သတင်း

kurokoDecember 21, 20111min06

ဒီနေ့နေ့လည်(၁၁း၅၀)ခန့်က  လှည်းတန်းမီးပွိုင့်အနီးအများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်…အင်အားပြင်းမည်ဟုခန့်မှန်းရပါသည်…ထိခိုက်ဒဏ်ရာရသူနှင့် သေသူများမသိရသေးပါ…နောက်ထပ် တစ်လုံးကျန်နေသေးသည်ဟု သံသယရှိသဖြင့် ဆက်လက်ရှာဖွေနေသည်ကို တွေ့ရပါသည်…ကျွန်တော်တို့ ရွာသူရွာသားများ သိရှိစေရန် သတင်းပေးခြင်းဖြစ်ပါသည်…

6 comments

  • ပေါက်ဖော်

    December 21, 2011 at 12:04 pm

    အချိန်မီ သတင်းပို ့လို ့..တိုင်းကျူး..တိုင်းကျူး..
    နောက်ဆက်တွဲသတင်းကို ကျွန်ုပ် ဆက်လက် ထောက်လှမ်းပါဦးမည်

    Reply

  • weiwei

    December 21, 2011 at 12:35 pm

    ပြည်မြန်မာကုန်တိုက်ထဲက အများသုံးအိမ်သာလို့ ပြောပြတယ် … ကုန်တိုက်က ပိတ်ထားတာဆိုတော့ လူရှိမယ်မထင်ဘူး ..
    အင်အားပြင်းထန်တာမှ ဘုရင့်နောင်လမ်းမပေါ်ကတောင် အသံကြားလိုက်ရပါတယ် …

    Reply

  • char too lan

    December 21, 2011 at 12:44 pm

    Ohhhh !! ကြောက်စရာပါလား ……….. သတိသာထားကြဝေ့………….

    Reply

  • နီကီတာ

    December 21, 2011 at 12:53 pm

    latest news!
    thanks

    Reply

  • nayminn

    December 21, 2011 at 1:24 pm

    ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီး အများသုံး သန့်စင်ခန်းတခုတွင် ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီ ၁ဝ မိနစ် ဝန်းကျင်ခန့် အချိန်က ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပွားရာ လူတဦး သေဆုံးသွားသည်။။

    တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ အများသုံး သန့်စင်ခန်းတခုတွင် ပေါက်ကွဲမှုကြောင့် လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    “အသံက အကျယ်ကြီးပဲ။ ကျနော်တို့ မာလာဆောင် မှတ်တိုင်အကျော်နားက ကြားရတယ်။ အိမ်သာက အလူမီနီယမ်နဲ့ ဆောက်ထားတာ။ ခေါင်မိုးတွေ လန်ထွက်သွားတယ်။ လူတယောက်ကိုတော့ ဆေးရုံကားနဲ့ တင်သွားပြီ။ အထဲမှာ အလောင်းတလောင်း ရှိသေးတယ် ပြောတယ်။ အခုရဲက အပြင်လူတွေကို သွားဖို့ ပြောနေပြီ။” ဟု အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူတဦးက မဇ္ဈိမကို ပြောသည်။

    အခင်းဖြစ်ပွားရာနေရာ အနီးဝန်းတွင် ရဲကားများစွာကို တွေ့ရပြီး ဝိုင်းအုံကြည့်ရှုသူ အများအပြားရှိနေသည်။ အများသုံး သန့်စင်ခန်း၏ အမျိုးသမီးများ သုံးစွဲသည့်ဘက်အခြမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆောက်အဦး၏ အမိုးတခုလုံး ပွင့်ထွက်သွားခဲ့သည်။

    သန့်စင်ခန်းအတွင်း အမိုးအနီးအထိ သွေးစသွေးနများ ပြန့်ကျဲနေသလို မပေါက်ကွဲသေးသည့် ဗုံးတလုံး ကျန်နေသေးသဖြင့် အနီးဝန်းကျင်မှ ရှောင်ရှားပေးရန် ရဲတပ်ဖွဲ့ဝင်များက အနီးရှိ ကြည့်ရှုနေသူများကို လိုက်လံပြောဆိုနေပြီး အနံ့ခံခွေးများ၊ ဗုံးရှာကိရိယာများဖြင့် အနီးဝန်းကျင်ကို ရှင်းလင်းမှုပြုလုပ်နေကြောင်း သိရသည်။

    လက်ရှိအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ်ဘက်အခြမ်းနှင့် ပြည်လမ်း ရန်ကုန်တက္ကသိုလ်ဘက်အခြမ်းတို့ကို ယာဉ်အသွားအလာ ပိတ်ပင်ထားကြောင်း သိရသည်။

    Reply

  • i love this

    December 21, 2011 at 9:20 pm

    စိတ်မကောင်းစရာ စိတ်ခြောက်ခြားစရာတွေပါလား
    ဘယ်အချိန် ဘယ်နေရာက ထပေါက်မယ်မှန်းမသိန်ိုင်လေတော့
    သတိထားကြပါလို့ပဲ ပြောပါရစေ
    လူသားအားလုံး အသက်အန ္တရာယ် မှ ကင်းဝေးကြပါစေ ။

    Reply

Leave a Reply

Your email address will not be published.