မိန်းမ ငါ့ရှေ့မှာ ဒူးထောက်ရတာပေါ့။

-အဲပြီးတော့ ဘာပြောသေးလဲ။

-ရှင်ကုတင်အောက်က အခုထွက်ခဲ့စမ်း။ တဲ့…………

 

————————————————

စိတ်ခိုင်ခိုင်ထား

အိမ်ထောင်သက် ရွှေရတု နေ့မှာ လင်မယားနှစ်ယောက် ဂတိပြုကြသတဲ့။
နှစ်ငါးဆယ် အိမ်ထောင်သက်တမ်းအတွင်းက အဖြစ်တွေကို တယောက်ကို တယောက် အမှန်အတိုင်း ပြောပြကြဖို့ပေါ့လေ။
မေးချင်တာမေးဆိုဘဲ။

အဖိုးကြီးကမေးပါတယ်။ ရှင်မရေ ခုမှတော့ငါလဲ ဘာမှမခံစားရ တော့ပါဘူး။ ဒါပေမဲ့သိချင်တာ တခုတော့ရှိတယ်။ အမှန်အတိုင်းဖြေပေးပါကွယ်တဲ့။
ငါတို့ခလေးခြောက်ယောက်ထဲက တတိယတယောက် ကုိုငါ့သားမဟုတ်ဘူးလို့ အရင်ကထဲကထင်နေတယ်။ အဲဒါ အဖြစ်မှန်ပြောပြပေးနော်။

မိန်းမကပြန်ဖြေပါတယ်။ ရှင်စိတ်ခိုင်ခိုင်ထားပါ။
အဲဒီတယောက်က တကယ့်ရှင့်သားအစစ်ပါ ။ ကျန်တဲ့ ငါးယောက်လုံးကတော့ ရှင့်သားမဟုတ်ဘူးတဲ့။

ကဲ ….ဘော်ဒါတို့လဲစိတ်ခိုင်ခိုင်ထားကြနော်………..

——————————————-

 

 

4 comments

  • koyinmaung

    December 23, 2011 at 8:45 pm

    ကောင်းတယ်ဟေ့ ရယ်ရတယ်
    အလုပ်ပင်ပန်းတာတောင်ဘယ်ရောက်သွားမှန်းမသိတော့ပါဘူး….
    ကျေးဇူးဘဲ……..

    Reply

  • ငပေါက်ဖော်

    December 23, 2011 at 8:55 pm

    အဲဒါကြောင့် လူပြိုဂျီးလုပ်နေဒါကွ..
    ငွှ..ငွှ..ငွှ..

    Reply

  • winkyawaung

    December 23, 2011 at 9:17 pm

    ကျေးဇူးတင်ပါတယ်။ တစ်နေကုန်အလုပ်တွေနဲ့ မောနေတာ။ ဒါလေးတွေကို ဖတ်လိုက်ရတော့ အားလုံးပြေသွားရပါတယ်။

    Reply

  • chindwinsayargyi

    December 24, 2011 at 1:51 pm

    ကျွန်တော်လည်းအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေခုထိမချရသေးပါဘူးဗျာ

    Reply

Leave a Reply to ငပေါက်ဖော် Cancel Reply

Your email address will not be published.