Eiffel Tower – Paris – France သို့ အလည်တစ်ခေါက်

KingDecember 23, 20111min018

ဒီနေ့ ကျွန်တော့်အတွက် မင်္ဂလာသတင်းဆိုရင်လည်း မမှားပါဘူး

ဘာလို့လဲဆိုတော့ ပြင်သစ်နိုင်ငံအခြေစိုက်နယ်စည်း မခြားသတင်းထောက်များအဖွဲ့(Re-porters Without Borders-RSF)ကနေ ဆုချီးမြှင့်ပွဲ အတွက် ဖိတ်ကြားလာလို့ပါပဲ … ဂေဇက်မှာပဲ ပေါက်ကရနဲ့ မတောက်တခေါက်ရေးဘူးတဲ့ ကျွန်တော့်ကို ဖိတ်ကြားလာတော့ အံဩမိတာ မဆန်းလိုက်ပါဘူးနော် … ဒါနဲ့ပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဆိုတော့ ပတ်စ်ပို့ ရှိရဲ့လား ရှာကြည့်တော့ ရေကန်အသင့်ကြာအသင့်ဆိုသလိုပဲ ကွန်ပျူတာအံဆွဲထဲမှာ အသင့်ရှိနေပြန်တော့ စိတ်ချမ်းမြေ့ စရာတွေချည်းပဲပေါ့ … ဒါနဲ့ လေယျာဉ်လက်မှတ်ကိစ္စကိုလည်း ပူစရာမလိုဘူးဗျ ဖိတ်ကြားစာနှင့်အတူ လေယျာဉ်လက်မှတ်ပါ တစ်ပါတည်း ထည့်ပေးလိုက်လို့ပဲ … စကားချီးတွေတော့ အများကြီး မပြောတော့ပါဘူးလေ … ထုံးစံအတိုင်း ဘန်ကောက်ကနေ ပြောင်းစီးပြီး ပြင်သစ်နိုင်ငံ ပါရီ (Paris) မြို့ကို ရောက်ခဲ့တာပေါ့ … ဆုချီးမြှင့်ပွဲက လိုသေးတာမို့ တည်းခိုတဲ့ ဟိုတယ်ကနေ ကမ္ဘာကျော် Eiffel Tower ကြီးကို အလည်အပတ်ထွက်ခဲ့ပါတော့တယ်

……………………………………………………………….

ကျွန်တော် မော့ကြည့်လိုက်တာ ဦးထုပ်တောင် ကျွတ်သွားတယ်ဗျ

မြက်ခင်းပြင်ထဲမှာ ရွာသူ/သားတွေ တွေ့ဆုံပွဲကို သူဂျီးက ဦးဆောင်ဖိတ်ကြားပြီး စရိတ်ငြိမ်း ဧည့်ခံရင် ကောင်းမယ်လို့ စိတ်ကူးမိရင် ရိုက်ကူးခဲ့တာပေါ့ … 😀

တော်တော်သာယာတဲ့ နေရာပဲ ကျွန်တော်တောင် ရေဆင်းကူးလိုက်တာ စိတ်ရော ကိုယ်ပါ ပိုပြီး လတ်ဆတ်သွားတယ်ဗျ … 😛

မြင်ကွင်းကျယ်ကြည့်မိတော့လည်း တော်တော်လှတယ်ဗျ ….

မျှော်စင်ပေါ်တက်မယ်ဆိုပြီး အားခဲနေတုံးဗျ ..

 

မျှော်စင်ပေါ် ရောက်မှပဲ ဒုက္ခ စတွေ့တော့တယ် … ကိုယ်က အမြင့်ကြောက်တာကိုး … ဒါပေမယ့်လည်း မကြည့်ဘဲနဲ့လည်း မနေနိုင်တော့ အောက်ကိုကြည့်မိတယ် .. အဲဒီမှာတင် စောစောတုံးက မော့ကြည့်တုံးက ဦးထုပ်ကလည်း ဒီနေရာမှာ ထပ်ပြီး အောက်ကျသွားရော

ဒါနဲ့ ကျွန်တော်လည်း နှမျောတာနဲ့ ဦးထုပ်ကို လှမ်းအဆွဲ ရင်ထဲကို အေးခနဲဖြစ်ပြီး …………. ဝှီးးးးးးးးးး

ဒုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခွပ် ……….. အား

သေချာကြည့်လိုက်တော့ ကျွန်တော်အိမ်မက်မက်ပြီး အိပ်ယာပေါ်က ပြုတ်ကျသွားတာပဲ

ဟူးးးးးးးးးး

ဘယ်သူမှမသိသေးလို့  … သိသွားရင် ရှက်စရာကြီး 😛 ဆုပေးပွဲတောင် မတက်လိုက်ရဘူး မနက်ဖြန်မှပဲ တက်တော့မယ် အခုတော့ ချမ်းသေးတယ် ပြန်ကွေးလိုက်အုံးမယ်ဗျာ …. 😀

 

ချစ်ခင်စွာဖြင့်

KING

 

 

18 comments

  • blackchaw

    December 23, 2011 at 6:27 pm

    အိပ်မက်ပေမယ့်
    တကယ်လို့ စိတ်ထဲမှာထားပြီး
    ဓါတ်ပုံလေးတွေကြည့်သွားပါတယ် ကိုကင်းရေ။
    အဲဒီလို အိပ်မက်မျိုးလေး ကျွန်တော်လည်းမက်ချင်ပါတယ်ဗျာ။

    Reply

    • KING

      December 23, 2011 at 7:27 pm

      အပြောချိုတဲ့ ကိုချောရေ
      အိမ်မက်ဆိုတာ လက်တွေ့ဘဝနဲ့ ကွာခြားလွန်းလှပါတယ်ဗျာ
      အပြင်မှာ လက်တွေ့ မဖြစ်နိုင်သေးသမျှကို စိတ်ကူးအိမ်မက်နဲ့ပဲ စိတ်ဖြေသိမ့်နေရသေးနေတာပေါ့
      တစ်နေ့တစ်ချိန်မှာတော့ …. အိမ်မက်တွေက လက်တွေ့ ဖြစ်လာမယ်ဆိုရင် ……..
      ကိုချောနဲ့ အတူ ခရီးထွက်ချင်ပါတယ် … (ကိုချောတင်မဟုတ်ဘူး ရွာထဲက မိတ်ဆွေများအပါအဝင်ပေါ့) … 😀

      Reply

  • windtalker

    December 23, 2011 at 7:42 pm

    အီဖယ်ပေါ်မှာ
    အပီလည်ပျော်တဲ့
    မောင်ကင်း
    မောင်မင်း
    ဂျုံးဂျုံးကျပေါ့
    အုံးအုံးမှ မခွတာကိုး

    Reply

  • ငပေါက်ဖော်

    December 23, 2011 at 7:44 pm

    ဂယ်လားလို ့..
    လူဇိုး..
    ဂယ်တွားရရင် ဦးထုပ်ပြုတ်မကျပဲ..လူပြုတ်ကျမဲ့လူ..
    ဟွင့်..

    နောက်ဒါ

    Reply

  • MaMa

    December 23, 2011 at 9:20 pm

    အိမ်မက်ကလည်း တကယ့် အပ်ပဒိတ်ပဲ ၂၀၁၂ တဲ့ 😆

    Reply

  • koyinmaung

    December 23, 2011 at 9:58 pm

    ဓါတ်ပုံတွေသဘောကျလွန်းလို့
    ကူးထားလိုက်ပါတယ်….
    ကျေးဇူးဘဲနော်….

    Reply

  • inz@ghi

    December 24, 2011 at 7:57 am

    အင်းကူး

    တယ်လဲ ဟာသပြောတတ်သကိုး …..
    ကျုပ် ပြင်သစ်ကို အီတာလိယာ လောက်နီးနီးချစ်တယ်ဗျ….
    ကြုံရင် ပြင်သစ်အကြောင်းလေး …ဖတ်ဖူးတာ ရေးဦးမယ်ဂျာ …..

    ခင်တဲ့
    ဂီ

    Reply

  • Ko Ko Aung

    December 24, 2011 at 9:12 am

    မြန်မာပြည်မှာသာဆို
    အဲဒါကြီး ဆေးသုတ်ကန်ထရိုက်ရတဲ့သူတော့
    ထော ….. 🙂

    Reply

  • စုံ စုံ

    December 24, 2011 at 9:54 am

    ကိုကင်းကမှအိမ်မက်ထဲမှာ Eiffel Tower ရောက်လို့ဦးထုပ်ကျွတ်ဖူးသေးတယ်
    ကျမတော့ Eiffel ပေါ်တက်ရတဲ့အိမ်မက် မက်ကိုမမက်ဘူးသေးဘူး

    Reply

  • Moe Z

    December 24, 2011 at 10:25 am

    ထိပ်ဆုံးမှာ Aha!, Jokes ဆိုကတည်းက ထင်တော့ထင်သား
    ပုံလေးတွေလှလို့ဆက်ကြည့်မှ အိမ်မက်နဲ့တိုးသွားတယ်
    ကုတင်ပေါ်ကကျတာ ဘာမှမဖြစ်ဘူးလားဟင် 😀 😀

    Reply

  • နွယ်ပင်

    December 24, 2011 at 10:32 am

    တကယ်လားလို့ ကြည့်နေရင်းက
    အောင်ရောက်မှပဲ အိမ်မက်မှန်းသိတော့တယ် ……….. 😀

    Reply

  • char too lan

    December 24, 2011 at 12:08 pm

    သူများအိမ်မက်ထဲ ဇိုးခနဲ့ ဇက်ခနဲ ဝင်ကြည့်သွားတယ်
    ပုံတွေကတော့ တကယ်မိုက်တယ် …………

    Reply

  • KING

    December 24, 2011 at 6:42 pm

    @ ကိုပေရေ
    အုံးအုံးကိုခွပေမယ့် မနက်အစောပိုင်းဆိုရင် အုံးအုံးက ပျောက်… ပျောက် … သွားတယ်ဗျ
    ကျွန်တော် အိပ်ရေးမကြမ်းပါဘူးနော် … 🙂
    =================================================
    @ ဦးဖော်ရေ
    ကျွန်တော်က တကယ်သွားဖြစ်မယ်ဆိုရင်လည်း အပေါ်တော့ တက်ရဲမယ်မထင်ဘူးဗျ
    အမြင့်ကြောက်တတ်တယ်ဗျ … ခုနှစ်တန်းကျောင်းသားဘဝတုံးက သုံးထပ်တိုက်ရဲ့ ဝရန်တာကနေ အောက်ကို ကြည့်ရင် ကြောက်လို့ ဒူးထောက်ပြီး ကြည့်တတ်ပါကြောင်း …. 😀

    =================================================
    @ မမရေ
    UPDATE ကို မြင်သွားတာပဲ … 🙂 .. တော်တော်များများကို အဟောင်းကြိုက်တတ်ပေမယ့် တစ်ချို့တစ်လေကိုတော့ အသစ်မှ ကြိုက်တတ်တယ်ဗျို့ … 😀 (P.S သေချာတော့ ရှင်းမပြတော့ဘူးနော်) 😛
    =================================================
    @ ကိုရင်မောင်ရေ
    ကူးသာကူး ကျွန်တော်လည်း ကြိုက်လို့ ကူးထားတာဗျ … အခုမှပဲ အသုံးချလို့ရတော့တယ် .. 😀

    =================================================
    @ ဂီရေ
    ဖက်ဖူးတာလေး မျှပါအုံးဗျာ … အဲ … မှားလို့ ဖတ်ဖူးတာလေး မျှပါအုံး … 😛
    =================================================
    @ ကိုကိုအောင်ရေ
    မြန်မာပြည်မှာ ကန်ထရိုက်ရတဲ့သူ ထောတာအပြင် ဘာမှ သိပ်မပင်ပန်းဘဲနဲ့ ပါမစ်ချပေးတဲ့သူကလည်း ထောပါတယ်ကွယ် … 😀

    =================================================
    @ စုံစုံရေ
    နောက်တစ်ခါ အိမ်မက် ကောင်းကောင်းမက်ရင် လှမ်းခေါ်လိုက်မယ် အိမ်မက်ထဲမှာ ပတ်စ်ပို့သာဆောင်ထားနော် … 😀
    =================================================
    @ မိုးဇက်ဆိုတဲ့ ကလေးမရေ
    ကုတင်ပေါ်က ပြုတ်ကျတာ ဘာမှမဖြစ်ဘူးလားဆိုတော့ … အီးးးး .. အားးးး ..ကျွတ် … အခုမှ ဟိုနားနာသလို ဒီနား နာသလိုနဲ့ ….. 😛

    =================================================
    @ မနွယ်ပင်ရေ
    အောက်ရောက်မှ အိမ်မက်ဆိုတာ သိသွားတယ်ပေါ့ … ဒါဆိုရင် ပုံတွေကိုကြည့်ပြီး စီးမျောသွားတာဖြစ်ရမယ် … 😛
    =================================================
    @ ချာချာ ခေါ်ရမလား တူးတူးဆိုရင်ရောဘယ်လိုနေမလဲ လန်လန် ဆိုတာတော့ မကောင်းဘူး ဒီတော့
    ညီမရေ လို့ပဲခေါ်တော့မယ် … 😀
    အိမ်မက်ထဲကို ဇိုးခနဲ ဇက်ခနဲ ဝင်သွားတာတော့ ကိစ္စမရှိပါဘူး … နှလုံးသားထဲတော့ အလိုဝင်မသွားနဲ့နော်လို့ … 😛

    =================================================
    အားလုံးကို ချစ်ခင်စွာဖြင့်
    KING ( ^ _ * )

    Reply

  • KoNyeinChan

    December 25, 2011 at 1:31 am

    ပြီးခဲ့တဲ့ အပတ်က ကျွန်တော့် ကာစတန်မာ မလေးမိသားစု ဖရန် ့စ်က ပြန်ရောက်လာကြတယ်.. သူတို ့ပြောတာကတော့ အဲ့ဒီမှာ အထင်ကရဆိုလို ့ အီဖယ်လ် မျှော်စင်ဘဲရှိတာတဲ့.. တိုက်တွေဆိုရင်လည်း တစ်ထပ်၊ နှစ်ထပ်တွေကသာ အများဆုံးဘဲတဲ့.. သမိုင်းဝင် ရှေးဟောင်းအိမ်တွေ များတယ်တဲ့.. အမြင့်ဆုံးအဆောက်အဦးတောင် ၁ဝ ထပ်ဝန်းကျင်လောက်ဘဲရှိမယ်တဲ့ .. တဲ့ ..တဲ့
    ဖရန် ့ရောက်နေသူတွေ ပြောကြပါဦး.. ဟုတ် မဟုတ်ဆိုတာကို…
    နောက် အမှတ်တရရှိစေတာက အလစ်သုတ်သမား အရမ်းများဆိုဘဲ.. ပုံစံတွေက ဂျလေဘီတွေတော့ မဟုတ်ဘူးနော.. တကယ့် ဂျန်းတဲလ်မဲန်း စတိုင်လ်တွေချည်းဘဲ.. တောင်းစားတဲ့သူကအစ.. ကုတ်နဲ ့ဘောင်းရှည်နဲ ့ဘွတ်နဲ ့..
    သူတို ့ကိုယ်တိုင်ခံလိုက်ရတာက ဟော်တယ်လ်ရဲ ့လော်ဘီမှာ ကားစောင် ့နေတုန်း မိဘနှစ်ပါးက လက်ဂေ့ချ်တွေ သွားရွေးနေချိန် သူတို ့သားတစ်ယောက်တည်း ဟန်းကယ်ရီအိတ်နှစ်အိတ်နဲ ့ ခုံတန်းရှည်ပေါ်ထိုင်နေတုန်း ဘတ်စ်ကားကလည်း ဟော်တယ်ရှေ ့ဆိုက်အလာ၊ လူတွေကလည်း တရုန်းရုန်း.. အဲ့ဒီအချိန်နဲ ့တိုက်ဆိုင်စွာဘဲ ကောင်လေးထိုင်နေတဲ့နောက်က မှန်ကို မိန်းမတစ်ယောက်ခပ်ပြင်းပြင်းခေါက်လိုက်တော့ ကောင်လေးကလည်း ဘာများလည်းလို ့လှည့်အကြည့်၊ ဂျန်းတဲလ်မဲန်းစတိုင်လ်နဲ ့လူတစ်ယောက်က ကောင်လေးရဲ ့ဟန်းကယ်ရီတစ်အိတ်ကို ခပ်တည်တည်နဲ ့ မ သွားပါလေရော.. စီစီတီဗွီမှာ ပြန်စစ်ကြည့်လို ့သိလိုက်ရတာတဲ့.. နောက်ပြီး ရဲစခန်းကိုသတင်းသွားပို ့တော့ ရဲတွေက အီးလိုမပြောတတ်လို ့ဘာသာပြန်ခေါ်ရဆိုဘဲ(ဖရန် ့ချ်မှာ ဘယ်နေရာမှာမဆို သူတို ့စာနဲ ့သာရေးထားတာတဲ့.. လမ်းပြဆိုင်းဘုတ်၊ ဈေးဆိုင်၊ ကိုယ်တိုင်ရိုက်ဓါတ်ပုံဆိုင်၊ အိမ်သာ အစရှိတာတွေအားလုံးမှာတဲ့).. တော်ပြီ ကိုကင်းကိုအားနာလို ့ ကိုယ့်ကွန်မန်းက သူ ့ပို ့စ်ထက် ရှည်ချင်ချင်ဖြစ်နေပြီ 😀 😀 😀

    Reply

  • တော်တော်သာယာတဲ့ နေရာပဲ ကျွန်တော်တောင် ရေဆင်းကူးလိုက်တာ စိတ်ရော ကိုယ်ပါ ပိုပြီး လတ်ဆတ်သွားတယ်ဗျ …

    မျှော်စင်ပေါ်ကနေဒိုင်ဗင်ထိုးချလိုက်ရင် အသဲပါတောင်အေးသွားအုံးမှာနော………………..

    Reply

  • saiias.027

    December 25, 2011 at 11:48 pm

    နောက်ဆုံးပုံက ကိုကိုယ်တိုင် အောက်ကိုငုံ့ကြည့်နေသလို ခံစားရပါတယ်။ …
    ကျေးဇူးတင်စွာဖြင့်

    Reply

  • ဆူး

    December 26, 2011 at 10:17 am

    အေးခနဲ ဖြစ်သွားတာ မောင်ကင်း ညက ရေသောက်တာ များလို့ အိပ်ယာထဲ ရှူးရှုးထွက်တာ ဖြစ်လိမ့်မည်ဟုယူဆပါသည်။

    Reply

  • KING

    December 26, 2011 at 11:09 am

    @ ကိုငြိမ်းချမ်းရေ
    လွှတ်လက်ဆနဲ့ ဆက်လွှတ်လေဗျာ ကျွန်တော်ကတော့ France က ကောင်မလေးတွေ ဟိုဟာ မဝတ်ဘူးဆိုတာကလွဲလို့ ကျန်တာ သိပ်မသိဘူးဗျ …. 😀
    =========================================
    @ လေးပေါက်
    မျှော်စင်ပေါ်ကနေတော့ ဒိုင်ပင် မထိုးချခိုင်းပါနဲ့ အပေါ်တက်ခိုင်းရင်တောင် မတက်ရဲတဲ့သူကို .. 😛

    =========================================
    @ saiias.027
    အောက်ကို ငုံ့ကြည့်ရင် သေချာကိုင်ထားအုံးနော် ပြုတ်ကျသွားအုံးမယ်ဗျ .. 🙂
    =========================================
    @ မမဆူး
    ယူဆချက် အမှန်တရားတွေ ထုတ်မပြောနဲ့ဗျာ … တော်ကြာ ရွာသူလေးတွေ စိတ်မဝင်စားဘဲ နေပါအုံးမယ်ဗျ .. 🙂

    Reply

Leave a Reply to saiias.027 Cancel Reply

Your email address will not be published.