မြောက်ကိုရီးယားခေါင်းဆောင်နှင့်မြန်မာခေါင်းဆောင် ကွာခြားပုံ

phone_kyawDecember 20, 20111min01

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင် နဲ ့ မြန်မာပြည်က ခေါင်းဆောင်ကြီး ရွှေ တို ့ကြားမှာ ဘာကွာလဲဆိုတော့ ကွာတာအများကြီးဟု ပြောချင်သည်။

ရထားပေါ်မှာ ဇိမ်ယူနေတုန်း ရထားခုန်လို ့နှလုံးပါ ရပ်သွားတဲ့ ကင် ဟာ သူ ့တိုင်းသူပြည်သားတွေကို သေနတ်နဲ ့မပစ်ဘူး။ သူ ့ကြောင့်ပြည်တွင်းစစ်မရှိဘူး။ ရွှေဝါရောင်တော်လှန်ရေးတို ့လိုမျိုး ဘုန်းကြီးတွေကို ခြေထောက်နဲ ့မကန်ဘူး။ ခေါင်းကို မရိုက်ခွဲဘူး။ နိုင်ငံသားတွေကို ထမင်းငတ်ပြီး သေအောင်လုပ်တာ တစ်ခုပဲရှိတယ်။ ခေါင်းဆောင်ကြီးကင်ရုတ်တရက်ရှောတော့ ခလေးလူကြီးခွေးပါမကျန် အသံဗြဲလရမ်းနဲ ့ငိုကျွေးကြတယ်။ ဦးသန်းရွှေကြီး ရုတ်တရက်ရှောလို ့ကတော့ ဘယ်သူကမှ ငိုမှာမဟုတ်ဘူး။

မြောက်ကိုရီးယားက လက်နက်တွေကို နိုင်ငံခြားတိုင်းပြည်တွေက ဝယ်ယူရတဲ့အထိ အောင်မြင်အောင် ကင်တို ့သားအဖတွေ အစွမ်းထက်ခဲ့တယ်။ ကွန်မြူနစ်ပီပီ ဝတ်စရာမရှိနေပါစေ ယုံကြည်ချက်ကိုတော့ သေတဲ့အထိ ကိုင်စွဲထားတုန်း။

မြန်မာပြည်က ခေါင်းဆောင်ကြီးတွေကြောင့် ကျနော်တို ့တိုင်းပြည်ဟာ ဘာများထူးထူးခြားခြားတိုးတက်ခဲ့လဲဆိုတော့ ပြည်တွင်းစစ်မှာ လူပေါင်းသုံးသန်းခန် ့သေဆုံးရတယ်။ ပြည်ပမှာ အလုပ်သမား ခြောက်သန်းလောက် ကျွန်ခံရတယ်။ ကိုယ့်အချင်းချင်း ချ နေတာကိုတောင် မရပ်နိုင်ခဲ့ဘူး။

မြောက်ကိုးရီးယားအစိုးရလောက်တောင် မြန်မာအစိုးရအဆက်ဆက်တွေ အသုံးမကျခဲ့ဘူး။ နည်းပညာကော တိုးတက်လားဆိုတော့ ရှိတာအကုန်ရောင်းစားတဲ့ ပညာပဲ ရှိတော့တယ်။ ဒါ့ကြောင့် ဦးသန်းရွှေတို ့သေရင် ပြည်သူတွေက ငိုဖို ့နေနေသာသာ နာရေးကူညီမှုအသင်းကတောင် အခမဲ့ သဂြိုလ်ပေးပါ့မလား။

 

One comment

  • FattyCat

    December 22, 2011 at 3:18 pm

    ပြောရလား…တော်ကြာတစ်နေ့ ၂၅၀ဝ ပေးပြီး လူစုပြီး ငိုခိုင်းနေဦးမယ်

    Reply

Leave a Reply

Your email address will not be published.