တကယ်ချစ်မှာလား… ? အပျော်တွဲမှာလား ? (အတည်ကြံချင်သူများအတွက်)

koyin sithuDecember 22, 20111min012

လူတစ်ယောက်က ကိုယ့်ကို ချစ်ခွင့်ပန်လာပြီဆို ဒီလူ ငါ့ကိုတကယ်ချစ်လို့လား၊ အပျော်တွဲမှာလား၊ စဉ်းစားပေးရင်ကောင်းမလား၊ ပြန်ချစ်သင့်လား၊ ပြန်မချစ်သင့်ဘူးလား၊ သူကဘယ်လိုလူမျိုးလဲ စသဖြင့် မိန်းကလေးတိုင်း တွေဝေတက်ကြပါတယ်။ ချစ်မိလို့ ရွေးခြယ်မိပြီဆိုလဲ ဒီလူငါ့ကို တကယ်မှ ချစ်ရဲ့လား။ ငါချစ်သလောက်ပြန်ချစ်ရဲ့လား စတဲ့အတွေးလေးတွေနဲ့ ရတက်မအေးတက်ကြပါဘူး။ ဒီအတွက် ကူညီပြီးဒီဗေဒင်လေးကို ကောက်နုတ်တင်ပြလိုက်တယ်နော်။အလွယ်လေးပါပဲ။ ပထမအဆင့်အနေနဲ့ ကိုယ့်ကို ချစ်စကားပြောလာတဲ့သူရဲ့ နာမည်ကိုဗျည်းတစ်ခုစီရဲ့ နေ့နံဂဏန်းပြောင်းလိုက်ပါ။

နေ့နံ ဂဏန်းကို တော့သိမယ်ထင်တယ်နော်။

ဥပမာ – အောင် ဆိုရင် (အ) တနင်္ဂနွေ၊ ဂဏန်းက 1 ပေါ့။ မင်းဆိုရင် (မ)ကြာသပတေး ၊ ဂဏန်းက 5 ပေါ့။ ထွန်းဆိုရင် (ထ) စနေ၊ ဂဏန်းက 7 ပေါ့ လွယ်ပါတယ်။ အဲဒီအတိုင်း နာမည် တစ်လုံးချင်းစီကို ဂဏန်းဖြစ်အောင် ပြောင်းပြီး ကိန်းဂဏန်းတခုတည်းဖြစ်အောင်ပေါင်းလိုက်ပါ။

ဥပမာ – ကျော်မျိုးမြင့် ဆိုပါတော့၊

(တခုတော့ သတိထားပါ ။ရှေ့က ဦး/ ကို / မောင် ဆိုတာတွေကို ထည့်မတွက် ပါဘူး။)

= ကျော် + မျိုး + မြင့်

= 2 + 5 + 5

= 12 ရပါတယ်။

ပြီးရင် ဒုတိယအဆင့် လာပြီ။ အဲဒါက ကိုယ်ရောက်နေတဲ့ အသက် နဲ့ မိမိမွေးနံဂဏန်းကို ပေါင်းရမှာပါ။

မှတ်ချက်။ (ဒီနေရာမှာ တခုသတိထားရမှာက အဖြေပေးဖို့စဉ်းစားနေတဲ့သူများအတွက်သာ ခုလက်ရှိအသက်ကို ယူရမှာဖြစ်ပြီးချစ်သူရှိပြီးသူများကတော့ အဖြေပေးခဲ့တဲ့ အချိန်က အသက်နဲ့ တွက်ရမှာနော်…သဘောမပေါက်ဘူးဆိုရင်တော့ လက်ရှိအသက်ထဲက ချစ်သူသက်တမ်းကို

နှုတ်လိုက် ရတဲ့ အဖြေကို ယူလိုက်ပေါ့ …:D) ဥပမာ ပြောပြီနော်.

လက်ရှိအသက်က…………29 (28 ပြည့်ပြီးရင် 29 လို့ယူမယ်နော်…ရောက်နေတဲ့

အသက်လို့ပြောထားတာကိုး) မိမိရဲ့မွေးနံက တနင်္ဂနွေဆိုတော့………1

အဲဒီတော့ …………..29 + 1 =30 ရပါတယ်။ နားလည်မယ်ထင်ပါတယ်။

တတိယအဆင့်ကတော့

ပထမအဆင့်ကရတဲ့ အဖြေနဲ့ ဒုတိယအဆင့်က ရတဲ့အဖြေကို ပေါင်းပေးရမှာဖြစ်ပါတယ်။

ပထမအဆင့် အဖြေက …..12

ဒုတိယအဆင့် အဖြေက…30 နှစ်ခုပေါင်းတော့ 42 ရတယ်။ ရလာတဲ့ အဖြေကို 7 နဲ့စားပါ။ ကျန်တဲ့ (အကြွင်း)ကို မှတ်ပြီး အောက်ပါအဖြေများကို

ရပါလိမ့်မယ်

အကြွင်း (1) ဆိုရင်တော့ သူတကယ်ပြောတာပါ။ ချစ်တာကတော့အမှန်ပါ၊ ဒါပေမဲ့ လက်ထပ်ဖို့တော့ မတွေးသေးဘူး။ လက်ထပ်မယ်လို့ပြောလာရင်လည်း အပေါ်ယံလေးပါ၊ လက်ထပ်နိုင်လောက်အောင် အခြေအနေမပေးသေးပါဘူး။ မဖြေရှင်းနိုင်တဲ့ မိသားစု အသိုင်းအဝိုင်းကြားကနေ ရင်ဆိုင်ပြီး ချစ်နေရတာပါ။ ချစ်သူဘဝနဲ့တွဲသွားတွဲလာ အဖေါ်အဖြစ်တော့ ကောင်းပေမဲ့ အိမ်ထောင်ဖက်တော့ဖြစ်မလာနိုင်ပါဘူး။ ချစ်တိုင်းလည်း မညားတဲ့စကားလိုပါပဲ။

အကြွင်း(2) ဆိုရင်တော့ တကယ်ကောင်းတာပဲ။ သူ့အချစ်က စံတင်လောက်တယ်နော်။ သူတကယ်ကိုချစ်နေတာပါ။ သနားဖို့ကောင်းတဲ့လူပေါ့။ သူ့မေတ္တာ၊ သူ့သစ္စာ၊ သူ့ဘဝ တစ်ခုလုံးကို ပုံအောပြီးချစ်နေတာပါ။ ပြန်ချစ်ဖို့ အသင့်တော်ဆုံးလူပေါ့။ ကိုယ်ကို တကယ်ချစ်၊ တကယ်လက်ထပ်မှာဆိုပေမဲ့ ကိုယ်က ပြန်မချစ်ရင်လည်း နောက်ဆုတ်ပေးဖို့အသင့်ပါ။ အနှောင့်အယှက်မပေးပါဘူး။ အဲ့လောက်ကို မြတ်မြတ်နိုးနိုးချစ်တာနော်။

အကြွင်း(3) ဆိုရင်တော့ ဒဿမင်းပါပဲ၊ အတော်မျက်နှာများတဲ့သူပေါ့။ ကိုယ့်ကိုသဘောကျလို့ တွဲချင်တာပါ။ အလေးအနက်မထားပါဘူး။ လက်ထပ်ဖို့နေနေသာသာ ရေရှည်ချစ်ပ့ါမလားတောင်မသိဘူးနော်။ ကိုယ်က လက်ခံပြီးရင် သူကနောက်တစ်ယောက်တွဲမယ်။ ပစ်ထားလိုက် ပြန်လာလိုက်နဲ့ ချစ်တမ်းကစားမဲ့သူပဲ၊ အသည်းကွဲတာ ခံနိုင်ရေ ရှိမှ စဉ်းစားနော်။ မစဉ်းစားတာအကောင်းဆုံးပါ။ သူငယ်ချင်းအဆင့်မှာပဲ ထားလိုက်ပါ။

အကြွင်း(4) ဆိုရင်တော့ အတည်ပြောတာပါ။ တကယ်ချစ်တာပါ။ ချစ်သူအတွက်ဆိုဓါးတောင်ကို ကျော်ရမလား၊ မီးပင်လယ်ကိုဖြတ်ရမလား ရင်ဆိုင်ဖို့အသင့်၊ အဲလိုသဲသဲလှုပ်ချစ်တာပေါ့နော်။သူက စကားနည်းတယ်။ ဒီစကားလေးတစ်ခွန်းပြောဖို့ကိုတော်တော်အချိန်ယူပြီး ပြောရတာပါ။ ကိုယ့်ကို တင့်တောင်းတင့်တယ် လက်ထပ်မဲ့သူပါ။ တစ်သက်လုံး မြတ်မြတ်နိုးနိုးနဲ့ ကိုယ်လက်ကို တွဲထားမဲ့သူပါ။ စဉ်းစားပေးလိုက်ပါနော်။

အကြွင်း(5) ဆိုရင်တော့ ချစ်ခွင့်ပန်ပြီး သူပဲမဟုတ်သလို။ သူကိုယ်သူတောင် ပြောမိလားမပြောမိလား သူကိုယ်တိုင်တောင်မမှတ်မိတဲ့ သူမျိုးပါ ချစ်လိုက်မချစ်လိုက်၊ သတိရလိုက်မရလိုက် လူမျိုးပေါ့။ ချစ်ခွင့်ပန်ပြီးအဖြေတောင် တောင်းမသွားတဲ့သူမျိုးလေ။ သူ့မှာ အချစ်ကောရှိရဲ့လား၊ အသည်းနှလုံးကောပါရဲ့လားလို့ ပြန်မေးရမဲ့သဘောရှိတယ်။ ချစ်မိလို့ လက်ခံလိုက်တယ်ဆိုရင်တော့ လက်ထပ်ဖို့ကို အချိန်ယူပြီး စဉ်းစားဖို့အကြံလေးပေးပါရစေ။

အကြွင်း(6) ဆိုရင်တော့ ကောင်းပါတယ်။ ကိုယ ့်အပြင် နောက်ထပ်မရှိတဲ့။ သူ့မေတ္တာက အမှန်ပါ။ အတိတ်က ဇာတ်လမ်းတွေရှိခဲ့ရင်လည်းကိုယ်နဲ့တွေပြီးနောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ တွဲတဲ့လက်မြဲအောင်ကြိုးစားမှာပါ။ မတူညီတဲ့ အသိုင်းအဝိုင်း အတားအဆီးတွေကြားကနေ ချစ်တဲ့သူပါ။ တကယ်ချစ်၊ တကယ်အလိုလိုက်မဲ့ အချစ်စစ်ပိုင်ရှင်ပါ။ ရေရှည် တည်မြဲတဲ့အချစ်ပါ။ True Love နော် မယုံမရှိနဲ့။

အကြွင်း(0) ဆိုရင်တော့ NO လို့သာ ပြောလိုက်ပါ။ သူ့အချစ်နဲ့ ကိုယ်အချစ်မတန်ပါဘူး။ မရှင်းမရှင်းနဲ့ အရှုတ်ထုတ်တွေကြား ကိုယ်ပါ ဗျာများနေရမယ်။သူ့ကိုယ်များကြိုက်မိလို့ကတော့ Tissueနဲ့မျက်ရည်သုတ်ရလိမ့်မယ်။ပညာသားပါပါ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့တောင်မတွဲမိစေနဲ့၊ လက်ထပ်ဖို့လည်းမကောင်း၊ မယူပြန်ရင်လည်း လိုက်နှောင့်ယှက်မဲ့သူမျိုးနော်။ ငြင်းမယ်ဆိုတောင် အလိမ္မာလေးနဲ့ငြင်းပါ။ ပြန်အရှက်ခွဲမဲ့ လူမျိုးမို့သတိလေးထားပါလို့။

ဗေဒင်ဆိုတာကလဲ ဗေဒင်ပေါ့။ ပုံသေကြီးတော့ သတ်မှတ်လို့မရပါဘူး။ ဖူးစာဆိုတာ သတ်မှတ်ပြီးသားပါ။ ကံ ကံ၏ အကျိုးတဲ့။ ကိုယ်က အကောင်းဆုံးကိုမှလိုချင်သလို ကိုယ်ကလည်း ကိုယ့်ချစ်သူအတွက် အကောင်းဆုံးဖြစ်ရဲ့လားလို့ပြန်လည်သုံးသပ်ရင်း……မဖြစ်သေးဘူးဆိုကြိုးစားပါလို့အကြံပေးချင်တယ်။ ဆရာလုပ်တာမဟုတ်ပါဘူး၊ တခါတရံ ကိုယ်ရဲ့စိတ်၊ကိုယ်ရဲ့လုပ်ရပ်ကြောင့် လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

 

12 comments

  • blackchaw

    December 22, 2011 at 3:06 pm

    ကိုရင် အဲဒီလိုကြီး ဒဲ့မေးတော့
    ကျွန်တော် ဖြေတတ်ဘူးဗျာ။

    Reply

  • နီကီတာ

    December 22, 2011 at 3:18 pm

    ၆ ကြွင်းတယ် … ဟိ
    ဒါပေမယ့် ယုံရတာမဟုတ်ဘူး
    ကိုရင်က ရက်တွေ ဗေဒင်တွက်ပြီးမှ
    ပြောခဲ့တာလား မသိ… 🙁

    Reply

  • KING

    December 22, 2011 at 5:10 pm

    ကိုယ်ချစ်တဲ့ ကောင်မလေးကို ရွာထဲမဝင်ခိုင်းတော့ဘူး
    ကိုရင် ဗေဒင်အရဆိုရင်
    ဗိုက်ခေါက်ကြောတော့ ပျက်ပြီဗျို့ … 🙂

    Reply

  • MaMa

    December 22, 2011 at 5:16 pm

    ကိုရင့်ဗေဒင်ကို အနှစ်ချုပ်ပေးမယ်။ မ ဂဏန်းဆိုရင် မကောင်းဘူး။ စုံ ဂဏန်းဆိုရင် ကောင်းတယ်။ သိချင်တဲ့လူတွေ အလွတ်ကျက်ကြပေရော့။

    Reply

  • zaymdy

    December 22, 2011 at 6:11 pm

    ကိုရင်ရေ ကိုချစ်တည်း ကောင်မလေး ကိုပြန်ချစ်အောင် အဆောင်အယောင်လေး ပေးပါဦး ဟဟဲ ကြိုးစားတုန်းမို… နေ.တူနံတူဆို အဆင်မပြေကြဘူးဆို ဟုတ်လားဗျို…

    Reply

  • windtalker

    December 22, 2011 at 7:02 pm

    ကျုပ်ကတော့
    ချမ်းချမ်း လိုဘဲ ဆိုပြချင်ပါတယ်
    တစ်ကယ်ဆိုရင် အချစ်ဘဲလိုတယ်

    Reply

    • ငပေါက်ဖော်

      December 23, 2011 at 9:50 am

      တစ်ဂယ်ဆိုရင် ကျောက်စိမ်းပဲ လိုတယ် လုပ်ပါဆရာရယ်.
      :mrgreen:

      Reply

  • htet way

    December 22, 2011 at 9:58 pm

    အင်း ၃ကြွင်းတော့ ခက်ပြီကိုရင်ရေ
    ကျုပ်ကလည်းအစွဲအလမ်းကြီးတော့
    ဘာတတ်နိုင်မှာလဲလေ……
    ယောက်ကျားလေးလည်း
    ဒီနည်းကသုံးလို့ရနိုင်တာပဲလေ ခက်ပြီ ခက်ပြီ
    ကိုရင် ဟောထားတာသိပြီးကတည်းက မအိပ်နိုင် မစားနိုင်ပါပဲဗျာ

    Reply

    • နီကီတာ

      December 23, 2011 at 11:48 am

      ဟာ.
      အဲလောက်ကြီးလည်း မလုပ်နဲ့လေ
      တကယ်ချစ် ၊ တကယ်မြဲဖို့ဆိုတာ
      တစ်ယောက်နဲ့တစ်ယောက် နားလည်မှုခိုင်မြဲပြီး
      သစ္စာရှိရှိချစ်ကြဖို့ပါ
      ဒီလိုသာဆို…..
      ဓမ္မ သောက အင်းဝ ရာဇာ နဲ့တိုက်ယူ
      ဗေဒင်တွေက ဟောတဲ့ နေ့နံသားသမီးတွေရှာယူ
      ကဲ.. နားလည်မှုမရှိမြဲကြမလား
      မျက်နှာများကြတယ်၊ သစ္စာဖောက်ကြတယ်ဆိုတာလည်း
      ဝါသနာနဲ့ ဗီဇတွေပဲ

      Reply

  • နီလေး

    December 23, 2011 at 9:35 am

    ၆ကြွင်းပါတယ် ကိုရင်ရေ သူနဲ့ပတ်သက်တိုင်းဗေဒင်ကြည့်ရင်တော့ အဖြေကတော့ သိပ်မကွာဘူး အဲလိုမျိုးတွေပဲထွက်တတ်တယ် ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ကိုရင့်ဗေဒင်ကို လေးစားပါတယ် ၆ကြွင်းလို့

    Reply

  • မှော်ဆရာ

    December 23, 2011 at 10:04 am

    မှော်ဆရာနဲ့ ဝတ်မှုံချွေရည်နဲ့ တွက်ပေးပါ

    Reply

  • super

    December 23, 2011 at 11:36 am

    ကိုရင်ရေ ကျနော်က ၂ ကြွင်းရတယ်ဆိုတော့ ပျော်တယ်ဗျ၊ သိုင်းကျူး ကိုရင်…….. 🙂

    Reply

Leave a Reply to zaymdy Cancel Reply

Your email address will not be published.