ချစ်သောမန္တလေး

moethihaMay 27, 20101min04

အကောင်းနဲ့အဆိုးဆိုတာအမြဲတမ်းဒွန်တွဲနေတယ်တယ့်ကျွန်တော်တို့မန္တလေးမှာချစ်စရာကောင်းတဲ့ အပြုအမူဓလေ့တွေအများကြီးရှိပါတယ်။အဲ့ဒီထဲမှာမှလူအများကိုကူညီတတ်တဲ့ချစ်စရာဓလေ့လေးတွေရှိပါတယ်။အကယ်၍သင်သာမန္တလေးမှာလာ၍အခက်အခဲတစ်ခုခုတွေပါကကြုံသည့်လူကိုပြောပြလိုက်ပါ။သူသည်သင့်ကိုတတ်နိုင်သလောက်ကူညီမှာဆိုတာကိုကျွန်တော်အာမခံပြောကြားဝံ့ပါတယ်။
အဲ့ဒီထဲမှာကူညီပုံတစ်ချို့လေးတွေပြောပြချင်ပါတယ်။မန္တလေးဆိုတာအကျယ်ကြီးဆိုတော့သွားစရာနေရာတွေလဲအများကြီးပေါ့။အင်းသင်လဲသွားချင်တယ်ဆိုရင်တွေ့ရာလူကိုမေးလိုက်ပါ။သင့်ကိုပြောပြမယ်။အားတယ်ဆိုရင်လိုက်ပို့မှာကိုသေချာသလောက်ပါပဲ။သင့်ဆီကဘာမှမျှော်လင့်ချက်မရှိပါဘူး။
မန္တလေးမှာမော်တော်ပီကယ်တစ်ချို့အလုပ်ကိုမဖြစ်ပါဘူး။ဘာလို့လဲဆိုတော့လမ်းသွားတဲ့သူချင်းပြောပြကူညီသွားတာတွေပေါ့ဗျာ။မုန့်စားတယ်ဆိုလဲကို်ယ်ကရှင်းရမှကျေနပ်တဲ့မန္တလေးသားတွေပါအလည်လာကြည့်ရင်ကြည့်နိုင်ပါတယ်။
သူများတွေမကူညီရင်တောင်မှကျွန်တော်ကကူညီမှာသေချာပါတယ်။

4 comments

  • banban

    May 27, 2010 at 4:51 am

    ကိုမိုးသီဟ လိပ်စာလေးပြောပြပါ… 😀

    Reply

  • zamte

    May 27, 2010 at 6:37 am

    ူbanban ပြောသလိုပဲ လိပ်စာလေး သိချင်ပါတယ်။ မန္တလေးမှာ တည်းခိုစရာ မိတ်ဆွေသူငယ်ချင်း အိမ်မရှိတော့ ရောက်တဲ့အခါ ဝင်လည်ရအောင်လေ။ ဓာတ်ပုံလေးပါ ဖော်ပြပေးရင် ပိုကောင်းမှာပါ။ ဓာတ်ပုံကိုင်ပြီး ရှာလို့ ပိုလွယ်တာပေါ့။ အဟိ

    Reply

  • MandalayThar

    May 27, 2010 at 10:13 am

    တလောက ကြို့ပင်ကောက်က အသိတယောက်ကို ဘုရားကြီးလိုက်ပို့တာ။ အဲဒီဦးကြီးက ဦးထုတ်မဆောင်းသွားမိတာ။ ၃၅ လမ်းမီးပိုင့်မှာ စပလိုင်းချက်တွေရှိနေတယ် လို့ တဖတ်က လာတဲ့သူက အော်ပြီးပြောသွားတာ အဲဒါနဲ့ ဆိုင်ကယ်ကိုခဏရပ်ပြီး ဟိုဘက်က ပတ်သွားမယ်လို့လုပ်နေတုံး။ ဘေးက ဆိုက်ကယ်က ဦးကြီးက သူ့မှာ ဦးထုတ်အပို ရှိတယ်တဲ့ ဒါဆောင်းသွားတဲ့ ဟိုဘက် တာရဲတန်းဘက်ရောက်မှ ဦးထုတ်ပြန်ပေးတဲ့ ဆိုပြီး စပိုင်းလိုင်ချက် တွေကို ကျော်ပြီး တာရဲတန်း ဓမာရုံနားရောက်တော့ ဘေးကဦးကြီးကို ကျေးဇူးတင်ကြောင်းပြောပြီး ဦးထုတ်ပြန်ပေးလိုက်တယ်။
    အဲဒီမှာ ဧည့်သည်ဦးလေးကြီးက ငါကမင်းတို့မန်းတလေးကို အထင်ကြီးတယ် ချစ်တယ်၊ လေးစားတယ် ဆိုတာ အဲဒါတွေဘဲတဲ့။ ကြည့်လေတဲ့ မင်းကို လည်းသူမသိ၊ ငါ့ကို လည်း သူမသိနဲ့ ဗလိုင်းကြီး ကူညီပေးသွားတာတဲ့။ မျက်မြင်ဘဲဆိုပြောပြီး လေးစားသွားတယ်။

    Reply

Leave a Reply

Your email address will not be published.