ကမ္ဘာ့ဖလားဘောလုံးပွဲများကို မိုးဆမ်းပန်းကုမ္ပဏီမှ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်

moesatrainMay 27, 20101min01

၂၀၁ဝ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို မိုးဆမ်းပန်းကုမ္ပဏီမှ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့တွင်
တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှဥက္ကဋ္ဌဖြစ်သူ
ဦးဇော်မင်းအေးက ပြောကြားခဲ့သည်။

၂၀၁ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ် အရေအတွက် ၆၄ ပွဲကို ပြိုင်ပွဲကာလ
ဖြစ်သည့် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ
တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့အတွက် Yangon Entertainment ကနေ တစ်ဆင့်
ပြန်လည်ဝယ်ယူခဲ့ပါတယ်။အုပ်စုပွဲစဉ်တွေထဲက ညနေ ၆နာရီပွဲ တွေကို
မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားပါမယ်။
ကျန်တဲ့အုပ်စုပွဲတွေဖြစ်တဲ့ ည ၈ နာရီခွဲ ပွဲစဉ်တွေနဲ့ နံနက် ၁ နာရီ
ပွဲစဉ်တွေကို မြဝတီရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ
ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်တွေကိုတော့ မြဝတီရုပ်မြင်သံ ကြားကနေ
တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်။ ဆီမီးဖိုင်နယ်၊
တတိယလုပွဲနဲ့ဖိုင်နယ်ပွဲစဉ်တွေကို ရုပ်သံနှစ်ခုလုံးကနေ
တိုက်ရိုက်ထုတ်လွှင့်ပြသသွားပါမယ်” မိုးဆမ်းပန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။

မြန်မာ့ရုပ်မြင်သံကြားမှ ၂၂ ပွဲ၊ မြဝတီရုပ်မြင်သံကြားမှ ၄၆ ပွဲတို့ကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး Grand Royal မှ Main Sponsor နှင့် Super, Laser, Star Cola
တို့မှ Co Sponsor အဖြစ် ပံ့ပိုးပေးထားကြောင်း သိရှိရသည်။

One comment

  • intro

    May 27, 2010 at 10:32 am

    နိပ်ပဟ… အားပေးမှာပါ.. အားပေးမှာပါ….

    Reply

Leave a Reply to intro Cancel Reply

Your email address will not be published.