ထို နေ့ က …

ムラカミDecember 22, 20112min015

ထို နေ့ က ပေါ့...
ကျမရဲ့ မေးခွန်းကို ခေါင်းညှိမ့်ရုံတင်တုန့်ပြန်ခဲ့တာ ..
နှုတ်ခမ်းမွေးရေးရေးလေး ထားတတ် ပြီး သူ့ ရဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်း တစုံ ကို
စတင် သတိပြုမိတဲ့နေ့ပေါ့...ဟုတ်တယ် ... အဲ့သည့်အတိုင်း အတိအကျပဲ..


ထို နေ့ကပေါ့ ...
သူကျမကို ငေးကြည့်နေတာ တွေ့လိုက်ရပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်...
ကျမ ...ရှက်နေတာလား?? .. ဘာရှက်စရာ ရှိလို့ပါလိမ့် ....
သည်အကြည့်တွေ သည်မျက်လုံးတွေကို ရင်မဆိုင်ရဲသလိုရှိပေမယ့်...
ခိုးခိုးပြီး ပြန်ကြည့်နေမိတာ ...သူသိသွားပါသလား .....


ထိုနေ့ကပေါ့ ....
သူဆိုနေတဲ့ သီချင်းတွေ .. ဘာတဲ့ ... "နံရိုးကင်"  လည်းပါရဲ့
"စာမျက်နှာ-၁၅" ကိုတောင် "ဟိုတဖက် သည်တဖက် ဝက်သားဖတ် ...အရင်လို ပြုတ်မစားပေမယ့်
ကျော်စားတယ် ." လုပ်လိုက်သေးတယ် ....ရှင် လေးဟာ ...လူဆိုးလေးပဲ .....အဲ့ ..ထိုနေ့မှာပဲ..စလို့
သူရီလိုက်တိုင်း သူ့ မျက်လုံးလေးတွေပါ ပြုံးသွားတယ်လို့ ခံစားရမိ ပါတယ် ရှင် ...


ထိုနေ့ကပေါ့ ....
အရက်သေစာ သောက်စားပြီး ကားမောင်းတာကိုတော့ ကျမ မနှစ်သက်တာအမှန်ပဲ ...
တခါတလေ သောက်တာကို အပြစ်မပြောလိုပေမယ့် .. ကားတော့ မမောင်းစေချင်ဘူးရယ်..
အိမ်အပြန်ကျရင် ....ရှင့် ကားကို ကျမလိုက်မောင်းပို့ ပေးချင်လိုက်တာ ...

ထို နေ့ကပေါ့ ....
ရှင်သုံးနေတဲ့ စကားလုံးတွေကို ကျမ နားမလည်ပေမယ့် ရှင်ဘာပြောနေတာလဲဆိုတာတော့ ကျမသိနေတယ်..
ထိုနေ့ကပဲ ...ရှင့် လက်ချောင်းတွေ အနုပညာဆန်တာ သတိထားမိခဲ့တာပါ..

ထို နေ့ကပေါ့ ....
ရှင့် စာအုပ်သေးသေးလေးပေါ်မှာ ကျမ ကိုယ်ပိုင် ဂဏန်း၉လုံးချရေးလိုက်မိတယ်လေ ...
လှုပ်ရှားနေတဲ့ စိတ်ကို ထိန်းရင်း ...လက်တွေနည်းနည်းတုန်နေတာ ...
ဖုန်းသံမြည်မြည်ချင်း မကိုင်ဖြစ်အောင် ..အချိန် စက္ကန့် အနည်းငယ် ကို စောင့်ရတာ
တကမာ္ဘလောက်ကြာတယ် ထင်ရတာ ဘာကြောင့်လဲ သိပါရဲ့လား ရှင် ရယ်....

ထို နေ့ကပေါ့....
ရှင် ကနေ မောင် လို့ တရားဝင် ပြောင်းခေါ်တဲ့ နေ့ပေါ့ ....
စိတ်ကူးထဲမှာတော့ ခေါ်ဖြစ်နေခဲ့တာ ကြာပြီ မောင် ....
ဒါပေမယ့် တကယ်တမ်း  စခေါ်ကြည့်တော့ ကျမ ဘာကြောင့် နှုတ် မရဲဘူးဖြစ်နေတယ်ဆိုတာ ...
မောင် သိလားဟင်??

ထို နေ့ကပေါ့ ...
မောင့် ရှေ့မှာ တူကိုင်တာ မသေမသပ် ဖြစ်မှာ စိုးလို့ အရမ်းသတိထားခဲ့ရတယ် သိလား ..
သည်တော့ ကျမ ကို အစာစားတာ နှေးတယ်လို့ ထင်သွားမလား လည်း ပူမိတယ် မောင် ...
ရုပ်ရှင် လက်မှတ်ကောင်တာ မြင်တာနဲ့ ကျမ ရင်တွေဘာလို့ အရမ်းခုန်နေပါလိမ့်...
ကျမ နှုတ်ခမ်းမှာနှုတ်ခမ်းနီ နံ့ အစား Aftershave ရနံ့လေး စွန်းထင်တဲ့ နေ့ပေါ့ ....

ထို နေ့ကပေါ့ ...
မောင့် ငယ် သူငယ်ချင်းမလေး မူးလဲလို့ တဲ့ ....
သတင်းကြားကြားချင်း ...မောင်  ဆတ်ကနဲ တုန်သွားတာ သတိထားဖြစ်အောင် ထားလိုက်မိတယ်..
အဲ့သည့်နေရာမှာ ကျမဆိုရင်တောင် မောင် အဲ့သည်လောက် စိတ်ပူပါ့မလား မောင်ရယ်...

ထို နေ့ကပေါ့ ...
မောင်က သူ့ ဒရိုက်ဘာ လား ....မောင် တို့ဟာက မဟုတ်သေးဘူးကွာ ...
မောင် သည်လောက်ထိ လိုက်လုပ် ပေးစရာ မလိုဘူး မောင် ..... သူ့အိမ်သားတွေ ရှိသားပဲ ...
ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ...အလုပ်ပျက်ခံလေ့ မရှိတဲ့ မောင့် စရိုက်နဲ့ အတော်ခြားနားနေတာအမှန်ပါ..


ထို နေ့ကပေါ့ ...
သည်ဧည့်ခံပွဲကို မတက်ချင်တာတော့ အမှန်ပါ ...
ရတယ်မောင် .. ဝင်မခေါ်ပါနဲ့ ကျမ အိမ်ကနေ ကားယူလာခဲ့မယ် ..
ကျမ ဖုန်းထဲမှာ သည်လိုဖြေလိုက်ပေမယ့် ....ေမာင့်သက်ပြင်းသံ ကို မရဲတရဲလေး
မျှော်လင့်နေတာပါမောင် .... ဒါပေမယ့် မောင် ဖုန်းချသွားခဲ့တယ်နော်...


ထို နေ့ကပေါ့ ...
သံသယတွေ မိုးပြို သလို ဒလဟော စီးဆင်းနေတဲ့နေ့ကပေါ့ ..
မောင်တို့က ငယ်ကျွမ်းဆွေ တွေ မဟုတ်လား ...
ဒါပေမယ့်မောင်ရယ်....
မောင်နဲ့ ဆင်တူဝယ်ထားတဲ့ မျှော်လင့်ချက်ရဲ့ တန်ဖိုး တစုံတရာ ကိန်းအောင်းနေတဲ့
လက်စွပ်လေးကိုတော့ .. မပစ်ရက် လို့ ယနေ့အထိ လည်ပင်းမှာ ဆွဲထားတယ်
ဆိုတာလေးကိုတော့ .... သိစေချင်တယ်မောင်ရယ်....


ထို နေ့ကပေါ့ ..
အော် ....ထို နေ့ကပေါ့ .. ရှင် ....




ခင်တဲ့
Inz@ghi

15 comments

  • inz@ghi

    December 22, 2011 at 12:01 pm

    ဟီဟိ….
    ဘာမှ မီဟုတ်ပါဝူး …၁နေ့ ၂ပုဒ် တင်လို့ရတယ် ဆိုလို့..
    ဝမ်း-တူး ရိုက်ကြည့်ဒါဘာ ….

    စွယ်တော်ရွက်လိုပေါ့ . ..၂ပုဒ် လုံးဖတ်မှ ဇာတ်ရည်လည်မှာ ..

    အင်း … ပေါက်ကရ က မလုပ်ရမနေနိုင်တော့ လည်း ခက်သားလားဂျာ..

    ဟိုဘက် မှာ ဗျည်းတွေ သည်ဘက်မှာ သရတွေချည်း
    ချရေးလို့ကတော့ ..သဂျီး လူလွှတ် သတ်ခိုင်းမလား မသိ …
    ကြောက်ထှာ …

    ခင်တဲ့
    Inz@ghi

    Reply

  • blackchaw

    December 22, 2011 at 12:11 pm

    ဂိမ်းထဲမှာ ဘောလုံးကန်သလိုပဲ။
    ကောင်လေးဘက်က တစ်ခါကန်တယ်
    ကောင်မလေးဘက်က တစ်ခါကန်တယ်
    ဘဘတို့က ဒိုင်လူကြီး ဖြစ်နေပြီ။
    ဘယ်သူ့ဘက်ကို ပင်နတီ ပေးရမလဲ စဉ်းစားလိုက်ဦးမယ်ကွယ်။

    Reply

  • windtalker

    December 22, 2011 at 12:15 pm

    သူ ့လက်ချောင်းလေးတွေ ဟာ တစ်ကယ်ကို အသုံးဝင်နိုင်တယ် ဆိုတာ
    အမြဲတမ်းဇက်ကြောတက် အညောင်းအညာမိလေ့ရှိတဲ့
    ကျွန်မ ကောင်းကောင်းကြီး သိခဲ့ရပါတယ် ရှန်…

    Reply

  • ဆူး

    December 22, 2011 at 12:22 pm

    ဒီပိုစ်ကို ဖတ်ရတာ.. ဟိုပိုစ်ကြီးကို သွားမြင်မိတယ်။
    ရုံးကို ကောင်လေး ချောချော လာတယ် သိပ်ကြိုက်တာပဲ ဘာညာနဲ့ အစပျိုးလိုက်တာ.. နောက်ဆုံးမှာ.. အဲဒီ ကောင်လေးကို ချစ်ရေးဆိုလိုက်တယ် ဆိုပြီး ပြောလိုက်တော့ တဖက်က ကောင်လေးက ပြန်ပြောတယ်.. ဟဲ့ အခြောက်မ ကိုယ့်ဟာကို နေစမ်းဆိုပြီး အော်ထုတ်လိုက်တဲ့အခါ.. ပိုစ်လေးက ဆက်လက် ထိန်းလာတဲ့ ဖီလင်လေး ရုတ်တရက် ဘုတ်ဆို ကျသွားသလို ဖြစ်သွားတဲ့ ပိုစ်လေး ကိုသွားသတိရတယ်။

    ဖွတ်ဖား ဘာသား… မောင်ဂိ့ နပန်းဆံ… ဟေ… ဟေ… ဝါးးးးးးးးးးးးး… ဝါးးးးးးး…

    Reply

    • inz@ghi

      December 22, 2011 at 12:32 pm

      အွမ် …..
      ဂတ်တူဆိုကြီးသမလို့ …..နာ့ပိုစ့်လေး ပျက်ပါဘီ

      Reply

    • အရိပ်စစ်

      June 10, 2013 at 5:11 pm

      ဆူး ပြောတဲ့ ပိုဒ်ကို မှတ်မိတယ် ရွှေအမြုတေထဲမှာလားတိဘူး..
      ဟိုနေ့ကနဲ့ဒီနေ့ နှစ်ရက်ပေါင်းမှ သေသေချာချာ လွမ်းလို့ကောင်းတော့တာ
      တကယ့်တကယ် ဂွတ်၏….

      Reply

  • နွယ်ပင်

    December 22, 2011 at 12:25 pm

    ထိုနေ့က မီးမလာပါ ……………
    ထိုနေ့က ရေမလာပါ ………………
    ထိုနေ့က အကြွေးတောင်းသူမလာပါ ……………

    Reply

  • KING

    December 22, 2011 at 12:49 pm

    ထိုနေ့က တစ်ယောက်တည်းပါ
    ထိုနေ့က အပြင်မထွက်ပါ
    ထိုနေ့က ပေါက်တာကဗုံးပါ
    ထိုနေ့က …. …. …… …… 🙁

    Reply

  • comegyi

    December 22, 2011 at 1:00 pm

    သည်နေ့က ဒီဘက်ကလာတယ်
    ထိုနေ့က အလယ်မှာဆုံကြတယ်
    မီးပွင့်လေး တစ်ချက်လင်းသွားတယ်
    ပြီးတော့ သည်နေ့က ဟိုဘက်ကိုဆက်သွားတယ်
    ထိုနေ့က ဒီဘက်ကိုဆက်သွားတယ် ….

    Reply

    • inz@ghi

      December 22, 2011 at 1:07 pm

      အနုပညာ သမားများ မန့်တာလေးက အစ လှထှာ…
      အကြမ်းသမားတွေများ ဆေးပြင်းလိပ်ခဲ စက်သေနတ်ဆွဲ…ကွာပါ့…..
      တောအလှူ သီချင်းဆိုပီး ဝင်ဝင် စလိုက်ထိုး တတ်သေး…ဟေးဟေး..

      😀

      Reply

      • ဆူး

        December 22, 2011 at 3:57 pm

        ဝါသနာ ပါရင် စက်သေနပ် ရှေ့တည့်တည့် လာရပ်ချည်.. ဇကာပေါက် ကျဲကျဲ လိုချင်လား စိပ်စိပ် လိုချင်လား… အပေါက်မျိုးစုံ ဖြစ်အောင် လုပ်ပေးလိုက်မယ်။

        Reply

  • TTNU

    December 22, 2011 at 1:09 pm

    မောင်ဂီရေ..
    “ထိုနေ့က” နဲ့ “အဲသည်နေ့က” နှစ်ပို့စ် ကြားမှာ
    (မကျွမ်းကျင်သော အမယ်အို လက်များဖြင့် click ခေါက်၍)
    ဗျာများစွာဖြင့် ဟိုဖတ် ဒီဖတ် လမ်းမှာရပ်ပြီး အထပ်ထပ်စဉ်းစား
    ဘာများ မန့်ရပါ့….
    💡 အား အကြံရပြီ မောင်ဂီနည်းတူ လမ်းကြောင်းယူပြီမို့၊
    ပို့စ် နှစ်ခုစလုံး အတူသုံးအံ့။ 😉

    Reply

  • manawphyulay

    December 22, 2011 at 1:44 pm

    လက်စွပ်က ပစ်မနေနဲ့ အပေါင်ဆိုင်ပို့ပြီး နက်သုံးလို့ရအောင် လုပ်လိုက်….

    Reply

  • Khaing Khaing

    February 29, 2012 at 4:35 pm

    အော် ဂီရယ် သူများမောင်ကို ဘာလို့သုံးတာလဲ တို့မောင်ကလည်း ဆေးလိပ်သောက်တတ်တယ်နော်.. အဲတုန်းကသူငယ်ချင်းမလေးဆိုတာ တို့များဖြစ်နေမလားမမဂီ မနာလိုတော့မဖြစ်နဲ့နော်….

    အရမ်းကောင်းတယ် မိန်းကလေးဘက်ကခံစားချက်ကိုရေးတာ ပိုတောင်ကြိုက်ပါတယ် မမဂီရယ်…
    မမဂီ အဲလိုလေးတွေများများရေးပေးနော်..မျှော်နေတဲ့

    ခင်မင်စွာဖြင့်
    Khaing Khaing

    Reply

  • Mr. MarGa

    June 10, 2013 at 1:59 pm

    ဟိုနေ့ကနဲ့
    အဲဒီနေ့က
    ဖတ်တော့ဖတ်တယ်
    လည်တယ်တယ်
    ဖတ်ပြီးကာမှ
    အမှန်ရ
    အော်
    ဒါသည်သာ မောင်ဂီ့ဘွ
    :harr:

    Reply

Leave a Reply

Your email address will not be published.