နားလည်ရခက်သူများသို့….

yukiDecember 20, 20111min02

yuki ဒီဆိုဒ်လေးမှာ စာမရေးဖြစ်ပေမယ့် အမြဲဝင်ရောက်ဖတ်နေတဲ့ ပရ်ိသတ်တဦးပါ။ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ Post ကြောင့်မရေးမနေနိုင်တော့ဘူး။yuki နိုုင်ငံရေးလဲနားမလည်ပါဘူး။အခုရေးမယ့် အကြောင်းတွေက နိုင်ငံရေးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေတဲ့ သူတွေကို လုံးဝ(လုံးဝ)မရည်ရွယ်ပါ။နိုင်ငံရေးလုပ်စားနေတဲ့လူအားလုံးကိုလည်း မရည်ရွယ်ပါဘူး။သစ်ကိုင်းလွတ်မှာမို့ သွေးကြောင်နေတဲ့လူတွေကိုသာ ရည်ရွယ်ပါတယ်။

ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကိုထောက်င်္ခလို့ ထမင်းဝတာမရှိဘူး။ထောက်ခံလို့ ထမင်းခတ်တာပဲရှိတယ်ဆိုတဲ့ အသုံးအနှုန်းကိုပြောချင်တယ်။ ထမင်းငတ်တဲ့လူရှိတယ် မရှိဘူးမသိဘူး။ထမင်းဝရုံမက တခြားနိုင်ငံမှာ လူနေမှုအဆင့်မြင့်မြင့်နဲ့နေ နေတဲ့လူတွေကတော့ မနည်းဘူး။  ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အင်္ကျီလေးဝတ်၊အန်တီပုံလေးရင်ဘတ်မှာကိုင်နဲ့ သံရုံးရှေ့မှာ ဆန္ဒပြ၊ ပြီးရင်ဓာတ်ပုံလေးရိုက် သူတို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့အတွက် မြန်မာပြည်ပြန်ရင်အဖမ်းခံရတော့ပါမယ်။အန်တီကို နေအိမ်အကျယ်ချူပ်ချထားတာအကြောင်းပြ၊နောက်  NLD ပါတီဝင်ထားတဲ့အတွက် မတရားအသင်းဝင်ဖြစ်နေပါတယ်…..အကြောင်းအမျိုးမျိုးပြ သူများနို်င်ငံရဲ့ Immigration မှာ refugee visa တင်ပြီးနေ နေတာ။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပြီးထမင်းဝရုံမကပါဘူး …..။နောက် ဒီပဲယင်းအရေးအခင်းဆိုတာတကယ်ခံရတဲ့လူတွေကသာ ခွင့်လွတ်ပြီးမေ့သွားမယ်နော် သူတို့တွေကတော့ လတိုင်းလတိုင်းရဲ့ ၃၁ရက်ဆို သံရုံးရှေ ့ ဆန္ဒပြရတာအမောပဲ။ဘယ်လိုပဲ ဖြစိဖြစ်ပါ လူဆိုတာ ကို်ယ်ယုံကြည်ရာကို လုပ်နေတဲ့လူတွေချည်းပဲလေ။အပြစ်မပြောပါဘူး။ဒါပေမယ် ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်လာပြီ။သူတို့ နဲနဲတော့ အခြေအနေကို စောင့်ကြည်ကြပြီ။ ဒေါ်အောင်ဆန်းစုကြည်ကတဖြည်းဖြည်း အစိုးရနဲ့ လက်တွဲလာပြီ။သူတို့အသံလေးတွေထွက်လာကြပြီ။ အခု NLD ကပါ တရားဝင်မှတ်ပုံတင်ပြီ။အဲ …သူတို့ဘာဆက်လုပ်ရမလဲ ။အရင်တုန်းကတော့ ထောက်ခံပါတယ်ဆိုတဲ့ အသံတွေ အခုအသံဝင်နေကြပြီလေ။ သူတို့က ဘယ်လိုဖြစ်စေချင်ကြတာလဲ ။နှစ်ပေါင်း၂ဝကြာနေတဲ့ အခြေအနေကို ဥုံဖွဆို ပြောင်းလဲဖို့ရတော့ လုံးဝမဖြစ်နိုင်ဘူးထင်ပါတယ်။ဒါဆို လစ်ဗျားလို ယမ်းငွေ့ ၊ပြည်သူ့တွေ သွေးမြေကြပြီးပြောင်းချင်နေတာလား( အဲလိုဆို …ပြန်လာကြပါ .အားလုံးစုစည်းတော့ ပိုကောင်းတာပေါ့)။ နောက်…နိုင်ငံခြားမှာနေတဲ့လူတွေပဲ လူတော်လူကောင်းရှိတာမဟုတ်ပါဘူး။မြန်မာပြည်မှာလဲ လူတော်လူကောင်းတွေအများကြီးပါ၊

 

yuki ရဲ ့ ကိုယ့်ပိုင်အမြင်လေးပါ

2 comments

  • zay

    December 21, 2011 at 1:03 am

    သိပ်ဟုတ်တာပေါ.yuki ရယ် အချောင်သမားတွေက အချောင်နေရရေးစားရရေးလုပ်နေတာပါ UN card ရရေးရှောက်လုပ်နေတာပါ ဒါတွေပြောရင် ဒေါင်္တွေပါလိမ်.မယ် တော်ပါပြီ

    Reply

  • kotun winlatt

    December 21, 2011 at 11:22 am

    အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်လာရမှာမို့
    ဘာမှမပြောလိုပါ….
    နိုင်ငံရေးဆိုတာဘာလဲဆိုတာတော့
    ပြောချင်ပါတယ်..ကျနော့်ကိုယ်ပိုင်စကားလုံးတော့မဟုတ်ဘူးဗျ
    ဗိုလ်ချုပ်ပြောတယ် ဆရာတော်ဦးဉာဏိဿရဟောတယ်…
    နိုင်ငံရေးဆိုတာ နိုင်ငံအရေးပါတဲ့ဗျာ..
    နိုင်ငံကောင်းစားဘို့ လုပ်တဲ့ အလုပ်မှန်သမျှ
    နိုင်ငံရေးပါတဲ့ ခင်ဗျာ..

    Reply

Leave a Reply

Your email address will not be published.