“သီဟနာထ စာတမ်း”

uzinDecember 17, 20111min03

၁။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ကုသိုလ်၊ အကုသိုလ်ကို အကုန်အစင် ကိုယ်တိုင် သိမြင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၂။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ဈန်၊ မဂ်ဖိုလ်နှင့် နိဗ္ဗာန်ကို ကိုယ်တိုင် ရပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။

၃။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ အနုသယကိလေသာကို ကိုယ်တိုင် သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၄။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ကံနှင့် ဝိပါက်တို့၏ ဆက်သွယ်မှုကို ကိုယ်တိုင် သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၅။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ရာဂ၊ ဒေါသ ပယ်ပြီးပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။

၆။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ရှေ့နောက်ဘဝ ဖြစ်၊ မဖြစ် (သဿတ၊ ဥစ္ဆေဒ) အယူမှ လွတ်မြောက်ပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။

၇။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ဥဒယဗ္ဗယ ရှုသောအခါ သမုတိသစ္စာ၊ ပရမတ္ထ သစ္စာ၊ အရိယသစ္စာ ဘယ်သစ္စာ၏ ဥဒယဗ္ဗယ ရှုရမည်ဖြစ်ကြောင်း ခွဲခြားနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၈။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ “သဗ္ဗေသင်္ခါရာ ဒုက္ခာ”၏ အရကောက်တွင် ဒုက္ခ ဖြစ်သော သင်္ခါရကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းများထဲမှ ဘယ် အကြောင်း ကြောင့် ဖြစ်လာရကြောင်း ခွဲခြားညွှန်ပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၉။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ “သဗ္ဗေဓမ္မာ အနတ္တာ”၏ အရကောက်တွင် အဘယ် သဗ္ဗေဓမ္မသာ အနတ္တ ထိုက်ကြောင်း ကွဲကွဲပြားပြား ညွှန်ပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၀။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ သစ္စာလေးပါး ယန္တရားကို တစ်လံမျှလူ၌ တစ်ပြိုင်နက် လည်အောင် ကိုယ်တိုင်းနှိုးပြ နိုင်သူ ရှိပါသလော။

၁၁။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ဘုရား၏ တရားတော်တိုင်းကို တရားတော်၏ ဂုဏ်တော်(၆)ပါးနှင့် ညီကြောင်း ရှင်းပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၂။  ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ မြတ်စွာဘုရား ကောင်းစွာ ဟောကြားအပ် သော တရားအားလုံးကို သစ္စာအထွဋ်တပ်ပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၃။  ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ဗုဒ္ဓတရားတော်များနှင့် လူသားငြိမ်းချမ်းရေး၏ ကွင်းဆက်ကို ဖော်ပြနိုင်သူ ရှိပါသလော။

၁၄။  ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ (၃၁)ဘုံကို အလုံးစုံ ကိုယ်တိုင်သိမြင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၅။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ အနုပါဒိသေန နိဗ္ဗာန်ကို မျက်မှောက်၌ ရရှိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၆။  ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ပဋိစ္စသမုပ္ပါဒ် တရားကို တစ်လံမျှ လူ၌ လည်ပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၇။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ဥပါဒါနက္ခန္ဓာနှင့် အနုပါဒါနက္ခန္ဓာ ကို တစ်လံမျှလူ၌ ကွဲပြားအောင် ခွဲခြားပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၈။  ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ရတနာသုံးပါး၏ ဂုဏ် အရည်အချင်းကို အတိအလင်း သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၁၉။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ငါးပါးသီလကို နိယတဖြစ်အောင် လုံပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။

၂၀။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ လောကီအာရမ္မဏူပနိဇ္ဈာနဈာန် နှင့် လောကုတ္တရာ လက္ခဏူပနိဇ္ဈာနဈာန်ကို ကွဲပြားအောင် ရှုနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

၂၁။ ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ အရင်းရှင်၊ ကွန်မြူနစ် စသော နိုင်ငံရေးတရား၊ ဟိန္ဒူ၊ ခရစ်ယာန် စသော နောင်ဘဝနှင့် ထာဝရတရား၊ ကာမတရား၊ ရူပတရား၊ အရူပတရားနှင့် လောကုတ္တရာ တရား ဤအားလုံးသော တရားတို့သည် တရားသာ တစ်ခုတည်းသာ ဖြစ်ကြောင်း သိမြင်ဟောပြ နိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။

 

သံဃာတော်များအတွက်သာ

3 comments

  • mrkokopar

    December 18, 2011 at 1:37 pm

    ဝန်ခံနိုင်တဲ့သူတွေ ဘယ်ရှိပါ့မလဲ၊ တရားပဲရသလိုလို ဘာလိုလိုနဲ့ ဟန်နဲ့ ပန်နဲ့ နေနေကြတာ ကြာပြီ။ လူတွေက ဟိုထင်ဒီထင်နဲ့ အထင်ကြီးပြီးနေတာကို သာယာနေကြတာ။ ရိပ်သာဘုန်ကြီးတွေ အဆိုးဆုံးပဲ၊ ပါးစပ်ကတော့ ပြောတော ့ရွှေမန်း၊ တကယ် က တော့ ချိုမိုင်မိုင်ဖြစ်နေတာ၊ သူတို့ဟောနေတဲ့တရားတွေနဲ့ သူတို့အနေအထိုင်တွေနဲ့ ကိုက်မှမကိုက်တာ။ ငါတို့ပြောသလိုလုပ်ကြ၊ ငါတို့ လုပ်သလို လိုက်မလုပ်ကြနဲ့ ဆိုတာ ယနေ့ ထေရဝါဒသာသနာပဲ။

    Reply

  • mggwa

    December 20, 2011 at 2:27 pm

    ကြာပါပြီ၊ အဲဒီလိုဖြစ်နေတာ။ သာသာနာကွယ်တယ်ဆိုတာ ပိဋကတ်စာပေတွေ ပျောက်ကွယ်သွားတာကို ပြောတာမဟုတ်။ ဗုဒ္ဓအဆုံးအမအတိုင်း ရဟန်းရော၊ လူတွေရော မကျင့်သုံးတော့တာကိုပြောတာ။ အခုက ဗုဒ္ဓသာသာနာကွယ်နေပြီ။ ကျင့်မှ မကျင့်ကြတာ။အပြောနဲ့တင် သောင်တင်နေတာ ထေရဝါဒသာသနာ။

    Reply

  • aye.kk

    December 20, 2011 at 5:28 pm

    အယူဝါဒတွေမတူညီတာမို ့ခံယူချက်ခြင်းကွဲပြားခြားနားလျှက်ရှိပါတယ်..။
    အရာရာသည် အတိတ်ကံကြောင့်သာဖြစ်ရသည်ဟုယူဆယုံကြည်သောဝါဒ..။(ပုဗ္ဗေကတဟေတုဝါဒ)
    ဖန်ဆင်းမှုကြောင့်အရာရာဖြစ်ပေါ်ရသည်ဟုယုံကြည်ယူဆသောဝါဒ..။(ဣဿရနိမ္မာနဝါဒ)
    အကောင်းအဆိုးဖြစ်ရပ်များမှာအကြာင်းမဲ့သက်သက်ဖြစ်ပေါ်ရသည်ဟုယုံကြည်ယူဆသောဝါဒ..။(အဟေတုကဝါဒ)
    ထိုသုံးမျိုးတွင်တူညီနိုင်သောအချက်တစ်ခုရှိပါသည်ယင်းမှာပစ္စုပ္ပန်ဘဝ၌ ညဏ် ၊ ဝီရိယ ၊ စိုက်ထုတ်၍ကြိုးစားစွမ်းဆောင်မှုပင်ဖြစ်ပါသည်..
    ဤမျက်မှောက်လောက၌ယောက်ျားတို ့၏ စွမ်းအားသတ္တိ ၊ ညဏ်စွမ်းသတ္တိ ၊ ဝီရိယစွမ်းသတ္တိ တို ့သည်
    ထင်ရှားကြကုန်၏ ၊ ထိုအစွမ်းသတ္တိတို ့သည် အချည်းနှီးအကျိုးမဲ့ဖြစ်ကြသည်မဟုတ်ကုန် ၊ မျက်မှောက်ပစ္စုပ္ပန်မှာထိုအစွမ်းသတ္တိတို ့ကိုပင်အမှီသဟဲပြုကာ နေထိုင်ကြရကုန်သည် ၊ ထိုအစွမ်းသတ္တိတို့ ့နှင့်ပြည့်စုံအောင်(ပစ္စုပ္ပန်ကံထူထောင်မှု)ရှိမှသာဖြစ်နိုင်မည့်အကြောင်းတရားဖြစ်ပေသည်ဟုအမြင်လေးကိုထပ်ဆောင်းပြောပြချင်ပါသည်..။

    Reply

Leave a Reply to mrkokopar Cancel Reply

Your email address will not be published.